. မြ ရဲ့ သင်ပုန်း ၁၆-၀၄-၂၀၁၆

မြစပဲရိုးApril 16, 20161min48021

မြ သည် တစ်စုံတစ်ယောက် နှင့် ပါတ်သက် လျှင် ဆတ်ဆတ်ထိ သည်းမခံနိုင်သည့် အရိုင်း  ဖြစ်သည်။
ထို တစ်စုံတစ်ယောက် သည် ကိုယ်နှင့်သွေးမတော်သားမစပ်သည့် အမျိုးသမီးကြီး တစ်ဦးဖြစ်သည်။
ထို အမျိုးသမီးကြီး ကို မကောင်းပြောလေ့ရှိသည့် ကိုယ်၏ သွေးသားတော်သည့် မောင်အရင်းတစ်ယောက် နှင့် အမြဲ စကားများလေ့ရှိသည်။
ထို အမျိုးသမီးကြီး ၏ ဦးဆောင်လမ်းကြောင်း အပေါ် အနှောက်အယှက် ဖြစ်စေမည့် မည်သည့် လူ၊ မည်သည့် အပြုအမူ ကိုမျှ မြ သည် လက်သင့်ခံမည်၊ ခွင့်လွှတ်မည် မဟုတ်။
ထို အမျိုးသမီးကြီး ၏ ဦးဆောင်လမ်းကြောင်း အပေါ် စေတနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကူညီ ပံ့ပိုးလာသည့် မည်သည့် လူ၊ မည်သည့် အပြုအမူ ကိုမဆို မြ သည် လှိုက်လှဲစွာ ကြိုဆိုသည်။ ကျေးဇူးတင်သည်။
အဘယ်ကြောင့်နည်း။

မြ မျက်လုံးထဲတွင် ကျောင်းစာသင်ခန်း ကို ချစ်သော်လည်း ကျောင်းစာသင်ခန်းကို မဝင်နိုင်သောကြောင့် ကျောင်းအဝ တွင် ထင်းစည်းကြီးရွက်ပြီး ကျောင်းခန်းထဲ က စာ ကို လိုက်ရွတ် နေသည့် ညစ်ပေပေ ပိန်ညော်ညော် ကလေး မလေး တစ်ယောက် ပုံရိပ် အမြဲရှိသည်။
မြ မျက်လုံးထဲတွင် ဘဝနေဝင်ချိန် အဟာရ လိုအပ်သော်လည်း မြေးကလေးများ အတွက် ငဲ့၍ အဆာခံ နေရသော အဖွားအို တစ်ယောက် ပုံရိပ် အမြဲရှိသည်။
မြ မျက်လုံးထဲတွင် အလုပ်လက်မဲ့ လမ်းဘေးထိုင်ကာ မျှော်လင့်ချက် မဲ့ နေသော လူငယ်လေး တစ်ယောက် ပုံရိပ် အမြဲရှိသည်။
မြ ရင်ထဲ က ထိုသူများ အတွက် မြ သည် တာဝန် မကျေခဲ့။
မြ သည် ကိုယ်လွတ်ရုန်း ကာ ကိုယ့်ဘဝ အတွက် သာ တစ်ကိုယ်ကောင်းဆန်ခဲ့သူ ဖြစ်သည်။
မြ သည် ထို သူများ အတွက် ပေး ဆပ်ရန် အကြွေး ကို မသိကျိုးကျွံ နေနေ သူ တစ်ယောက်ဖြစ်သည်။

သို့သော် မြ မပေးဆပ်နိုင်သည့် ဤအကြွေးများ အတွက် ထိုအမျိုးသမီးကြီး မှ သူ့ဘဝ ရင်း၍ ပေးဆပ် နေသည်။
အစွမ်းရှိရှိ ပေးဆပ် နိုင်လောက်အောင် လဲ ပညာဉာဏ် နှင့် စေတနာ သန်သည်။
ထို အမျိုးသမီးကြီး ကို မှ မယုံလျှင်၊ ထို အမျိုးသမီးကြီး ကို မှ အားမကိုးလျှင် မြ သည် ဒီ တစ်သက် အကြွေးကျေစရာ လမ်းမမြင်ပါ။
“အနှိုင်းမဲ့မေတ္တာ” ဆိုသည် ကို မြ သည် လက်တွေ့မြင်ခဲ့ပြီ ဖြစ်သည်။

ထို အမျိုးသမီးကြီး ၏ ရေးသားထုတ်ဝေထားသော စာအုပ်များထဲ မှ စာသားတစ်ချို့ သည် မြ ၏ သူ့အပေါ်ရှိနေ သော ချစ်ခင်လေးစား တန်ဖိုး ထားမှု များ ကို ပိုပြီး ခိုင်မာစေခဲ့ ပါသေးသည်။
ထို စာအုပ်များထဲ တွင်မြ မသိခဲ့ သော အကြောင်း တစ်ချို့ ရှိခဲ့သည်။
ထို အမျိုးသမီးကြီး ၏ ခင်ပွန်းမှ ရေးသား မျှဝေထားခဲ့ခြင်း ဖြစ်သည်။
ထို စာသားများထဲ တွင် အဝေးရောက် နေသော်လည်း အမိမြေ နှင့် လူထု အပေါ် တာဝန် ကျေချင်လွန်း သည့် သူ့ တစ်ခါက အိမ်မက် ပုံရိပ်များ သည် ပို၍ ထင်ရှားခဲ့ သည်။
နိုင်ငံ ၏ ပညာရေး ကို တစ်တပ်တစ်အား မြှင့်တင်ပေး လိုစိတ်၊ စာကြည့်တိုက်များ ကို နိုင်ငံ အနှံ့အပြား တွင် ထူထောင်ပေးလို စိတ် သူ့မှာ ပြင်းပြ နေခဲ့သည်။
သို့သော် သူ ထင်သလို သူ့အိမ်မက် သည် မချောမွေ့ခဲ့ချေ။
ထို အိမ်မက်များ အတွက် နှစ်ပေါင်းများစွာ မိသားစု ဘဝ ကို နှလုံးသားအကွဲခံ စတေး၍ ရင်းနှီးခဲ့ ရလေတော့သည်။

