မွေးနေ့ မင်္ဂလာ နေ့ရက်မှ အောင်မြင်ပျော်ရွှင်သော နေ့ရက်များစွာကို ဆက်လက်ဖြတ်သန်းနိုင်ပါစေ။ လိုအပ်သောဆု မြတ်သောဆု များလဲ ပြည့်ဝပါစေ။   Image From – http://www.123greetings.com


ပွိုင့် လိုချင်လို့ မဟုတ်ပါဘူး သူကြီး ရယ်။ တကယ် လန့် သွားလို့ပါ။ 😉 အခုတော့ အရီးလတ် ဘယ်သူဆိုတာ လူတွေ သိကုန်ပြီပေါ့။ မပြောချင်တော့ဘူး။ ဟင်းင်းင်းင်းင်းင်းင်း။ 😀  


မြစပဲရိုးApril 1, 20121min33841
ဒေါ်အောင်ဆန်းစုကြည် ကတော့ သူမရဲ့ မြင့်မြတ်တဲ့ စိတ်ထားကို ပြနေပါပြီ။ ကျွန်မတို့အားလုံး ကျွန်မတို့ရဲ့ ခေါင်းဆောင်ကောင်းရဲ့ စကားကို လိုက်နာကြရအောင်လား။ အခုဘဲ ဟယ်လာရီကလင်တန် က နေပြီး တူရကီမှာ လုပ်နေတဲ့ အစည်းအဝေးပွဲမှာ  မြန်မာပြည်သူပြည်သား တွေကို ချီးကျူးစကား ပြောသွားခဲ့ပါတယ်။ တဆက်တည်း ဘဲ ဆီးရီးယား ကို မြန်မာပြည် ကို နမူနာပြပြီး အတုယုဖို့ ကိုလဲ အုပ် သွားသေးတယ်။ 😀 အာဏာရှင်စနစ် ဆိုတာ တော်လှန်လို့ ရကြောင်း ကိုပေါ့။ ကျွန်မလဲ ဒီတစ်ခါမှာတော့ သတ္တိပြခဲ့ကြတဲ့ ပြည်သူပြည်သားတွေ ကို တကယ်ဘဲ လေးစားပါတယ်။ ကျွန်မ လျှော့တွက် လိုက်မိတဲ့ ( NLD အတွက် ရပ်တည်ပေးခဲ့တဲ့) ဝန်ထမ်းတွေ နဲ့ စစ်တပ်က […]


မြစပဲရိုးMarch 28, 20121min35223
မြန်မာ့ ခေတ်သစ် idioms တွေ သုံးထားတဲ့ ခေတ်သစ် ရိုမီယို နှင့် ဂျူးလိယက် ဇာတ်လမ်း ပါတဲ့။ Facebook (Myanmar Jokes) ထဲကမို့ ဖတ်ပြီးသူတွေ ဖတ်ဘူးမှာပါ။ http://www.facebook.com/photo.php?fbid=324086434314591&set=a.175199309203305.43028.174893259233910&type=1&theater အဲဒီမှာ ဓာတ်ပုံတွေ ကလဲ ရီရတယ်။ http://www.facebook.com/myanmarjokes   ကျွန်မ တွေ့တာ jpg file ပုံ အဖြစ် သာတွေ့တာမို့ စာတွေကို ကိုယ့်ဟာကိုယ် ရိုက်ရတာပါ။ Copy & Paste မဟုတ်ပါဘူး။ Copy & Type ပါ။ ဒီ Post ကို ပွိုင့် မပေးပါနဲ့ သူကြီးရှင့်။ ဖတ်ဖတ်ပြီးချင်း တီချာကြီး ကို သတိရလိုက်တာမို့ ရယ်၊ အတော်လေးကို ရီရတာ […]


