Nu ThanNovember 11, 20131min1591
သံတွဲ GSM ကော်မီတီ၏ အကြံအဖန်ဖုန်းခွဲတမ်းများ- ရခိုငြ်ပည်နယ်သံတွဲမြို့တွင် တန်ဘိုးနည်းတယ်လီဖုန်းများကို မိဘပြည်သူများအသုံးပြုနိုင်ရန်အတွက်ဆိုကာနိုုင်ငံတော်အစိုးရမှချထားပေးပါသည်။ သို့သော်မိဘပြည်သူများလက်သို့ရောက်ရှိခြင်း မရှိဘဲ အခွင့်ထူးခံလက်ထဲတွင်ဠာနဆိုင်များအတွက်ဆိုဖြတ်ယူနေပါသည်။ မယကအတွက်ဆိုကထိုခွဲတမ်းများထဲမှဖုန်းအလုံး(၅၀)ကိုကိုယ်ကျိုးရှာဖြတ်ယူပြီးမှကျန် သောဖုန်းများကို တစ်ရပ်ကွက်၃ လုံး (၄) လုံးဖြင့်ချပေးပါသည်။ထိုသည်ကိုလည်းရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ရာအိမ်ခေါင်း များဖြတ်ယူလိုက်သဖြင့်ပြည်သူများလက်ထဲ့သို့မရေရှိတော့ပါ။ ယခင်ကလဲ အစိုးရဝန်ထမ်းများကိုအကြွေစနစ်ဖြင့် တစ်လ လျှင်(၁၀၀၀၀/ တစ်သောင်း)ဖြင့်ရောင်းချထားပြီးဝန်ထမ်းတိုင်းဖုန်းများရရှိထားပြီးဖြစ်သော်လည်း ယခုထပ်မံပြည်သူများအားချပေးသောဖုန်းကိုဖြတ်ယူရောင်းချနေပြန်ပါသည်။ ယင်းဝယ်ယူရရှိထားပြီးသူများဖြစ်သောဌာနဝန်ထမ်းကိုပင် ယခုထပ်မံပြီးခွဲတမ်းချပေးကာ ပြန်လည်ရောင်းချရန်အလွဲသုံးစားလုပ်ခွင့်ပေးထားပါသည်။ ထို့အပြင် သံတွဲခွဲတမ်းအလုံး(၅၀၀)ကျပါ အလုံး(၂၅၀)သာ ဝန်ထမ်းနှင့်ပြည်သူလူထုအတွက်ဆိုကာရပ်ကွက်တစ်ကွက် အတွက် (၅)လုံးချပေးကာ သံတွဲမြို့ပေါ်ရပ်ကွက်များတွင်ရရှိသော ခွဲတမ်းကိုရပ်ကွက်အုပ်ချုပ်ရေးမှူး ဆယ်အိမ်မှူးတို့ခွဲဝေယူကြခြင်း ထိုအပြင်တစ်ချို့ရပ်ကွက်များတွင်ဟန်ဆောင်မဲနှိုက်သည်ဆိုကာ ရပ်ကွက်အတွင်းအိမ်ခြေ(၄၀၀)ရှိပါကအိမ်ခြေ(၄၀၀)မဲပြုလုပ်ထားပြီးသတ်မှတ်ချိန်(၁) နာရီအတွင်းရောက်ရှိသူ(၅၀)သာရှိပါကလူ(၅၀)မဲနှိုက်ပြီးကျန်မဲများအားလုံးကိုမဲနှိုက် ခြင်းမရှီဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှပြင်ပပေါက်ဈေး(၁)သိန်းကျော်နှင့်ရောင်းစားနေခြင်း များကိုဥပဒေမြဲ့ပုလုပ်နေပြီး ဌာနများမှလဲ ဥပဒေမဲတရားမဝင်ဈေးနှုန်းများဖြင့် ရောင်းချနေသည့်အပြင် သံတွဲမြို့ဖုန်းချရေးကော်မတီဥက္ကဌ ဆိုသောမြို့နယ်အုပ်ချုပ် ရေးမှူးသည်လည်းတလလျှင်ဖုန်းအလုံး(၅၀)ကိုပြင်ပပေါက်ဈေး(၁)သိန်းကျော်ဖြင့် ရောင်းချနေပြီးလစဉ်တရားမဝင်ငွေသိန်း(၅၀)ကျော်ဝင်ငွေစီလျှက်ရှိပါသည်။တယ်လီဖုန်းရုံးမှတာဝန်ခံများသည်လည်းတစ်လျှင်ဖုန်း(၃၀)စီပြင်ပပေါက်ဈေးဖြင့်ရောင်းပြီးသပိတ်.ဝင်အိပ်ဝင်ငွေသိးန်(၃၀)စီရရှိရာဖုန်းရုံးဝန်ထမ်းများပင်တစ်လလျှင်(၁၀)လုံးခွဲတမ်းရရှိ ကာပြင်တွင်ပြန်ရောင်းပြီးငွေ(၁၀)သိန်းဝင်ငွေစီလျှက်ရှိရာနိုင်ငံတော်သမ္မတ၏ဆင်းရဲ သူများအတွက်တန်ဖိုးနည်းဖုန်းများမှာ ပြည်သူလက်ထဲသို့ လုံးဝရောက်ရှိခြင်မရှိဘဲ အကျင့်ပျက်ဝန်ထမ်းများအတွက်လုပ်စားစရာဂွင်ကြီးဖြစ်နေပြီးလစဉ်ရရှိသော ဖုန်းအရေအတွက်မည်သူသို့ပေးသည်မည်သို့အကြောင်းကြောင့်(မဲစနစ်(သို့) အခြားမည်သည့်စနစ်ဖြင့်)ဆိုသည်ကိုတရားမျှတစွာအများပြည်သူသိအောင်ကြေငြာ […]


Nu ThanMay 6, 20131min930
ရခိုင်ပြည်နယ်ကညနအဖွဲ့ဝင်များ ရခိုင်ပြည်နယ်အတွင်းမော်တော်ယာဉ်လိုင်စင်များ အားသတ်မှတ်နှူန်းထားများထက်ပိုမိုပြီးကောက်ခံခြင်း ရခိုင်ပြည်နယ်ကညနအဖွဲ့ဝင်များ ရခိုင်ပြည်နယ်အတွင်းမော်တော်ယာဉ်လိုင်စင်များ အားသက်တမ်းတိုးခြင်း၊ဆိုင်ကယ်လိုင်စင်ပြုလုပ်ခြင်း၊ ယာဉ်မောင်းလိုင်စင်များကိုနိုင်ငံ တော်အစိုးရ၏သတ်မှတ်နှူန်းထားများထက်ငွေကျပ်သောင်းနှင့်ချီပိုမိုပြီးကောက်ခံပြီး ဆောင်ရွက်ပေးနေပါသည်၊တကယ်တမ်းကညနလိုင်စင်ရဲ့တရားဝင်ငွေရရှိကြောင်းပြေ စာတွင်ရာဂဏာန်းထောင်ဂဏန်းလောက်ဘဲဖေါ်ပြထားပေမယ်လက်တွေ့မှာတော့ကျပ်သောင်းနှင့်ချီကာတောင်းခံသဖြင့်ပေးခဲ့ရကြောင်း၊လက်တွေသက်တမ်းတိုးလုပ်ဆောင်ခဲ့သူဦးမောင်လှမှသတင်းဂျာနယ်သို့ပြောကြားခဲ့ပါသည်၊ဆိုင်ကယ်လိုင်စဉ်၊သက်တမ်းတိုးဆောင်ရွက်ရာတွင်လည်း လုပ်ငန်းနှင့်မည်သို့မှ မဆိုင်သောမြွေအန္တရယ်အသက်အာမ ခံကိုပြုလုပ်ရပြီး ။သတ်မှတ်ငွေကောက်ခံလွှာတွင်အသက်အာမခံ(၂၀၀)ဟုရေးထားပြီး ငွေကောက်သည့်အခါ(၁၀၀၀)ကျပ်ကောက်ခံနေပါသည် ။ထို့အပြင်တရားမဝင်ပြေစာ ရရှိခြင်းမရှိပေးဆောင်ရသည့်ဒဏ်ငွေများစွာရှိပြီး၊တရားမဝင်ခဲခြစ်မှစပြီးပြီးဆုံးသည်အထိပြေစာရရှိခြင်း( သို့ )နိုင်ငံတော်သို့ပေးသွင်းမရှိသောကြားပေါက်ငွေအနည်းဆုံး (၁၂၀၀ဝိ/)ပေးနေရပါသည်။၎င်းတို့ကိုထိရောက်စွာအရေးယူပေးပါရန်နှင့်ငွေကောက်ခံမှုအားလုံးအတွက်ပြေစာထုတ်ပေးပါရန်တင်ပြအပ်တိုင်ကြားအပ်ပါသည်။ ထို့ကဲ့သို့သတ်မှတ်နှုန်းထားများထက် ကျပ်သောင်းနှင့်ချီကာပေးဆောင် ကြပြီးလိုင်စင်သက်တမ်းတိုးခြင်း၊ လူလို်င်စင်ပြုလုပ်ခြင်းအစရှိသော ကိစ္စများဆောင် ရွက်ရာတွင်ငွေကြေးမြောက်များစွာတရားမဝင်တောင်းခံနေကြပြီးထိုသို့တောင်းခံမှလုပ် ကိုင်ပေးကြပါသည်၊ရခိုင်ပြည်နယ်လုပ်ငန်းလိုင်စင်များသက်တမ်းတိုးဆောင်ရွက်ပေးရာ တွင်တရားမဝင်ငွေကြေးများစွာ ကညနအဖွဲ့မှတရားမဝင်ငွေကြေးများစွာရရှိပြီမိမိတို့ အိမ်များကိုမွေးရေ ဘဏ်များမှတစ်ပတ်လျှင်ကျပ်သိန်း (၁၀၀) နှင့်ချီရရှိကြပြီးငွေလွဲကြ ကြောင်း၊ကညနအဖွဲ့ဝင်များ၏တရားမဝင် ငွေရှာဖွေနေမှုကိုတင်ပြလိုက်ရပါသည်။


Nu ThanMay 5, 20131min950
သံတွဲစည်ပင်သာယာမှလမ်းတစ်လမ်းကတ္တရာထပ်ပိုးလွှာခင်းရာတွင် လနှင့်ချီကြာမြင့်စွာခင်းနေကြခြင်း သံတွဲစည်ပင်သာယာသည် လမ်းကတ္တရာထု ၄ လက်မတင်သည်ဆိုကာငွေကျပ် သိန်းပေါင်းများစွာ နိုင်ငံတော်အစိုးရမှချပေးထားသော်လည်း အမှန်တကယ်လုပ်ဆောင် ရာတွင်လမ်းများကို အောက်တွင်ကျောက်ခဲခင်းကာအပေါ်တွင်ကျောက်စရစ်ခဲများတင် ကြိပ်ပြီးနောက် ကတ္တရာပါသည်ဆိုယူံပါးပါလေးလောင်းကာထိုနောက်ကျောက်စရစ် အသေးများထပ်ချကာ ကတ္တရာပါသည်ဆိုရုံလောင်းကာသဲခင်းထားပါသည်။ဤသို ့ လမ်းခင်းခြင်းသည်ခိုင်ခန့်မှုမရှိ ပါ၊အပေါ်တွင်ကတ္တရာထုအနည်းငယ်မျှပင်မတက်ပါ ခေတ္တသာခံသောလမ်းခင်းနည်းများဖြင့်လမ်းခင်းနာမည်ယူကာလမ်းခင်းနေပါသည်။ ဤသို့လမ်းခင်းရာတွင် ကျောက်ကြီးများကိုခွဲရာတွင် လူတစ်ယောက်ဖြင့်သာပြုလုပ် နေပါသဖြင့် အချိန်များစွာကြာမြင့်ပြီး လမ်းသွားလမ်းလာများမှာခက်ခဲစွာသွားလာနေ ရပါသည်။လမ်းခင်းနေသူများမှလည်း တစ်ရက်လုပ် နှစ်ရက်သုံရက်နားဖြင့်အချိန်ကြာ မြင့်လှစွာလမ်းခင်းအလုပ်ပြနေကြပါသည်။လမ်းကြိတ်စက်မှလည်း တစ်ခုသာရှိပြီးထို လမ်းကြိတ်စက်ကိုလည်း စည်ပင်မှ ကိုယ်ထူကိုယ်ထလမ်းလုပ်သူများသို့ကြားပေါက် ငှါးရမ်းထားပြီးစီးပွါးရှာနေပါသည်။လက်ရှိစည်ပင်မှလုပ်ကိုင်နေသောလမ်းခင်းရာတွင် ကုန်ကျငွေများမှာ ကျောက်ကြီးခွဲ တစ်ကျင်းလျှင် ၃၅၀ဝ ၊ကျောက်ကြီးဖြန့်ခင်း ၃၅၀၀၊ ကတ္တရာလောင်းသဲခင်း၊ ကျောက်စရစ်ခင်း ကတ္တရာတစ်ပုံးတစ်သောင်းခွဲ ကျောက်ကြီးတစ်ကျင်း 20000 အစရှိသောသက်သာသောဈေးများသာကုန်ကျ ပြီး၊ လမ်းကတ္တရာလောင်းလမ်းခင်းရန်စည်ပင်မှ အလွတ်ကန်ထရိုက်ဆိုသူကြားပွဲစား ဆေးရုံမှပွဲစား တင်အောင်ဆိုသူမှ လက်ကိုင်ဒုတ်မွေးထားကာ ခိုင်းစေလုပ်ကိုင်ကြ သည်ဟု့သိရှိရပါသည်။ သို့ပါ၍လမ်းတစ်လမ်းအားတစ်လကြာအောင်လမ်းပိတ် […]


Nu ThanApril 27, 20131min2189
သံတွွဲဲမြို့ဈေးဆောက်လုပ်ရာတွင်ဈေးကော်မတီမှငွေကျပ်သိန်း(၇၀၀၀)ကျော်ကိုယ်ကျိုးရှာခဲ့မှုအပေါ်၊သန့်ရှင်းသောအစိုးရသမ္မတကြီးမှထိရောက်စွာဖေါ်ထုတ်အရေးယူပေးပါ ရန်တင်ပြခြင်း။ သံတွဲမြို့သူ/မြို့သားများသည်သံတွဲဈေးတွင်တရားခံမပေါ်သောဈေးမီးလောင်မှု ဖြစ်ခဲ့ရပြီးလွန်စွာဆုံးရှုံးနစ်နာမှုများကို ကယ်မည်သူမဲ့ခဲရပါသည်။ထို့အပြင်နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းပါခံနေရပါသည်။ ဈေးမီးလောင်ပြီးနောက်ဈေးဆောက်လုပ်ရာတွင် စနစ်ကျစေရန်ဈေးလမ်းမကြီးများဖေါက်လုပ်ရမည်ဖြစ်လို့မူလဈေးဆိုင်ခန်းအကျယ် အတိုင်းရမည်မဟုတ်ဘဲ ၉ ပေဆိုင်ခန်းများကို၈ပေရမည်ဆိုကာပုံကိုဈေးသူဈေး သားသို့အကြိမ်ကြိမ်ချပြီညှိနှိုင်းပြီးဆောက်လုပ်ခဲ့ကြပါသည်။ သို့ရာတွင်အကယ်ဈေးဆောက်လုပ်သည့်အခါ(ဈေးသူဈေးသားများကိုချပြ)ခဲ့ သောအတိုင်းအတာများအတိုင်း(၈)ပေဆိုင်ခန်းကို(ရပေ၄လက်မ)ဆောက်လုပ်ကာ ဆိုင်ခန်း(၁၀)ခန်းလျှင်ရှေ့နောက်နှစ်ခန်းထွက်လာစေရန်ဈေးကောက်မတီနှင့်ကန့်ထ ရိုက်တို့ကိုယ်ကျိုးရှာဆောက်လုပ်ခဲ့ပြီးဈေးလူကြီးတို့သည်တစ်ဦးလျှင်တစ်ခန်းနှစ်ခန်းစီ တရားမဝင်ရယူပြီးတစ်ခန်းလျှင်သိန်း(၁၅၀)စီဖြင့်အခန်းပေါင်းများစွာကိုကိယ်ကျိုးရှာ ရောင်းစားပြီးမိမိအိပ်ထဲ့တည့်ပြီး ကျောင်းရှေ့လမ်းထောင့်တွင်အိမ်သာဆောက် အိမ်သာပေါ်တွင်နှစ်ထပ်တင် ကိုယ်ကျိုးရှားရောင်းစားပြီးသံတွဲသူသံတွဲသားတို့အပေါ် လွန်စွာခေါင်းပုံဖြတ်ကိုယ်ကျိုးရှာနေမှုအပေါ် အသစ်ထွက်ပေါ်လာသည့်ဆိုင်ခန်းအ ရေအတွက် ရယူထားသူ၊ဝယ်ယူခဲ့သည့်(ရောင်းချခဲ့သည်)ငွေကြေးများနှစ်ထပ် ဆောင်များတရားမဝင်အမြတ်တင်ဈေးနှုန်းနှစ်ဆဖြင့်ရောင်းချခဲ့မှုပြီးငွေသိန်းထောင်နှင့် ချီကိုယ်ကျိုးရှာဖွေနေမှုကိုခုံရုံးဖွဲ့ပြီထိရောက်စွာစစ်ဆေးအရေးယူပြီး၎င်းဆိုင်ခန်းများ ကိုပြန်လည်သိန်းယူပြီးဈေးသူဈေးသားများအကျိုးအတွက်ဆောင်ရွက်ပေးပါရန်တင်ပြ အပ်ပါသည်။ယခုဈေးသူဈေးသားများမှဖင်မလှည့်သာသောဆိုင်ခန်းများကိုမတန်တဆ ဈေးနှုန်းများဖြင့်ငွေသွင်ရပြီးဈေးကော်မတီမှယူချင်ယူမယူချင်လျှင်ယူမည့်သူရောင်းမည် ဟု(အိပ်ဖေါင်းလို့လေသံပြောင်း)သောအသံဖြင့်လူမိုက်ဆန်ဆန်လုပ်ကိုင်နေပြီးအတင်း လက်မှတ်ထိုးခိုင်နေပါသည်။သို့ဖြစ်ပါလို့သန့်ရှင်းသောအစိုးရသမ္မတကြီးမှအဖြစ်မှန် ဖေါ်ထုတ်ပြီးထိရောက်စွာအရေးယူပေးပါရန်နှင့်ကိုယ်ကျိုးရှာမှု၊တရားမဝင်ဆိုင်ခန်းရယူ ရောင်းချထားသူဈေးကော်မတီလူကြီးများ၊အလွှဲသုံးစားဆိုင်ခန်းရယူထားသူများ ဈေးကန်ထရိုက်များအားများကိုနိုင်ငံတော်ပစ္စည်းအလွှဲသုံးစားမှုဖြင့်ထိရောက်စွာ အရေးယူပေးပါရန်နှင့်စံနမူပြအရေးယူပေးပါရန်တိုင်ကြားအပ်ပါသည်။


Nu ThanJanuary 20, 20131min1164
ယခုအခါသံတွဲဈေးကြီးမီးလောင်ခဲ့သော နေရာတွင်းဈေးပြန်လည်ဆောက်လုပ်နေပါသည်။ ကန်ထရိုက်များမှာလက်တွေ့လုပ်ကိုင်ဘူးသူများမပါ ဝင်ဘဲ စည်ပင်နှင့်ဈေးကော်မတီတို့မှ၎င်းတို့နှင့်လက်သင့်သူများ၊၎င်းတို့သို့လာဘ်ငွေပေးသူများကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ကန်ထရိုက် များသည် အဆောက်အဦးများကို