kopeaceJanuary 10, 20121min3035
https://myanmargazette.net/91809/uncategorized-other/copypaste post ကိုဖတ်လိုက်မိတော့ ever လိုပဲ မစိုးရိမ်စာသင်သားကို ကျေးဇူးတင်ကြောင်း ရေးချင်လာတယ်။ ရေးတတ်သလို ကျေးဇူးတင်ကြည့်မယ်။ အဓမ္မဝါဒဖော်ထုတ်ရေးအမည်ခံထားတဲ့ အဖွဲ့ရဲ့ဟောပြောနေမှုများမှ ပစ္စုပ္ပန်ကမ္မဝါဒတို့၊ မိုးပြာတို့ကို ကြားသိနေရပါတယ်။ အရင့်အရင်က ဒီပစ္စုပ္ပန်တို့၊ မိုးပြာတို့၊ ဓမ္မဝိဟာရီဆရာတော်တို့ ရှိမှန်းတောင် မသိခဲ့ရပါဘူး။ ဒါကလည်း ဓမ္မဝိဟာရီဆရာတော်ရဲ့တပည့်ဒကာတွေက အပြင်လူတွေကို သိအောင်စွမ်းဆောင်တာထက် သူတို့အချင်းချင်းပဲ ဟောပြောဆွေးနွေးဖြန့်ချီနေတာကို အဓိကထားနေလို့လည်းဖြစ်မယ်ထင်တယ်။ ဒါ့ကြောင့် ကျနော်တို့အနေနဲ့ ဒီဆရာတော်နဲ့ ဒီဆရာတော့်တရားတွေ ရှိနေမှန်းတောင် မသိခဲ့ရတာပဲလို့ ထင်မိပါတယ်။ အခုတော့ IDF တို့ ဘာတို့လို အဓမ္မဝါဒဖော်ထုတ်ရေးအမည်ခံထားတဲ့အဖွဲ့များနှင့် မစိုးရိမ်စာသင်သားလို ကိုယ်တော်တို့ရဲ့ ကောင်းမှုကြောင့် ဓမ္မဝိဟာရီဆရာတော်(မိုးပြာ)ရဲ့ အရိယသစ္စာတရားတွေကို သိရှိခွင့်ရခဲ့ပါတယ်။           အထူးသဖြင့် အောင်ပန်းမြို့တွင် အခမဲ့ ဖြန့်ဝေသွားသော ဓမ္မဝိဟာရီဆရာတော်(မိုးပြာ)တရားများကို မစိုးရိမ်စာသင်သားစာအုပ်ကိုင်ပြီး ဖတ်ပြသည့်အထဲမှ ကျနော်တို့ […]