မြစပဲရိုးJuly 29, 20161min26715
မောင်စော က ပြောတယ်။ {{{ ပြန်မရနိုင်တဲ့အလှအပလေးတွေကို ဓါတ်ပုံရိုက်ပါ ..(လူမပါကြေး )}}} တဲ့။ လွန်ခဲ့သော ၁ရနှစ် နှစ် ကပေါ့။ “နီးနီးလေးနဲ့ဝေး” ခဲ့တာလေးတွေကို အမှတ်တရ အနေနဲ့ ပြန်ကြည့်နေနိုင်ဖို့ အထိမ်းအမှတ် နေရာတွေ၊ ရှုခင်း တွေ ကြား ခပ်မှုံဝါးဝါး အသေးလေးတော့ ပါသင့်ပါတယ်ကွယ်။ 😉 :-))))  


မြစပဲရိုးJuly 16, 20161min64918
အစိုးရသစ် အုပ်ချုပ်မှု ရက် ၁၀ဝ အပြီးတွင် ထူးထူးခြားခြား ပြောင်းတယ်၊ မပြောင်းဘူး။ ထူးတယ်၊ မထူးဘူး ဝေဖန်သံများ သည် ဆိုင်ရာ ဆိုင်ရာ ရပ်ကွက် အလိုက် သောသောညံနေ၏။ အစိုးရသစ် ကို မိုးနတ်မင်း ဖန်ဆင်းရှင် အလား ထင်၍ အမျှော်လင့်ကြီး မျှော်လင့်နေကြသည့် ထိုထိုသော ဝေဖန်ရေး စဆရက (မောင်ရှုံး ကို မဆိုလို) များ ကို အံ့ဩမိလေသည်။ မြ ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ စံပေတံ ဖြင့်တိုင်းပါက % အနည်းငယ်မျှသော ထိပ်တန်းအစိုးရ အဖွဲ့လူ များနှင့် လွှတ်တော်အမတ်များ သည် စံမှီကြပေလိမ့်မည်။ အများစု တွင် တစ်ချို့မှာ အနှုတ်လက္ခဏာ ပင် ဆောင်နိုင်ပေသည်။ ထိုသို့သော ကျောက်အရောရော […]


တကယ် တော့ နိုင်ငံရေး စကား တွေ ကို ပြောဖို့ စိတ်မဝင်စားချင်ပါ။ သူတကာ ရဲ့ အတွေးအမြင်တွေ ကိုလဲ ဆရာကြီးစတိုင် နဲ့ ကြည့်ပြီး မဝေဖန်လိုပါ။ နေရတဲ့ အချိန်ထဲ ရှိတာ လေး တွေ ထုတ်ကြွားရင်း လွတ်လပ်ပေါ့ပါးစွာ နေချင်တာပါ့။              


မြစပဲရိုးJune 30, 20161min65321
မြသည် အငြင်းသန်သည်။ ကိုယ်လိုတာ ရအောင် ဇွတ်ဆွဲပြောတတ်သည်။ မလိုချင်တာ ဆိုရင် “ဟင့်အင်း” ခေါင်းခါ တတ်ပြီး ကိုယ်လိုရာ ပုံသွင်းလွန်း၍ ဟိုးအရင်က “အာဏာရှင်” ဆန်သည်ဟုဝေဖန်ခံရလေ့ရှိသည်။ (ကိုယ်တာဝန်ခံလုပ်သည့် အလုပ် မအောင်မြင်ပါက ထို ရှုံးနိမ့်မှု ကို တာဝန်ယူတတ်မည် ဆိုပါက ဝေတိဝေဝါး ဟိုလိုလိုဒီလိုလို လုပ်၍မရမှန်း ကို တာဝန်ခံရဲသူတိုင်း သိပေလိမ့်မည်။ – ဤကား စကားချပ်) အသံ ကလဲ လော်မလိုအောင် ကျယ်သူတစ်ယောက်ပေတည်း။ မယုံပါက မြ အရင်ဘဝ နှင့် နီးစပ်သူများကို မေးကြည့်ပါကုန်။ ယခုလဲ စကားများ ကို ကျယ်လောင်စွာ ဆက်၍ပြောချင်ပါသည်။ မတေလ်ဒါ ဆိုသော အင်္ဂလိပ်ကလေး ပုံပြင်စာအုပ် ထဲကနေ နာမည်ကြီးလာတဲ့ LOUD  ဆိုသော […]


မြစပဲရိုးJune 19, 20161min35812
မွေးနေ့မင်္ဂလာ ရက်မြတ် မှသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း များနှင့် ပြည့်စုံပြီး လိုရာဆန္ဒများ ပြည့်ဝပါစေ။ တိုင်းသူပြည်သား အကျိုးစီးပွါး အတွက် စိတ်သွားတိုင်း ကိုယ်ပါ ဖြည့်တင်း ဆောင်ရွက် ပေးနိုင်ပါစေ။ We all love you so much our beloved Lady!


