“ရှိစေ သင့်၏ မသင့်၏ “ အခုရက် မဟာ ဖွဘုတ်တော်မှာ မြန်မာပြည်ကဆယ်လီများရဲ့ သတင်းတွေကလှုပ်လှုပ်ယှားယှားရှိလှပါတယ်။ အဆိုတော်လေးကို မော်ဒယ်လေးက ရေချိုးပေးခိုင်းတဲ့ သတင်းကို အမေ့စကားနားထောင်ပြီးအဝတ်အစားပြောင်းလိုက်မှ ကင်မရာကောင်း ကောင်းတွေကြောင့် မပေါ်သင့်တာပေါ်သွားတဲ့သတင်းက ကျော်လွှားနေတုန်းနေဆဲမှာ တော်လှန်ရေးသမားကြီးကို အလိုမတူဘဲလှန်ပါတယ်ဆိုပြီး တိုင်ခံရတဲ့ သတင်းက အနိုင်ယူလိုက်ပါတယ်။ တကယ်ဖြစ်ခြင်းမဖြစ်ခြင်းကတော့ ကာယကံရှင်တွေ ကိုယ်တိုင်သာ သိနိုင်တဲ့ကိစ္စဖြစ်လေတော့ ဘယ်သူကမှားပြီး ဘယ်သူက မှန်တယ်ဆိုတာကို တော့ ဘေးလူအနေနဲ့ပြောပြဘို့ခက်ပါတယ်။ ဒါပေမယ့် ဒီပွဲရဲ့ အဓိက ဇာတ်ဆောင်ကတော့ အိမ်အကူ အမျိုးသမီးရဲ့ သတင်းထောက်များနှင့် တွေ့ဆုံခြင်း ဗီဒီယို ဖိုင် မဟာဖွဘုတ်တော်ပေါ်ရောက်ရှိလာချိန်မှာတော့ ငွေကြေးတတ်နိုင်သူမိသားစု အတော်များများမှာမရှိမဖြစ်လိုအပ်နေသောလူတန်းစားတစ်ရပ်ဖြစ်တဲ့ အိမ်အကူ အမျုးိသမီးတွေနဲ့ပါတ်သက်ပြီး အိမ်ထောင်ရှင်မတွေ့ရဲ့ရင်ဖွင့်သံ အတော်များများကို နားဆင်ခံစားရပါတော့တယ်။ ဟိုအရင် အရင်းရှင် ခေတ်ကတော့ အစေခံ ဆိုရှယ်လစ်ခေတ်မှာတော့ […]


  “တန်ဖိုးထား၏မထား၏ “ အခုရက်မှာ မိုးမတိတ်စတမ်းရွာ၏။ ထိုအခါအိမ်အပြင်မထွက်ဘဲ ဖဘပွတ်လေမိလေသည်။ လက်ဦးတည့်ရာ ဟိုထဲဝင်ကြည့်ဒီထဲဝင်ကြည့် ကြည့်နေရင်း တစ်ချိန်က အလွန်နာမယ်ကြီးခဲ့သည့် မြန်မာ့ပထမဦးဆုံးသော မိန်းမလျာအကအဖွဲ့ မိုးကြိုးငှက်ငယ်လေးများ၏ပဲ့ကိုင် စောနန္ဒာနှင့်အင်တာဗျူးထားသည်ကိုကြည့်မိလေသောအခါ သူတို့၏ခက်ခဲသောဘဝရပ်တည်မူ့များကို ကြားရလေသောအခါ အနုပညာကို ဖော်ထုတ်နေသူများဖြစ်သော်လည်း တန်ဘိုးထားခြင်းမခံရသည့်အခါ မကြာသေးမီကာလက သွားခဲ့သောခရီးတစ်ခုမှ ကပွဲများကို ပြန်လည်သတိရမိလေတော့သည်။ ခရီးသွားလုပ်ငန်းတစ်ခု၏အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ကျနော်ရောက်ခဲ့လေသည်။ သူတို့ခရီးသွားသည့်အစီအစဉ်တွင် ကပွဲကြည့်သည့် ကဏ္ဍလည်းပါရှိလေသည်။ ရောက်သောနေ့တွင်ပတ္တရားမြို့တွင်လည်ပါတ် ညစာ စားပြီးသောအခါ နာမယ်ကျော် အခြောက်ကပွဲသို့ လိုက်ပို့လေသည်။ ကပွဲရောက်သောအခါ ဖုန်းမသုံးရ ဓါတ်ပုံမရိုက်ရဆိုသောကန့်သတ်ချက်များဖြင့် ကြည့်ရူ့ကြရလေသည်။ ဒီပွဲအတွက် ပိုက်ဆံပေးထားပြီးသား စီစဉ်ထားပြီးသား ဆိုသောကြောင့်သာအများနည်းတူလိုက်ခဲ့ရသော်လည်း အခြောက်ကပွဲဆိုသော စကားသံကြောင့်ကြည့်ရမည်ကို သိပ်စိတ်မပါ ပါ။ ကပွဲစ၍မကြာမီမှာပင် ကျနော်အထင်နဲ့အမြင်လွဲမှန်းသိရလေတော့သည်။ သူတို့အကအဖွဲ့မှာ ပြောထားလို့သာ မိန်းကလေးအစစ်မဟုတ်ဆိုသည်ကို တအံ့တဩနှင့် […]


