KingMay 5, 20111min13913
မနက်ဆိုရင် ရွာထဲကို လျှောက်ကြည့်ပါတယ် ပွိုင့် 20 ထက်ပိုပေးမလားဆိုပြီးတော့ပေါ့လေ ဒါပေမယ့်လည်း ရွာထဲမှာ နည်းနည်းတော့ စိမ်းသေးလို့လားမသိ ဟိုလူ့အိမ်ထဲဝင်လိုက် ဒီလူ့အိမ်ထဲဝင်လိုက်ပြီး (ဖိနပ်ခိုးတာတော့ မဟုတ်ဘူးပေါ့လေ) လေကန် ဝေဖန်ရင်း လျှောက်သွားနေလိုက်တာ အခုအိမ်ပြန်ဖို့ အချိန်ရောက်တဲ့အထိပေါ့ ရွာထဲမှာ လျှောက်ကြည့်ရင်း ဘာတွေတွေ့လဲဆိုတော့ ထုံးစံအတိုင်း သူတစ်လူ ငါတစ်မင်းနဲ့ အငြင်းအခုံတွေနဲ့ပေါ့ ဒါပေမယ့်လည်း ကျွန်တော်တို့ရွာလေးက ချစ်ဖို့ကောင်းပါတယ်ဗျ ညစ်ညမ်းမှုတွေမရှိသလို သဘာဝပတ်ဝန်းကျင်နဲ့လည်း လိုက်လျောညီထွေမှုရှိသော ငြင်းခုံမှုလေးတွေနဲ့ပေါ့ (ငြင်းခုံမှုလို့ မပြောပါဘူး တော်ကြာ လာငြင်းနေကျမှာစိုးလို့ဗျ ကိုယ့်အမြင်လေးတွေ၊ ကိုယ်လက်ခံမှုလေးတွေကို လွတ်လပ်စွာ ထုတ်ဖော်နေကြတဲ့သဘောလို့ပဲ မှတ်ယူပေးကြပါဗျ) ကိုပေါက်ရဲ့   ကြိုးစားအားထုတ်မှုကြောင့် ကိုဇဝန တစ်ယောက် ကျေနပ်မှု ရရှိစေမယ့် ချစ်စရာ အပြုအမူ ကူညီရိုင်းပင်းမှုလေးတွေကြောင့်လည်း ရွာလေးဟာ ပိုမိုချစ်ကြည်ရင်းနှီးမှုတွေကို ရရှိစေမယ်လို့လည်း ထင်မိပါတယ်။ […]


KingMay 4, 20111min42445
အားလုံးပဲ မင်္ဂလာပါဗျ အားလုံးကို ဒီနေရာကနေ စတင်မိတ်ဆက်ရင်း နှုတ်ခွန်းဆက်ပါတယ်ဗျ ကျွန်တော်ကတော့ King ပေါ့ ဒါပေမယ့် ဘာ King သလဲဆိုရင် ဘာမှ မရှိအောင်ကို ကင်းနေတဲ့သူပေါ့ဗျ သည် ဆိုဒ်ကလေးကို ဖတ်ရှုလေ့လာနေတာ နှစ်ဝက်ကျော်လောက် ရှိခဲ့ပြီဗျ ဒါပေမယ့် အင်တာနက်ကို အခကြေးငွေပေးပြီးတော့ အမြဲတမ်းမသုံးနိုင်တာက တစ်ကြောင်း အကြောင်းကြောင်းကြောင့် အဖွဲ့ဝင်အဖြစ် ဝင်ပြီး မသုံးဖြစ်ခဲ့ပါဘူးဗျာ အခုတော့ သည်ဆိုဒ်ကလေးမှာ အဖွဲ့ဝင်အဖြစ် ဝင်ရောက်လာပြီဖြစ်တဲ့ ရွာသားလေးကျွန်တော် မောင် King လေးကို နွေးထွေးစွာ ကြိုဆိုကြမယ်လို့ မျှော်လင့်ရင်း ….. အားလုံးကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေ King


