kyawmonkhantJanuary 10, 20121min18310
ဟောင်ကောင် ခရီးသည် မန်းဂေဇက်နဲ့ရင်းနှီးနေတာတော့ ၂နှစ်လောက်တော့ရှိပြီ။ အရင်ကတော့ ပို့စ်နဲနဲ တင်ဖူးသည်။ သူများတွေလို စာအရေးအသားကလဲ မကောင်းတော့ မရေးဖြစ်ခဲ့။ သူများတွေခရီးသွားမှတ်တမ်းဖတ်ရသည်မှာ ဗဟုသုတ များစွာရရှိသည်။ မိမိလည်း ခရီးထွက်ဖြစ်ရင်တော့ ရွာသားများကို မျှဝေခြင်တဲ့ စေတနာတော့ အပြည့်အသိပ်။ ဒါကြောင့် ဒီမှတ်တမ်းလေးလဲ မရောက်ဖူးသေးသူများအနဲ အကျဉ်းဖြစ်ဖြစ် ဗဟုသုတလေးများရရှိစေရန် စေ တနာ ထားကာ တင်ဖြစ်လိုက်သည်။ သူများရေးသည်များကို အနဲအကျဉ်းလောက်သာ ကွန်မန့်ပေးဖြစ်ခဲ့သည်။ ပေးချင်ခဲ့သော်လည်း ကွန်နက်ရှင်က ခွင့်မပြုလို့ ပေးချင်စိတ်ပျောက်ခဲ့ရသည်။ ဒါကြောင့် ဒီရွာမှာ ကျွန်ုပ်ကို သိသူ ခပ်ရှားရှားဖြစ်လိမ့်မည်။ ရွာသား အသစ်တော့ မဟုတ်ပါကြောင်း၊ တော်တော်လေး ဒိတ်အောက် နေသော ရွာသားတစ်ယောက်ဖြစ်ပါကြောင်း အသိပေးပါရစေ။ သူများတွေတင်သော ပို့စ်များကို နေ့တိုင်းနီးပါး ဖတ်ဖြစ်သည်။ ထို့ကြောင့် ရွာသားများနှင့် […]


kyawmonkhantJanuary 6, 20121min1104
မန်းဂေဇက်ကို မော်ဇီလာနဲ့ ဖွင့်လို့မရလို့၊ မရတာ နှစ်ပတ်ကျော်လောက်ရှိနေပြီ။ ပိတ်ထားတဲ့ ပုံတော့မဟုတ်ဘူး။ အရင်ဆို ဝင်ရတာ အဆင်ပြေတယ်။ အခု ultrasurf နဲ့ဖွင့်မှရတယ်။ ဒါလဲ အမြဲတမ်းဖွင့်လို့မရပြန်ဘူး။ ပို့စ်တင်လို့လဲ မရဘူးဖြစ်နေတယ်။ ခေါင်းစဉ်တော့ရေးလို့ရတယ်။ အောက်ကစာသားတွေကြတော့ မြန်မာဖောင့်ကမပေါ်ပြန်ဘူး။ လေးထောင့်တုန်းလေးတွေဘဲ ပေါ်တယ်။ အခုရေးလိုက်တဲ့ဟာကတော့  word နဲ့ရေးပြီး၊ ကော်ပီလုပ်၊ ပေ့စ်တ် လုပ်ပြီးတင်ရတယ်။ စာသားအကွက်ထဲရောက်တော့ လေးထောင့်တုန်းလေးတွေဘဲ ပေါ်တယ်။ ပြင်ချင်လို့လဲမရ။ ခရီးသွားပို့စ်လေး တင်ဖို့လုပ်ထားတာ။ ကံဆိုးချင်တော့ MG က ဖွင့်မရဘူးဖြစ်နေတယ်။ email ကလဲပျက်သွားပြီ။ ဝင်လို့မရတော့ဘူး။ သုံးတဲ့လိုင်းကတော့ wimax နဲ့သုံးပါတယ်။ ဆိုင်တွေမှာတော့မသိဘူး။  ဘာကြောင့်ဖွင့်မရလဲ ဆိုတာ သိရင် ကူညီကြပါဦး။ ကျေးဇူးတင်ပါတယ်။


kyawmonkhantApril 16, 20111min17615
သကြားမင်းအကောက်ကြံမှု (သို့) ဝံကိုက်နာ   သင်္ကြန်တွင်း ဘယ်မှ မသွားဖြစ်မလည်ဖြစ်တာနဲ့ စာအုပ်စင်မှာရှိတဲ့ စာအုပ်တွေဖတ်ရင်း ငါးရာ့ငါးဆယ် ဇာတ်တော် တစ်ပုဒ်ကိုဖတ်ဖြစ်ခဲ့ပါတယ်။ လူတွေက သင်္ကြန်တွင်းဆိုတော့ သိကြားမင်းနဲ့ နီးစပ်နေတဲ့အချိန်ဆိုတော့ သကြားမင်း ယုတ်မာတာကို သိစေချင်လို့ ဒီပို့စ်တင်ဖြစ်တာပါ။ အဲဒီသကြားမင်းကလဲ ခုလက်ရှိသကြားမင်းတော့ မဟုတ်ပါဘူး။  လူ့ပြည်လူ့ရွာ လူ့နိုင်ငံမှာ သမ္မတအဆက်ဆက်တို့ရှိသလို နတ်ပြည်မှာလည်း သကြာမင်းအဆက်ဆက်ရှိပါတယ်။ ခုပြောမယ့်သကြားမင်းကလည်း အဲဒီအဆက်ဆက်ထဲကတယောက်ဆိုပါတော့။ ဇာတ်တော်ကတော့ ဒီလိုဗျ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းလက်ထက်မှာ ဘုရားလောင်းဟာ ရသေ့ရဟန်းပြုပြီး ဟိမဝန္တာမှာနေခဲ့တယ်။ အဲဒီဘုရားလောင်းကိုစွဲပြီး သမင်မတကောင်က ကလေးတစ်ယောက်မွေးတယ်။ ရသေ့ကြီးက အဲဒီကလေးကို မွေးထားတယ် အိသိသိင်္ဂလို့ နာမည်ပေးတယ်။ အရွယ်ရောက်လာတဲ့အခါ ရသေ့ဝတ်ပေးတယ်။ ရသေ့ကြီးက ရသေ့အကျင့်တွေသင်ပေးလို့ ကျင့်လိုက်တာ ဈာန် အဘိညာဉ်တွေရတယ်။ အိန္ဒြေသိက္ခာရှိတယ်။ စောင့်စည်းတယ်။ ရသေ့လေးရဲ့တန်ခိုးကြောင့် […]


kyawmonkhantMarch 24, 20111min1105
ပုံပြင်လေး တပုဒ်ပါ (ညက ကွန်နက်ရှင်မကောင်းလို့ တင်နေရင်းပြုတ်ကျသွားတာ တပိုင်းတစဖြစ်နေလို့ အဆုံးရောက်အောင်ပြန်တင်ရတာပါ) ဟိုးရှေးရှေးတုန်းကပေါ့ တိုင်းပြည်တပြည်က ဘုရင်ကြီးတပါးဟာ အဝတ်ဆို အလွန်နှစ်သက်သတဲ့။ ကောင်းမွန်တဲ့ အဝတ်အစား၊ ခေတ်ပေါ် အဝတ်အစား၊ ဘရမ်းဒက်၊ ဈေးကြီးကြီး၊ နောက်ဆုံးပေါ် နိုင်ငံခြားဖြစ် အကုန်ကြိုက်သတဲ့။ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေ တော်တော်များများဟာလဲ ဘုရင်ကြီး အဝတ်ဖိုးနဲ့တင် ထက်ဝက်လောက်ကုန်သတဲ့။ သက်ဦးဆံပိုင်ဘုရင်ဆို တော့လဲ အားလုံးကကြောက်ရတာပေါ့။  ဘယ်သူမှ ဘုရင်ကြီးကို မပြောရဲဘူးပေါ့။ သွားပြောလို့ သဘောမတွေ့ရင် အသက်တောင် ဆုံးရှုံးရမှာဆိုတော့ ဘယ်သူမှ ဘုရင်ရဲ့ စိတ်အငြိုအငြင် မခံဘူး။ ဒါနဲ့ တနေ့မှာ လူလိမ်သုံးယောက်ဘုရင်ကြီးရဲ့နိုင်ငံတော်ထဲရောက်လာတယ်၊ တခြားတိုင်းပြည်က အဝတ်အထည် ကုန်သည်၊ ယက္ကန်းသည်တွေလို့ သူတို့ကိုယ်တိုင်သတင်းလွှင့်ထားတာပေါ့။ သူတို့အဝတ်အထည်ကလဲ ဘယ်မှာမှ မပေါ်သေးတဲ့ အဝတ်၊ ဘယ်တုန်းကမှလဲ မကြားဘူး […]


