kyawkyaw11October 11, 20111min1479
စစ်တွေမြို့မှာ ရဲတွေဟာ သူခိုးပေါက်စလေးတွေနဲ့ပေါင်းပြီး ချမ်းသာတဲ့အိမ် အတော်အသင့်ပြေလည် တဲ့အိမ်တွေကိုသွားပြီး ဒီသခိုးက ခင်ဗျားတို့ကို ခိုးရာပါပစ္စည်းရောင်းထားတယ်ဆိုပြီး အဲ့ဒီပစ္စည်းလာသိမ်းတာပါ ဘာ ညာနဲ့ အိမ်ရှင်ကိုအမှုလုပ် သူခိုးကသူ့ကိုရောင်းပါတယ်လို့ လက်ညှိုးထိုး —– အိမ်ရှင်က ကျွန်တော်လဲဘာလဲမသိရပါလားလို့ပြောတော့ သူခိုးက မဟုတ်တာမပြောဘူးဆိုပြီး အိမ်ရှင်ကိုဖမ်း—— အိမ်ရှင်မှာ အမှုကျေအေးဖို့အတွက် ငွေသိန်းဆယ်ချီပြီးပေး– ပြီးတော့ သူခိုးကိုဝေစုပေး– မြို့သူတွေခဗျာ ကော့နေအောင်ခံနေရပေါ့ ———လုပ်ကြပါအုံးအမှန်တရားဥပဒေရယ်– စစ်တွေက သူငယ်ချင်းပြောပြလို့ပါ————- ကျွန်တော်အကြံတစ်ခုတော့ပေးချင်တယ်——— အဲ့ဒီလိုလာစွပ်စွဲရင် ဟုပ်ကဲ့ အဲ့ဒီပစ္စည်း ရဲချုပ်ဆီမှာပါလို့ပြော အဲ့ဒီခါ သူခိုးကမဟုတ်တာမပြာ ပါဘူးဆိုတဲ့ရဲ ရဲချုပ်ကိုဖမ်းမလားကြည့်ကြသေးတာပေါ့ ဂွင်သမားတို့ရယ်———– ရွာသားများနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ———— ဂျိတ္တောသား ငထွား——–


kyawkyaw11October 6, 20111min23021
ကျွန်တော်တို့ဂျိတ်တော သံတွဲ ကားလမ်းဟာ ယခင်ကနိုင်ငံတော်က ပြုပြင် ထိမ်းသိမ်းပြီးတော့လုပ်လာခဲ့တာ ကျွန်တောတို့ တသက်ပါ ခုတော့ နိုင်ငံတော်က ကမ်းခြေသားတွေကို ညှာတာသောအားဖြင့် နေလသစ်စာ ကုဏ်မဏီကို လမ်းကိုငှါးရမ်းလိုက်တာ လမ်းတော့မပြင်ဘဲ ငွေတော့ မှန်မှန်ကောက်ပါတယ် ဆိုင်ကယ်တစ်စီးကို သံတွဲ  ဂျိတ်တော သွားပြန်ဆိုရင် 400 ကျပ်ပေးရပါတယ် 10 မိုင်ဘဲရှိတာပါ 400 သာပေးနေရတယ် လမ်းကတော့တစ်နေ့ထက်တနေ့ဆိုးဆိုးလာပါတယ် နိုင်ငံတော်က စေတနာထားပြီးလုပ်တာတော့မှန်ပါတယ် အောက်က ကုဏ်မဏီတွေက လူထုအကျိုးကို မငဲ့ ငွေကိုသာအဓိကထားတော့ နိုင်ငံတော်သမတ ကြီးများနာမည်ပျက်ရပါတယ် ဒီကိစတွေကို ဖိဖိစီးစီးလုပ်ဖို့လိုပါတယ်ဆိုတာကို ကို့တွေ့ခံစားနေရတဲ့ ဂျိတ်တောသားငထွား က ကမ်းခြေသားတွေကိုစား အမုန်းခံတင်ပြလိုက်ပါတယ် ယောင်းယင်းများ ကျမ်းမာပါစေ


kyawkyaw11September 23, 20111min1253
မန်းဂေဇက်မှ သူငယ်ချင်းများအားလုံး ကျမ်းမာပါစေလို့ဆုတောင်းပေးလိုက်ပါတယ် လူဆိုတာပတ်ဝန်းကျင်ကိုအလှဆင်ရပါတယ် ကိုယ့်ပတ်ဝန်းကျင်မှာဘယ်သူတွေဘာတွေခံစားနေရ သလဲ ဘယ်ဘဝရောက်နေလဲ ဘာတွေဖြစ်နေသလဲ သိဖို့လိုပါတယ် ဘယ်လိုကူညီရမလဲ ဘယ်လိုဖြေရှင်းပေးရမလဲ  လူဆိုတာ လူ့ပတ်ဝန်းကျင်မှာ လူ့ကျင့်ဝတ်နှင့်ညီအောင်နေနိုင်ရပါမယ် ဘာသာတရားဆိုတာ လူတွေကိုထိမ်းချုပ်ထားတဲ့ဥပဒေ ပြဌါန်းချက်ကြီးတစ်ခုပါ ဘာသာတရားတိုင်းက လူတစ်ဦးစီတိုင်းကောင်းဖို့ ညွန်ကြားထားတဲ့လမ်းညွန်ချက်ကြီးတွေပါ လူဆိုတာ ကိုက်လုပ်လိုက်တဲ့လုပ်ရပ်တစ်ခုဟာ ပတ်ဝန်းကျင်ကိုထိခိုက်သလား တရားတော်နှင့် ဆင့်ကျင်သလား ကိုယ့်အတွက်ကောအကျိုးရှိလား အများအတွက်ကောအကျိုးရှိလား– ကိုယ်လုပ်လိုက်တဲ့လုပ်ရပ်ဟာ တရားတော်နှင့်လဲမဆန့်ကျင်ဘူး အများတွက်လဲ အကျိုးသက်ရာက် တယ်ဆိုရင် ကောင်းသောလုပ်ရပ်လေးပါ တရားတော်နှင့်တော့မဆန့်ကျင်ဘူး အများကိုထိခိုက်စေတယ်ဆိုရင် တော့ မကောင်းတဲ့လုပ်ရပ်လေးပါ တို့လူသားတွေဟာ အများအတွက်အသက်ရှင်နေရတာပါ စီးပွားရှာတာကလဲ သားသမီးတွေအတွက်ပါ ဒီလိုဘဲ လိုဆိုတာဆင့်ကဲဖြစ်စဉ်ထဲမှာ ကြီးပြင်းနေကြရတာပါ ဒီသားသမီးတွေကလဲ စီးပွားတွေ ပညာတွေ ရှာကြရအုံးမှာ  သူတို့သားသမီးလေးတွေအတွက်လေ အိမ်တောင်ရှင်တွေကလဲ ဘာမှသွေးမတော် စပ်တဲ့ဇနီး/ခင်ပွန်းတွေကို အသက်ပေးမတတ်ချစ်တယ်ဆိုပြီး ပြုစု ယုယ […]


kyawkyaw11September 20, 20111min258
ကျွန်တော်ကိစတစ်ခုနှင့်စစ်တွေကိုသွားတော့ ကျောင်းတုံးကသူငယ်ချင်းတစ်ယောက်အိမ်မှာတည်း ပါတယ် ဒါနဲ့ ပြန်တော့သူငယ်ချင်းကိုကျွန်တော်အလည်အတင်းခေါ်ပါတယ် ဒါနဲ့ဘဲ သူလိုက်ဘို့ဖြစ် လာတော့ လေယာဉ်လက်မှတ်သွားဝယ်တော့ (2)ယောက်စာ ဒီမှာတင်ကျွန်တော့ကိုတော့ရောင်းပြီး ကျွန်တော့သူငယ်ချင်းကိုမရောင်းပါဘူး ဒါနဲ့မေးကြည့်တော့ သူ့မှတ်ပုံတင်မှာ ကမန်အစလာမ် ဖြစ်နေပါတယ် ဒါနဲ့သူငယ်ချင်းကိုမေးကြည့်တော့ ကမန်ကရခိုင်တိုင်းရင်းသားပါလို့ပြောပါတယ် နိုင်ငံတော်ကလဲ လွတ်လပ်စွာသွားလာခွင့်ပြုထားပါပြီလို့ပြောပါတယ် ဒါနဲ့လေယာဉ်ရုံးကိုမေးကြည့်တော့ စစ်တွေမြို့က ဦးအောင်လှထွန်း ၏ထောက်ခံချက်ပါမှရောင်းရမယ် ထွယ်ဆိုပြီးပါပြီးသားပါ ဒီဟာနဲ့မလုံလောက်ပဲ ဦးအောင်လှထွန်းလက်မှတ်ပါရင်ရပြီ ဖြစ်နေပါတယ် ရင်လေးမိတယ်ဝန်ကြီးရေ တစ်ဘက်ကကူးလာသူတွကို ဦးအောင်လှထွန်းလက်မှတ်နဲ့ မှတ်ပုံတင်တွေ ထုပ်ပေးမိနေရင်တော့—— ငွေဆိုတာကလည်း လူတိုင်းကြိုက်တဲ့နှင်းဆီ ခိုင်မဟုတ်လား —–ကြည့်လုပ်ကြပါအုံး ဝန်ကြီးများတို့ရေ———— ဂျိတ်တောသားငထွား အဖွဲ့သားများအားလုံးကျမ်းမာကြပါစေ—- လှပ သန့်ရှင်းတဲ့နိုင်ငံလေးဖြစ်လာဖို့ ဝိုင်းဝန်းကြိုးစားကြပါစို့–


kyawkyaw11September 18, 20111min308
အက်ပီဒရင်း(စိတ်ကြွဆေးပြား)များကို သံတွဲမြို့မှနေပြီးဖြန့်ဖြူးလျှက်ရှိနေပါတယ် တောင်ကုတ် စစ်တွေနှငေေ့်တခြားမြို့များသို့လည်းကောင်း၊ ငါးနီတူခြောက်အိတ်များအထဲထည့်ကာ ဘင်္ဂလားဒေ့ရ် နှင်.တစ်ခြားနိုင်ငံများသို့ ပိုင်ပိုင်နိုင်နိုင်ဖြန့်ဖြူးနေတာပါ မန်းလေးကနေ ကယ်ရီပို့သမားနှင့်လာပို့ ပြီး ကယ်ရီသမားကတည်းခိုခန်းများတွင်တည်းခိုပြီးလုပ်စားနေတာပါ သံတွဲကတစ်ဆင့်ဖြန့်ပေးသူတွေကတော့ ဦးထွန်းဝင်း၊ လူရိုင်း၊ အေးသိန်း၊ ဦးချောင်းနာရီ တို့ ဖြစ်ပါတယ် ဒီလိုလူညွန့်တုံးမည့်ကိစများကို ထိထိရောက်ရောက် အရေးယူပေးကြပါလို့ ကြာရင်ကျွန်တော်တို့မြို့လေး နာမည်ဆိုးနဲ့ကျော်ကြားလာပါလိမ့်မယ် ဂျိတ်တောသားငထွား


kyawkyaw11August 29, 20111min67
သံတွဲ အ.ထ.က (1)က(10)တန်းကျောင်းသူလေးတစ်ဦးကျောင်းအုပ်ဆရာမကြီးက ကျောင်းသားတွေရှေ့မှာ ပွဲလမ်းသဘင်လိုလုပ်ပြီးကျောင်းသူလေးအရှက်ရစေရန်ဝန်ချတောင်း ပန်ခိုင်းတဲ့ပွဲလေးကို အ.ထ.က.(1)ကျောင်းရဲ့အစည်းအဝေးခန်းမ29-8-2011နေ့မှမှာပြုလုပ် ကျင်းပသွားတယ်လို့သိရပါတယ် ဖြစ်စဉ်ကတော့ သံတွဲမြစ်ရေကြီးပြီးစကျောင်းပြန်တက်တဲ့နေ့မှာပဲ ဆရာမကြီးက လပတ်စာမေးပွဲ စစ်ပါတယ် ဒီကိစ္စကို အခင်းဖြစ်တဲ့ကျောင်းသူလေးတစ်က ဆရာမကြီးကလဲစာစစ်တာမြန်လိုက်တာ စာဖတ်ချိန်တောင်မရဘူး ကိုယ်ချင်းမစာဟုပြောနေသောစကားကို ကျောင်းသူတွေဘေးရောက် လာတဲ့ဆရာမကြီးကကြားတော့ နင်တို့ဘာပြောတာလဲငါအကုန်ကြားတယ်ဟုဆိုကာ ငါ့မှာ မေးခွန်းရိုက်ရတာလွယ်တယ်မှတ်လား ရန်ကုန်မှာရိုက်ခိုင်းရတာဟုပြောတော့ ကျောင်းသူလေးက ကျွန်မတို့ မေးခွန်းအတွက်ဆရာမကြီးကတစ်ယောက်(300)ကျပ် ကောက်ထားတယ်လေလို့ပြောတာကိုသူ့ကိုပြန်ပြောရမလားဆိုပြီး ငါမြစ်ရေးကြီးတုံး ကသန့်ရှင်းရေးအတွက်ကျောင်းသားတစ်ဦးဆီက(1000)စီကောက်တဲ့ကိစ္စ အင်တာနက်တင်တာ နင်ပဲဖြစ်ရမယ်လို့ ပြောပြီး ဒီကျောင်းသူလေးကိုကျောင်းထုပ်မယ်ဟုကြေငြာတော့တာပါ ဒါကိုမိခင်ကဆရမကြီးကိုသွားပြီး မဟုတ်ပါဘူးဆရာမကြီးရယ် ခလေးတွေကိစ္စခွင့်လွတ် ပေးပါလို့ ဆရာမကြီးခြေထောက်ကိုင်ပြီးတောင်းပန်ပါတယ်ဒါကိုဆရာမကြီးက ခြေထောက်နဲ့ ကျောင်းသူလေးမိခင်ကိုကန်လွတ်လိုက်ဆိုဘဲ ကျောင်းသူမိဘလေးခဗျာ အရှက်ကွဲပြန်လာခဲ့ရပါတယ် ဒီကိစ္စကိုမြို့လူကြီးတွေနဲ့ကျောင်းသူ လေးမိဘတွေက ဝန်ကြီးဆီတောင်းပန်းကြတော့ ဝန်ကြီးကဗွေမယူပါနဲ့ခွင့်လွတ်လိုက်ပါလို့ ဆရာမကြီးကို စာပို့လိုက်တော့ ဒီဆရာမကြီးက ကျောင်းမှာစာကတ်ပြီး ကျောင်းသူလေးကို ကျောင်းသားတွေရှေ့မှာတောင်းပန်ပွဲလုပ်ခိုင်းလို့ လုပ်ပေးလိုက်ရဆိုဘဲ ရက်စက်လိုက်တဲ့ဆရာမကြီး […]


kyawkyaw11August 16, 20111min68
ကြားလို့မှကောင်းကြသေးရဲ့လား ရဲအောင်လံဂိတ်မှူး ကျော်ကျော်(ခ)ထွန်းသန့်ကျော်(ခ)ကပ်ဖား တစ်ယေ်ာက် တစ်နေ့က လျှပ်စစ်မီတာခိုးသုံးတာမိလို့ မနည်းရှင်းလိုက်ရဆိုဘဲ တစ်နေ့ကလဲ 7 Day ဂျာနယ်မှာ ကသတင်းထောက်(2)ယောက်ကိုကားနဲ့စရိတ်ငြီမ်းခေါ်ပြီး ဆောက်လုပ်ရေးဌါန /လ ဝ က ဌါန ကိုဆော်ထည့်လိုက်တာ သူတို့ခမျာ အလူးအလဲခံလိုက်ရဆိုဘဲ သံတွဲမြို့သားတွေ ဒီနာမည်ကြီးကပ်ဖားသူခိုးကို ကန်ပိန်းလုပ်ဖို့ အချိန်တန်ပြီ <


kyawkyaw11June 17, 20111min753
ကျွန်တော်တို့သံတွဲမြို့နယ်အတွင်းက လိုင်စင်နဲ့မော်တော် ဆိုင်ကယ်တွေဟာ သူတို့ပြုသမျှနုနေရတဲ့ မိန်းမပျက်တွေ နဲ့တူနေပါပြီ— ခုဆိုရင် လိုင်စင်ဆိုပြီးပြောင်းရတာ 3 ခါရှိပါပြီ တစ်ခါသက်တမ်းတိုးရင် 40000 နီးပါးကုန်ကျပါတယ် စာအုပ်မှာသွင်းရတဲ့လိုင်စင်ကျေးတွေကတော့ ထောင်ဂဏန်းလောက်ပါဘဲ ဒါပေမဲ့ လမ်းစရိတ်ဆိုပြီး မတရားတောင်းခံနေတဲ့ဝန်ထမ်းတွေကို ဒီအတိုင်း ဘဲလက်ပိုက်ကြည့်နေကြရပါတယ်— လိုင်စင်ကျေးတွေများတယ်လို့သွားပြောရင်လဲ လိုင်စင်ဆိုင်ကယ်တွေကိုစစ်လိုက်ကျောလိုက် မန်လိုက် ဟောက်လိုက် ဒီဟာမပြည့်စုံလို့ ဟိုဟာမပြည့်စုံလို့ ဆိုပြီးရစ်တော့ဒါဘဲ– နောက်ဆုံးတော့ ခံစားနေရသူတွေက ပြည်သူတွေပါဘဲ—— သံတွဲသား


kyawkyaw11June 14, 20111min992
အော် -ဘဝ ဘဝ ငပလီပင်လယ်ပြင်ကြီးကိုကြည့်ပြီး ကျခဲ့ရတဲ့မျက်ရည်စတွေ များပြားလှပေါ့ အို–ဘယ်ခန်း တော့မည်လဲ— တခါက ငပလီ မဇဉ် လမ်းမပေါ်မှ ခြံမြေတွေ ဘန်ဂလို လေးတွေဟာ မိသားစုများစွာတွေရဲ့ဘဝအခက်အခဲတွေ ဖြေရှင်းပေးနေရတဲ့ သဘာဝ အစိုင်အခဲလေးပါ အပူပင်ကင်းမဲ့တဲ့ ဆည်းဆာ ပျော်ရွင်နေတဲ့မိသားစု တွေရဲ့ဘသဝ အသံသဲ့သဲ့တောင်ကြားနေရတုံးပါ….. ခုတော့ ဒီလူတွေရဲ့ဘဝ ရင်နင့်စရာ အသပြာမရှိ ကိုင်းခုတ် လယ်လုပ် ထမင်းတစ်လုပ်အတွက်—- ဒီမြေတွေကို မိဘအဆက်ဆက် ပိုင်ဆိုင်လာခဲ့ကြတာ စစ်အစိုးရလက်ထက်ရောက်တော့ ဒီခြံမြေတွေကိုသိမ်း ဟိုတယ်တွေဆောက်ဒေါ်လာတွေများစွာရ– ပိုင်ရှင်တွေမှာ ဘာမှမရခဲ့ကြပါဘူး ခုကာလပေါက်ဈေးနဲ့ဆိုရင် တစ်ဧက ကို သိန်းတစ်ထောင် ကျော်နေပါပြီ —– မျက်ကျရုံမျှ အပ ဘာမှမရှိတော့ပါပြီ— ကိုယ်ချင်းစာနိုင်ကြပါစေ— သံတွဲသား