ဤ တစ်ကြိမ် မှာတော့ သူ၏ တစ်ခါက အိမ်မက်များ ပီပီပြင်ပြင် အကောင်အထည် ပါနိုင်ပါစေ ဟု လှိုက်လှိုက်လှဲလှဲ မြ ဆုတောင်းပါသည်။
တစ်နေ့မှာတော့ မြ သည်လည်း ထို အမျိုးသမီးကြီး၏ ပေးဆပ်မှု ကြောင့် မြင်စ ပြုလာသည့် အလင်းရောင်အောက်တွင် တစ်ခါက ထင်းစည်းရွက်ထားသည့် ကလေး၏ မြေးငယ် များ ကို စာသင်ပေး နိုင်ပါစေ ဆုတောင်းပါသည်။

ထို ဆုတောင်းများ ပြည့်စေရန် အတွက် မြ ထပ်ပြီး ပြောပါမည်။

မြချစ်သော
ထို အမျိုးသမီးကြီး ၏ ဦးဆောင်လမ်းကြောင်း အပေါ် အနှောက်အယှက် ဖြစ်စေမည့် မည်သည့် လူ၊ မည်သည့် အပြုအမူ ကိုမျှ မြ သည် လက်သင့်ခံမည်၊ ခွင့်လွှတ်မည် မဟုတ်။
ထို အမျိုးသမီးကြီး ၏ ဦးဆောင်လမ်းကြောင်း အပေါ် စေတနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကူညီ ပံ့ပိုးလာသည့် မည်သည့် လူ၊ မည်သည့် အပြုအမူ ကိုမဆို မြ သည် လှိုက်လှဲစွာ ကြိုဆိုသည်။ ကျေးဇူးတင်သည်။

မြန်မာနှစ် သက္ကရာဇ် ၁၃၇၈ နှစ်သစ် အခါသမယ မှ စ၍

မြ ချစ်ရလွန်းသော ထိုအမျိုးသမီးကြီး သည် သူ၏ လိုအင်ဆန္ဒ အိမ်မက်များကို ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစွာဖြင့် အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ပါစေသား။
မြ ချစ်သော ရွှေပြည်ကြီး အေးငြိမ်းချမ်းသာ တိုးတက်ပါစေသား။
ပြည်သူ ပြည်သား အားလုံး လဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရွှင်လန်းချမ်းမြေ့ အောင်မြင် ကြပါစေသား။
မြ ချစ်သော ရွာကလေး သည်လဲ စည်ပင်ဝပြော ပါစေသား။
မြ ချစ်သော ရွာသူ/ရွာသား များ လဲ ကောင်းမွန်သော လိုရာဆန္ဒ များ အားလုံး ပြည့်ပါစေသား။

မြ သည်လဲ အစပျိုးမိပြီး မဆုံးနိုင်သေးသည့် ဇာတ်လမ်း တစ်ပုဒ် အတွက် ဇာတ်သိမ်းခန်းရောက်နိုင်ရန် ကြိုးစားရပေဦးမည်။
ထို့ကြောင့် စာရေးဆရာကြီး နွမ်ဂျာသိုင်း ၏ ကဗျာ တစ်ပုဒ် ထဲ မှ စာတစ်ပိုဒ် ကို မြ ရွတ်ခဲ့ပါမည်။
မြ တစ်ယောက် ရွာကို ဝင်၍ ရန်ထောင် နေခဲ့သည် ရှိသော် နှင်ထုတ်ပေးကြပါ လော့။
အားလုံး ကို ကျေးဇူးတင်ပါသည်။ (ကန့်လန့်တိုက် ကဏန်းများ မပါ)

ပြန်၍ဆုံပါစေ…. (နွမ်ဂျာသိုင်း)
မိုးနေ့တစ်နေ့ လမ်းတစ်ကွေ ့၌
မုန်း၍မခွဲ၊ ချစ်လျက်ခွဲကာ
ခွဲခဲ့ရပေ ကိုယ်တို့တစ်တွေသည်
မိုးလေမလာ မြဆည်းဆာတွင်
တစ်ခါပြန်၍ ဆုံပါစေ….။

ချစ်သော ဆုမွန်ဖြင့်
မြ

 

 

 

IMG_3322
That’s how we support our Lady

 

IMG_3327
That’s how we support our Lady

 

IMG_1911
Introduction by Michael Aris (Freedom From Fear – Aung San Suu Kyi)

 

21 comments

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    April 16, 2016 at 11:46 pm

    အားလုံး ကို ကျေးဇူးတင်ပါသည်။ (ကန့်လန့်တိုက် ကဏန်းများ မပါ)

    ဆိုတော့
    ဂျီးဒေါ် ချစ်တဲ့ အန်တီကြီး မြင်မိရင်

    ငါ့တူမနှယ် စိတ်ဓာတ် သေးသိမ်ရန်ကော ဆိုပြီး
    ဂျီးဒေါ်ကို ဆူလိမ့်မယ် ထင်တာပဲ
    အဲတော့
    ချစ်ပြနေယုံနဲ့မပြီး
    တကယ်ချစ်ရင် လိုက်နာ ကျင့်သုံး အတုယူပါလို့
    ကြုံတုန်း ဆရာလုပ်ပါရစေ
    နှစ်သစ်မှာ ဒီ့ထက်ပို ရင်ကြား စေ့နိုင်ကြပါစေလို့

    • မြစပဲရိုး

      April 17, 2016 at 12:18 am

      ဒီလောက်တောင် မေတ္တာတရားကြီးကြီး နဲ့ သည်းခံခွင့်လွှတ် ပြီး ရင်ကြားစေ့နေတဲ့ အမျိုးသမီးကြီး ကို
      ဆက်ပြီး စော်ကား တဲ့ လုပ်ရပ်တွေ လုပ်နေသူများ ကို ဘယ့်နှဲ့လုပ်ပြီး ကျေးဇူးတင်လို့ ရပါ့မလဲ ကွယ်။ 🙄

      စေတနာကို စော်ကားနေတာကို မြင်နေတာမို့ ပါးစပ်ပိတ်နေနိုင်ဖို့ ခက်သား ကိုး။
      ဒီအတိုင်းကြည့်နေရင် သူတို့ ကို အားပေးရာရောက်တော့မပေါ့။

