may julyMay 11, 20131min25413
ဖြစ်ပုံကတော့ဒီလိုပါ … မဂျူးရဲ့ တူတော်မောင် စိန်မျောက်မျောက်ဒွေး ရဲ့  iPhone 5 (32 GB) Black လေးဟာ ဝေဇယန္တာလမ်းမပေါ်က ပုဂ္ဂလိကကျောင်းကို အသွားကားပေါ်ကအဆင်းမှာ ကျပျောက်ခဲ့ပါတယ် … သိသိခြင်းပဲ ချက်ချင်းပြန်ရှာတော့ မတွေ့တော့ပါဘူး … အဲဒါနဲ့ ဖုန်းကို ခေါ်ကြည့်တော့ လိုင်းဝင်နေတဲ့အသံကိုပဲ ကြားရပြီး ဖုန်းမကိုင်ပါဘူး …  နေ့ခင်းလောက်ကျတော့ ဖုန်းက စက်ပိတ်ထားတယ်ပြောပါတယ် … တောက်လျောက်ပါပဲ စက်ကို ပိတ်ထားပါတယ် ….  ည ၁၁နာ ရီလောက်ကျမှ ဖုန်းက လိုင်ဝင်ပြီး လူတစ်ယောက်ကိုင်ပါတယ် … တူလေးက ဖုန်းပြန်ပေးဖို့ပြောတော့ သူခိုးတာမဟုတ်ဘူး   ကောက်ရတာပဲ ပြန်ပေးစရာမလိုဘူးပြောပါတယ် .. ကလေးကတော့တော်တော်လေးစိတ်မကောင်းဖြစ်နေပါတယ် .. အဲဒါနဲ့ ဖုန်းဝယ်တဲ့ဆိုင်ကို ပြန်မေးတော့ […]


may julyJanuary 16, 20131min29115
မောင်ရေ လွမ်းလိုက်တာနော် … တစ်နေ့တစ်နေ့ အလုပ်များနေတဲ့ ကျမ … အရင်ကလို မောင့်မျက်နှာကို နေ့တိုင်းကြည့်ခွင့်မရခဲ့တာ…..အရမ်းကို သတိရတဲ့အခါ စက်ကလေးကိုဖွင့်  မောင့်မျက်နှာလေးကို အလွမ်းပြေကြည့်ရှု ရုံကလွဲပြီး မောင့်အတွက် ကွန်မန့် လေးတွေတောင်မရေးဖြစ်တော့တာ လည်းကြာပြီပေါ့ … ကျမ အရင်က မျက်နှာများခဲ့ပါတယ်မောင် .. မောင်နဲ့တွေ့ပြီးနောက်ပိုင်း မောင့်တစ်မျက်နှာပဲ တစ်ကမ္ဘာထင်ခဲ့တာပါမောင် .. အလုပ်ချိန်ကလွဲပြီး အားလပ်တဲ့အချိန်တိုင်း ကျမစိတ်ိတွေ မောင့်ဆီမှာပဲ ရှိနေခဲ့တာပါ … စာဖတ်ပျင်းတဲ့ကျမ မောင်နဲ့တွေ့မှပဲ စာကြမ်းပိုးဖြစ်ခဲ့ရတယ်နော် … နေ့စဉ်  ဖတ်ခွင့်ရတဲ့ မောင့်ရဲ့ စာတွေက ကျမအတွက် မျက်စိပွင့်နားပွင့်ဖြစ်ခဲ့ရတဲ့အပြင်  ကျမ်းမာရေးဗဟုသုတတွေလည်းအများကြီးရခဲ့ပါတယ်မောင် … မောင့်ရဲ့ စာတွေကို ဖတ်ခွင့်ရပေမယ့် မောင်ထံစာပြန်ဖို့ စိတ်ကူးလိုက်တိုင်း စာရေးပျင်းတဲ့ကျမ၊ စာတစ်ကြောင်းကို စီလျော်အောင်မရေးဖွဲ့တတ်တဲ့ကျမရဲ့ ညံ့ဖျင်းမှုတွေကြောင့် […]


may julyJuly 6, 20121min23212
ဘဝ ..စိတ်ကူး ..   ငါ့အတွက် မင်းမှာ ပြုံးပွင့်ဝေတဲ့ နေ့တွေ မရှိတော့ဘူးလား… ငါ့အတွက် မင်းမှာ ပျော်ရွင်ခဲ့တဲ့ အချိန်တွေ မရှိတော့ဘူးလား… ငါ့အတွက် မင်းမှာ ထဝရချစ်နေခွင့် မပေးနိုင်တော့ဘူးလား… မင်းအတွက် ငါ့မှာတော့ မကုန်ဆုံးတဲ့ ချစ်ခြင်းတွေကို ငါ့ဘဝရဲ့ မာတိကာမှာ အစဉ်အတိုင်း ချမှတ်ထားဆဲပါ ချစ်သူရယ်… သေသူကိုအသက်သွင်းလို့ ရခဲ့မယ်ဆိုရင် ငါ့နှလုံးသားကိုလဲ ပြန်ရှင်သန်ခွင့်လေး ပေးခဲ့ပါကွယ်… အချိန်တိုင်းကို မင်းနဲ့အတူ ကုန်ဆုံးချင်ပါတယ်…   * May * ဒီကဗျာလေးကတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကရေးထားတဲ့ကဗျာလေးပါ.. ခုတော့ဟုတ်ဘူးပေါ့နော် … 😛  


may julyJune 15, 20121min1727
ဗန်းမော်ဆရာတော်ဘုရားကြီး၏ သာရဏီယ ဩဝါဒကထာ … (၂၀၁၂ ခုနှစ် ၊ ဇွန်လ ၁၂ ရက် ၊ အင်္ဂါနေ့ ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ဟန်ရှင်လူပြည်သူပြည်သားအပေါင်းတို့ — ယနေ့အချိန်အခါသည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းမှီတင်းနေထိုင်ကြကုန်သော ရဟန်ရှင်လူ ပြည်သူအပေါင်းတိုကအနေဖြင့် မိမိတို့ မျှော်မှန်းခဲ့ကြသည့် နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေးစတဲ့လောကီအရေးအရာ ကိစ္စများတွင် အခြေအနေကောင်းများသို့ ဖန်တီးနေချိန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတတ်လာသည်နှင့်အမျှ မိမိတို့ သက်ဝင်ယုံကြည်ရာဘာသာအသီးသီး တိုးတတ်ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်နိုင်မည့်အရေး မျှော်မှန်းလျှက် တတ်ကြွရွှင်လန်းဝမ်းမြောက်နေကြသည့်အချိန်ကာလဖြစ်ပေသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင်လူဦးရေ သန်း-၆ဝ ကျော်ခန့်ရှိရာ လူဦးရေ၏ ၈၉.၃၈ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြပြီး ကျန်ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်သူနှင့်အခြားဟူပြီး  ဘာသာတရားမျိုးစုံ၊ အယူဝါဒမျိုးစုံရှိရာတွင် မြန်မာနိုင်ငံအတွင်း လူမျိုးမရွေး လူများစု လူနည်းစုခွဲခြားခြင်းမရှိ၊ မိမိတို့ ယုံကြည်ရာ ဘာသာကို […]


may julyMay 5, 20122min1233
ဗျာ, ဖွား, ပွင့်, စံ၊ ဤလေးတန်၊ မှတ်ရန် ဗုဒ္ဓနေ့…. ဟူသော ဗုဒ္ဓဝင်သီတံအရ ဗျာ-ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကို ခံယူပါတယ်။ ဖွား-ကဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူပါတယ်။ ပွင့်-ကဆုန်လပြည့်နေ့မှာ ပွင့်တော်မူပါတယ်။ စံ-ကဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန် စံဝင်တော်မူပါတယ်။ ဤကဲ့သို့ ကဆုန်လပြည့်နေ့မှာချည်း မြတ်ဗုဒ္ဓရဲ့ အဖြစ်တော် လေးမျိုးစလုံး တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်ခဲ့တဲ့ အတွက်ကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အနေဖြင့် ဗုဒ္ဓနေ့လို့ အထွဋ်အမြတ်ထား ခေါ်ဝေါ်ပြောဆိုရတာ ဖြစ်ပါတယ်။ ကဆုန်လကို ပုဂံခေတ်က ကုဆုန်၊ ကူဆုန်၊ ကဆုန်၊ ခူဆုန်၊ ခုဆုန်ဟု အမျိုးမျိုးရေးသား ခေါ်ဝေါ်ခဲ့တာကို ကျောက်စာများအရ သိရှိကြပါတယ်။ ကုဆုန်မှာ မူရင်း ဝေါဟာရဖြစ်ပြီး ကဆုန်စသော ကျန်ဝေါဟာရများမှာ ကုဆုန်မှ ရွှေ့လျားပြောင်းလဲလာသော ဝေါဟာရများ ဖြစ်ကြပါတယ်။ ကုဆုန်နှင့် […]


may julyApril 30, 20121min36722
ကဲ ပုံလေးကိုကြည့်လိုက်ကြစို့နော် …             ဒီပုံလေးကတော့ နှစ်ဆန်းတစ်ရက်နေ့မှာ  မြောက်ဒဂုံဘေလီတံတားအဆင်း ၃၅ မှတ်တိုင်နားမှာ ပရိတ်ရွတ်ရန် ပြင်ဆင်နေချိန်၊ ကင်မရာစမ်းတုံး ပေါ်လာတဲ့ပုံပါတဲ့.. လူတွေပြောပုံအရ ၎င်းဝိညဉ်သည် လွန်ခဲ့သည့်  ၄ – ၅ လလောက်က ဒုတိယနှစ်ကျောင်းသူလေးတစ်ဦးကားတိုက်ခံပီး သေဆုံးသွားတဲ့  ပုံနဲ့ တစ်ထပ်တည်း တူနေပါသတဲ့ … အဲဒီအချိန်တုန်းကတော့ ကျောင်းသူလေးသေဆုံးနေတဲ့ပုံကို အင်တာနက်မှာမြင်လိုက်ရဘူးပါတယ် … ခေါင်းက ပြောင်းပြန်ြဖြစ်သွားတယ်ပေါ့နော်.. ဒါပေမယ့် ခု မြင်လိုက်ရတဲ့ ဝိညဉ်ပုံကတော့ ကျောင်းသူလေးပါလို့ လူတွေက တစ်ထစ်ချပြောရလောက်အောင်  တူနေတာတော့မဟုတ်ပါဘူး .. အဲတော့ ဒီပုံလေးဟာ အမှန်အကန်လား .. ကင်မရာမင်းတွေရဲ့  အကြံအဖန်လားဆိုတာ မသိရသေးပါဘူး.. လူတွေအားလုံး ကတော့ […]


may julyApril 30, 20121min11610
ဖုန်း ringtunes များကိုမြန်မာသီချင်းကောင်းကောင်းများဖြင့် အသုံးပြုလိုသူများအတွက် www.myringtuneonline.com ဝက်ဘ်ဆိုက်တွင် အသုံး ပြုနိုင်ပါသည် ။  နာမည်ကြီး မြန်မာအဆိုတော်များ၏ တေးသီချင်း ringtunes များသာမက အင်္ဂလိပ်နာမည်ကျော် ဂီတ ပညာရှင်များ၏သီချင်း ringtunesများကိုလည်းရယူနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အိန္ဒိယ၊ တရုတ် အစရှိသည့် နိုင်ငံများမှ နာမည်ကျော် တေးသံရှင်များ၏ ringtunes  များကိုလည်း ဒေါင်းလုပ်ရယူနိုင်မည်ဖြစ်သည်၊ အွန်လိုင်းမှာ ပင် ကိုယ်ပိုင်အကောင့်ဖြင့် ringtunes များကို သိမ်းဆည်းထားချင်သူများအတွက်လည်း ထိုဆိုက်မှာပင် အကောင့်ဖွင့်ပြီး သိမ်းဆည်း ထားနိုင်ကြောင်း သိရပါသည် ။


may julyApril 27, 20121min74224
သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက် ၊ မြို့နယ်သံဃာ့နာယကဥက္ကဌ အောင်မြေဘုံစံကျောင်း  ဆရာတော် ဦးကောသလ္လ သည် ၁၉-၄-၂၀၁၂ နံနက် (၅) နာရီ တွင် ရင်ညွန့် စူးပြီး လေအောင့်သောကြောင့် လမ်းမတော်မြို့နယ် ဗဟိိုုစည် ဆေးရုံသို့ တတ်ရောက်ကုသခဲ့ပါသည်။ ၎င်း ဆေးရုံမှ ကုသပေးသော ဆရာဝန်မှာ အထွေထွေရောဂါနှင့် ဆီးချိုအထူးကု ပါမောက္ခဒေါက်တာ ဒေါ်သန်းသန်းအေး ဖြစ်သည်။ ရောဂါရှာဖွေရန် ဓါတ်မှန် ရိုက်ခြင်း၊ ECG ဆွဲခြင်း၊ သွေးစစ်၊ ဆီးစစ်၊ B  ပိုး၊ C ပိုး ၊  ဆီးချို စသည့်ဆေးစစ်ချက်များပြုလုပ်ခဲ့ရာ မည်သည့် ရောဂါမှ မရှိပါဟုအဖြေထွက်လာပါသည်။ ဆေးရုံရောက်ရောက်ခြင်း ရင်ဘတ်အောင့်သဖြင့် ဆေးထိုးခြင်း၊  Glucose  ချိတ်ခြင်းများ ပြုလုပ်ပေးခြင်းကြောင့် သက်သာသွားပါသည်။၂၀-၄-၂၀၁၂ တွင်ပါမောက္ခဒေါက်တာဒေါ်သန်းသန်းအေးမှ အစာအိမ်တွင် […]