မြစပဲရိုးJune 16, 20161min3368
ဖြစ်ပုံက …. ၅ပေါင်ထည့်။  ကွန်ပျူတာ က နှိုက်ပေး တဲ့ မဲကျ အသင်း ကိုယ့် အသင်း။ နိုင်သူ ပေါင်၅၀။ ကျန်ငွေ  Charity သို့။ ဘဝ မှာ ကိုယ်လုပ်ရမဲ့ တာဝန် က ကိုယ့်လုပ်ချင်တဲ့ ဆန္ဒ နဲ့ ထိပ်တိုက်တိုး တာမျိုး တွေ  ဖြစ်နေကျမို့ မဆန်းတော့ပါဘူး။ ဒါကြောင့်မို့    …. Come on “Duty”. You can do it!!!!  😉


ရေးသားသူ – ကိုဌေးနိုင် (2011+ publishing မှ) ဒီမိုကရေစီ အစိုးရတွေအဖို့ လူထုရဲ့ တစ်ခဲနက် ထောက်ခံမှုဆိုတာ အရေးပါတဲ့ နိုင်ငံရေး “မတည်ငွေ” ပဲ။ အရင်းများများရှိရင် ခြေလှမ်းကျယ်ကျယ် လှမ်းနိုင်မယ်။ ဒါပေမဲ့ တစ်ခဲနက်ထောက်ခံတဲ့ လူထုကြီးရဲ့ ဆန္ဒအတိုင်း နေရာတိုင်းမှာ ဦးဆောင်နိုင်ဖို့ကတော့ လွယ်မယောင်နဲ့ ခက်တဲ့ စိန်ခေါ်ချက်လို့ နိုင်ငံရေး သရုပ်မှန်ဝါဒီ မော်ဂန်သော (Morgenthau) ကဆိုတယ်။ နိုင်ငံ့ခေါင်းဆောင် (statesman) အရည်အသွေးရှိတဲ့ အစိုးရအကြီးအကဲတွေဟာ အမြှော်အမြင်နဲ့ ပြတ်သားတဲ့ ဦးဆောင်မှု ပေးနိုင်သူများဖြစ်ပြီး တဒင်္ဂဆူပွက်လာတဲ့ လူထုဆန္ဒထက် နိုင်ငံတော် တည်ဆောက်ရေးအတွက် ရေရှည်အကျိုးရှိတာတွေကို ဦးစားပေး ရွေးချယ်ကြတယ်လို့ ဆိုတယ်။ ဒီနေရာမှာ ဂျော့ဝါရှင်တန်ဟာ ထင်ရှားတဲ့ ဥပမာဖြစ်တယ်။ ၁၇၉၃ ခုနှစ် အမေရိကန် […]


မြစပဲရိုးApril 16, 20161min33521
မြ သည် တစ်စုံတစ်ယောက် နှင့် ပါတ်သက် လျှင် ဆတ်ဆတ်ထိ သည်းမခံနိုင်သည့် အရိုင်း  ဖြစ်သည်။ ထို တစ်စုံတစ်ယောက် သည် ကိုယ်နှင့်သွေးမတော်သားမစပ်သည့် အမျိုးသမီးကြီး တစ်ဦးဖြစ်သည်။ ထို အမျိုးသမီးကြီး ကို မကောင်းပြောလေ့ရှိသည့် ကိုယ်၏ သွေးသားတော်သည့် မောင်အရင်းတစ်ယောက် နှင့် အမြဲ စကားများလေ့ရှိသည်။ ထို အမျိုးသမီးကြီး ၏ ဦးဆောင်လမ်းကြောင်း အပေါ် အနှောက်အယှက် ဖြစ်စေမည့် မည်သည့် လူ၊ မည်သည့် အပြုအမူ ကိုမျှ မြ သည် လက်သင့်ခံမည်၊ ခွင့်လွှတ်မည် မဟုတ်။ ထို အမျိုးသမီးကြီး ၏ ဦးဆောင်လမ်းကြောင်း အပေါ် စေတနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကူညီ ပံ့ပိုးလာသည့် မည်သည့် လူ၊ မည်သည့် […]


မြစပဲရိုးApril 11, 20161min25819
ကြောင်ကြောင် ပြောတဲ့ “ဒီရွာထဲမှာကို အဲလိုမျိုး သာဓက များစွာရှိတယ်။ ဆန်းစစ်ကြည့်ရင် ကိုယ့်လူထိလို့ ပြန်လုပ်တယ်လို့ တွေ့နိုင်တယ်။” ဆိုတာကိုဖတ်လိုက်မိလို့ပါ။ “အပြေးချန်ပီယံ ကျော်ကိုကို” ကို ပြောခဲ့တာ ကိုယ်ကတော့  သေချာပြီး ရွာထဲ တစ်ခြားဘယ်သူရှိသေးလဲတော့ မမှတ်မိ။ ဒါနဲ့ဘဲ ရေးမလား၊ မရေးရမလား စဉ်းစားရင်းနဲ့ လိုနေတဲ့ အချိန် ကို ဖြုန်းရင်းရေးလိုက်ပါတယ်။ အပ်ကြောင်းထပ်နေတဲ့ ဓာတ်ပြားပြန်ဖွင့်ရရင် ၈၈အရေးအခင်းမှာ ကိုယ်တိုင်ကျောင်းသားတစ်ယောက် အနေနဲ့ ပါခဲ့တာတွေပါ။ အဲဒီအချိန်မှာ မာစတာတန်းကျောင်းသူ။ လူပေါင်း ၈ ယောက်ဘဲ ရှိခဲ့တဲ့ အတန်းမှာ နိုင်ငံခြားက နေ ဘွဲ့တွေယူလာတဲ့ ဆရာကြီးများ ရဲ့ စေတနာ အပြည့်နဲ့ သင်ကြားတဲ့ စာတွေ ကို ဆည်းပူးနေခဲ့သူပါ။ တိုင်းပြည်ရဲ့ ဘက်စုံ ချွတ်ခြုံကျလာတဲ့ […]


