k T NFebruary 4, 20121min1094
  အချိန်ကား နံက် 7.15 နာရီခန့်။ 3တန်းကျောင်းသားလေးတစ်ဦး၊ မျက်ရည်များစိုရွဲကာ ငိုနေသည် ကိုတွေ့ရ၏်။ သို့သော် အသံကားမထွက်၊ပါးစပ်ကိုပိတ်ထားသည်။ ကလေး ဘာဖြစ်လို့လဲ ၊ ကျေင်းမသွားဘူးလားလို့ ကျနော်ကမေးလိုက်တော့။ အမေကကျောင်းချိန်နောက်ကျလို့ ကျောင်းမတက်နဲ့တော့တဲ့။   ကျနော်သိရသလောက်ဆို ခါတိုင်း အဲ့ဒီကလေးဟာ ကျောင်းတက်ချိန်မှန်တယ်၊ စာထူးချွန်တယ်။ အခု ဘယ်လိုဖြစ်သွားလို့လဲ မိမိကိုယ်ကို အတွေးချဲ့မိနေသည်။   ဟော ၊ နောက်မှ သိရသည်ကား အဲ့ဒီကလေးက မနက်မနက်ဆို ကျောင်းနောက်မကျစေရန် 6နာရီလောက်အိပ်ယာထပြီး မိဘတွေကိုနှိုးရသတဲ့။ မိဘတွေကလဲ အဲ့ဒီကလေးနှိုးမှ ထကြပြီး၊ ကလေးကို မုန့်ကျွေးစတဲ့ လိုအပ်တာတွေလုပ်ပေးရသတဲ့။ ဒီလိုနဲ့ တစ်နေ့ကျတော့ အမေဖြစ်သူက ညအိပ်ယာဝင် နောက်ကျမှအိပ်တော့ နံက်ပိုင်းကျ သားဖြစ်သူက ပုံမှန်အတိုင်းနှိုးတော့  မျက်နှာမကြည်မလင်နဲ့ ၊  ဟဲ့ […]


k T NJanuary 16, 20121min1153
                                            စစ်ကိုင်းကောင်းမှုတော်စေတီတော်ပုံပါ။ ယခင်ကောင်းမှုတော်ဘုရားရဲ့အရောင်ဟာ အဖြူရောင်ဖြစ်ပြီး၊ ယခုမှာတော့ ရွှေရောင်ဖြစ်သွားပါပြီ၊


k T NSeptember 7, 20111min540
သူမအသက်ကား 30ပတ်ဝန်းကျင်၊ အိမ်ထောင်ရှိ သားသမီး2ယောက်ရှိသည်၊ သူတို့အိမ်မှာပင် အိမ်ဆိုင်လေးဖွင့်ထားတယ်၊ ကွမ်းယာပါ ရောင်းတယ်ဗျ၊ (စီးပွားရေးကတော့ သောင်းကျန်းတယ်နော်)။ သူမအကြောင်းကို ရပ်ကွက်(လမ်း)ထဲမှာ မေးကြည့်၊ မသိသူမရှိလောက်ဘူး။ ဘာလို့ပါလိမ့်လို့ ကျနော်တွေးကြည့်မိတော့ကား ရပ်ကွက်(လမ်း)ထဲမှာ သာရေး။နာရေးကအစ သူမ မပါရင် ပွဲမစည်ကားသလိုပင်၊ လမ်းမိသားစုများစတုဒိသာကျွေးပြီဆိုရင်လဲ သူမပဲဦးဆောင်ပြီး လုပ်နေတာကိုး၊ ပူးပေါင်းပါဝင်ဆောင်ရွက်သူတွေကိုလဲ သူမက လက်ဆောင်အနေနဲ့ အကျင်္ီတို့၊လုံခြည်တို့ကိုလဲ ပေးလိုက်သေးတယ်ဗျ၊ ရတဲ့သူတွေကလဲ ပျော်တာပေါ့နော်၊ နောက်တစ်ခါ လုပ်ချင်စိတ်ရှိတာပေါ့။ နာရေးကိစ္စပေါ်လာပြန်ရင်လဲ မြန်မာဓလေ့ထုံးစံအရ 7နှစ်ရက်လုပ်ကြတာပေါ့။ အိမ်သူကာယကံရှင်အတွက် ဝမ်းနည်းပူဆွေးမှု နည်းပါးအောင် ပပျောက်အောင် အိမ်ဘေးပတ်ဝန်းကျင်ရှိလူတွေက လာရောက်အားပေးကြတာကိုး၊ စကားနဲ့နှစ်သိမ့်သူကလဲ နှစ်သိမ့်၊ တချို့ကလဲ အပျော်တမ်းဖဲရိုက်နေတာကြတာပေါ့။ နာရေးရှင်မှ ဧည့်သည်တွေကို ရေနွေးကြမ်းတိုက်ခြင်း၊ ပဲကြည်းလှော် လဘက်နဲ့ဧည့်ခံခြင်းစတာတွေကို ပြန်ပြီး ဧည့်ခံတာပေါ့။ ဒါကတော့ မြန်မာ့ဓလေ့ပါ။ […]


k T NSeptember 3, 20111min810
ရတနာဆိုတာ လူတိုင်းသဘောကျနှစ်သက်တဲ့အရာတစ်ခုပါ။ တန်ဘိုးကြီးမားတယ်၊ စွဲမက်စေတယ်။ သူ့ရဲဂုဏ်အင်တွေဟာ ချီးမွမ်း ထိုက်တယ်။ ရွှေ၊ ငွေ ကျောက်သံ ပတ္တမြား စသဖြင့်ပေါ့ — ။ ဒါကတော့ အများသူငါ သိပြီးသားဖြစ်သဖြင့် အထူးပြောစရာလို့မယ်မထင်ပါ။ ခု ကျနော် ပြောမှာက ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအကြောင်းပါ။ ဗုဒ္ဒဘာသာဝင်တိုင်း (လူကြီး၊လူလတ်၊လူငယ်မရွေး)ဘုရားရှိခိုးကြပါတယ်၊ ပါးစပ်မှလဲ ဂုဏ်တော်တွေရွတ်ဆိုနေကြတယ်။ စာဆိုသလိုမျိုး အလွတ်ဆိုနေကြတာလားတော့ မသိဘူးဗျ။အနက်အဓိပါယ်ကိုလဲသိ၊ စိတ်ကလဲ အာရုံနောက်လိုက်နိုင်မယ်ဆိုရင် အရမ်းကြည်နူးစရာကောင်းတာပေါ့ဗျာ ပါဠိကိုလဲ မှန်မှန်ကန်ကန်ရွတ်တတ်၊အနက်ကိုလဲ သိပြီဆိုရင် အလွန်ကျေးဇူးများပါတယ်။ ခု ကျနော် တင်တဲ့ပိုစ်လေးဟာ နားလည်သဘောပေါက်ပြီး သူများရှိရင်လဲ သည်းခံပေးပါ၊ မသိ နားမလည်သေးတဲ့သူတွေရှိရင်လဲ သိ၊နားလည်နိုင်ကြပါစေဆိုတဲ့ စေတနာနဲ့ ရေးတင်ပေးလိုက်တာပါ။ ဘုရားဂုဏ်တော်ကိုးပါး 1။ အရဟံဂုဏ်တော် 2။ သမ္မာသံဗုဓ္ဒဂုဏ်တော် […]


k T NSeptember 2, 20111min1041
2 ယောက်မြောက်အုံနာဖြစ်ခဲ့သူဘက်မှ ဦးကြီးတစ်ယောက်နဲ့ရှေ့နေတစ်ယောက် ကျနော့်ဇနီးကို ပြောသွားတယ်တဲ့။ ဒီအိမ်က အမှုဖြစ်နေတာလို့။ အရပ်စာချုပ်နဲ့ အိမ်အရောင်းအဝယ်ပိုင်ဆိုင်မှုအရ မူရင်းပိုင်ရှင်ကနေ မဖြူ(အမည်လွှဲ)ကိုရောင်း၊ သူမမှ တဆင့် သူ့ဦးလေးဆီကိုရောင်း၊ သူ့ဆီကနေ ကျနော်က ဝယ်တာပေါ့ဗျာ။ ကျနော်ကလဲ ငါက ဘာအမှားတစ်ခုမှလဲ ကျူးလွန်ထားခြင်းမရှိဘူး၊ အစဉ်အဆက်ရောင်းချတဲ့ စာရွက်စာတမ်းအထောက်အထားအားလုံးလဲ ငါ့လက်ထဲမှာ အပြည့်အစုံရှိတယ်ဆိုပြီး ဘာသိဘာသာပဲနေလိုက်တာပေါ့။ 2ယောက်မြောက်အုံနာက ရပ်ကွက်ရုံးမှတဆင့် ဆင့်ခေါ်ပြီး အမှုကိစ္စဖြေရှင်းခိုင်းပါလေရော။ သူတို့လင်မယား2ယောက် လက်ထက်ပွားပစ္စည်း ဖြစ်နေသည့်အတွက် သူလဲပိုင်ဆိုင်ကြောင်း။ အရှေ့ပိုင်းခရိုင်တရားရုံး၏ အမိန့်စာကြီးနဲ့ဗျာ။ တရားရုံးအမိန့်စာမှာ = ဒေါ်ဖြူ(အမည်လွဲ)မှ ဦးမဲ(အမည်လွဲ)သို့ အိမ်ခြံမြေ၏ထက်ဝက်ကိုလည်းကောင်း၊ အိမ်ခြံမြေတန်ဘိုး၏ထက်ဝက်ကိုလည်း ကောင်း ပေးစေ လို့ ချထားတယ်ဗျ။ ဟ ခင်ဗျားတို့ဟာလဲ ခင်ဗျားမိန်းမကရောင်းသွားပြီဆိုတော့ သူဆီမှာ သွားတောင်းသင့်တာပေါ့၊ ကျနော်နဲ့က ဘာဆိုင်လို့လဲလို့ဆိုပြီး ဖြေရှင်းတာပေါ့ဗျာ။ သူတို့ဘက်ကတော့ […]


k T NSeptember 2, 20111min1506
ကျနော်ဟာ အခုမှ ရွားသားအသစ်လေးဆိုတော့ အပြောအဆို၊အရေးအသားများ လွဲမှားခြင်းရှိခဲ့လျှင် ကူညီတည့်မတ်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါတယ်နော် –။   မှတ်မှတ်ရရပေါ့ 2004 ခုနှစ်ကပါ ကျနော် = ကိုယ်ပိုင်အိမ်တစ်လုံးလောက်ရှိရင် ကောင်းမှာလို့ သူငယ်ချင်းရှေ့မှာ ပြောဆိုလိုက်တယ်၊ သူငယ်ချင်း = ငါ့ဦးလေးမှာ ရောင်းဖို့ရှိတယ်။35သိန်းခေါ်ထားတယ်၊ 34သိန်းရမယ် (20×60ပေ)မ/ဥ၊ ဘုမ္မာလမ်းသွယ်( )လမ်း။ နှစ်60ဂရမ်ပါ၊ အခြားသူအမည်ပေါက်၊သုံးယောက်မြောက်ပိုင်ရှင်။ ကျနော် = အရမ်းလိုချင်ပါသည်၊ ငွေကလဲ မလုံလောက်။ သူငယ်ချင်း = အရစ်ကျရဖို့ ငါအာမခံပေးမယ်။ ကျနော် = ကောင်းတာပေါ့ဗျာ၊ကိုယ်အရမ်းလိုချင်တဲ့ဟာကို ရအောင်ဖြည့်ဆည်းပေးမယ်ဆိုတော့ ဒီလောက်ကောင်းတဲ့သူငယ်ချင်း လောကမှာ ရှိပါအုံးမလား(စိတ်ထဲမှာ ကြိတ်ပြီးပျော်နေတာပေါ့) သူငယ်ချင်းမျက်နှာထောက်ပြီး အရစ်ကျစနစ်နဲ့ အရောင်းအဝယ်ဖြစ်သွားပြီဗျို့။ ပထမအရစ် -17သိန်းတဝက်စရံပေး၊ ဒုတိယအရစ်-10သိန်းပေး၊ တတိယအရစ် -7သိန်းပေး။ အားလုံးငွေကျေသွားပြီ၊ […]