koyinSeptember 7, 20114min842
မီးအိမ်ရှင် (သို့) နှလုံးသားတစ်ခု၏ အသက်ဝိညာဉ် မီးအိမ်ရှင်.. ကျုပ်ရဲ့ Online Fri တစ်ယောက်ပါ…။ Fwd Mail ထဲမှာ ဒီ Nick Name လေးတွေ့တော့ ကျုပ်ရင်ဘတ်ထဲ စူးကနဲဖြစ်သွားတယ်…။ ရင်ခုန်တာ မဟုတ်ဘူးနော်… တစ်ခုခုပဲ…ဘယ်လိုပြောရမလဲ… မသိစိတ်ရဲ စေ့ဆော်မှုလို့ပြောရမလားပဲ…ခံစားဖူးတဲ့သူတွေသိလိမ့်မယ်… ကျုပ်စိတ်ထဲမှာတော့ အင်း…ငါဖူးစာရှင်များလားပေါ့... ဟီးးး…ကျုပ် Invite လုပ်လိုက်တယ်…ကျားလား မ လား ကျုပ်မသိဘူးနော်… ကြိုပြောထားတာ…အဟဲ…စိတ်ထဲကေတာ့ ဆုတောင်းတယ်လေ… မ, ချောချောလေးဖြစ်ပါစေပေါ့..။ ဟိုင်း… ဟိုင်း… နေကောင်းလား…. ကောင်းသားပဲ.. ငါ့ကို သိလို့လား… သိပါဘူး…စိတ်ဝင်စားလို့… ဟာ ဟ… အထီးမှန်း အမ မှန်းမသိ ..ပလိန်းကြီး Q နေပါလား… No, No.. မင်းရဲ Nickname ကို […]


koyinSeptember 7, 20116min1334
နင့်ရဲ့လက်ထပ်ပွဲမှာ ငါကသတို့သား  (အရံ) ပြောင်းပြန်စီးဆင်းနေတဲ့ မြစ်တစ်စင်းက ငါ့ရင်တွင်းက မျက်ရည်… နင်သတ်ဖြတ်ခဲ့တဲ့ နှလုံးသားက အဲဒီအလွမ်းများရဲ့ သက်သေ… နင့်အမျက်တွေ ပြေစေဖို့အတွက် ငါ့ရင်ဘတ်ကို ဟက်တက်ခွဲ လမ်းလွှဲထားတဲ့ သွေးအေးစီးကြောင်းမှာ နင့်အနာဂါတ် လင်းထိန်နေစေဖို့ စနစ်တကျ ထုတ်လွှတ်လိုက်တဲ ့ရေအားလျှပ်စစ် နင့်ရဲ့မနက်ဖန်တွေ ပိုပိုပြီး သစ်လွင်စေ… အခုထိအဖြေရှာမရခဲ့တဲ့ နင့်ရဲ့ မေးခွန်းအိုတွေကိုလည်း (…အချစ်အမုန်းအတွက်…) နှလုံးသားခုံရုံးကတရားသေလွှတ်လိုက်တဲ့ ခံစားချက်မဲ့ ဝေဒနာအဖြစ်… … … နင်… နေရစ်ခဲ့ပါ ငါပြေးထွက်ရာ စည်းအပြင်ဘက် ရွှံ့နွံ ဆူးကြမ်းတွေ ထူထပ်လွန်းတယ်… နောက်ဆုံး…  ငါကပဲ လမ်းခွဲရက်စက်သူအဖြစ် နင်ကပဲ ကျန်ရစ်ခဲ့တာလား… ငါကပဲ ချစ်ရစ်ခဲ့တာများ… (ငါ့ကိုယ်ငါ မုသားနည်းနည်း သုံးပါရစေ…) ရေစီးမသာတဲ့ စမ်းမှာ ပန်းကြွေတွေ မျောပါမလာတဲ့အတွက် ငါ့ကိုနင် စီရင်ချက်ချလိုက်ပါ… နေအဝင်မှာ ရွှေဓါးမဆွဲပါနဲ့ တောင်စွယ်မှာ ငါစပ်ခဲ့တဲ့ ကဗျာတစ်ပုဒ် အဲဒီလင်းတအုပ်ကို သနားလိုက်မိတာ… တစ်ချိန်မှာ […]


koyinSeptember 7, 20117min814
မီးအိမ်ရှင်နှင့် ပတ်သတ်၍ (၃) ချစ်ရပါသော မီးအိမ်ရှင်…။ မြေပြင်ပေါ်မှာသာ ငရဲရှိမယ်ဆိုရင် အချစ်ကြောင့် ဝမ်းနည်းကြေကွဲနေတဲ့ နှလုံးသားတစ်ခုမှာပဲ ရှိလိမ့်မယ်..တဲ့ မင်းကို လွမ်းနေတာတစ်ခုပဲ ငါ သိလိုက်ရတယ် မီးအိမ်ရှင်…။ ကိုယ့်ခေါင်းကိုယ် ပြန်မစမ်းချင်တော့လောက်အောင် မျက်ကန်းကို သန်းခေါင်မှာ လမ်းလျှောက်ခိုင်းခဲ့တဲ့မင်း လူအတစ်ယောက်ရဲ့ အိမ်မက်ကို သီချင်းအဖြစ် နားဆင်ချင်သေးတာလား မီးအိမ်ရှင်…။ ဟန်ဆောင်တယ်ဆိုတာ တစ်စုံတစ်ခုကို ဖုံးကွယ်ချင်လို့တဲ့ ဒီဇာတ်ရုပ်ကို မင်းမပိုင်သေးပါဘူး မီးအိမ်ရှင် ငါ့ကို လိမ်ညာဖို့သက်သက် မုသားတွေ သုံးခဲ့ရတယ်ဆိုရင် ငါ့ကိုယ်ငါ အပြစ်တွေ တင်နေမိလိမ့်မယ်….။ ဆောင်းတစ်ခုမှာ နားခိုခဲ့ဖူးတဲ့ နှင်းတစ်စက်လို ငါ့ကို မင်း ဧည့်ဝတ်ကျေဖို့ ကြိုးစားခဲ့တာလာ… မလိုအပ်ပါဘူး မီးအိမ်ရှင်… မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်လို မင်းငါ့ကို လျစ်လျူရှုထားလို့လည်း ရတယ်လေ…။ ဥပေက္ခာကိုတော့ […]


koyinSeptember 4, 20111min19112
မီးအိမ်ရှင်နှင့် ပတ်သတ်၍ (၂) ချစ်ရပါသော မီးအိမ်ရှင်……….. မီးအိမ်ရှင်…ငါ့ရင်ကို လင်းစေချင်သတဲ့လား ညဘက်မှာ နေထွက်ခိုင်းလို့မှ မရတာ လရိပ်တစ်ခုနဲ့ ငါ့ကို လာပြီး နှုတ်မပိတ်ပါနဲ့ ငါ့ဘာသာ ငါ့ဆန္ဒနဲ့ နှုတ်ဆိတ်နေခဲ့တာပါ…။ ငါ့ဘေးမှာ မင်းအမြဲရှိနေခဲ့တယ် ဆိုပေမယ့် မင်းရဲ့အနီးမှာ ငါဘယ်တုန်းကမှ နေခွင့်မရခဲ့ပါဘူး ကောက်ရိုးကိုမှ မီးရှို့ပစ်ခဲ့တဲ့ မင်း ငါ့ရင်မှာ ထင်းလာကောက်ပါအုံးလား မီးအိမ်ရှင်…။ အပြုံးတုတစ်ခုရဲ့နောက်ကွယ်မှာ လူတွေအားလုံးရဲ့ အမုန်းကို အန်တုပစ်ရဲ့ခဲ့တဲ့ငါ့ကို မင်း……ငြိုငြင်သွားတာလားဟင်…မီးအိမ်ရှင်…။ ငါ့နေ့သစ်ရဲ့ မနက်ခင်းတွေက ရီဝေဝေ နေရီရီက ညနေစောင်းသွားခဲ့တာတောင် အလင်းက မွန်းတည့်လို့ ကောင်းနေတုန်း ကြယ်တွေ လတွေ ဆိတ်သုဉ်းသွားတာလား… မီးအိမ်ရှင်။ ဆူးပင်တွေကို စိုက်ပျိုးပြီး ဆူးမိုးတွေ ရွာချ ဆူးခက်တွေ ဝေတော့မှ ငါ့ရင်မှာ ဇကာလာချပါ အရာအားလုံးဟာ […]


koyinSeptember 3, 20112min33824
အုံ့ပုန်း မေတ္တာ တိတ်တခိုးနဲ့ မြတ်နိုးသူမို့ မိုးမင်းကြီးက စွေပါတယ်… ဟေမာန်ဆောင်းမှာ  မြောက်ပြန်လေရူး သိပ်ချစ်လွန်းလို့ မြူးပါတယ်… ရင်မှ အပူ မျှဝေယူလို့ ဂိမာန်နွေက ဆူရတယ်… ရှက်အားတော်ပို  အသားညိုဝင်း မယ်မျက်နှာလေး လင်းရတယ်… မယ့်ရင်ငွေ့လှုံ နှလုံးခုန်မှ မောင်က တိုးလို့ ချစ်ရတယ်… မောင့် ရင်အစုံ နှလုံးတုန်လျှက် လက်နှစ်ဖက်နဲ့ ထွေးပိုက်မယ်… မယ့်ဆံနွယ်ဝေ ပါးပြင် လေ ကို မောင်သာ နမ်းလို့ ရှိုက်ပါ့မယ်… တစ်သက်စာ ရည် ကမ္ဘာတည်လျှက် မယ့်လက်ကိုတွဲ  မခွဲတမ်းသာ မယ့်နားမှာနေ အကြင်နာတွေနဲ့ နွေးစေမယ်…..။ ။ တောက ကိုရင် (ဒီကဗျာလေးက တိတ်တခိုးအချစ်ဆိုတဲ့ကဗျာလေးကို တုန့်ပြန်ရေးသားထားတဲ့ ကောင်လေးဘက်က အုံ့ပုန်းမေတ္တာပါ… တိတ်တခိုးအချစ် ကဗျာပိုင်ရှုင်းလည်း ကျေနပ်မယ် ထင်ပါတယ်…)


koyinSeptember 3, 20116min28923
မီးအိမ်ရှင်နှင် ပတ်သတ်၍ ချစ်ရပါသော မီးအိမ်ရှင် ညတွေဆို အမှောင်က ကြီးစိုးဆဲ (ညပါဆိုမှ မှောင်တော့မပေါ့…) တောင်းပန်ပါတယ် မီးအိမ်ရှင်…။   အလင်းကို လုံးချေပြီး ဖန်လုံအိမ်ထဲထည့် ငါ့နှလုံးသားမှာ မီးသီးတပ်ဖို့ ကြိုးစားခဲ့တယ်… ဗို့အားနည်းခဲ့တာ ဘယ်သူ့မှာ တာဝန်ရှိသလဲ….။   ပန်းတစ်ပွင့်ကို ခူးပြီး စုတ်ချက်တင်လိုက်ရုံနဲ့ ငါ့ရင်တွေ ဝုန်းဒိုင်းကြဲ ခုန်နေခဲ့တယ်ဆိုရင် မင်း… ယုံချင်မှ ယုံလိမ့်မယ် မီးအိမ်ရှင်…။   ကောင်းကင်ကို ကျော်ကြည့်လိုက်မှ ငါ့အိပ်ခန်းက ဘယ်လောက်ကျဉ်းတယ်ဆိုတာ လက်တွေ့ ငါ သိလိုက်ရတယ်… (မနေ့က) အတိတ်ကို ငါမမေ့သေးဘူး မီးအိမ်ရှင်…။   ရင်ဘတ်နဲ့ ဖွာပြီး နှလုံးသားနဲ့ ရှိုက်ခဲ့တဲ့ မီးအိမ်ရှင်… မင်းအငွေ့က ညှော်နံ့သင်းနေသလား ဘာလို့ ငါ့တစ်ကိုယ်လုံး လေထဲ […]


koyinSeptember 1, 20111min24714
(လိုက်သင့်ရဲ့လား ချစ်သူ..)   မြေပဲ စိမ့်လို့လား လမ်းက ကြောင်ပဲ စားခဲ့သလား   ငါ့မှာတော့ ဓါးချက်တွေ ဗရပွနဲ့ အရေခွံ နွာခဲ့ရဖူးတယ်  သိပ်တော့ မလျှောက်ခဲ့ပါဘူး အဝတ်မပါဘဲ ဘေးထိုးအိပ်နေတာ ဖိနပ်ပါသွားတာ အမြတ်ပေါ့ ခြေမနဲ့ လက်မောင်း ထောင်းတော့လည်း ခံ ညောင်းတော့လည်း စံပေ့ါ အဲလိုမျိုးနဲ့ ငါ့ ကျောက်မောင်းကို ထုဆစ်ပုံဖော်နေခဲ့တယ် အပိုင်းအစတချို သစ်ရွက်ကြွေ တချို့ ဖုန်မှုန့်တချို့ မိုးရေတစ်ချို့ …. ……… အမျိုးတွေ အမျိုးတွေ တွေ့ခဲ့ပေ့ါ ဟိုလိုနဲ့ ထင်မှတ်ခဲ့လည်း ရင်ဘတ်ကို ခဲတွေ လာစင်တယ် မမျှော်လင့်ဘဲ မောင်းဆုံကွဲအက် ကြက်ချေးတွေနဲ့ ရောဖူးတယ် မလိုချင်ဘဲ သဲတွေသာ ရခဲ့တယ် အဲဒီ အရှေ့မှာမှ ခဲစတွေ ပိုကြေညက်လာတယ် သဲမှုန်တွေ ပိုရောနှောလာတယ် ကျောက်မောင်းရဲ့ အင်အားနဲ့ ဆုံထဲက ခဲတစ်ဝက် ကြေညက်ခဲ့မယ်ဆို […]


koyinAugust 31, 20114min22513
သံယောဇဉ်သာ ဆိပ်တက် ရင် နွေသက်သတဲ့လား ဆောင်းငှက်က ပင်အိုထက် ရင်ထက်မှာ မြား…။   တစ်မျှင်ပတ်ပေမယ့် ပင်ယှက်တဲ့ တစ်ခက်နွယ် နှောင်တွယ်ကာ ထား…။ နှင်းစက်က ခိုတွယ် မျက်ဝန်းက အငိုလွယ်သတဲ့ ဒဏ်ခတ်တဲ့ နွေ…။ အပျံခက်သတဲ့ ရက်စက်တဲ့ လေနီရိုင်းက  မုန်တိုင်းကို စေ…။ ခြွေချင် ခြွေ… ကြွေနေမှာပဲ သွေးစက်တွေ ခဲကာမှ အစိမ်းရောင် ခြယ်ကာ သတ်မှတ်လိုက်မတဲ့ တားမြစ်ဖို့ ခက်တဲ့ နယ်မြေ…။ လာစေချင် ဝင်လာမလား မသွားပါနဲ့ ထားခဲ့မှာလား ပိုင်းခြားထားတဲ့ ရင်ပြင်ထက် တောင်တန်းတွေကို လက်နဲ့သယ် ကာရံလို့ ကွယ်မလား…။ မကွယ်မကာ တတွယ်မက်မက် မရှောင်ရက်လို့ အနှုတ်ခက်လည်း စိုက်ဝင်လျှက်သား….. နှလုံးသားမှာ…။ သံယောဇဉ်သာ ဆိပ်တက် ရင်…။ ။ တောက ကိုရင်


koyinAugust 31, 20111min21610
အဖေ (တိတ်တဆိတ် တမ်းတမိသော) အဖေ… ကျနော့်ဘဝ နွေထဲမှာ…။ ပြန်မလာနိုင်တော့တဲ့ ခရီး အဖေတစ်ယောက်တည်း စီးနင်းလို့ထွက်ခွာ ကျနော်တို့ မိသားစုမှာတော့ ရွှေတောင်ကြီး ပြိုလဲ သွားသလိုမျိုး ဟိုတုန်းက ဆိုးခဲ့ဖူးတဲ့ ကျနော် ညီမတွေကို အော်ငေါက် ဆေးလိပ်သောက် အရက်ကြိုက် ဖဲမရိုက်တတ်တာက လွဲရင် မိသားစု ငြိုငြင်အောင် မိုက်ခဲ့တာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးတစ်ခု အဖေ စနစ်တကျ ပြုစုပျိုးထောင် ကျနော့်ကြောင့် မိုးမှောင်တွေ ကျခဲ့ဖူးတယ် မရှိမဲ့ ရှိမဲ့ အဖေ့အိပ်ကပ်ထဲက ပိုက်ဆံ ကျနော်တို့ ဆိုင်ထိုင်တော့ နည်းလိုက်တာ….။ မိသားစုအတွက် အဖေရှာသမျှ ကျနော့်အတွက် မလောက်မငှဖြစ်ခဲ့ ညီမနှစ်ယောက်ရဲ့ ရှေ့ရေး ကျနော် တစ်ခါမှ ထည့်မတွေးခဲ့ဘူး အဖေ…။ အိမ်မှာ ဖြစ်ချင်တာ ဖြစ် […]


koyinAugust 30, 20115min1202
အကောင်းမြင်သမား၏ အဆိုးမြင် ဝါဒ ကမ္ဘာကြီးက လုံးနေတယ်… သူ့ဘာသာ စောင်းချင်ရာစောင်းပြီး သူ့ဝင်ရိုးမှာ သူလည်နေတာ ဘယ်သူက စေခိုင်းခဲ့လို့လဲ… ကောင်းကင်က အပေါ်ဘက် မြေကြီးက အောက်မှာ ရပ် နေ အဝင်အထွက်ကို  အရှေ့အနောက် သတ်မှတ်ကြ ဘယ်သူက လမ်းညွှန်ပြသလဲ… အလင်းနဲ့ အမှောင်ကြောင့် အရောင်တွေက ကွက်တိကွက်ကြား အာရုံခြောက်ပါးနဲ့ ခံစားလို့ ရသမျှ သဘာဝ လောကရဲ့ အလှတဲ့ ဘယ်သူတွေ ဆေးခြယ်ကြသလဲ… နေပူလို့ မိုးရွာ လမိုက်တဲ့အခါ ကြယ်မထွက် လေတိုက်လို့ သစ်ရွက်ကြွေ စမ်းရေတွေ စီးပြီး ပန်းတွေ ပွင့် ဘယ်သူက စီရင်ခွင့် ရနေသလဲ… မြစ်ပင်လယ် သမုဒ္ဒရာ စကြဝဠာ အာကာသ အနန္တတဲ့… အ ကာလမှာ လူလာဖြစ်တဲ့ ငါတွေ ငါတွေ ပဋိပက္ခတွေနဲ့ အမုန်း […]


koyinAugust 30, 20112min20711
သူလွမ်းရင် ပန်းမှာစိုးလို့   မင်းနှုတ်ခမ်းက မင်းရဲ့ အနမ်းတွေ  မင်းပဲ လေ ခြွေချ… ကြွေကျသွားခဲ့တာက အသည်းတစ်ခြမ်း အကန်းလမ်းလျှောက်ထွက်ခဲ့တာ  ကမ္ဘာတစ်ပတ်… ကဗျာ စပ်လို့  နေနဲ့လကို ပေါင်းစပ်ဖို့ကြိုးစား ရိုးရိုးသားသား တစ်ခါတရံ အမှားလို့ နှုတ်လုံစွာ မြိုသိပ်  ကဗျာတွေ မအိပ်တဲ့ တိတ်ဆိတ်တဲ့ ညအလယ် ကြယ်ရောင် တစ်လက်လက် ပိုးစုန်းကြူး ခတ်တဲ့ လေပြေ စာရွက်တွေ မွစာကြဲ လက်တစ်ချောင်းလုံးလည်း ကိုက်ခဲနေပြီ… ပျောက်ဆုံးသွားတဲ့ ဗီဇာ ပြည်တော်ဝင်ခွင့်မပါဘဲနဲ့ ရွက်လွင့်ခွင့်မရှိတဲ့ တက်တစ်ချောင်းလို မဲဇာမှာ မုန်တိုင်းကို လှုှိုင်းပုတ်ပြီး တိတ်တဆိတ် စီးဆင်းလိုက်ရတဲ့  ပါးပြင်ပေါ်က ရေတစက် အငွေ့တွေ ထွက်နေတာကတော့…. စစ်ပွဲလား အနိုင်  အရှုံး… ဘယ်တုန်းကရော ပြိုင်ခဲ့ဖူးသလဲ တံပိုးခရာ […]


koyinAugust 30, 20112min30219
ခေါင်းစဉ်မရှိသော… အမေ..ဆိုတဲ့ ဂုဏ်ဖွဲ့မှုနဲ့ ငါ့ကိုယ်ငါ ထုဆစ်ကြည့်တယ်…။ တစ်ခါ တစ်ခါ ဝင်္ကဘာထဲက ကျနော် ကြောက်စိတ်တွေပေါ်ခဲ့ရင် အမေ.. လို့ အားပါးတရခေါ်ပြီး အားအင်တွေ ပြန်ပြန်ဖြည့် ဒီနေ့ ကျနော် ဖြစ်တည်နေသမျှ အမေပြုစုခဲ့တဲ့ ကာယနဲ့ အမေပြောခဲ့တဲ့ စကား အမေပေးခဲ့တဲ့ အားတွေချည်းပါ…။ ဒါပေမယ့် အမေ ကျနော်လေ အိပ်မက်ဆိုးတွေနဲ့ အမေ့ရဲ့ အမိုးအောက်မှာ အသက်ရှူကြပ် အနာဂါတ်တွေ မျှော်လင့်ချက်မဲ့သလိုမျိုး (ရိုးရိုးသားသားပြောတာပါ) ကျနော် ခံစားခဲ့ရဖူးတယ်…။ တစ်ခါတစ်လေ ကျနော် ရင်ဖွင့်ချင်တာတွေ ရှိတယ် အမေ နားလည် လက်ခံပေးမလား… သားသမီးတွေမှားရင် အမေပြင် အမေကိုရော ဘယ်လိုထင်မြင်ချက်တွေ ပေးခွင့်ရှိမလဲ… အမေ့ရဲ့ စေတနာ ဝေဒနာတွေ ဖြစ်သွားတာမျိုး… ညီမငယ်တွေ အိပ်မက်ဆိုးမက် ကျနော်တို့ […]


koyinAugust 29, 20115min1396
လွန်း   တမင်သတ်သတ် ရစ်ပတ်လို့ထား အဲဒါ … အချစ်တဲ့လား ဟင် မရုန်းချင် တွယ်ငင်တဲ့ နွယ်တစ်ခက်လို မွန်းကြပ်တဲ့… ရင်။   သံယောဇဉ်… တကယ်ပင် ချည်နှောင်တဲ့ သည်ကြိုး ပြန်ပြောရင် သမရိုးမကျတဲ့အရာမို့ သမုဒယရဲ့ လောင်မြိုက်ခြင်းလို့ အမည်တပ် ဒြပ်မဲ့တဲ့ ဖြစ်အင်…။   ပျက်အစဉ်… နှာခေါင်းသွေးတွေပင် လျှံပါစေတော့ လူးကာ လွန့်ကာ တိမ်းကာ ယိမ်းကာနဲ့ အဝေးသို့ပျံပါလေသော ငှက်ငယ်သို့… အရည်စို့တဲ့ မျက်ဝန်းတစ်စုံကို ပြန်ကာကြည့်ရင်ဖြင့် အပြစ်တော်တင် ဘဝင်မရဲတဲ့သူပါလေ… ဝဋ်ကိုပင် လည်စင်းကာ ဆပ်ပါရစေ။   မြွက်ဟလို့ခြွေ… သံစဉ်မပီလေသည့် သည်စကား ဘယ်တော့များမှ မကြားနိုင်သော်ငြားလည်း ထားရဲလို့ ထားခဲ့။   အပြစ်ဖွဲ့တဲ့ လမ်းခွဲမှာ လွမ်းရဲကာ လွမ်းရရင်ဖြင့် နှုတ်ဆက်ခွင့်ကိုမှ မပိုင်သူ  နိုင်တော်မူ […]