KingMay 3, 20111min1075
နိုင်ငံရေးဆိုတာ ကျွန်တော် ဟိုးငယ်ငယ်လေး ဘဝထဲက ကြားသိ နားထောင်ခဲ့ဖူးတယ်ဗျ အိမ်နားက အဘကြီးက မဆလ ခေတ်ဆိုလား ဘာဆိုလား အဲဒီခေတ်က အမတ်ဝင်ပြိုင်ဖူးသူဆိုတော့ …. မနက်ဆိုရင် ကျွန်တော့်အဘိုးဆီလာတယ် ညက ရေဒီယိုက ဘာလွှင့်တယ် ဘာတွေဖြစ်နေတယ် ဘာတွေလုပ်သင့်တယ် ဆိုပြီး လာပြောနေကြပေါ့ ကျွန်တော့်အဘိုးကတော့ ရပ်ရွာမှ ဩဇာအသင့်အတင့်ရှိပြီး အုပ်ချုပ်ရေးပိုင်းတွေကို စိတ်မဝင်စား ဘုရားတရား အလုပ်ပဲ လုပ်တတ်တဲ့ လူရိုးကြီးဆိုတော့ဘာမှ ပြောလေ့ပြောထ မရှိဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ဘာရယ်မဟုတ် စိတ်ဝင်စားလို့ နားထောင်မိရာကနေ နိုင်ငံရေး ဆိုတဲ့စကားလုံးနဲ့ ရင်းနှီးလာခဲ့ပါတယ်လေ။ အခုကျွန်တော်ပြောချင်တာကတော့  အရွယ်ရောက်လို့ ကျွန်တော် လက်ခံမိတဲ့ နိုင်ငံရေးဆိုတာလေးကို ပြောပြချင်လို့ပါ ကျွန်တော်ကတော့ နိုင်ငံရေးဆိုတာ ကိုယ်ကျိုးရှာသူတွေအတွက်တော့ အတ္တဟိတ လုပ်ငန်းဖြစ်ပြီး အများကျိုးရှာသူတွေအတွက်တော့ ပရဟိတ္တ […]


KingMay 3, 20111min1235
**ကောင်လေးရေ**………… ဒဏ်ရာတွေနဲ့..ပြည့်နှက်နေတဲ့… ငါ့နှလုံးသားရှိရာ..ကို နင်…ဘာလို့တံခါးမခေါက်ဘဲ…..အလစ်ဝင်ချင်ရတာလဲ **ကောင်လေးရေ**……….. မွန်းကြပ်လွန်းတဲ့..’အချစ’်  ဆိုတဲ့ခေါင်းစဉ်အောက်မှာ… ငါ့နှလုံးသားလေး……..သေဆုံးဖို့ကို နင်…ပြုမူရက်တယ်နော် **ကောင်လေးရေ.**………. “နူးညံ့” တယ်  လု့ိအများစုကယူဆကြတဲ့…… “အချစ”်ဆိုတာကြီးက…. တကယ်တော့ “ကြမ်းတမ်း'” “ရိုင်းစိုင်း” ”မဖြူစင်မှု” တွေအများကြီးနဲ့ပေါ့ မသန့်ရှင်းတဲ့…..ချစ်ခြင်းတွေကြား မဖြစ်သင့်တဲ့…သံယောဇဉ်တွေ..ထားမိကြရင် မရပ်ရဲတဲ့…ရင်ခုန်သံတွေနဲ့ အနာဂတ်လမ်းကို…. ဆက်သွားရမှာက……မရေမရကြီးကိုဖြစ်လို့ **ကောင်လေးရေ**……. ****အဖြူစင်ဆုံးနှလုံးသားတခုလုံးနဲ့…နင်ချစ်တယ်****..ဆို့ရင်တော့ ငါ့ရင်ထဲက…………..ဖြူစင်တဲ့….ချစ်ခြင်းတွေကို နင်…မြင်နိုင်မှာပါ…… N.Hsu


KingMay 3, 20111min1015
သူငယ်ချင်း လမ်းဆုံတစ်ကွေ့ တို့အတွေ့မှာ ရယ်သံတစ်စာစာ ပျော်စရာတွေန စီကာပတ်လုံး သီကုံးခဲ့လည်း အချိန်တွေကုန် ပညာစုံတော့ လာရာဌာနီ နှုတ်ဆက်လမ်းခွံဲ ဲပြန်ကြရပြီ…….. အနာဂတ်မှာ တာဝန်ကိုယ်စီ ထမ်းဆောင်ရင်းနဲ့ လောကကြီးကို လက်တွေ့စမ်းသပ် လွမ်းစရာတွေကိုမေ့ထား ပျော်စရာတွေကိုသာ ပြန်စဉ်းစားရင်း ဘဝခရီးဆက်ရအုံးမယ်လေ……..ဲ့


KingMay 3, 20111min28618
“ရခိုင်နဲ့မြွှေပွေးတွေ့ရင် ရခိုင်ကိုသတ်”ဟုသော စကားပုံအား တစ်ချို့မှာ အမှတ်မှားတတ်ကြသည်။ ရခိုင်နဲ့မြွေပွေးတွေ့ရင် ရခိုင်ကို သတ်ဆိုသည်မှာ ရခိုင်လူမျိုး၊ လူရခိုင်ကို သတ်ခိုင်းခြင်းမဟုတ်ပါ၊ ရခိုင်ငှက်ပျောသီးကိုဆိုလိုသည်။ ထိုစကားပုံအား အမှတ်မှားပါက အယူတစ်မျိုးပြောင်းသွားစေသည်။ မြွေပွေးနဲ့ ရခိုင်မှာ ရခိုင်လူမျိုးတို့က ဆိုးသွမ်းသည်ဟု အထင်ရှိသွားနိုင်သည်။ မြန်မာစာတို့သည် ဖတ်တော့အသံ ရေးတော့အမှန်ဆိုသလို ရှိကြပါသည်။ -=-=-=-=-=-=-=-=-=-=- “ရခိုင်နဲ့မြွှေပွေးတွေ့ရင် ရခိုင်ကိုသတ်”ဟုပြောကြသည်   ဆိုလိုရင်းမှာ မြွှေပွေးသည် ပေါက်လိုက်တာနဲ့ တခါတည်း ဆေးကုသချိန်မရဘဲ သေဆုံးတတ်ပါသည်။ ထို့ကြောင့် ရခိုင်ငှက်ပျောသီးဟာ မည့်သည်အဆိပ်ကိုမဆို အဆိပ်များမပြန့်ပွားအောင် ထိမ်းထားနိုင်တဲ့စွမ်းရည် ရှိသောကြောင့် တကယ်လို့များ မြွှေပွေးအဆိပ်ကိုမိခဲ့သော်  “ရခိုင်ငှက်ပျောသီးမှ  အစေး ကိုထုပ်ယူ၍မြေပွေးကိုက်ခဲ့သော       နေရာအား ၎င်းအစေးဖြင့် လိမ်းကျန်ပါကမြွေဆိပ်အား ထိ်မ်းထားနိုင်စွမ်းရှိသည်”။ မြန်မာစာ မြန်မာစကား http://myanmarsar.zaung.net


KingMay 3, 20111min1152
အနိုင်ယူလိုသူ——-ငါ—နဲ့   အရှုံးမပေးတတ်သူ——-နင်   ဆရာလုပ်ချင်သူ—-နင်–နဲ့   တပည့်–မဖြစ်ချင်တဲ့ငါ–   အချစ်ကိုးကွယ်တဲ့—–နင်–နဲ့   …အချစ်ကို—–မယုံကြည်တတ်သူ–ငါ   အမှတ်တမဲ့ပေမဲ့—ပြစ်မှုတွေကျူးလွန်သူ—-နင်–နဲ့   ခွင့်မလွတ်တတ်တဲ့—–ငါ   အမှတ်တရ–ဖြစ်အောင်များ—တမင်ဖန်တီးသလား—-   လမ်းဆုံးမထိ—ခေါ်မသွားရဲ့ဘဲနဲ့များ—- ငါ့လာချစ်ဖို့—စိတ်မကူးနဲ့နော် ငါ—က—— အမှတ်တမဲ့–ကို–အမှတ်တရ—လုပ်တတ်သူမို့လို့ပါ—— N.Hsu