kyawmonkhantMarch 23, 20111min64
ပုံပြင်လေး တပုဒ်ပါ ကြားဖူးတဲ့သူလဲ ပါမယ် မကြားဖူးတဲ့သူလဲပါမယ်။ ကြားဖူးတဲ့သူက နာဖူးထပ်မံပေါ့နော။ ဟိုးရှေးရှေးတုန်းကပေါ့ တိုင်းပြည်တပြည်က ဘုရင်ကြီးတပါးဟာ အဝတ်ဆို အလွန်နှစ်သက်သတဲ့။ ကောင်းမွန်တဲ့ အဝတ်အစား၊ ခေတ်ပေါ် အဝတ်အစား၊ ဘရမ်းဒက်၊ ဈေးကြီးကြီး၊ နောက်ဆုံးပေါ် နိုင်ငံခြားဖြစ် အကုန်ကြိုက်သတဲ့။ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေ တော်တော်များများဟာလဲ ဘုရင်ကြီး အဝတ်ဖိုးနဲ့တင် ထက်ဝက်လောက်ကုန်သတဲ့။ သက်ဦးဆံပိုင်ဘုရင်ဆို တော့လဲ အားလုံးကကြောက်ရတာပေါ့။  ဘယ်သူမှ ဘုရင်ကြီးကို မပြောရဲဘူး။ သွားပြောလို့ သဘောမတွေ့ရင် အသက်တောင် ဆုံးရှုံးရမှာဆိုတော့ ဘယ်သူမှ ဘုရင်ရဲ့ စိတ်အငြိုအငြင် မခံဘူး။ ဒါနဲ့ တနေ့မှာ လူလိမ်သုံးယောက်ဘုရင်ကြီးရဲ့နိုင်ငံတော်ထဲရောက်လာတယ်၊ တခြားတိုင်းပြည်က အဝတ်အထည် ကုန်သည်၊ ယက္ကန်းသည်တွေလို့ သူတို့ကိုယ်တိုင်သတင်းလွှင့်ထားတယ်။ သူတို့အဝတ်အထည်ကလဲ ဘယ်မှာမှ မပေါ်သေးတဲ့ အဝတ်၊ ဘယ်တုန်းကမှလဲ မကြားဘူး […]


kyawmonkhantFebruary 22, 20111min1437
စကားဝဲတယ်ဆိုတာ ဘာသာစကားတစ်ခုခုကို ပြောရာမှာ ရေမြေလိုက်ပြီး စကားပြောပုံခြင်း လေးယူလေသိမ်း အသံနေအသံထား ကွဲပြားသွားတာ။ တချို့ကြတော့ မိခင်ဘာသာမဟုတ်တဲ့ စကားကို ပြောရာမှာ ပီသအောင် မပြောနိုင်တာကို စကားဝဲတယ်လို့ ဆိုကြပါတယ်။ အညာကလူပြောတဲ့လေသံနဲ့ အောက်ပြေအောက်ရွာကလူတွေပြောတဲ့လေသံ မတူကြပါဘူး။ ပခုက္ကူဘက်က ပြောတဲ့ လေသံနဲ့ မော်လမြိုင်က ပြောတဲ့ လေသံ ကွဲပြားပါတယ်။ ဗြိတိသျှအသံထွက်နဲ့ အမေရိကန် အသံထွက် မတူကြသလိုမျိုးနေမှာပေါ့။ အသံထွက်နဲ့ပတ်သက်ပြီး အင်္ဂလိပ်နဲ့အမေရိကန်ငြင်းခုံကြတာကို (ဘယ်သူပြောမှန်းတော့ မမှတ်မိတော့ဘူး အကြောင်းအရာတော့မှတ်မိတယ်) စကားစပ်လို့  ထည့်ရေးလိုက်ပါဦးမယ်။ အင်္ဂလိပ်ကလဲသူထွက်တာမှ အမှန် အမေရိကန်ကလဲ သူဟာမှသူ့ဟာ။ အင်္ဂလိပ်စကားလုံး schedule ကို အင်္ဂလိပ်က ရှက်ဂျူးလ် လို့ထွက်တယ်။ အမေရိကန်က စကက်ဂျူးလ် လို့ ထွက်တော့ အငြင်းအခုံဖြစ်တာပေါ့။ အဲဒီမှာ အမေရိန်ကထောက်ပြတာပေါ့ sch […]


