Khin Thida SoeAugust 23, 20101min830
ရင်ခွင်မဲ့ သား ဥဝဲ ဆိုပြီး ထွက်ကာစ သမီး ဘဝ ဘာမှ မလိုခဲ့ဘူး အမေ မိစုံ ဖစုံ ည စီးပွားရေး မျက်နှာပန်းပန်းလှလို့ အငယ်ဆုံး သမီထွေး ဘဝမှာ ရတိုင်းလို  လိုတိုင်းတ သမီးဆိုးချင်တိုင်းဆိုး ဘယ်လိုမှ မျက်နှာ မညှိုး ခဲ့တဲ့ အဖေ အဖေရယ်…….. လေးနှစ် အပေါ်တဆင့်ကမ်း သမီး ငယ်ခြေလှမ်း ချ တဲ့ အချိန် ဘာကြောင့်…. အဖေ့ ရဲ့ နုတ်ဆက်ချိန် အပြီးတိုင် ခဲ့တာလဲ ဟင် ….. အဖေ့ ဈာပန နောင်ဘဝ ခရီး အထွက်မှာ သမီးငယ် ကလေး ဘဝ မျက်ရည်စ မရှိတတ်သေးဘူး အဖေ… ခြောက်နှစ် ကို […]


Khin Thida SoeJuly 6, 20101min751
ရင်ထဲက သူငယ်ချင်းများစွာအတွက် ရင်တွင်းမှ စကားလုံးတွေတင်ဆက်လိုက်တယ် ငါ . ပညာရှိ မဟုတ်ပါဘူး သညာ အသိနဲ့ ယူလာမိတဲ့ အတွေ့အကြုံကိုရေးတာ ကဗျာမဟုတ် စာမဟုတ်တဲ့မှတ်တမ်း (မင်းတို့သူငယ်ချင်းများစွာအတွက်) ကြယ်စင်တစ်လုံးလို လင်းလက်ခွင့်ရရင် ငါကျေနပ်ပါပြီ ငါလူတော် မဟုတ်ပါဘူး မင့်တို့ အနာဂါတ်မှာ ပျော်နိုင်မလားလို့ ဖွင့်ဟတာ ငါ့ထက် သိတဲ့ သူငယ်ချင်းများကလဲ ငါ့ကို လက်ကမ်းလိမ့်မယ်လို့ ထင်ပါတယ် ငါလဲ လူငယ်တစ်ယောက်ဘဲ ဒါပေမယ့် သံချေးတက် ဓါတ်တစ်လက်ကိုသွေးဖို့ ပြင်နေတယ် ရုပ်ပိုင်းဆိုင်ရာတွေ လှဖို့အတွက် ငါတို့ . . . . . မှန်ကြည့်ပြီး ပြင်ကြတယ်။ အနာဂါတ်မှာ ဘဝတွေ လှဖို့ ငါတို့ . . . . . […]


Khin Thida SoeJuly 2, 20101min740
ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀ဝ ကျော်ပြီ။ မရှိတော့တဲ့မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ ကိုးကွယ်နေလို့ကောအကျိုးရှိပါမလား။ ဗုဒ္ဓဘာသာကဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား? ဆင်းတုတွေရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။ ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။ ဂေါတမမြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့ သူဟောကြားထားတဲ့တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။ ဘုရားဖြစ်အောင်ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။ ဒါတွေကအခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ အားထုတ်ရင်းမြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို ခံစားရပါတယ်။နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက် စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။ ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့ […]


Khin Thida SoeJune 30, 20101min1761
ဩကာသ ဘုရားရှိခိုး အကြောင်းသိကောင်းစရာ….. ဩကာသ ဘုရားရှိခိုး အကြောင်းကို မှတ်သားထားသလောက် ပြန်လည်တင်ပြချင်ပါတယ် သိပြီးသားတွေလည်းဖြစ်ကြမှာပါ အခုဆိုရင် နွေရာသီ ကျောင်းပိတ်ရက် ဖြစ်တဲ့ အတွက် မန္တလေး မှာ ဘုန်းကြီးကျောင်းတော်တော်များများမှာ ယဉ်ကျေးမှုသင်တန်း လေးတွေ ဖွင့်ပြီး ကလေး တွေကို လိမ်မာအောင် သင်ပေးနေကြပါတယ် သင်ပေးနေတဲ့ အထဲက ဩကာသ ဘုရားရှိခိုး အကြောင်းလေးကို သိသလောက် အသေးစိတ်တင်ပြချင်ပါတယ်…. ဩကာသ…ဩကာသ….ဩကာသ ကာယကံ၊ ဝစီကံ ၊ မနောကံ၊ သဗ္ဗ ဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ၊ ပထမ ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ် ၊ သုံးကြိမ် မြောက်အောင် ၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ […]


Khin Thida SoeJune 29, 20101min1235
ကိုယ် ကျင့် တရား အလေးအနက်ထား လူ့ဘဝ တွင် အရေးကြီးဆုံးသော အရာမှာ ကိုယ်ကျင့် တရားဖြစ်သည်။ ကိုယ်ကျင့်တရားမကောင်းသူသည် အများပြည်သူ၏ အန္တရယ်ဖြစ်သည်။ ကမ္ဘာပေါ်တွင် အကောင်းဆုံးကိုယ်ကျင့် တရား သည် ငါးပါးသီလ ဖြစ်သည်။ ငါးပါးသီလ စောင့်ထိန်းခြင်းသည် တရားမှုများကို ရှောင်ကြဉ် ၍ တရား မျှတ မှုကို လုပ်ဆောင် ခြင်းဖြစ်သည်။ ကိုယ် အပြု အမူ နှင့် နှုတ်အပြောအဆို တို့ ကို အပြစ်ကင်းအောင် စောင့်ထိန်းခြင်းဖြစ်သည်။ ယဉ်ကျေးမှု ဆိုသည်မှာ လည်း ကိုယ်နှုတ် အမူအရာကို တို့အပြစ်ကင်းပြီး ယဉ်ကျေး သိမ်မွေ့ခြင်းကို ဆိုလိုပါသည်။ ကိုယ်နှုတ်ယဉ်ကျေးမှ စိတ်ပါ ယဉ်ကျေးနိုင်မည်။ ကိုယ်နှုတ် စိတ်သုံးပါး ယဉ်ကျေးသူမှာ အယဉ်ကျေးဆုံးပုဂိုလ်  ဖြစ်မည်။ […]


Khin Thida SoeJune 29, 20101min964
မသေခင် ဘာလုပ်ကြမလဲ ? လူသားတွေ ရဲ့ ဘဝ မှာ စိတ်ဝင်စားစရာ အကောင်းဆုံးအရာ ဟာ သေခြင်းတရားဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် သေခြင်းတရားဟာ လူသား အားလုံးနဲ့ သက်ဆိုင်နေလို့ပါပဲ။ လူသားတစ်ဦးချင်း မှာ သူ့ ဘဝ နဲ့ သူ စိတ်ဝင်စားစရာ အကောင်းဆုံး အရာတွေ အသီးသီး ရှိကြပါတယ်။ သူ့ရဲ့ လက်ရှိ ဘဝ ၊ လက်ရှိ အခြေအနေ  လက်ရှိ ခံစားချက် အပေါ်မူတည်ပြီး စိတ်ဝင်စားကြမှာ မို့ လူသားတစ်ဦး နဲ့ တစ်ဦး စိတ်အဝင်စားဆုံး အရာတွေ ဟာ လည်း မတူ ဘဲ ကွဲပြားနေကြမှာ မလွဲပါဘူး။ ကုန်သည် တစ်ယောက် ရဲ့ စိတ်ဝင်စားဆုံး ကုန်ပစ္စည်း တစ်ခု […]


Khin Thida SoeJune 28, 20101min1073
သေချိန် ကို ကြိုသိစေနိုင်သော အာနာ ပါန သတိပဌာန် ကိုယ်သေရမယ့် အချိန် ကို ကြို တင် ပြီး အတိအကျ သိခြင်းဟာ ကိုယ့် အတွက် လောကီ ဘက်မှာရော၊ လောကုတ္တရာ ဘက်မှာပါ တန်ဖိုးမဖြတ်နို်င်ပါဘူး။ မလွဲမသွေ ရင်ဆိုင် ကြုံတွေ့ရမယ့် အခက်အခဲ တစ်ခု အတွက် ကြိုတင်ပြင်ဆင်ခွင့် ရမယ်၊ ကြိုတင်ပြင်ဆင် ထားနိုင်မယ် ဆိုရင် အဲဒီ အခက်အခဲ ကို အလွယ်တကူ နဲ့ သက်သက် သာသာ ကျော်လွှားနိုင် မှာပါ။ သေမှာ ကို ကြိုသိရင် သေဖို့ အတွက် ကြိုတင်ပြင်ဆင်နိုင်တာပေါ့။ အကောင်းဆုံး သေခြင်းနဲ့ သေခွင့်ရအောင် လေ့ကျင့်ထားနိုင်တာပေါ့။ သေခြင်းတရား ဘယ်အချိန်မှာ လာမလည်း၊ ကိုယ့် […]