မြစပဲရိုးMarch 12, 20121min1483
အခြေခံသဘော (၁၂) – ဘာသာရေးမှ ဥပဒေကို မသတ်မှတ်နိုင်။ ပြည်သူများမှသာ ဥပဒေ ကိုသတ်မှတ်နိုင်သည်။ ကိုးကွယ်ရာဘာသာများမှ ဥပဒေကိုပြဌာန်းခြင်းမပြု။ ပြည်သူများကသာ မဲဆန္ဒဖြင့် ဥပဒေ ကို ပြဌာန်း သည်။ ကမ္ဘာ့နိုင်ငံ အချို့တွင် လူအများစု ကိုးကွယ်ယုံကြည်ရာ ဘာသာရေး တစ်ခုမှ ဥပဒေများ ပြဌာန်းခဲ့ကြ၍ နိုင်ငံသူ/သား များက ထိုဥပဒေကို လိုက်နာခဲ့ကြရသည်။ ထိုနိုင်ငံများကို ဒီမိုကရေစီ နိုင်ငံများဟု မခေါ်ခဲ့ကြပါ။ ထိုဘာသာရေးကို မကိုးကွယ်၊ မလိုက်စားသော လူများအတွက် ထိုဥပဒေများကို လိုက်နာ ရန် အလွန်ခက်ခဲကြပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူမျိုးအများအပြားတွင် ထာဝရ ဘုရားသခင် က လူသားများကို မည်သို့နေထိုင် စေရန်အလိုတော် ရှိသည် ကို စိတ်ကူးများ အမျိုးမျိုးကွဲပြားကြပါသည်။ ထာဝရ ဘုရားသခင်က […]


မြစပဲရိုးMarch 11, 20122min2583
အခြေခံသဘော (၆) – အရွယ်ရောက်သူတိုင်း မဲ တစ်ပြား ပေးခွင့်ရှိသည်။ ဒီမိုကရေစီစနစ်တစ်ခုတွင် မဲဆန္ဒဖြင့် ဆုံးဖြတ်ချက်ပေးရမည့် အကြောင်းအရာကို နားလည်သဘောပေါက်နိုင်သည့် အသက်အရွယ်ရောက်သူတိုင်း မဲပေးပိုင်ခွင့် ရှိသည်။ လူတစ်ယောက်သည် အရွယ်ရောက်လျှင် အတွေ့အကြုံ ရှိသောကြောင့် မဲပေးခွင့် ရှိသည်ဟု ပြောလေ့ရှိသည်။ အရွယ်ရောက်သူ အားလုံး မဲပေးခွင့်ရသင့်သည် ဟုထင်ပါသလား? စစ်တပ် နှင့် သဘောထားခြင်း မတိုက်ဆိုင်သူများရော မဲပေးခွင့် ရှိသင့်ပါသလား? ဆင်းရဲသူများရော မဲပေးခွင့် ရှိသင့်ပါသလား? မသန်မစွမ်း သူများရော မဲပေးခွင့် ရှိသင့်ပါသလား? ဒီမိုကရေစီစနစ်တစ်ခုတွင် အရွယ်ရောက်သူ တစ်ဦးသည် ကျန်းမာသည်ဖြစ်စေ၊ မကျန်းမာသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ စစ်တပ် နှင့်သဘော တူသည် ဖြစ်စေ၊ မတူသည်ဖြစ်စေ အရွယ်ရောက်သူတိုင်း မဲတစ်ပြား ပေးခွင့်ရှိသည်။   […]


မြစပဲရိုးMarch 10, 20121min49931
ကျောင်းသူ/ကျောင်းသားတွေ အတွက် ဒီမိုကရေစီ အကြောင်း ကို ပုံပြင်လေးနဲ့ ပြောထား တဲ့ The Democracy ဆိုတဲ့ စာအုပ် ကလေးပါ။ ဒီစာအုပ်ကို ရေးသားတဲ့ Dr. Jerry Dean Epps, (Ph. D. in Human Services, M.A. in Sociology, B.A. in education) ဟာ အမေရိကန်မှာ နေထိုင်ပြီး တက္ကသိုလ် ဆရာ လဲ ဖြစ်၊ အတိုင်ပင်ခံပညာရှင် လဲ ဖြစ်ပါတယ်။ သူဟာ အမေရိကန် က 9/11 ဖြစ်ရပ် အပြီးမှာ အဲဒီလို အကြမ်းဖက်မှုမျိုးတွေကို ဘယ်လို ရပ်အောင် လုပ် ရမလဲဆိုတာကို စဉ်းစားရင်း ဒီစာအုပ်ကိုရေး ခဲ့ပါတယ်။ […]