  “လွယ်စေ သင့်၏ မသင့်၏ “ ကလေးမြို့ကိုရောက်သောအခိုက် မြို့ခံမိတ်ဆွေက ရိဒ်ရေကန်သို့သွားရအောင်အဖော်စပ်လေသောအခါ အသည်းပုံရှိသောရေကန်ကို ဓါတ်ပုံများတွင်သာမြင်ဘူးထားလေရာ ရောက်ဘူးချင်သည်နှင့်ကွက်တိမို့ နှစ်ခါမခေါ်ရဘဲခေါင်းငြိမ့်မိလေသည်။ နောက်နေ့မနက်စောစောတွင် ကျနော်တို့ ချင်းပြည်နယ်ခရီးကိုစခဲ့လေသည်။ တစ်ရက်ကိုတစ်သိန်းခွဲဖြင့် ငှားလာခဲ့သောကားသည် ဖိုးဝှီး ဖြစ်ပြီး ဒီလမ်းခရီးနှင့်လိုက်ဖက်သော ကားဖြစ်ကြောင်း ရှင်းပြသည်ကိုနားဆင်ရင်းတောင်တက်ခရီးစခဲ့လေသည်။ ပထမဆုံးခရီးမို့ ကြည့်မြင်ရသည်နေရာတိုင်းသည် လှပစွာတည်ရှိနေလေသည်။ မြေသားတောင်နံရံကိုပါတ်၍ ဖောက်ထားသော လမ်းဖြစ်သည်မို့ ဖုံတထောင်းထောင်းရှိလေသည်။ တစ်ဖက်တွင်တောင်နံရံ တစ်ဖက်တွင် ခြေတံရှည်အိမ်များရှိကြလေသည်။ တိုင်သေးသေးလေး ပေါ်တွင် အိမ် တင်ပြီးဆောက်ထားသောကြောင့် အိမ်တစ်ခုလုံးက လေထဲမှာဝဲနေသည်မှာနေချင်စရာကောင်းသလို အသဲယားစရာလည်းကောင်းလှပေသည်။ အတိုအရှည်မညီသောတိုင်များပေါ်တွင်လမ်းနှင့် အညီဆောက်ထားကြသည်ကများလေသည်။ အိမ်အများစုမှ သစ်သားအိမ်လေးများဖြစ်ပြီး အိမ်တိုင်းလောက်တွင် အိမ်ကပြင်အကျယ်ကြီးရှိနေလေသည်။ ထိုအိမ်လေးများကို မြင်မိသောအခါ ဆရာမ ဂျူး၏ တိမ်နှင့်ချည်သောကြိုးကို အထူးသတိရမိလေသည်။ မနက်(၇)နာရီလောက်က ကလေးမြို့က စထွက်လာခဲ့ကြသည်မှာ ၈နာရီခွဲကျော်ကျော်တွင် […]