Khin Thida SoeJune 28, 20101min1342
ခင်ပွန်းကြီး (၁၀) ပါး ၁။ ဘုရား ၂။ ပစ္စေကဗုဒ္ဒါ ၃။ ရဟန္တာ ၄။ အဂ္ဂသာဝက ၅။ မိခင် ၆။ ဖခင် ၇။ ပညာသင်ဆရာ ၈။ လောကနီတိ ပညာသင်ဆရာ (သီလဂုဏ်၊ သမာဓီဂုဏ်၊ပညာဂုဏ် တို့ရှိကြကုန်သော ရဟန်းပုဂ္ဂိုလ်၊လူပုဂ္ဂိုလ်) ၉။ ဓမ္မကထိက (ဓမ္မရေးရာသင်)ဆရာ ၁၀။ ကျေးဇူးပြု အကူအညီပေးဖူးသူ( မိမိ အပေါ် အကူအညီ အထောက်အပံ့ ပေးကမ်းချီးမြင့်ဖူးသောကျေးဇူးရှင်) ခင်ပွန်းကြီး (၁၀)ပါး ဘုရားရရှိခိုး ဗုဒ္ဒေါ ပစ္စေကဗုဒ္ဒါ စ၊ အရဟာ အဂ္ဂသာဝကာ မာတာပိတု ဂုရု သတ္ထာ ဓမ္မဒေသကာ စ ဒါယကာ က္ကုမေ ဒသ မဟာရုဏေ အဟံ သန္ဒာမိ သဗ္ဒဒါ […]


Khin Thida SoeJune 28, 20101min1202
မိတ်ဆွေတု ( ၄ ) မျိုး (က) – ကိုယ်ကျိုးကြည့် မိတ်ဆွေတု ၁။ သူတစ်ပါးထံမှ သာယူ၍ မိမိ ကမူ ပေးကမ်းမှု မရှိခြင်း ၂။ နည်းနည်းသာပေး၍ များများရလိုခြင်း။ ၃။ ဘေးရောက်သည့် အခါ ခိုကိုးရာအဖြစ် သူတစ်ပါးထဲ သွားရောက်၍ လုပ်စရာရှိသမျှကို လုပ်ကိုင်ပေးခြင်း ၄။ ကိုယ်ကျိုးအတွက် သူတစ်ပါးနှင့် ပေါင်းသင်းခြင်း၊ ဤအင်္ဂ ါလေးပါး နှင့် ပြည့်စုံသူကို အညဒတ္တုဟရ မိတ်ဆွေတု၊ ကိုယ်ကျိုးကြည့်မိတ်ဆွေတု ဟုခေါ်သည်။ (ခ) – အပြောသမား မိတ်ဆွေ တု ၁။ ရှေးက ဖြစ်ထွန်းခဲ့ဘူးသည့်စည်းစိတ်ဥစ္စာ ကို မပေးခဲ့ ရခြင်းကြောင့် စိတ်မကောင်းကြောင်းပြောလေ့ရှိခြင်း၊ ၂၊ နောင်အခါ ဖြစ်ထွန်းလာမည့် စည်းစိမ်ဥစ္စာ […]


Khin Thida SoeJune 28, 20102min911
တကယ် မသေခင် အစမ်းသေကြည့်ရအောင် ဒီဘဝ ဒီခန္ဓာ နဲ့ သံသရာ ဝဋ်ဇတ် အမြစ်ပြတ် အောင် အားမထုတ်နိုင်သေးဘူး ဆိုရင်တော့ သေလွန်ပြီးတဲ့ နောက် ကောင်းရာ သုကတိ ရောက်ဖို့ ကိစ္စ ကို အရေး တကြီး ထည့်သွင်း စဉ်းစားရပါဦးမယ်။ သောတပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ အရိယာပုဂိုလ် ကတော့ ကောင်းရာ သုဂတိ ရောက်ဖို့ သေချာပြီးသာပါ။ အောက်ဆုံး အရိယာ ဖြစ်တဲ့ သောတာပန် ပုဂိ္ဂုလ် ဖြစ်သွားပြီ ဆိုရင် ပဲ အပ္ပါယ် လေးပါး ဆိုတဲ့ မကောင်းရာ ဒုဂ္ဂတိ ကို လုံးဝ မရောက်နိုင်တော့ပါဘူး။ သောတာပန် မှ မဖြစ်သေးဘူး ဆိုရင်တော့ ဘယ်လောက် ကောင်းတဲ့ ပုထုဇဉ်ဖြစ်ဖြစ် […]