“ဖြေ”   ဘဝတစ်ခုနဲ့ငွေ ဘဝတစ်ခုနဲ့ဂုဏ်သိက္ခာ   လဲမှာလား လဲရဲလား   စဉ်းစားပြီးတော့မှ ??????????????   ကိုပေါက်လက်ဆောင် အတွေးစဉ် ၃၁၂၁၆


” ခွဲ” ဆုံတွေ့ပြီးတဲ့ အဆုံး ကြုံပြီးတဲ့ သကာလ လက်တွဲမရ တော့တဲ့ အခါ   ငြိမ်းအေးစွာ ခွဲခွာကြပါစို့။   ကိုပေါက်လက်ဆောင် အတွေးစဉ်   ၁၁၂၁၆  


“ငါ့ ကြောင့် ငါ အခါ ခါ သေ ရ ၏” နေ့စဉ်နဲ့အမျှ ဘဝမှာ ကြုံဆုံ ဖြစ်ပုံပျက်ပုံ အလုံးစုံကို ရှောင်လွှဲမရ ဖြေရှင်းရသောအခါ   မနိုင်၍ သည်းခံရခြင်း သည်းခံထိုက်၍ သည်းခံရခြင်း ချစ်ခြင်း မုန်းခြင်း နာကျည်းခြင်း မနာလိုခြင်း အနိုင်ယူလိုခြင်း ခြင်းပေါင်း အကြောင်းများစွာတို့ကို အခြေပြု၍ ဖြစ်တည်လာသော   ဒေါသ လောဘ မောဟ သောက ဗျာပါဒ တို့ကြောင့် ကိုယ့်ဘာသာကိုယ်လောင်မြိုက် စိတ်လောင်တိုက်သွင်းမိခြင်းကြောင့် ငါကြောင့် ငါကိုယ်တိုင် နေ့စဉ်နှင့်အမျှ အကြိမ်ကြိမ် အခါခါ သေရလေတော့၏။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၅၁၁၁၆


“ဲစိတ်သုဉ်းခြင်း”   သူမှန်တာ ကိုယ်မှား။   ကိုယ်မှားတာ သူမှန်။   သူဖြူတာ ကိုယ်မဲ။   ကိုယ်မဲတာ သူဖြူ။         အယူတွေ မတူလေသောအခါ   ပြုံးရာကမဲ့ ချစ်ရာကမုန်း လမ်းဆုံး ရောက်ကြလေကုန်၏။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၂၁၁၁၆


  “မော တဲ့ နေ့”      ၂ဝရက်၁၁လ တနင်္ဂနွေနေ့။ အလုပ်ပိတ်တော့ မူဆယ်ဘက်ထွက်စရာမလို။ ထုံးစံအတို်င်း မနက်ငါးနာရီခွဲအိပ်ယာထ။ ဖွဘုတ်လေးဖွင့် ပြီးစာတွေဖတ်တာပေါ့။ အဲ့မှာ ခြောက်နာရီခွဲကျော်ကျော်မှာ ၁၀၅မိုင်မှာဆော်ကြပြီဆိုတဲ့သတင်းတက်လာပါတယ်။ လူတွေပိတ်မိနေတာ အမျိုးသမီးတစ်ယောက်ကားမောင်းလာရင်းသေနတ်မှန်ပြီး အသက်ပျောက်သွားတာ လက်နက်ကြီးနဲ့ထုထားလို့ ပျက်စီးနေတာ မီးခိုးတွေလုံးတက်နေတာကိုပုံတွေနဲ့တက်လာပါတယ်။ ပိုစ်တွေတက်ပြီဆိုတော့ ကော်မင်းတွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင်။ နောက်တော့ ဖွဘုတ်မှာသတင်းပေါင်းစုံတက်လာပါတယ်။ ၁၀၅မိုင်ကထွက်ခွာဘို့ ဆယ်မိနစ်ဘဲအချိန်ပေးတယ်ဆိုတဲ့သတင်းစကားနဲ့အတူ ကားတွေထော်လာဂျီတွေသုံးဘီးတွေဆိုင်ကယ်တွေနဲ့မူဆယ်ဘက်ကိုလူတွေ တဖွဲဖွဲဝင်လာပါတယ်။ လားရှိးအဝင်ပိတ်ထားတယ် သန္နီက တံတားကျိုးသွားပြီ။ အသွားအလာတွေရပ်သွားပြီ။ ကွတ်ခိုင်ကစ ပိတ်ပြီဆိုတဲ့ သီတင်းတွေက ဆောင်းလေအေးများနဲ့အတူ ပျံ့လွင့်လို့လာပါတယ်။ အဲဒီနေ့ နေ့လည်ပိုင်းမှာ မူဆယ်ဘက်ကနေ တရုပ်ပြည်ကျယ်ခေါင်ဘက်အဝင်ကို ပိတ်လို်က်တယ်လို့ သတင်းစကားကြားပေမယ့် အားလုံးအသွားအလာမပျက်ရှိနေပါသေးတယ်။   ၂၂ရက်၁၁လ တနင်္လာနေ့   မနက်ခြောက်ခွဲလောက် မူဆယ်ဘက်ထွက်တော့ ရာသီဥတုကလဲအေး။ မြို့ကလဲကြည်လင်သန့်ရှင်းစွာ […]