      ကဏန်း ဆိုတာ အပေါ်ရောက်သူ ကို ဆွဲချတတ် တဲ့ သတ္တဝါ တွေ မို့ ဆူလဲ ခေါင်းငုံ့ပြီး မျက်လုံးစွေပြီး ဒင်းတို့ ကို မျက်စောင်းထိုးမှာဘဲ။
      ဒီလောက် စိတ်မပြည့်ဝ သေးလို့ရွာထဲ မောင်ကြွပ် နဲ့ လှည့်ပြီး ရန်ဖြစ်နေတာပေါ့ ဟယ်။ 😉
      မဟုတ်ရင် ဒီ မောင် ကို ရှောင်နေတော့ မပေါ့။

      သို့ပေသည့် တော်ပြီကွယ်။ နှစ်ကူးသွားပြီ။
      ဘယ်လောက် ရင့်တဲ့ ကြက်လဲ ဆိုတာ ကွကိုယ် ကြည့်ပါ့မယ်။
      သတိပေးတာလေး ကိုတော့ ကျေးဇူးပါ မောင်စိန်ပေါက်။ :-)))

  • Thint Aye Yeik

    April 17, 2016 at 1:15 pm

    အဲ့ဒီ အမျိုးသမီးကြီးရဲ့ စာအုပ်တွေ မဖတ်ဖူးသေးဘူး။
    အင်္ဂလိပ် ဘာသာ အားနည်းချက်ကြောင့်လည်း ပါ
    စာအုပ်ဈေးတွေ မြင့်နေတာကြောင့် တော်ရုံနဲ့ စာအုပ်မဝယ်နိုင်တာလည်း ပါ ပေါ့။
    ”The voice of hope” ဆိုတဲ့စာအုပ်က အမေစုနဲ့ နိုင်ငံခြားသတင်းသမားတစ်ယောက် အပြန်အလှန် မေးဖြေ လုပ်ထားတဲ့ စကားတွေ လို့ ကြားဖူးတယ်။ မြန်မာဘာသာကို ပြန်ထားတဲ့ စာအုပ်တစ်အုပ်လည်း တွေ့ခဲ့ဖူးတယ်။
    ဖတ်ချင်ပေမဲ့ အဲ့တုန်းက ပိုက်ပိုက် မရှိလို့ မဝယ်နိုင်ခဲ့။

    စာကြည့်တိုက်တွေမှာတော့ ရှိတန်ကောင်းရဲ့။
    ဒါမယ့် ကျနော်တို့ အလုပ်တွေက sunday ပဲ ပိတ်တာ။
    စာကြည့်တိုက်တွေကလည်း sat & sunday တွေ ပိတ်တယ်။
    ဆိုတော့ စာကြည့်တိုက်ထဲက စာအုပ်ဖတ်ခွင့်ကို အလုပ် လုပ်နေတဲ့ အလုပ်သမားတွေ မရ ရေးချ မရ။
    အခု ပြန်ကြားရေး ဝန်ကြီး ဖြစ်သွားတဲ့ ဆရာဖေမြင့်ကို စနေနဲ့ sunday တွေ စာကြည့်တိုက်လို ပြတိုက်လို နေရာတွေ ဖွင့်လှစ်ဖို့
    တိုက်တွန်းရမယ်ထင့်။

    စာကြည့်တိုက် နာမည်တပ်ပြီး စာအုပ် မရှိ –
    ဗလာအခန်းကို အိမ်ငှား စားထားတဲ့ ရပ်ကွက်ထဲက ” ဆိုင်းဘုတ်ချိတ်စာကြည့်တိုက်”တွေလည်း
    ဒီခေတ်မှာတော့ စာအုပ်တွေ ရှိချိန်တန်ပါပြီ။

    ဆိုလိုတာက အဲ့ စာအုပ် သုံးအုပ်လုံးကို ဖတ်ချင်နေတယ် လို့စ်

    😆

    • မြစပဲရိုး

      April 17, 2016 at 1:41 pm

      တစ်နေ့ ဖတ်ရမယ် လို့ မျှော်လင့်ပါတယ် ဆက်ဆက်ရယ်။ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း မှာ စာကြည့်တိုက် အတွက် ပညာရှင်တွေ (တစ်ချို့ ဟားဗတ်ဆင်း) အများကြီး ရံ ထားတာပါ။
      သူတို့ အတွက် အခု လမ်းပွင့်နေပါပြီ။
      မြန်မာနိုင်ငံ စာကြည့်တိုက် သမိုင်းမှာ ထင်ရှားခဲ့ တဲ့ ပုဂ္ဂိုလ်ကြီး ရဲ့ မျိုးဆက်များ ဟာ ပညာလဲ ထူးချွန်ပါတယ်။ နိုင်ငံတကာလဲ ဝင်ဆန့်ပါတယ်။ မိဘမျိုးရိုး လဲ ချမ်းသာပါတယ်။
      အဲဒီ လူများ က ဒေါ်အောင်ဆန်းစုကြည် နားမှာ သိုသိုသိပ်သိပ် နဲ့ နေရာမယူ၊ နာမည်မဖော်ဘဲ နိုင်ငံကို ချစ်စိတ် သက်သက် နဲ့ သာ အသံတိတ် အလုပ်လုပ် နေကြပါတယ်။
      အကောင်း တွေ အတွက် အပြောင်း ကို ပျော်ရွှင်စွာ မြင်နိုင်မယ် မှန်းပါတယ်။

  • kai

    April 17, 2016 at 1:47 pm

    ဒေါ်အောင်ဆန်းစုကြည်.. ငယ်ငယ်တုံးက ရေးဖူးတဲ့စာတွေများရှိရင် ဖတ်ချင်မိတယ်…။
    အဲဒါဆို… သူ့စိတ်ကိုခန့်မှန်းနိုင်မယ်ထင်သား..။ :k:

  • မြစပဲရိုး

    April 17, 2016 at 2:38 pm

    သူကြီး မင်း ရယ်
    လူဆိုတာ အသက်အရွယ် နဲ့ အတွေ့အကြုံ တွေကို ပညာရှိရှိအသုံးပြု တတ်ရင် အချိန်အခါ ကို လိုက်ပြီး ပြောင်းလဲကြရပါတယ်။
    အသက် ၁ဝနှစ် က အတွေးအခေါ်၊ အသက် ၂ဝ က အတွေးအခေါ်၊ အသက် ၅ဝ က အတွေးအခေါ်၊ အသက် ၇ဝ က အတွေးအခေါ် မတူနိုင်ပါဘူး။
    ပါတ်ဝန်းကျင် သဘော က လဲ လိုက်ပြောင်းနေတာ ကို မြင်တတ်ခဲ့ရင်ပေါ့။
    ဒေါ်အောင်ဆန်းစုကြည် မှာ အဲဒီ လို ပြောင်းလဲ ချင့်ချိန်နိုင်တဲ့ ပညာဉာဏ်စွမ်းအား ကြီး ခဲ့ပါတယ်။
    ဒါကြောင့်လဲ ဒီလို နိုင်ငံသစ် ကို အေးအေးချမ်းချမ်း ပြောင်းလဲနိုင်ခဲ့တာ လို့ ကျွန်မ ယုံကြည်ပါတယ်။

    အပေါ်မှာ ဆက်ဆက် ပြောထားတဲ့ “”The voice of hope” ဆိုတဲ့စာအုပ်က အမေစုနဲ့ နိုင်ငံခြားသတင်းသမားတစ်ယောက်” ဆိုတာမှာ အဲဒီ သူက “Alan Clements” ခေါ်ပါတယ်။
    တယ်လီဗေးရှင်း ပရိုဂျူဆာ တစ်ယောက်ပါ။
    မနေ့ က သူ့ရဲ့ Facebook wall ထဲမှာ ရွှေတောင်ကုန်း ဆရာတော် ပျံလွန်တော်မူတာ ကို ဝမ်းနည်းကြောင်း ရေးထားပါတယ်။
    အဲဒီ အထဲ မှာ ဆရာတော်ကြီး ရဲ့သင်ကြားပြသပေးမှု တွေအတွက် သူ့ဘဝ ပြောင်းလဲ မှုတွေ ကို အလေးအနက်ထားရေးပြထားပါတယ်။
    မြန်မာလို ဝတ်ထားပြီး ဆရာတော်ကြီး နဲ့ ရိုက်ထားတဲ့ ပုံ တွေ ကိုလဲ တင်ထားတယ်။
    ဒေါ်အောင်ဆန်းစုကြည် ပုံ လဲ ပါတယ်။

    ဒီ ဆရာတော်ကြီး ကို မေးခွန်း တွေ အထပ်ထပ်မေးပြီး ဆင်ခြေကန်ခဲ့ သူတွေထဲ ဒေါ်အောင်ဆန်းစုကြည် လဲ ပါခဲ့တာ ကို သိကြမှာပါ။
    နောက်ပိုင်း အဲဒီလို အဆုံးအမ တွေ ရဲ့ ကျေးဇူး ကို လက်တွေ့ ဆပ်ပြခဲ့ တာလဲ သိကြမှာပါ။
    တကဲ့ ပညာဉာဏ် သုံးပြီး ကိုယ့် ဘဝနေထိုင်မှု ကို သာမက တစ်ခြားသူများ ရဲ့ အကြိုး မျှော်တွေးပေးသူ ကို စော်ကားနေကြတဲ့ ဟိုလူစု၊ ဒီ လူစု ကို ကျွန်မ သည်းမခံ နိုင်တာ ကျွန်မ အဆင့်အတန်း မမြင့် သေးလို့ ဆိုတာ သိပါတယ်။
    ဒါပေမဲ့ ဒီ လူ တွေ ဟာ စိတ်ယုတ်မာ ရှိသူ တွေ၊ တိုင်းပြည် ပျက်စီးဖို့ လမ်းရှာ နေသူ တွေ ဆိုတာ ကိုတော့ အသိပေး ရ မဲ့ တာဝန်လဲ ရှိပါတယ်။
    ဒီ လူတွေ အတွက် ကျွန်မ ရိုင်း တယ် ဆိုလဲ ရိုင်းတယ်ပေါ့။
    ရိုင်းတယ် ပြောလို့ စိတ်ဆိုးစရာမရှိပါဘူး။

    Alan Clements
    10 new photos.
    15 April at 20:25 ·

    My beloved dhamma teacher and mindfulness meditation master, Venerable Sayadaw U Pandita from Burma, passed away today. He was 95 years old.
    Within minutes of meeting him in 1979 at the Mahasi Meditation Centre in Burma I knew I had met the reason why I was born.
    He remained my most trusted source of wisdom-guidance for the next 37 years. In February of this year I was blessed to have spent eight nights interviewing Sayadawgyi in a series of conversations titled, “Dhamma Advice to the People of My Country.” Among the topics discussed, Sayadawgyi illuminated the “Requisites of Reconciliation,” the very basis of Aung San Suu Kyi and her new government’s policy of peace-building by transitioning from dictatorship to democracy (that of bringing the oppressed and the oppressors together) through the practices of non-hostility or active metta – loving kindness in action. The entire 20,000 word conversation will be published in a forthcoming new book titled, “Myanmar After Dictatorship: Aung San Suu Kyi and Burma’s Voices of Freedom,” that will also include feature length conversations with the country’s many other Voices of Freedom. If you wish to help us complete this epic work, in any capacity whatsoever, please contact us, please.

    Sayadawgyi was the most important person in my life. Sadhu to you Venerable Sir for the profound influence you have had on me and the hundreds of thousands of others around the world.

    A Tribute to Sayadaw U Pandita of Burma

    My love and respect for Sayadawgyi grew over the 40 years we knew each other. He continually emphasized dhamma over person and personality. He never failed in emphasizing freedom over conceptual comfort. He embodied radical presence –
    be true regardless, yet tempered with the consideration of tone, timing, intention, language and heart. He elevated smart to new heights. He charmed the angry and relaxed the fearful. He excited the dull. Elevated the traumatized and ignored the arrogant. And walked from violence unless confronted and then killed with wisdom. His mind was the sharpest edge of truth telling I have ever known or will likely ever know. I absolutely loved speaking with him. He empowered space by nature of his presence so long as you were open to freedom. His true gift was his courage to
    connect with you on the terms of your ignorance yet with the skill to invite it’s unveiling by finely chosen words of metta inspired expansion. Thank you teacher. Thank you from my heart. May we embody the practice of freedom rather than the sadness of loss.

    • kai

      April 17, 2016 at 2:58 pm

      အဆုံးသတ်ဟာ..အဆုံးအဖြတ်ပါ…။
      အခု.. ဇတ်လမ်းတခုကာလိပ်ချပြီးပြီ..။ ဒီလိုဖြစ်လာဖို့..၁၉၈၈ ကစခဲ့ရတယ်..။

      အခုလောလောဆယ်ရလဒ်က ကျေနပ်စရာကောင်းပါတယ်…။ နောက် ဘယ်နှနှစ်ထိ မြဲ/မမြဲကတော့.. အရင်အတိုက်အခံ.. အခုအစိုးရဖြစ်နေသူတွေဆီမှာပဲ.. မူတည်တော့သပေါ့..။

      ဒီအခြေအနေထိရောက်ဖို့.. အားလုံး ဝိုင်းခဲ့ရတာပေါ့…။
      ဒေါ်အောင်ဆန်းစုကြည်က အဓိကနေရာဆိုပေးမယ့်.. ဇတ်ပို့တွေ.. ဗီလိန်တွေ.. ကားလိပ်ချ..။ ဖျာခင်း..ဆိုင်းတီးအပါအဝင်..ပွဲကြည့်ပရိသတ်တွေပါ.. ဝိုင်းခဲ့ရတာလေ…။
      ဆိုလိုချင်တာက… ဒီလူတွေရှိလို့.. ဒီအချိန်.. ဒီနေရာရောက်ခဲ့တာပါပဲ….။

      နောင်အနှစ် ၁၀ဝ ကနေ.. ဒီခေတ်ကိုလှမ်းကြည့်ကြစို့…..။
      ၁၉၈၈ ကနေ.. အခုထိ.. အသက်ရှင်လျှက်ရှိနေသူတိုင်းဟာ.. မြန်မာ့သမိုင်းပြောင်းခေတ်မှာ.. အုပ်တချပ်သဲတပွင့်ပါခဲ့သူချည်း…ရယ်လို့.. ..။
      တကယ်လို့..နောင်အနှစ်၁၀ဝ မှာ.. မြန်မာပြည်သာ ကမ္ဘာ့တနေရာမှ ခန့်ခန့်ထည်ထည်ရှိနေခဲ့ပါရင်.. ဒီခေတ်လူထုဟာ.. အင်္ဂလိပ်ခေတ်.. ကိုလိုနီခေတ်.. ဦးနုခေတ်.. စစ်အာဏာရှင်ခေတ်တွေထဲက.. လူတွေထက်.. မြန်မာ့သမို်င်းမှာ ထင်ရှားကျန်ရစ်နေတဲ့ သူရဲကောင်းလူထုကြီးပေါ့..။ အားလုံး…။ အားလုံး..။ :k:

      • မြစပဲရိုး

        April 17, 2016 at 3:11 pm

        ဟုတ်ပါတယ်။
        ကျွန်မ ထပ်ပြီး ပြောပါရစေဦး။
        ” ဒေါ်အောင်ဆန်းစုကြည် နားမှာ သိုသိုသိပ်သိပ် နဲ့ နေရာမယူ၊ နာမည်မဖော်ဘဲ နိုင်ငံကို ချစ်စိတ် သက်သက် နဲ့ သာ အသံတိတ် အလုပ်လုပ် နေကြသူ နိုင်ငံတကာဘွဲ့ရ ပညာတတ်များ” အများကြီး ရှိပါတယ်။
        အရင်က လဲ ပြောခဲ့ဖူးပါတယ်။
        ဘာမှ သိပ်မဟုတ်ဘဲ အသံပေး ပြီး ဘောင်ဘင်ခေတ် နေရာယူချင်၊ အတင်းကို ဘဲ အသိအမှတ်ပြုခံချင် သူ တွေ လဲ အခုဆို အများကြီး ပေါ်ပေါ်လာပါပေါ့။
        မြင်နေနိုင်တာဘဲ။ နော။

        တကယ် တိုင်းပြည် အတွက် ဆိုရင် ကိုယ့်နာမည် ပေါ်ဖို့ လို လို့ လား၊ ကိုယ့်ကို လူတွေ က အသိအမှတ်ပြုတာ ခံချင်သေးတယ်လား။
        ရန်ကုန်တိုင်း ဝန်ကြီးချုပ် ကို အားကျ နေကြတဲ့ နောက် မနာလိုစိတ် တွေ ပေါ်နေမှာလဲ စိုးပါတယ်။
        ကျွန်မတော့ ဆက်မပြောရင်ကောင်းမလား သူကြီး မင်းရယ်။
        မဟုတ်ရင် ရှင် ခေါင်းကျိန်း နေမယ်။ :-))))

      • ပျင်းတကာ့ ထိပ်ခေါင်တင်

        April 18, 2016 at 9:47 am

        တဂျီးရေ သူရေးတဲ့စာအုပ်တွေ ဖတ်ရုံလောက်နဲ့ သူ့စိတ်ကိုခန့်မှန်းနိုင်မယ်မထင်

        • kai

          April 18, 2016 at 2:29 pm

          လူတွေက.. အများအားဖြင့် ငယ်ငယ်က.. (လူငယ်..လူရွယ်) အရွယ်က …သူကိုယ်တိုင်.. ရေးထားခဲ့တာတွေက.. သူ့ဘဝတခုလုံးကိုလွှမ်းမိုးပါတယ်..။
          ဒေါ်စုကိုယ်တိုင် ဘာတွေရေးထားခဲ့တယ်.. အကုန်မဖတ်ရသေးပေမယ့်… သိသလောက်သူလည်း.. သူ့အိပ်မက်တွေ အကောင်အထည်ဖေါ်မယ့်လမ်းပေါ်မှာပါပဲ..။ :k:

  • uncle gyi

    April 17, 2016 at 3:09 pm

    ခေတ်တွေယှဉ်ကြည့်ရင်၁၉၆၂မှသည်၂၀၁၆အတွင်းမြန်မာပြည်သူတွေကြီးစားခဲ့တာကအရင်
    ခေတ်တွေထက်ပ်ိုခက်မယ်ထင်ပါရဲ့

    • မြစပဲရိုး

      April 17, 2016 at 3:17 pm

      ဟိုး အရင်ခေတ် တွေ က လူတန်းစား အခြေအနေ တွေ သိပ်မကွာတော့ ညှိပြီး ထိန်း (ခြောက်ပြီး ထိန်း) လို့ လွယ်မယ် ထင်ရဲ့ အန်ကယ်ကြီး ရယ်။
      အခုချိန် က လူတန်းစား တွေ ရဲ့ အဆင့် နဲ့ လူနေမှု ပုံစံ တွေ က အရမ်းကို ကွာ လာတော့ ဟိုဘက်ဖိ ဒီက ထောင်၊ ဒီ ဘက်ဖိ ဟို ကထောင် မို့ နည်းလမ်း တစ်မျိုးထဲ နဲ့ အုပ်ချုပ်ဖို့ရာ သိပ်တော့ မလွယ်ဘူး။
      ဒါကြောင့် လဲ စစ်အာဏာ က သိပ်ပြီး အလုပ် မဖြစ်ခဲ့တာ လို့ တွေးမိနေတာပါဘဲ။

      နောက်ပြီး ရှိပါသေးတယ်။
      ပြောင်းချိန်တန်လို့ ပြောင်းလဲ သူတွေ ကို “ဖောက်ပြန်သူများ” ရယ်လို့ တံဆိပ်တပ် စွပ်စွဲ ပြီး ဖြုတ် ထုတ် သတ် တဲ့ ယဉ်ကျေးမှု က ခေတ် နောက်မှာ အတော်ကြီး ကျန်ရိုက်ခဲ့ ပါပြီ။
      မျက်စိဖွင့်ပြီး ဒီနေ့ အချိန် ကို မြင်အောင် ကြည့်ပြီး မှ လူကြားထဲ ကို ထွက်လာသင့်တယ်။

  • ဝင့်ပြုံးမြင့်

    April 17, 2016 at 4:04 pm

    Letters from Burma ကတော့ အာတီဒုံ လက်ဆောင်ပေးလို့ ဖတ်ပြီးပါပြီ။

    အရီးလတ် မြန်မာပြည်ပြန်လာပြီး စာသင်မယ်ဆိုရင် နေ့တိုင်း ဟင်းချက်ပို့ပါမည်။

  • မြစပဲရိုး

    April 17, 2016 at 8:41 pm

    ပြုံးညီမ – တကယ်လား။ ဟင်းဂျီးများဘူး။ ဗိုက်ဝ ပြီးရော။ :-))

    အိမ်မှာ အဖေ၊အမေ တွေလဲကြီးပြီ မို့ ပြန်ချင်တာလဲ ပါပါတယ်။
    ဒါပေမဲ့ လောလောဆယ်မှာ ကြွေးသစ် က မကျေသေး တဲ့ အခြေမို့ လေ နဲ့ ဘဲပြန်နေရတာပါဘဲ။
    တစ်နေ့တော့ အိမ်မက်တွေ လက်တွေ့ဖြစ်ချင်ပါသေးတယ်။

    မနှစ် က အိမ်ပြန်တော့ ဘော့စ် နဲ့ ထုံးစံအတိုင်း တွေ့ပါတယ်။
    သူ နဲ့ အလုပ်ဆက်ပြီး ကိုယ့်အရင် လူဟောင်းကြီး တော်တော်များများ ပြည်တော်ပြန်ဝင်ပြီး လုပ်ငန်းတွေ လုပ်နေကြတာ မို့ ကိုယ့်ကိုလဲ မပြန်သေးဘူးလားမေးတယ်။
    ပြောလိုက်ပါတယ်။
    ပြန်ရင်တောင် ကိုယ့်အကျိုးစီပွါးတိုးတက်ဖို့ ထက် မဖွံ့ဖြိုးသေးတဲ့ နယ်ဖက် တွေ မှာ စာသင်ချင်တာ လို့။
    သူက ကိုယ့်ကို ဂြိုလ်သားတစ်ကောင် ကို ကြည့်ပါလေရော။
    ဒါပေမဲ့ သူ့တပည့် ဂေါက်သီးအကြောင်း သူသိပြီးပါလေ။ 😉

    အမှန်တော့ ပြုံးရေ။
    မြန်မာပြည် က ပညာရေးညံ့တယ်လို့ အကြမ်းဖျင်း တော့ပြောနိုင်ပါတယ်။
    ဒါပေမဲ့ တကယ်တမ်း လုပ်ကိုင်နိုင်စွမ်း တွေ အများကြီး ရှိကြပါတယ်။
    ကိုယ်က အပြင်ရောက်ပေမဲ့ အထဲ မှာ ကျန်ရှိနေတဲ့ လူတွေ ရဲ့ စွမ်းရည် ကို ဘယ်တုန်းက မှ အထင်မသေးရဲခဲ့ပါဘူး။
    ဘာလို့လဲ ဆိုတော့ ကိုယ်လုပ်နိုင်သလို လုပ်နိုင်တဲ့ သူတွေ၊ ကိုယ့်ထက် အများကြီး သာ တဲ့ သူတွေ ရှိနေတာ။
    ဒါကြောင့်လဲ ကိုယ့်ဘက်က ဖြစ်နိုင်သ၍ နောက်ကျန်မနေရအောင် လုပ်နေရတာပါ။
    တိုင်းပြည် ထဲ ကိုယ့်ထက် ထူးချွန်တဲ့ သူ တွေ ထဲ ဝင် ဆန့်နိုင်ဖို့ အပြင်မှာ လဲ ထိုင်နေလို့ မရဘူး ဆိုတာ သိပါတယ်။
    တစ်ချို့ကတော့ နိုင်ငံခြား မှာ နေဘူးတာ နဲ့ စိတ်ကြီးဝင်ပြီး နိုင်ငံထဲ ကို အထင်သေးတတ်ကြတယ်။
    တကယ်တော့ အဲဒီလူတွေ မှာလဲ “အာပလာ” တွေ အများကြီး ရှိပြီး နိုင်ငံထဲ မှာလဲ လူမသိ သူမသိ နာမည်ဝှက်ပြီး နေတတ်တဲ့ တော်သူတွေ အများကြီး ရှိနေတာကို လက်တွေ့ကျကျ သိလို့ပါ။

    ဒါဆို နိုင်ငံ အနေနဲ့ ဘာလို့ ပညာရေးညံ့တယ်ပြောလဲလို့ မေးနိုင်ပါတယ်။
    သူငယ်ချင်းတစ်ယောက် စကား ကို ငှါးသုံးပါရစေ။
    သူလဲ အပြင်က သူပါဘဲ။
    သူ ပြောဘူးတာက “နိုင်ငံတစ်နိုင်ငံ ရဲ့ ပညာရေး ဟာ အဲဒီ နိုင်ငံ ကို အုပ်ချုပ်သူ တွေ ရဲ့ ပညာရေး ကို ကျော်လို့ မရဘူး” ဆိုတဲ့ သဘောပါ။
    သူဆိုလိုတာက နိုင်ငံထဲ ပညာတတ်တွေ ရှိရင်တောင်မှ အဲဒီ လူတွေ ဟာ အုပ်ချုပ်သူ ရဲ့ ညံ့ဖျင်းမှု ကြောင့် သူတို့ ပညာ တွေ ထင်သလောက်မပေါက်ဘူးပေါ့။
    ဒါကြောင့်ဘဲ နိုင်ငံထဲ က လူတွေ ဟာ အမြုံ တွေလို ဖြစ်နေရတာ ထင်ပါတယ်။

    အပြင် က လူ တစ်ယောက် အနေ နဲ့ အထဲ ကို ဝင်ဖို့ ရာမှာ အတော်သတိထားရမဲ့ အချက်တွေ ရှိပါတယ်။
    ကိုယ်နေခဲ့တဲ့ နိုင်ငံ ရဲ့ စံနှုန်း တွေ ကို နိုင်ငံထဲ မှာ သိပ်ပြီး တိုင်းမနေဖို့ပါ။
    တစ်ချို့ အရာ တွေ က ချက်ခြင်း ပြုပြင်လို့ ရပေမဲ့ တစ်ချို့ အရာ တွေ က သူ့စံနှုန်း နဲ့ သူ ရှိနေဦးမှာပါဘဲ။
    ဥပမာ – အိမ်ပြန်တော့ အသိ အိမ်တိုင်း (ကိုယ့်အိမ်အပါအဝင်) အဖော်ကောင်မလေး တွေ ပြန်သွားလို့ ကမ္ဘာပျက်မလို ဖြစ်နေတာ နဲ့၊ ပြန်မစိုးလို့ အလုပ် သိပ်မခိုင်းရဲ ဘဲ ပျော်အောင်ချော့ထားရ တာ နဲ့။
    ဒီတော့ ဟိုတွေ ကလဲ အလုပ်လုပ်တာ မျက်နှာတွေ က ခပ်တင်းတင်း နဲ့။
    ကိုယ်သာဆို ပိုက်ဆံပေးပြီး အလုပ်လုပ်ခိုင်းတာ စေတနာမပါဘဲ ဆောင့်အောင့် လုပ်လို့ ကတော့ သူတို့ မျက်နှာ ကြည့်မနေဘူး။
    ကိုယ့်ဟာကိုယ်ဘဲ အပင်ပန်းခံလုပ်တော့မယ်။ မလုပ်နိုင်လို့ စားစရာမရှိလဲ ရှိတာလေး ဘဲ အလွယ်စားတော့မယ်။
    အဲဒါ ကို ကိုယ့် ဒီ က အဖော်မထား စံနှုန်း နဲ့ တိုင်းပြီး သူတို့ ဟာ သူတို့ လုပ်အောင် အတင်းတွန်းလို့ မရဘူး မဟုတ်လား။
    ခေါက်ရိုးကျိုး နေတာ တွေ က ချက်ခြင်းပြန်ဆန့်ဖို့ ခက်သား ကို။

    အခု လဲ ကြားလိုက်တဲ့ ပြသနာ တစ်ခု။
    “လူအချင်းချင်း ကန်တော့တာ ကို ဝေဖန်မိ တဲ့ ဆောင်းပါး” အကြောင်း။
    တကယ်တော့ ဝေဖန်တဲ့ အကြောင်းအရာ ကို မှားတယ် ပြောလို့ မရပါဘူး။ မှန်သင့်သလောက်မှန်ပါတယ်။
    ဒါပေမဲ့ အမှန်တကယ် အပြုသဘော နဲ့ ပြောင်းစေချင်ရင် အပြော အဆို နဲ့ အချိန်အခါ လိုပါတယ်။
    အရိုးစွဲနေပြီး ယဉ်ကျေးမှု တွေ ကြောင်း နဲ့ သူ့စံနှုန်း ကိုယ့်စံနှုန်း အပြန်အလှန်လေးစားခြင်း သဘော တွေကို နားလည်သင့်ပါတယ်။
    စေတနာမပါဘဲ အဖျက်သဘော ဆိုရင်တော့ လဲ ပြောချင်သလို ပြောတာမို့ မတတ်နိုင်ဘူး။
    ဒီတော့ အချိန်တိုင်း မှာ စိတ်ပျက်စရာ ပြသနာ ဖြစ် နေတော့မှာဘဲ။

    ဒါကြောင့် ပြောတာပါ။
    နိုင်ငံ တွင်း ပြန်ဝင် မယ် ဆိုရင် လက်ရှိ ကိုယ့် စိတ် ကို စမ်းစစ်ကြပါ။
    မဟုတ်ဘဲ အရှေ့တိုင်း စံနှုန်း ထဲ မှာ အနောက်တိုင်း စံနှုန်း တွေ (အဓိက – ဘာသာရေး) ကို အလိုက်ကန်းဆိုး မသိ သွား ညှိ နေရင်တော့ လူအချင်းချင်း အမုန်းပွါးပြီး စိတ်ညစ်စရာ တွေ ဖြစ်လာလိမ့်မယ်။
    တိုင်းပြည် ကို တကယ်ဘဲ စိတ်စေတနာ ရှိလို့ ပြန် ဝင် ရင် ကိုယ့်ရဲ့ IQ တွေ ၊ EQ တွေ ကို မြင့်အောင် မြှင့် ပြီး မှ ပြန်ဝင်ကြဖို့ ကောင်းတယ်။

    ဒါကြောင့် ပြန်ဝင်ချင်ရင် ကိုယ့်ဘက် က ဘယ်လို နှိမ့်ချပြီး လုပ်ပေးနိုင်မှာလဲ တွေးပါ။
    သိပ်ပြီး အပေါ်စီးကနေ ပြန်မဝင်ချင်ကြပါနဲ့။
    ကိုယ့်စွမ်းရည် တကယ်ရှိရင် နိမ့်မနေပါဘူး။
    အရည်အချင်း ရှိသူ သာဖြစ် အလိုလို နေရာ ရလာမှာပါ။

    မဟုတ်ဘဲ ငါတို့သာ တတ်သိ ပညာ ရှိ လို့ အဝင် ကို “ကော်ဇောနီ ခင်းပြီး ကြိုစေချင်” ရုံမက အထဲ မှာလဲ “ဆရာကြီးများ သဖွယ်နေချင်” တော့ အဲလို စိတ်ဓာတ် တွေ ကြောင့် တိုင်းပြည် ထူထောင်ရေးမှာ အနှောက်အယှက် ဖြစ်ပါတယ်။
    တိုင်းပြည် ထဲ မှာ ကိုယ့် အတွက် နာမည် နဲ့ နေရာ ရဖို့ ဆိုရင်တော့ ဝင်မနေဘဲ ကိုယ့် နေရာ အပြင်မှာ သာ ကိုယ်နေသင့်တယ် ထင်ပါတယ်။
    စံမတူတာ တွေ မညှိတတ်ချိန် နှစ်ဦး နှစ်ဖက် စိတ်ပျက်စရာ တွေ ဖြစ်လာနိုင်ပါတယ်။

    ဒါပါဘဲ ပြုံးရယ်။
    လောလောဆယ်
    “ငါတို့ က တိုင်းပြည် အတွက် ဘာလုပ်ပေးနိုင်မလဲ မတွေးကြဘဲ
    တိုင်းပြည် ကငါတို့ ကို ဘာပေးမှာလဲ” ဆိုပြီး
    မိဘ အလုပ်ရှုပ် ၊ ခေါင်းရှုပ် နေချိန် အေးအေးနေဖို့ မတွေးဘဲ ကိုယ့်အရေး ရှေ့ပို့ပြီး ဂျီကျ မဲ့ အပြင်က ကလေးဆိုး တွေ ကို မြင်နေမိလို့ပါ။

    သူကြီး တစ်ယောက် ဒီ စုံးမ ကို ရွာ ထဲ က ကန် ထုတ်ချင်နေမှာ ကိုလဲ မြင်မိနေပါတယ်။ 😉 :-))))

    • kai

      April 18, 2016 at 2:22 pm

      ကိုမိုးသီးဖေ့စ်ဘုတ်မှာ..ဗီဇာမယူပဲ.. ပြည်တော်ဝင်မယ်..ပြောတာတွေ့လိုက်တယ်..။
      ခဏနေတော့ ပျောက်သွားရော….

      NLD အစိုးရနဲ့… သူတို့တွေ Hotline အဆက်အသွယ်ရှိတယ်လို့.. သုံးသပ်လို့ရသွားသပေါ့…။
      အင်မတန်လှတဲ့.. ဂိမ်းပလေး.. ပါပဲ..။

      ..
      ခုလောလောဆယ်တော့… အိမ်ပြန်သူတွေ.. ကိုယ်မွေးခဲ့တဲ့… ကိုယ့်အဖမြန်မာပြည်.. ဗီဇာယူပြီးမှ ပြန်နေရတဲ့စနစ်ကို.. အရင်ပြုတ်အောင်လုပ်ချင်နေမိတာပဲ…။
      ကမ္ဘာ့လူသားတဦးအနေနဲ့ကြည့်ရင်.. တော်တော်အူကြောင်ကြောင်…စနစ်ကြီး..။

      အရီးလတ် ဒီရွာထဲရှိနေတာ.. ရေးနေတာ.. အင်မတန်ကောင်းပါတယ်…။
      ဖတ်ပြီးပညာယူနေသူများ. ဘယ်လောက်ရှိမလဲမသိ…။ :k:

      • ဦးကြောင်ကြီး

        April 24, 2016 at 2:24 pm

        ကိုမိုးသီး သမတဖြစ်မှ အကုန်ဆွဲစိခိုင်းမှာ… လော်ဘီမြပါဝူး.. သူကတေဓံ….

        • မြစပဲရိုး

          April 25, 2016 at 1:21 am

          ကျောက်ပါဒယ် ကြောင်ကြောင်ရယ်။
          ဒီရက်ထဲ မြင်ရ ကြားရ။ ကမိုးသီး တို့ စွမ်းပုံ များ။ ဗီဇာ မပါဘဲ ဝင်ကြမ်းနေတော့တာ ကိုး။
          😀 😉 :-)))

    • သင်္ကြန်​ပိတ်​ရက်​အတွင်​းရွာထဲမ​ရောက်​နိုင်​လို့ခုမှဖတ်​ဖြစ်​တယ်​ ​နောက်​မှမန်​့ပါမယ်​
      ဝင်​ဖတ်​ဖြစ်​​ကြောင်​း​လေးဖုန်​းနဲ့ဝင်​​ပြောတာ 🙂

  • Ma Ma

    April 18, 2016 at 3:12 pm

    မြရဲ့သင်ပုန်းကပ်လို့ လာဖတ်တာ။
    🙂

    အမေစု ၏၁၃၇၈ခုမြန်မာနှစ်ဆန်း၂ရက်နေ ့
    နှစ်သစ်ကူးမိန် ့ခွန်းပြောကြားချက်စကားတွေကို နားထောင်ရတယ်။

    ကျောသားရင်သားမခွဲခြားဘူး။
    မေတ္တာနဲ့ ဆက်ဆံမယ်။
    တာဝန်ယူမယ် ဆိုတာတွေ ကြားရလို့ ဘယ်လောက်များ စိတ်ဓာတ်ကြီးမြတ်လိုက်ပါသလဲဆိုပြီး တွေးမိ ကျေနပ်မိတယ်။

    ညီညွတ်တဲ့ လက်သန်းလေးတွေရဲ့ အောင်မြင်မှုပေ့ါ။ 🙂

    • မြစပဲရိုး

      April 25, 2016 at 1:22 am

      ကကြီးမိုက်၊ ချစ်မမ လာဖတ်ကြတာ ကျေးဇူးပါ။ :-)))

Leave a Reply