မြစပဲရိုးFebruary 20, 20122min93646
ကျွန်မ ဒီရက်တွေမှာ စာအုပ်လေး  တစ်အုပ် ကို စိတ်ဝင်စားခဲ့ပါတယ်။ စာအုပ်အမည်က “Battle Hymn of the Tiger Mother” ။ စာရေးသူ က အမေရိကား ရဲ့ နာမည်ကြီး တက္ကသိုလ် Yale Law School က ပရော်ဖက်ဆာ အမျိုးသမီး။ အမည်က အေမီချွား။ သူရဲ့ မိဘ တွေက ဖိလစ်ပိုင်က နေ အမေရိကား ကို ပြောင်းလာတဲ့ တရုတ်လူမျိုး။ သူ့အဖေကလဲ အီလက်ထရောနစ် အင်ဂျင်နီယာ ပရော်ဖက်ဆာ။ အမေရိကား မှာ ကျောင်းတက်ဖို့ စကော်လာရှစ် ရပြီး ရောက်စမှာ ဆင်းဆင်းရဲရဲ နဲ့ အတော် လေးရုန်းကန်ပြီး ဘဝ ကို ထူထောင်ခဲ့ရတဲ့သူ။ သူ့သမီး […]


မြစပဲရိုးJanuary 29, 20121min47568
ရွာထဲမှာ ဒီနေ့ နဲနဲငြိမ် သွားသမို့ ထပ်ဖွ လိုက်ပါဦးမယ်။ သိပ်ရှည်ရှည်ကြီး မပြောလိုပေမဲ့ ရေးရင်း ရှည်သွားခဲ့ရင်လဲ ဖတ်သူများကို ပိုပြီး ကျေးဇူး ရှည်ရှည်  တင်ပေးပါ့မယ်။ ကိုကြောင်ကြီး ရဲ့ “အာဏာသိမ်း” ခြင်း မတိုင်မှီအမှုမှာ ကျွန်မ ဘာကြောင့် “အာဏာသိမ်း” ဆိုတဲ့ အတွေးဖြစ်ခဲ့တာလဲ ဆိုတာ ရှင်းလင်းလို၍ ဤ Post ကို တင်လိုက်ပါသည်။ 😉 ကျွန်မ ရဲ့ အတွေး က “ကိုယ်ချင်းစာခြင်း” နဲ့စပါတယ်။ “ကိုယ်ချင်းစာခြင်း” ဆိုရာမှာ အဓိပ္ပါယ်အမျိုးမျိုး နဲ့ဖွင့်နိုင်ပါတယ်။ အခုကျွန်မ ပြောမဲ့ ကိုယ်ချင်းစာခြင်း ဆိုတာကတော့ “သူများနေရာ မှာ ကိုယ် ကဝင် နေကြည့် လိုက်ခြင်း၊ သူခံစားနေရတာကို ကိုယ်က ဝင်ခံစား […]


မြစပဲရိုးJanuary 13, 20121min23514
သူ့မျက်နှာ က စကား အများကြီးပြောနေတယ်။ တကယ်မှ လွတ်လာပါ့မလား ဆိုတဲ့ ယုံရနိုးနိုး အငွေ့အသက်နဲ့ စိုးရိမ်စိတ် တွေ အများကြီးဘဲ။ သူ့ စောင့်နေခဲ့ တဲ့လူ ပါ ခဲ့ရဲ့လား လို့ ကျွန်မ သိချင်နေမိတော့တာပါဘဲ။ အိမ်မှာ လဲ အိမ်ရောက်ရင် စားရအောင် စားဖွယ်လေး တွေ စီစဉ် ထားခဲ့လေသလား။ စောင့်ရကြိုးနပ်ပြီး ပြုံး ပျော်ရွှင်စွာ အိမ်ပြန်ခရီး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ နိုင်ငံတော် သမ္မတ၏ “လွတ်ငြိမ်းချမ်းသာခွင့်” ကြေညာချက်အရ လွတ်မြောက်လာမည့် နိုင်ငံရေး အကျဉ်းသားများအား လာရောက် စောင့်မျှော်နေသည့် အမျိုးသမီးကြီးတဦးအား အင်းစိန်ထောင်ရှေ့ တွင် ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ)