mGJune 15, 20111min25216
အားလုံးသော အွန်လိုင်းမှ သူငယ်ချင်းများ၊ကျွန်တော် ဒီစာကို ကျွန်တော့မေးလ်ကနေ..Forward ရလာတာပါ။ဒါလေးကိုဖတ်မိတိုင်း အရမ်းကို စိတ်တုန်လှုပ်မိပြီး၊မျက်ရည်ကျမိပါတယ်။…… 🙁 အရေးကြီးတဲ့ မေးလ်တစ်စောင်မို့လို့ forward လုပ်လိုက်တာပါ။ အွန်လိုင်းက သူငယ်ချင်းများဆိုတာထက် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအတွက်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဒီမေးလ်ကို တခြားသူငယ်ချင်းတွေလည်း လက်ခံပြီးရင် လက်ခံပြီးလောက်ပါပြီ။ ဘာပဲဖြစ်ဖြစ် မသိသေးသော ကျွန်တော်သူငယ်ချင်းများအတွက် ထပ်ပြီး ပို့ပေးလိုက်တာပါ။ မေးလ်ကို ဖတ်ပြီးပြီးချင်း ပို့ပေးလိုက်တာပါ။ ဒီမေးလ်ကို ဖတ်ပြီးသွားတော့ အရမ်းကို အံ့ဩတုန်လှုပ်သွားတယ်။ ဒါဟာ ဖြစ်သင့်သလားဆိုတာကိုရောပေါ့။ (ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပါ။) မေးလ်လေးကို ဖတ်ပြီးသွားရင် forward မေးလ်လေး ထပ်လုပ်ပေးကြပါ။ တာဝန်ရှိသူများအနေနဲ့လည်း ဗုဒ္ဓဘာသာလူမျိုးတွေရဲ့ သဒ္ဓါတရားကို အဲဒီလိုနည်းနဲ့ မစော်ကားသင့်ပါဘူး။ ဒီကိစ္စကိုလည်း မြန်မာနိုင်ငံမှာရှိတဲ့ သူငယ်ချင်းများအားလုံး ဝိုင်းပြီးစုံစမ်းပေးစေချင်တယ်။ ဒီအကြောင်းအရာဟာ တကယ်ဟုတ်သလားဆိုတာကိုရောပေါ့။ ဘာသာခြားတွေကို […]


mGMay 9, 20111min1688
ယခု ကျွန်ုပ် mG တင်ပြလိုက်သောခေါင်းစဉ်နှင့်အညီ။ယခုကျွန်ုပ်သူငယ်ချင်းတစ်ယောက်ဆီမှ သိရသော Hacking ဆိုဒ်တစ်ခုကိုတင်ပြပါရစေ။ လည်းကောင်း Hacking ဆိုဒ်သည် Gmail ဒီဇိုင်းနှင့် ချွတ်စွတ်ပုံတူပြုလုပ်ထားပြီး ကမ္ဘာအနှံ့မှအင်တာနက်အသုံးပြုသူများ အများစုမှာ Gmail ကိုအဓိကထား အသုံးပြုကျသောကြောင့် လည်းကောင်းနှင့်ပုံတူပြုလုပ်ထားခြင်းလည်းဖြစ်သည်။ လည်းကောင်း Hacking ဆိုဒ်ထဲသို့ လူကြီးမင်းတို့ Gmail ဖွင့်ကြည့်သလိုပဲ… Username & Passwords ရိုက်ထည့်မိပါက လည်းကောင်းဆိုဒ်ထောင်ထားသူများသည် လူကြီးမင်းတို့၏ အကောင့်နှင့်လျှို့ဝှက်နံပါတ်များကို သိရှိသွားပါမည်။ထိုကဲ့သို့သိရှိသွားပြီဆိုလျှင် အကောင့်ရဲ့ လျှိူ့ဝှက်နံပါတ်ကို လည်းကောင်းဆိုဒ်မှပြောင်းလည်းလိုက်ပြီး လုံခြုံရေးဆိုင်ရာ စာရင်းဇယားများအားလုံးကို ပြောင်းလည်းပြီး လူကြီးမင်းရဲ့အကောင့်ကို အစဖောက်ခိုးယူသွားမှာဖြစ်ပါသည်။ သို့ပါသော်ကြောင့် လူကြီးမင်းတို့သိရှိစေရန်နှင့် Gmail ဆိုပါကချက်ချင်းမဝင်ပဲ…အရာရာတိုင်း ဆိုဒ်တိုင်းရဲ့အမှတ်အသားများကို သေချာစွာမှတ်ထားပြီး ကိုယ်ဝင်နေကျဆိုဒ်အမှန်ဆိုမှ ဝင်ရောက်စေချင်ပါကြောင်း သတိပေးလိုက်ပါတယ်နော်။ လည်းကောင်းဆိုဒ်လိုမျိုး အကောင့်များပျောက်ခြင်းများဖြစ်ပေါ်ပါက ကျွန်ုပ် mG နှင့်ဆက်သွယ်နိုင်ပါသည်။ကျွန်ုပ်ကူညီနိုင်သလောက်ကူညီပေးပါမည်။ […]


mGMarch 28, 20111min19613
ခေါင်းစဉ်ကိုသာ အဲ့လိုရေးထားရတာ ဟုတ်မဟုတ်တော့ သေချာမသိရသေးဘူး။ ဒီ HIV/AIDS ရောဂါကိုတော့ ပျောက်အောင်လုပ်ပေးတယ်လို့တော့ ပြောထားတာ မတွေ့ဘူးဗျ။ကုပေးတယ်ဆိုတာလောက်ပဲတွေ့ရတယ်။နောက်ပြီးတော့ ပိုထူးဆန်းတာက ဘုန်းကြီးလုပ်တာတဲ့။ဆရာတော်ဟာ ဒီပဲယင်းမြို့မှာ၊တောင်ပြင်ရပ်၊ဒကိ္ခဏရာမကျောင်းတိုက် မှာသီတင်းသုံးဆောင်တယ် လို့လည်းသိရတယ်ဗျ။ဆရာတော့ ဖုန်းနံပါတ်လည်းပါတာတွေ့ရတယ်။ရန်ကုန်ကလူတွေ အတွက်လည်း ဆက်သွယ်လို့ရအောင် . . . . . . . . . . ယုဇနဥယျာဉ်မြို့တော်၊(၅-လမ်း)-ဘီ၊ပွိုင့်မုန့်ဟင်းခါးဆိုင် မှ (မမိုး) ဆိုသူထံမှာ စုံစမ်းနိုင်တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ ရောဂါကျွမ်းနေတဲ့လူတွေကိုတော့ ပျောက်ကင်းဖို့အတွက် လုံးဝတာဝန် မယူဖူးလို့လည်းဆိုထားတယ်ဗျ။အဲ့တော့ ဝေသနာရှင်တွေ အနေနဲ့ ကံစမ်းမဲနှိုက်ရမဲ့ပုံ ပဲဗျ။ဆရာတော်ဟာ နှစ်(၃၀) လုံးလုံး ဖော်စပ်ထားတဲ့ အာယုဝတ္ထနဆေးကို စားသုံးနေတာဖြစ်တဲ့ အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးမရှိကြောင်းကိုလည်း အာမခံထားပါသေးတယ်။ မှတ်ချက် ။ ။ အောက်မှာဆရာတော်ရဲ့ […]


mGMarch 26, 20111min1184
ဂန္ဓဝင် ရုပ်ရှင်မင်းသမီးကြီး အသက် ၇၉နှစ်ရှိပြီဖြစ်တဲ့ အက်လစ်ဇဘက် တေးလာ ဟာ မတ်လ ၂၃ ရက်နေ့မှာ လော့စ်အိန်ဂျယ်လစ်မြို့ စီဒါ စိုင်နိုင် ဆေးရုံမှာ ခြောက်ပတ်ကြာ ဆေးကုသမှု ခံယူပြီး ငြိမ်းချမ်းစွာနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ လှပချောမောပြီး လိင်ဆွဲဆောင်မှု အားကောင်းတဲ့ အမျိုးသမီး၊ စိတ်ဆတ်တဲ့သူ၊ သွက်လက်ဖြတ်လတ်တဲ့သူ၊ အိမ်ထောင်ဆက်တွေ များတဲ့သူ စသဖြင့် နာမဝိသေသနပေါင်း များစွာနဲ့ နာမည်ကြီးခဲ့တဲ့ တေးလာဟာ အော်စကာ အကယ်ဒမီဆုကို နှစ်ကြိမ်တိုင်တိုင် ရရှိခဲ့တဲ့ မင်းသမီးတယောက်လည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၆ဝ ခုနှစ်တွေတုန်းက ကလီယိုပတ်ထရာ၊ ဘတ်တားဖရီဒ်အိတ်၊ ဟူးစ်အဖရိတ်အော့ဗာဂျင်းနီးယားဝုဖ် အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီး တယောက်လည်း ဖြစ်ပါတယ်။ သူမ အောင်မြင်ကျော်ကြားခဲ့တဲ့ အချိန်တုန်းကတော့ ကမ္ဘာ့အလှဆုံး […]


mGMarch 22, 20111min1367
အစိုးရ ဝန်ထမ်းတွေပေါ့ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းရန်အတွက် အစိုးရ ဝန်ထမ်းလစာများ လျှော့မည် မြန်မာနိုင်ငံတွင် ကုန်ဈေးှနှုန်းကြီးမြင့်ခြင်း၊ ငွေကြေးဖောင်းပွမှုများ ဖြစ်နေခြင်းတို့ကြောင့် ယင်းတို့ကို ထိန်းသိမ်းရန်အတွက် အစိုးရဝန်ထမ်းလစာများကို လျှော့ချသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီးက ကြာသပတေးနေ့က ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့သည်။ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၂) မှ ကိုယ်စားလှယ် ဦးလဖိုင်ဇော်ခွန်၏ အစိုးရဝန်ထမ်းလစာများ တိုးမြှင့်ပေးရေးနှင့် နိုင်ငံတော် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပြီး သက်ပြည့်ပင်စင်၊ ကျန်းမာရေးပင်စင်တို့ဖြင့် အငြိမ်းစားယူခဲ့ကြသော ပင်စင်စားများအား ပင်စင်လစာများကို တိုးမြှင့်ပေးရန် အဆိုပြုလွှာကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှ ဒေါက်တာစိုးစန္ဒာမှ ထောက်ခံခဲ့ပြီး ပြည်သူ့လွှတ်တော်တွင် ထောက်ခံမဲ ၁၂၈ မဲ ကန့်ကွက်မဲ ၉၄ မဲ၊ ကြားနေမဲ ၂၃ မဲတို့ဖြင့် […]


mGMarch 20, 20111min771
သောကြာနေ့မှာ ဖြစ်ခဲ့တဲ့ ငလျင်နဲ့ ဆုနာမီ က ဂျပန် အရှေ့မြောက် ကမ်းရိုးတမ်း ကီလိုမီတာ ရာပေါင်းများစွာရဲ့ မြို့ရွာတွေကို အပျက်အဆီး အပိုင်းပိုင်းအစစနဲ့ ထားခဲ့ပြီး နောက် အခု ကြောက်မက်ဖွယ် နျူကလီးယား ဘေးဆိုးကြီးကို ဂျပန်လူထု ထပ်ရင်ဆိုင်နေကြရသည်။ ဖူကီရှိမာ နျူကလီးယား စက်ရုံမှ တတိယမြောက် ဓာတ်ပေါင်းဖိုရဲ့ ရေဒီယိုသတိ္တကြွတွေ ပွင့်ထွက်ဖို့ တဲတဲဖြစ်နေသည်။ အဲဒီ ဓာတ်ပေါင်းဖိုကို ပိုင်တဲ့ တိုကျို လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီ (Tepco) က ပင်လယ်ရေနဲ့ ဝိုင်းပက်ဖျန်း အအေးပေးဖို့ ကြိုးစားပေးမဲ့ အန္တရာယ်က ပိုနီးကပ်လာနေသည်။ သို့သော် ကြီးမားတဲ့ ကပ်ဘေးဆိုးတွေကြားမှာပဲ အပြုသဘောဆောင်တဲ့ မြင်ကွင်းတွေ တွေ့ကြရသည်။ ကြောက်မက်ဖွယ် အန္တရာယ်နဲ့ စိန်ခေါ်မှုတွေကို ဂျပန်အစိုးရ ဘယ်လို တုံ့ပြန်သလဲ။ […]


mGMarch 8, 20111min510
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပေါ်ထွက်လာခဲ့တဲ့ GSM (၅)သိန်းဖုန်းတွေကို မန်းသူမန်းသားတွေစိတ်ဝင်စားမှု ထင်သလောက်မရှိခဲ့ဘူးလို့ ဖုန်းဆိုင်ကြီး အချို့ဆီမှ စုံစမ်းသိရှိရပါတယ်။အားလုံးမျှော်လင့်နေကြသလိုဖုန်းရော အင်တာနက်ပါ အသုံးပြုနိုင်တဲ့ စနစ်မျိုး မဟုတ်တဲ့အတွက် CDMA 800MHz (၅)သိန်းဖုန်းတွေလောက်ဝယ်လိုအား မြင့်တက်ခဲ့ခြင်းမရှိဘူးလို့ မန္တလေးနာမည်ကြီး ဖုန်းဆိုင်အချို့က တညီတညွတ်တည်းဆိုပါတယ်။ ”လူတွေကအင်တာနက်ပါမယ်ဆိုရင် စိတ်ဝင်စားနေကြတာ၊အခုအင်တာနက်မပါဘူးဆိုတော့ သိပ်စိတ်မဝင်စားတော့ဘူး။Voice Call ပဲသုံးမယ်ဆို ရင်လည်း CDMA 450 MHz ကမြို့ပိုရတယ်။GSM ထက် CDMA 450 MHz (အသုံးပြုနိုင်တဲ့မြို့အရေအတွက်)၄ ဆလောက်ပိုများတယ်”လို့ သက်တမ်းရင့်မန်းဖုန်းဆိုင်တစ်ဆိုင်ရဲ့တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ မန်းဈေးကွက်ရဲ့ဈေးကွက်ဝေစု(၃၀)ရာခိုင်နှုန်းနီးပါးရရှိထားတဲ့နာမည်ကြီး ဖုန်းဆိုင်တစ်ဆိုင်မှတာဝန်ရှိသူတစ်ဦးကလည်း”ကျွန်မတို့ဆိုင်မှာ GSM ဝယ်လိုအားသိပ်မတက်ပါဘူး။မြင်းမူလိုနေရာမျိုးက GSM မမိဘူး။၄၇၁-၉၁ဝ ကမိတယ်။အင်တာနက်အသုံးပြုခွင့် တစ်ခါတည်းမချပေးဘူး။ လျှောက်လွှာထဲမှာ အင်တာနက်အသုံးပြုမယ်၊မပြုဘူးဖြည့်စရာလည်းမပါဘူး။တစ်နိုင်ငံလုံး ပြောလို့ရတာရယ်၊အင်တာနက်သုံးလို့ရတာရယ်ကြောင့် ၄၇၁ နဲ့ ၉၁ဝ ကိုပဲပိုကြိုက်ကြတယ်”လို့ပြောပါတယ်။ စာမူရင်း – mdy […]


mGMarch 8, 20111min9813
ပြည်တွင်းတွင် အသုံးပြုလျက်ရှိသောကြိုးဖုန်းဘေလ်နှုန်းထားမှာ ယခင်တစ်မိနစ်(၂၅)ကျပ်မှ ယခုအခါတစ်မိနစ်(၅၀)ကျပ် သို့ပြောင်းလဲသွားကြောင်းအဆိုပါဖုန်းဘေလ် ဆောင်ခဲ့သူများထံမှသိရသည်။ “ဖုန်းဘေလ်သွားဆောင်တော့ တစ်မိနစ်(၅၀)နှုန်းနဲ့ဆောင်ခဲ့ရပါတယ်။ပြီးတော့ ကျပ်(၅၀)ကျတဲ့ ဖုန်းဘေလ်တွေတောင် (၇၅)ကျပ်ဖြစ်မယ်လို့ ကြားနေပါတယ်”ဟုကြိုးဖုန်းဘေလ်ဆောင်ခဲ့သူတစ်ဦးကပြောသည်။ ထိုကဲ့သို့ဖုန်းဘေလ်များကို တိုးမြှင့်ကောက်ခံခြင်းကို ယခုကာလအတွင်းမှစတင်ကောက်ခံခြင်းဖြစ်ပြီး ကြိုးဖုန်းဘေလ်များယခုကဲ့သို့မြင့်တက် သွားခြင်းကြောင့် အများပြည်သူသုံးဆက်သွယ်ရေးဖုန်းရုံးများမှဖုန်းပြောခများမှာလည်း မြင့်တက်လာဖွယ်ရှိကြောင်းသိရသည်။လတ်တလောအဆိုပါ ဖုန်းရုံးများတွင် ဖုန်းပြောဆိုခမှာ တစ်မိနစ်ကျပ်(၅၀)နှုန်းဖြစ်သည်။


mGMarch 6, 20111min905
မြန်မာနိုင်ငံစည်ပင်သာယာရေးအဖွဲ့မှပြည်သူတွေအပေါ် ထားတဲ့ကျန်းမာရေးစေတနာ…..။လည်းကောင်းမြင်ကွင်းအားလုံးသည် ရန်ကုန်မြို့၏ မြို့လည်ကောင်အတွင်း တွေ့မြင်လိုက်ရသော…ခြင်ဆေးဖြန်းနေသော စေတနာ့ဝန်ထမ်းများ၏ ကူညီပေးမှုကိုအထပ်ဖော်ပြပါပုံစံ အတိုင်းမြင်တွေ့လိုက်ရပါသည်။ ကျန်းမာရေးရှု့ထောင့် > > > ယခုကဲ့သို့ ခြင်ဆေးများကို ဖြန်းခြင်းဖြင့်..ပြည်သူလူထုများနှင့်ယာဉ်သွားလာမှုများကို ကြီးမားသော အန္တရယ်များကို အချိန်မရွေးဖြစ်စေနိုင်ပါသည်။ခြင်ဆေးဖြန်းနည်းအမျိုးမျိုးသော နည်းများကို…စနစ်တကျဖြန်းခြင်းဖြစ်… ရန်ကုန်မြို့တော်ကြီး၏ စနစ်ကျကျ…..သာယာလှပတဲ့မြို့တော်တခုအဖြစ် ပြုနိုင်မဲ့မြို့တော်စည်ပင်အုပ်ချုပ်ရေးမှူးများကို ရန်ကုန်မြို့တော် သာယာရေးအတွက် လိုအပ်နေပါတယ်…။ လမ်းဘေးဈေးသည်၏ ရင်တွင်းစကား > > > ၁၈လမ်းဈေး၊၁ရလမ်းဈေး နှင့် သံဈေး အစရှိသော ဈေးများမှသည် အထပ်ဖော်ပြပါပုံအတိုင်းခြင်နှိမ်နင်းမှုများဆက်လက် လုပ်ဆောင်နေမည်ဆိုပါက ပြည်သူတွေအနေနဲ့ကျန်းမာရေးဆိုးရွားစွာ ထိခိုင်နေနိုင်ပါကြောင်းကိုလည်း…လက်ရွက်ဈေးသည်များ၏ သည်းထွားသံများမှတဆင့်ကြားသိရပါသည်။တိုက်ခန်းနေ ပြည်သူအချို့မှာလည်း လည်းကောင်းအထပ်ပါ ကိစ္စရပ်နှင့်ပတ်သက်ပြီးနောက်ပိုင်းဆောက်လုပ်ထားသော တိုက်ခန်းများမှာအလွန်ကျဉ်းပြီးအချို့အခန်းများမှာအလုံပိတ် ပုံစံတည်ရှိနေပါသောကြောင့် လည်းကောင်းအခိုးအငွေ့မှာ…အိမ်အတွင်းသို့ ဝင်ရောက်လာပါက တိုက်ခန်းနေပြည်သူများအနေဖြင့် အသက်ရှူလမ်း ကြောင်းနှင့်အခြားသော လေပြွန်ရောဂါများ အလွယ်တကူခံစားရရှိနိုင်ကြောင်းသိရှိရသည်။


mGJanuary 18, 20111min1739
Gtalk အသုံးပြုသူများ အားလုံးသတိပြုမိစေရန် နှိုးဆော်လိုက်ရပါတယ်…။ Gtalk အကောင့်ပိုင်ရှင် တစ်ဦးဖြစ်သော { zawkokoaung18@gmail.com } အားသတိပြုကြရန် တိုက်တွန်းအပ်ပါသည်။ လည်းကောင်း အကောင့်ပိုင်ရှင်သည် လူကြီးမင်းတို့၏ အကောင့်ကို ကြိုတင်ဝင်လျှောက်ခြင်းဖြစ်သော်လည်းကောင်း၊Invite လုပ်ခြင်းဖြစ်သော် လည်းကောင်း၊Chat History များ နှင့် Mail များ၊Passwords များအား ခိုးယူ၊ကြည့်ရှု့ခြင်းဖြစ်သောလည်းကောင်း၊လူကြီးမင်းတို့၏ Gtalk အကောင့်ခွဲအဖြစ် ဖန်တီးခြင်းဖြစ်သော်လည်းကောင်း ပြုလုပ်နေပါလိမ့်မည်။ လည်းကောင်းအကောင့်ပိုင်ရှင်သည် ဆဲရေးတိုင်းထွာခြင်း၊လူကြီးမင်းတို့ တင်ထားသော Gtalk မှလူကြီးမင်းတို့၏ ဓာတ်ပုံများအား ပုံတူခိုးယူ တင်ထားခြင်း၊လူကြီးမင်းတို့၏ သူငယ်ချင်းများအား လူကြီးမင်းမှ တခြားသော အကောင့်ခွဲဖြစ် ဆဲဆိုခြင်းပုံစံဖြစ်စေရန် အတွက် ဆဲဆိုခြင်း၊ လူကြီးမင်းတို့ သူငယ်ချင်းနှစ်ဦးကြား သွေးထိုးစကားများပြောခြင်း၊ရန်တိုက်ပေးခြင်း နှင့် စွပ်စွဲခြင်း ကိစ္စရပ်များကို ဖန်တီးပြုလုပ်လျက်ရှိနေပါသည်။ သို့ပါသော်ကြောင့် လည်းကောင်း အကောင့်အား […]


mGDecember 30, 20101min1659
မနက်ဖြန် ဖြစ်တဲ့ 31.12.2010 သောကြာနေ့ New-Year မှာ အထပ်တပ်မတော် ခေါင်းဆောင်က CLUB အားလုံးပိတ်ရမယ်လို့ ကလပ်တွေကို နာမည်စရင်းနဲ့ အမိန့်ချမှတ်ထားကြောင်း သိရှိရပါသည်။ 1.JJ Club ကတော့ ဓားထိုးမှုကြောင့် လွန်ခဲ့သော 5 ရက် ၊ 6 ရက်လောက်ထဲက ပိတ်ထားတယ်လို့ သိရတယ်။ 2.Channel V Club ကတော့. . . .ရိုက်ပွဲကြောင့် လွန်ခဲ့သော 2 ရက်လောက်က ပိတ်ခံထားရတယ်တဲ့။ 3. 9 လွှာ Club ကတော့ ….. ပိတ်ထားတာ 3 ရက်လောက်ရှိနေပါပီတဲ့။ 4.IQ Club ကလည်း……အဲ့နေ့မှာ ပိတ်ထားရဖို့ အမိန့်ချမှတ်ခံထားရပါတယ်။ လို့ပဲ သိထားရသေးပါတယ်။ Show ပွဲတွေကိုတော့ […]


mGDecember 13, 20101min12211
Monday, 13 December 2010 11:13 administrator ရန်ကင်းမြို့နယ်၊ ရန်ကင်း အထက (၂) က ကျောင်းအုပ်ကြီးက နေရာပြောင်းရွေ့ရမည့် ဖြစ်တဲ့အတွက်ကြောင့် သူငယ်တန်းမှ ၁ဝ တန်းအထိ ကျောင်းသားများထံမှ တစ်ယောက်လျှင် ၅၀၀ဝ ကျပ်အလှူငွေကောက်ခံပါတယ်..ဆရာ/ဆရာမ များထံမှလည်း တစ်ဦးလျှင် ၁၀၀၀ဝ ကျပ်ကောက်ခံတယ်လို့ သိရပါတယ်..မပေးမနေရ ပေးရမယ်လို့ အတန်းပိုင်ဆရာတွေကလည်း ကျောင်းသားတွေကို ချိန်းခြောက် ပြီးကောက်ခံတယ်လို့ သိရပါတယ်..မပေးနိုင်တဲ့ ကျောင်းသားလေးတွေက ကျောင်းမတက်ဘဲ ကျောင်းပုန်းနေပါကြောင်း ..ကျောင်းသားမိဘ တစ်ဦးက ပြောပြပါတယ်.. ဒါဟာ နေ့ ခင်းကြီး ဓါးပြတိုက်တာလို့ လည်း ပြောပြသွားပါတယ်.. ဗမာ့ခေတ် ရွှေမန်း Media မှကူးယူတင်ပြထားပါသည်။မြန်မာနိုင်ငံ၏ သတင်းတွေဟာ အခြေအနေ ပိုဆိုးသည်ထပ် ပိုဆိုးလာသည်ကို ပြည်တွေ နဲ့ ဒီမိုကရေစီခေါင်းဆောင်တွေ […]