kostudierFebruary 12, 20121min679
ရွှေဥမင်ဆရာတော်ဘုရားကြီးရဲ့ဩဝါဒအရကလေးကောင်းမှလူကြီးကောင်းမည်လို့ဆိုပါတယ်။ထိုကလေးကနေတစ်ဆင့်တက်လာတဲ့လူကြီးကောင်းမှ လူ့အသိုင်းအဝိုင်းကြီ်းဟာလည်းကောင်းမွန်သာယာဝပြောနေမှာဖြစ်ပါတယ်။ဒါကြောင့်လောကကောင်းဖို့အတွက် အခြေခံအားဖြင့် ကလေးများကောင်းဖို့လိုပါတယ်။ အင်္ဂလိပ် ကဗျာကလေးတစ်ပုဒ်ကိုသတိရမိပါတယ် Child is father of the manဆိုတာပါပဲ။စဖတ်ခါစကအတော်လေးကိုပဲစဉ်းစားရခက်တဲ့ကဗျာပါပဲ။ နောင်တဖြည်းဖြည်းမှပဲသဘောပေါက်လာပါတယ်။လူသားတိုင်းလူသားတိုင်းဟာကလေးဘဝကိုဖြတ်သန်းကျော်လွန်ပြီးမှသာလူကြီးဘကိုရောက်ကြရစမြဲဖြစ်တာကိုဆိုလိုရင်းဖြစ်မှန်းသိရပါတယ်။ လောကလူသားတွေဟာမိမိတို့ဆက်ဆံနေထိုင်ရတဲ့ ပတ်ဝန်းကျင်ကောင်းမွန်မှသာလျှင် ငြိမ်းအေးချမ်းသာစွာရှင်သန်နေထိုင်နေလို့ရမှာဖြစ်ပါတယ်။ အဘယ့် ကြောင့်ဆိုသော် လူသည် ပတ်ဝန်ကျင်နှင့် ကင်းပြီး      ထီးထီးတစ်ဦးတည်းနေလို့ မရနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ဒါကြောင့် ဘဝမှာ ကောင်းမွန်ငြိမ်းအေးစွာနေလိုသူတို့ဟာ မိမိတို့ပတ်ဝန်းကျင်ကိုအတတ်နိုင်ဆုံးကောင်းမွန်အောင် စောင့်ရှောက်ပျိုးထောင်ပေးပါမှ ငြိမ်းအေးသာယာသော ဘဝကို ရရှိမှာဖြစ်ပါတယ်။ လူသားများကျင်လည်နေထိုင်ရာလူ့ပတ်ဝန်ကျင်ရဲ့အခြေခံလူသားများဖြစ်ကြတဲ့ကလေးသူငယ်များဟာအနာဂတ်လူ့ဘောင်အတွက်အခြေခံအုတ်မြစ်များဖြစ်ကြတယ်လို့ယူဆပါတယ်။ အခြေခံအုတ်မြစ်(foundation)ကောင်းမွန်မှအပေါ်အဆောက်အဦဖြစ်တဲ့လူ့ပတ်ဝန်းကျင်လည်းကောင်းမွန်မှာ ဖြစ်ပါတယ်။လူ့ပတ်ဝန်းကျင်ကောင်းမွန်လိုသူတိုင်းဟာ                 အခြေခံအုတ်မြစ်(foundation)နှင့်တူတဲ့ ကောင်းမွန်သည့် ကလေးသူငယ်များပေါ်ထွန်းစေရေးလုံ့လစိုက်ဖို့လိုပါတယ်။ လူငယ်တွေနှင့်ပတ်သက်၍ အထူးဦးစားပေးဟောကြား၊ ရေးသားနေတဲ့ စာရေးဆရာကြီးဦးအောင်သင်းကစာပေဟောပြောပွဲတစ်ခုတွင် သူ့အနေနဲ့လူငယ်တွေကိုဦးစားပေးပြောရခြင်းသည် “လူငယ်တွေကိုချစ်တာလည်းပါပါတယ်၊ ခင်တာလည်းပါတယ်၊ ပြီးတော့ ကြောက်တာလည်းပါပါတယ်”လို့ ပြောကြားခဲ့ပါတယ်။အဘယ့်ကြောင့်ကြောက်ရသလဲဆိုတော့ “ဒီလူငယ်တွေ အချိုးမကျရင်၊ အနာဂတ်­­­ကာလတွေကိုသူတို့တွေလက်ထဲအပ်ရမှာကြောင့်”ပဲလို့ ထပ်ဆင့် ရှင်းပြပါသည်။ ထို့ကြောင့် အနာဂတ်ကာလတွေမှာကြောက်ရွံ့စိုးရိမ်မှုတွေနဲ့ နေထိုင်ရမည့် ဒုက္ခဆိုးတွေကကင်းလွတ်ပြီးကောင်းမွန်ငြိမ်းအေးစွာနေထိုင်လိုသူတိုင်းသည် […]