မြစပဲရိုးMarch 31, 20161min18810
နားဦးတည့်ရာ(နိုင်ငံသစ် အတွက် အထူး) – ရေး၊ ဆို၊ တီး၊ ဖမ်း ဆောင်းဦးလှိုင် (ခရီးအစ) ယုံကြည်မှု တွေ အမြင့်ဆုံးမှာ မျှော်လင့်ခြင်းတွေ အမြင့်ဆုံးမှာ သတ္တိခွန်အား ခြေလှမ်းများညီညာ ထလော့ မြန်မာ။ ပြိုနေသမျှ ပြန်တည်ဆောက်မယ် ယိုင်နေသမျှ ပြန်တည့်နိုင်ပါတယ် ငါတို့ရဲ့ အနာဂါတ် အိမ်မက်များ ရဲ့ ဆုံမှတ် ညီညွတ်တော့ မြန်မာ တို့ရဲ့အမိမြေ အတွက်ဆို တို့ပေးဆပ်မယ် စည်းကမ်းလိုက်နာ ရိုးသားပါ သူငယ်ချင်းရယ် ဒီကမ္ဘာပေါ် တစ်နေ့တော့ ခေါင်းမော့ကာပြုံးနေနိုင်ဖို့ တောင့်တခဲ့တဲ့ အိမ်မက်ရထားကြီး ထွက်ခွါ ခရီးအစ အဆုံး ကို စေတနာ မေတ္တာထား ခရီးသွားချင်းလဲ စာနာဖေးကူမ မွန်မြတ်တဲ့ စိတ်ထား


မြစပဲရိုးDecember 31, 20151min23712
အင်္ဂလိပ် ခုနှစ် သက္ကရာဇ် ၂၀၁၅ ကုန်ဆုံးတော့မည်။ သက္ကရာဇ် ၂၀၁၆ သည် မြချစ်သော ရွှေပြည်ကြီး၏ ကြီးမားသော အပြောင်းအလဲ တစ်ခု အတွက် အဆုံးသတ် တော့ မည်ဟု ဆိုရမည်လား။ အစပျိုး တော့မည် ဟု ဆိုရမည်လား။ ဆုံးဆုံး၊ စစ ဒီအတိုင်း ရေစုန်မျောသလို မဖြစ်ပါစေနှင့်။ ကောင်းသောအပြောင်းအလဲလေး ကိုတော့ ပေးပါဟု ဆုတောင်းပါသည်။ “ဆုတောင်း” ဟူသော စကားလုံး ကို ကြားလျှင် သူကြီးမင်းကတော့ လှောင်မည်။ ထို လှောင်မည့် သူကြီးမင်းအား ပုံ တစ်ပုံ ပြချင်၏။ ဆာဗာ Admin များ ပိတ်ရက်အတွင်း Holiday မသွားခင် ဆာဗာကြီးများ ကို ထိုင်ကန်တော့ နေကြပုံဖြစ်သည်။ {သူကြီးမင်း […]


မြစပဲရိုးDecember 27, 20152min2449
မြ အလည်သွားခဲ့သည်။ ကိန်းဘရစ်ချ် ဟု အမည်ခေါ်သောမြို့ သို့ ဖြစ်သည်။ ထိုနာမည် သည် မြတို့ ရွှေပြည်တွင်လည်း မစိမ်းလှ ဟု ဆိုပါမည်။ Duke of Cambridge သည် အင်္ဂလိပ်ပြည် မှ ဝီလျံမင်းသား ၏ title ဖြစ်၍ သူ၏ ကြင်ယာတော် မိန်းမ ကက်သရင်း(ကိတ်) သည် Duchess of Cambridge ဟု အမည်တွင်လေသည်။ သူတို့ နှစ်ယောက်၏ သားလေး နှင့် သမီးလေး တို့သည်လည်း Prince George of Cambridge နှင့် Princess Charlotte of Cambridge ဖြစ်လေတော့၏။ ထို ကမ္ဘ္ဘာကျော်အောင် လူချစ်လူခင်များသည့် မင်းဆွေ မင်းမျိုး […]