kyawmonkhantFebruary 17, 20111min19510
ကုမုဒြာသည် ညမှာသာ ပွင့်သောပန်းဖြစ်သည်။ မြင်ရခဲလို့ မျှဝေလိုက်ပါသည်။ အားလုံးသော ရွာသူရွာသားအပေါင်း စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိကြပါစေဗျား။


kyawmonkhantNovember 22, 20101min450
သူတို့က သေပြီလို့ထင်ကျတယ်။ ဒါပေမယ့် မသေပါ။ ဒုက္ခခံစားနေရတဲ့ ခန္ဓာကိုယ်ဆီသို့ နှေးကွေးနာကျင်စွာ သတိပြန်လည်လာခဲ့ပါတယ်။ သတိပြန် လည်လာမှုနဲ့အတူ ပန်းတိုင်ကို မရောက်ရှိသေးဘူးဆိုတာကို သိမြင် သဘောက်ပေါက်လာခဲ့ပါတယ်။ အတ္တကိလမထ လမ်းစဉ်ဟာလည်း ကျဆုံးလို့သွားခဲ့ပါတော့တယ်။ ပညာရှိတစ်ယောက်ရဲ့ စရိုက်လက္ခဏာတစ်ခုက သူ့မျက်မှောက်လုပ် ရပ်ဟာ သူ့ကို ကျဆုံးစေတယ်လို့ သိလာတဲ့အခါမှာ နောက်ထပ်အသစ်တစ်ခု အတွက် အဲဒါကို စွန့်လွှတ်ရမယ့် အချိန်ဘဲလို့ နားလည်တာဖြစ်ပါတယ်။ အခြားသူများက အလားတူ အသုံးမကျတဲ့ လမ်းစဉ်ကို ခေါင်းမာစွာ ဆက်လက်လျှောက်လှမ်းနေစဉ် သူက အဲဒီနည်းလမ်းရဲ့ အသုံးမကျမှုကို အသိအမှတ်ပြုပြီး တခြားနည်းလမ်းကို ရှာပါတယ်။ သမဏဂေါတမဟာ လည်း အဲဒီအတိုင်းပါဘဲ။ ရသေ့ကျင့်ဝတ်ဆိုတဲ့ ဝန်ထုတ်ဝန်ပိုးကြီးကို အဆုံးစွန် အစွန်း သေမင်းလက်တကမ်းအထိ ထမ်းဆောင်ခဲ့ပြီး၊ တန်းဖိုးမဲ့ တဲ့ အဖြစ်ကိုလည်း တွေ့ရှိခဲ့ပါတယ်။ […]