“မင်းတိုင်းကျေ “ ကျနော်အလုပ်အတွက် ဘဏ်အတော်များများသို့ မကြာခဏ ရောက်လေသည်။ တံခါးဝတွင်တန်းစီရပ်နေသော ဝန်ထမ်းများထံမှ “ကျေးဇူးတင်ပါတယ်”ဆိုသောအသံကို ဘဏ်အဝင်တွင်ဖြစ်စေ အထွက်တွင်ဖြစ်စေ ကြားရမြဲဖြစ်လေသည်။ သို့သော်ကျနော်ရင်ထဲစိတ်ထဲတွင်မည့်သို့မျှ မခံစားရ။ ညွှတ်နူးသောစိတ်သည် ရောက်မလာခဲ့။ ကျနော်စိတ်ထဲတွင်ရောက်လာသောစကားလုံးသည်ကား ငယ်စဉ်ကတည်းက ကြားနေကျဖြစ်သော “မင်းတိုင်းကျေ “ဆိုသည့် စကားလုံးပင်ဖြစ်လေသည်။ ကျနော်ငယ်ငယ်က အဆော့မက်ပါသည်။ အဖွားက လက်တိုလက်တောင်းခိုင်းစရာရှိလျှင် ကျနော်ကိုဘဲခေါ်ပါသည်။ သူခိုင်းလိုက်သည်ကိုအမြန်ပြီးအောင်လုပ် ပေးပြီးသူငယ်ချင်းများနှင့်ပြန်ကစားဘို့သာစိတ်ရှိပါသည်။ ဥပမာ အဖွားက တရုတ်ပဲငံပြာရည်ဝယ်ခိုင်းသည်ဆိုပါစို့။ အဖွားကြိုက်သော ပဲငံပြာရည်မှာ ၃၄လမ်း မှာရှိသော အရှုပ် တို့ စက်ရုံမှဖြစ်ပါသည်။ ကြာညို့ဆိုလျှင်လည်းထို့အတူ။ အရှုပ်တို့ စက်မှထွက်သော ပစ္စည်းက လေးလေးပင်ပင်ရှိသည် သုံးရသည်မှာ တာသွားသည် ဟုဆိုလေသည်။ ကျနော့်အမြင်ကား ဒီပဲမှနေ၍ ဒီလိုနည်းဖြင့်ချက်သော ပဲငံပြာရည်ဖြစ်စေ ကြာညို့ဖြစ်စေ အတူတူ ပင်။ ထို့ကြောင့် […]


“မနိုင်သော ပဲကြီးဟင်းများ “ ဒီနေ့မနက် မူဆယ်ကနေ ကျယ်ခေါင်ဘက်ကို ဝင်ဘို့ ဆင်ဖြူပေါက်ရောက်တော့ ဆိုင်ကယ်တန်းက ရှည်လျားစွာရှိနေလေသည်။ လင်းရောင်ခြည်လမ်းဟုခေါ်တွင်သောလမ်းလေးခွဆုံကိုကျော်ပြီးအတော်ဝေးဝေးအထိရောက်နေပေသည်။ ဆိုင်ကယ်များက ရုပ်ရှင်အနှေးပြကွက်လို တအိအိသာရှေ့သို့ ချီတက်နေ၏။ ဒီအထဲမှာမှ တန်းစီနေသူတို့သည်နောက်မှရောက်လာသောမိတ်ဆွေတို့ကိုအားရပါးရ လှမ်းခေါ်ပြီးဝင်စေလေသောအခါ တန်းစီနေသောဆိုင်ကယ်များသည် အမိူက်များဖြင့်ပြည့်နေသောရေမြောင်းလို တအိအိနှင့်သာမရွေ့ချင်ရွေ့ချင် ရွေ့နေလေတော့သည်။ သည်းခံခြင်းတရားဖြင့်ပြည့်စုံပြီးအလွန်တစ်ရာကူညီတတ်သူများကြောင့်လည်း နောက်မှရောက်လာပြီးကြားဖြတ်ဝင်သူများမှာအခက်အခဲမရှိ အချိန်မကုန် လူမပန်းဘဲ အလွယ်တကူ ရှေ့သို့ရောက်တော်မူလေ၏။ စည်းကမ်းမဖောက်ဘဲ စံနစ်တကျတန်းစီနေကြသော နိုင်ငံကြီးသားပီသသော သူတို့ မှာမူ ရှေ့သို့အတော်နှင့်မရောက်ဘဲရှိနေလေသည်။ ဆိုင်ကယ်တန်းစီနေသောသူသာများသည်မထင်ပါနှင့်။ လမ်းလျောက်ပြီးဝင်ကြမည့်သူများမှာလည်း နှစ်တန်း တန်းလျှက် လူရာချီ၍ တန်းစီနေကြလေသည်။ အများအပြောအရ တစ်ခါဝင်လျှင် တစ်နာရီကျော် နှစ်နာရီနီးပါး တန်းစီရသည်ဟု ဆိုကြလေသည်။ အလိုအလျောက်ဝင်ခွင့်ကဒ်ပြားကို လက်ဝယ်ရှိထားသူများကတော့ တန်းစီစရာမလိုဘဲတန်းဝင်နိုင်သော်လည်း စာအုပ်အနီနှင့် တစ်ခါသုံးကဒ်အစိမ်းကိုင်ဆောင်ထားသူများကတော့တမေ့တမော မတ်တပ်ရပ်ကာ မိုးရွာအစို နေပူအခြောက် စောင့်ကြရလေသည်။ […]