”  ငြိမ်းချမ်းရေး   ရေ”   လူငယ်တွေက   “စစ်ပွဲတွေရပ်” ဆိုင်းဘုတ်တွေကိုင် အသံထွက်အော် လမ်းမပေါ်တန်းစီ သီချင်းတွေဆို ငှက်ဖြူလေးတွေလွှတ် ဆုတွေတောင်း ပါဖော့မင်းတွေပြ တကယ့်ကိုအားရစရာ။   လူကြီးတွေကလည်း   “အပစ်အခတ်ရပ်”ရေး ဆွေးနွေးပွဲတွေလုပ် အပြုံးခြင်းဖလှယ် လက်ဆွဲနုတ်ဆက် ထမင်းတွေအတူစား တကယ့် ကိုအားရစရာ။   ၂၁ ၁၁  ၁၆ ရှမ်းမြောက်မှာတော့ လွမ်းလောက်စရာ အေးလာပြီဆိုမှ ပြေးစရာမြေ မရှိ နေစရာ ဘုံပျောက် ကဲ “ငြိမ်းချမ်းရေး  “ရေ   မင်းဘယ်မှာလဲဟေ စာအုပ်ထဲမှာလား သီချင်းတွေထဲမှလား စားပွဲခုံပေါ်မှလား ဝါးရုံတောထဲမှာလား ဖွဘုတ်ပေါ်မှာလား ကောင်းကင်ပေါ်မှလား မြေကြီးထဲမှာလား   လားလားလားလား   လားလားလားလား ????????????????? ?????????????????? […]


“အပူ နဲ့လူ ”   လောကမှာ လူ မှန်သ၍ အပူ မကင်း အပူတွင်းမှာ နေကြရသူ။   သို့သော် ပူတာခြင်း အတူတူ ခံယူပုံခြင်းတော့ မတူ။ မတူ။   အချို့ကတော့ အပူမရှိ အပူရှာ ဒုက္ခဝယ်တဲ့သူ။   အချို့ကတော့ သူများအပူ ကိုယ့်အပူ တကယ့်ကို အူတူတူ။   အချို့ကတော့ အရေထူ ဘာလာလာ မပူရေးချမပူ။   အချို့ကတော့ အပူလာ တာနဲ့ သောကဆူ ဗျာများလို့နေသူ။   အပူ အပူ သူ့လဲပူ ငါ့လဲပူ ဟိုလဲပူ ဒီလဲပူ လူမှန်သမျှ ပူ။     ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၀၁၁၁၆    


” စိတ်ခါးခြင်း ”   တည်သမျှ ပျက်   တွေးသမျှ ချော်   ကြံသမျှ လွဲ   လုပ်သမျှ မှား   အဲတော့ စိတ်တွေမချိုတာ ဆန်းသလားဗျာ။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၄၁၁၁၆


“စိတ်မိတ္တူ”   ကိုယ်လိုတာကို ချဲ့လိုက်   ကိုယ်မလိုတာကို ချုံ့လိုက်   ဆိုတော့ ကမ္ဘာကြီးကလဲ   ကျယ်လိုက်   ကျဉ်းလိုက်     ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၇၁၁၁၆


” စိတ်ကြီးဝင်ခြင်း ”   အချို့  က   အားလုံး သိ   အချို့က   အားလုံး ရှိ   အချို့က   အားလုံး ညိ   အချို့က   အားလုံး မိ   အချို့က   အားလုံး ထိ   ထိုအခါ စိတ်ကြီးဝင်လေ၏။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၆၁၁၁၆