kyawmonkhantNovember 22, 20101min971
ပထမဦးစွာ ဘာသာရေးဆရာတစ်ယောက်ကိုရှာခဲ့ရပါတယ်။ နောက်လိုက်နောက်ပါ အများနဲ့ ထင်ရှားကျော်ကြားတဲ့ ယောဂီတစ်ယောက်ဖြစ်တဲ့ အာဠာရကာလာမကို သူရွေးချယ်လိုက်ပါတယ်။ အာဠာရကာလာမ သင်ပေးနိုင်တဲ့အရာအားလုံးကို သူကျွမ်းကျင်စွာတတ်မြောက်ခဲ့ပါတယ်။ ဒါပေမယ့် ကျေနပ်မှု မရှိခဲ့ပါဘူး။ တခြားဆရာတယောက်ထံ ချဉ်းကပ်ပြန်ပါတယ်။ သူကတော့ ယောဂီအကျင့်မှာ အမြင့်ဆုံးအဆင့်ကို ရရှိထားတဲ့ ဥဒကရာမပုတ္တဖြစ်ပါတယ်။ ဒီတစ်ခါမှာလဲ ဆရာနဲ့အဆင့်တူ ကျွမ်းကျင်မှုတွေ ရရှိခဲ့ပါတယ်။ ဒါပေမယ်လို့ ခုချိန်တိုင်အောင်လဲ သင်္ခတ ဘဝရဲ့ နှိပ်စက် နာကျင်မှုတွေက လွတ်မြောက်မှုကို ရပြီလို့မယုံကြည်ပါဘူး။ ဆရာကြီး နှစ်ယောက်လုံးဟာ ဒီအဆင့်ရောက်အောင် နှစ်ပေါင်းများစွာ အားထုတ်ခဲ့ရပါတယ်။ သူတို့ရဲ့တပည့်ဖြစ်သူဟာ သူတို့နဲ့အဆင့်တူ ဖြစ်လာပြီဆိုတာကို သိလာတဲ့အခါမှာ သူ့တို့နောက်လိုက်တပည့်များရဲ့ ဦးစီးခေါင်းဆောင် သူတို့ရဲ့နေရာကို လက်ခံဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ဒါမေမယ့် မင်းသားရသေ့ကို ဆွဲဆောင်လို့ မရခဲ့ကြပါဘူး။ ရောက်ရမည့် မြင့် မြတ်တဲ့ ပန်းတိုင် […]


kyawmonkhantNovember 21, 20101min640
သကျမင်းသားငယ်တစ်ယောက်ထက် ဘဝကို ယဇ်မူးပျော်ရွှင်ဘွယ် ကောင်းသူ ဘယ်သူရှိသေးလဲ? စိတ်ကူးယဉ်တိုင်းရနိုင်တဲ့ စည်စိမ်းချမ်းသာ တွေနဲ့ခြံရံထားတဲ့သူ့ကို စိုးရိမ်တကြီးရှိလှတဲ့ သူ့ခမည်းတော်က ဒုက္ခတွေနဲ့ ရုပ်ဆိုးအကျည်းတန် ခပ်လှမ်းလှမ်းမြင်ကွင်းတွေကိုတောင် မမြင်ရအောင် ကာကွယ်ထားခဲ့ပါတယ်။သူ့ နေ့အချိန်တွေကို ညှိုးနေတဲ့ရော်ရွက်ဝါတွေ တမင်တကာ ခြွေလှစ်ဖယ်ရှားထားတဲ့ ပျော်ရွှင်ကြည်နူးဖွယ်ရာ ဥယျာဉ်သာမှာ ကုန်လွန်စေခဲ့ပါတယ်။ သံစဉ်ချိုတဲ့ငှက်တွေရဲ့ သီချင်းဆိုသံနဲ့ ရေပန်းတွေရဲ့ ရေကျသံတွေဟာ နာဝင်ပီယံဖြစ်စေပါတယ်။ သူနဲ့ သူအဖော်များကို နေ့ခင်းပို်င်း အပူရှိန်ပြင်းပြင်းက ကာကွယ်ပေးထားတဲ့ အေးမြတဲ့ ဥယျာဉ်စိမ်းစိမ်းထဲမှာ စပါယ်ပန်းရနံ့ ပန်ခြုံပန်းရုံများရဲ့ ရနံ့ထုံထားတဲ့ လေနုအေးလေးက နေရာယူထားပါတယ်။ ညအချိန်မှာဆိုရင် ဒေါင်းအမွေးအတောင်များနဲ့ လုပ်ထားတဲ့ ကြီးမားလှတဲ့ ယပ်တောင်ကြီးကို ညင်သာဖြေးညှင်းစွာ လှုပ်ခပ်ပေးလို့ လေနုလေးများ ဆော့ကစားရာ ကြီးကျယ်ခမ်းနားလှတဲ့ ခမ်းမကြီးထဲမှာ နံ့သာမီးအိမ်များရဲ့ နူးနူးညံ့ညံ့ ခပ်မှိန်မှန် အရောင်အောက်မှာ ကွေ့ကွေ့ကောက်ကောက် […]