“မန်းဂေဇက် အလွမ်း” 30-4-2018 ည M လုလင်ခေါ် ကလုခေါ် မောင်ယဉ်အောင်နဲ့ တာမွေက ဝင်းမှာ ထိုင်ဖြစ်ကြသည်။ သူက နက်ဖြန်ဆို 6နှစ်ပြည့်ပြီနော်လို့ သတိတရပြောသည်။ အေးဟ ဘာမှ မကြာသလိုဘဲ လို့ ပြန်ပြောရင်း လွန်လေပြီးသောကာလက မန်းဂေဇက်အဖွဲ့သားများကိုသတိရမိသည်။ သူနဲ့ကျနော် စတင် သိကျွမ်းသောနေ့သည် 7-1-2012 အဲ့နေ့သည် အဝေးရောက်  အင်ဇာဂီ ၏မွေးနေ့လည်းဖြစ်သည်။ အနောက်ကြည့်မြင့်တိုင်ဆေးရုံနားက ပါရေစီယမ်မှာ။ အဘဖောလည်းရောက်နေသည်။ ရွာသားတွေစုစည်းပြီးတွေ့ကြသည်။ အဲ့နေ့မှာ အိတုန် စတင်သော အလှုကိစ္စ တစ်ခုအတွက်ဆွေးနွေးကြသည်။ အဲ့ဒီက အပြန်မှာ မောင်ယဉ်အောင်နဲ့ ကျနော် ရွှေတိဂုံဘုရားကိုသွားပြီး ဓါတ်ပုံရိုက်ကြသည်။ ကျနော်သည် ထိုအချိန်က ဓါတ်ပုံ ပိုး အဆိပ်တက်နေချိန်၊ ညတွင်ဓါတ်ဖမ်းနည်းကိုမောင်ယဉ်အောင်က သင်ပြပေးသည်။ ထိုအချိန်က စလိုက်သော သံယောဇဉ်ကြိုး […]


” ငြိမ်းချမ်းခြင်း” မရှာတော့ မတွေ့ မကြည့်တော့ မမြင် နားမထောင်တော့ မကြား ဒီ ၃ ပါးနဲ့လွတ်ကင်း ဘာမှမသိခြင်းကလဲ ငြိမ်းချမ်းခြင်းပေါ့။ ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၅၄၁၈


” မသိမသာ နေရာယူခြင်း” တစ်ခါ တစ်ခါ မိသားစုတွေ အကြား သူငယ်ချင်းတွေ အကြား မိတ်ဆွေတွေ အကြား ချစ်သူတွေ အကြား စကားစ တွေ ချပြရင်း မတူညီခြင်းတွေ ထွက်လာသောအခါ “အဟ” ဆိုတာလေး နေရာယူသွားတာ သတိတောင်မထားမိလိုက်ဘူး။ ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၅၄၁၈


” သင်းကွဲ” သစ်ရွက်ခြောက် ဝါမွဲမွဲ တွေရဲ့အကြား မှာ နီစိုလွင်လွင် ပန်းပွင့်လေးရဲ့ ဖြစ်စဉ်က မြေခ ကြွေကျတာခြင်း အတူတူ သူကဘဲ တစ်သီးတစ်ခြား ဘဝမှားနေသလိုလို။ ကိုပေါက်လက်ဆောင်အတွေးစဉ် ၉၄၁၈K


  ပထမခွက်အဖြူ လေးက မန်းလေးက ကော်ဖီဘားမှာ ကျပ်၂၀၀၀ ဒုတိယခွက်အညို လေးက မန်းလေး လေဆိပ်မှာ ကျပ်၄၀၀၀ ကက်ပချိနို ကော်ဖီခြင်းအတူတူ အရသာခြင်းအတူတူ ဈေးကွာသွားတယ်။ အခင်းအကျင်းနဲ့ နေရာကွာရင် တန်ဘု်းလဲကွာတတ်ပါတယ်။ လူတိုင်း လူတိုင်း မိမိရဲ့အခင်းအကျင်းနဲ့နေရာကို သတိထားသင့်ပါတယ်။ ဒါမှတန်ဘိုးမြင့်လာမှာပါ။    


  “ဖြစ်လာပါ့ မလား ” နေဝင်ချိန်က လဲ နီး အတားအဆီးတွေက များ ရည်ရွယ်တာတွေ ဖြစ်ပါ့မလား သံသယစိတ်တွေ ပွားသထက်ပွား ကိုပေါက်လက်ဆောင်အတွေးစဉ် 13318