kyawmonkhantNovember 21, 20101min1205
အတုမရှိဗုဒ္ဓမြတ်စွာ ဒီပို့စ်လေးကတော့ နိုင်ငံခြားသားတစ်ဦးရေးထားတဲ့ ဗုဒ္ဓဝင်အက်ဆေးပါ။ မူရင်းစာအုပ်ကတော့ Dimensions of Buddhist thought by Francis story ဖြစ်ပါတယ်။ အဲဒီ စာအုပ်ထဲက A Unique teacher ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ရေးထားတာကို ကျနော်ကြိုက်နှစ်သက်လို့ MGညီအကို မောင်နှမများကိုလည်း မျှဝေလိုတဲ့ ဆန္ဒနဲ့ ဘာသာစကား အကန့်အသတ်ရှိတဲ့ကြားထဲက ကြိုးစားပြီး ဆီလျော်အောင် ဘာသာပြန်တင်ပြတာဖြစ်ပါတယ်။ နဲနဲတော့ရှည်မယ်နော်။ သမိုင်းမှာ ကြီးကျယ်မြင့်မြတ်လှတဲ့ ပုံရိပ်များ များစွာပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့် လောကမှာ အကြီးကျယ်ဆုံးဘာသာရေးကိုညွှန်ပြခဲ့တဲ့ သကျမင်းသား သိဒ္ဓတ္ထ ဂေါတမလောက် စွဲမက်ဖွယ်ရာ အမှတ်တရဖြစ်စရာ ယခုမျက်မှောက်ခေတ် အချိန်စက်ဝန်းမှာ တယောက်မှ မရှိပါ။ သူဟာ ပုဂ္ဂိုလ်ရေးအနေနဲ့လည်း အတုလ, ဆရာတစ်ယောက်အနေနဲ့လည်း အတုလံ အတူမရှိ အတု […]


kyawmonkhantNovember 18, 20101min25314
ဟာသလေးတစ်ခုကို မျှဝေချင်လို့ပါ။ ဘုန်းကြီးကျောင်းတွေမှာ ဆွမ်းစားရင် အချက်ပေး တုန်း ဒါမှမဟုတ်ကြေးစည် ထိုးစည် ခေါင်းလောင်း ထိုးလေ့ရှိပါတယ်။ ဒါကတော့ ဆွမ်းစားချိန်ကိုသိအောင်လုပ်တဲ့ သဘောလို့ထင်ပါတယ်။ ခရီးသွားနေတဲ့ သံဃာတော်များလည်း ခေါင်းလောင်းသံကြားရင် ဆွမ်းအချိန်မီ ဘုဉ်းပေးနိုင်အောင် အချက်ပေးတဲ့သဘောပါ။ ဒါနဲ့ ပတ်သက်လို့ – ရွာတစ်ရွာမှာ အရက်မူးသမားတစ်ယောက်ရှိပါတယ်။ အဲဒီလူက မိုးလင်းကမိုးချုပ်အချိန်တိုင်း မူးနေတဲ့သူပါ။ ဘုန်းကြီးကျောင်းက ဆွမ်းစားတော့ ခေါင်းလောင်းထိုးပါတယ်။ အဲဒီအသံကြားရတဲ့ အမူးသမားက ဘာပြောလဲဆိုတော့ “ ဘုန်းကြီးများ ကြီးကျယ်လိုက်တာကွာ၊ သူများမစားချင်လို့ လှူလိုက်တဲ့ ချဉ်ဟင်းလေး၊ ငါးပိရည်လေး စားမှာများ ကြီးကြီးကျယ်ကျယ် ခေါင်လောင်းတွေ ဘာတွေထိုးနေရသေးတယ်။ ငါတို့လိုများ မိန်းမက ဘေးမှာထိုင်ပြီး မောင်ရေ ဒါကတော့ ကြက်သား ကာလသားချက်လေး၊ ဒါကတော့ ပုဇွန်ဆီပြန်၊ ဒါကတော့ မောင်ကြိုက်လို့ချက်ထားတဲ့ […]