ပုဒ်ပြတ် ထပ်ငှါးကာ လုပ်ကိုင်ဆောင်ရွက်နေပါသည်။ ပထမပိုင်းတွင် ပစ္စည်းများကိုလည်း ရန်ကုန်မှတင်သွင်း ခြင်း၊ဝယ်ယူခြင်းများ လုံးဝ မရှိသောအညံစား ကန်ထရိုက်များဖြင့်ဆောက်လုပ်နေရာအဆောက်အဦးများခိုင်ခန်မှု၊။စနစ်ကျမှုတို့မှာရင်လေးစရာ ကိစ္စရပ်များဖြစ်နေခဲ့ပါသည်။အုပ်များကိုလည်းသဲဖြင့်ပြုလုပ်ထားသောဘိလပ်မြေပါသည်ဆိုသောအုပ်များဖြင့်ဆောက်လုပ်ခဲ့ပြီးအဆိုပါအုပ်များမှာခိုင်ခန့်မှုမရှိလှပါ၊အဆောက်အဦးအမိုးတိုင်များကိုသုံးသောအလွိုင်းသံများမှာမီးဒါဏ်ကိုခံနိုင်ခြင်းမရှိဘဲမီးပြလိုက်သည်နှင့်ပြိုပျက် သွားနိုင်သောပစ္စည်းများဖြစ်ပါသည်။ဈေးအိမ်သာနေရာများကိုလည်းယခင်ဆောက်လုပ်ခဲ့သောနေရာဟောင်းတွင် ဈေးကော်မတီနှင့်စည်ပင်တို့မှဆိုင်ခန်းများရယူရန်အတွက်ထိုနေရာအားမပေးဘဲ ဈေးအိမ်သာကိုကလေးများနှင့်နီးရာ ကျောင်းနားလမ်းထောင့်သို့ပြောင်းရွှေဆောက် လုပ်ခြင်းသည်လည်း ခလေးငယ်များကျန်မာရေးကို ထိခိုက်မှုဖြစ်ပွါးစေပြီး နောင်ရေရှည် ကျန်မာရေးထိခိုက်မှုဖြစ်ပေါ်စေနိုင်သော အနာဂတ် သားကောင်းများကိုလူညွန့်တုံးစေသောကိစ္စရပ်များဖြစ်ပါသည်။ ဈေးအိမ်သာကိုစနစ်တကျဆောက်လုပ်မည်ဆိုကာသံယောင်လိုက်ပြောဆိုပြီး၊ကော်မတီများမှလည်းငွေရထားသဖြင့်နားမလည်းဘဲအဟုတ်ထင်ကာပြောဆိုကြသော်လည်းယခုလက်ရှိမည့်သည့်ဈေးကိုမဆိုသွားရောက် ကြည့်ရှုလိုက်ပါကလူများစနစ်မကျမှုကြောင့်၎င်း၊စည်းကမ်းမရှိမှု၊စနစ်မကျတည်ဆောက်ထားမှုတိုကြောင့်အနံဆိုးများထွက်ပေါ်နေသည်ကိုရန်ကုန်မန္တလေးအစရှိသောမြိုကြီးများသို့ ရောက်ဖူးသူတိုင်းသိနိုင်သောကိစ္စရပ်များဖြစ်သဖြင့် ဈေးအိမ်သာကိုယခင်နေရာသို့ပြောင်ရွေပေးစေလို ့ကြောင်းမြို့ခံများ၊ ကျောင်းသားကျောင်းသူမိဘများ၊ကျောင်းအုပ်ဆရာကြီးမှစာရေးပြီးတိုင်းကြားထားသော်လည်းယနေအထိမည့်သို့မှထူးခြားမှုမရှိကြာင်းသိရှိရပါသည်။အဆိုပါဈေးအိမ်သာယခင်နေရာသို့မပြောင်းရွှေရအောင်ကန်ထရိုက်မှ ဈေးကော်မတီ၊စည်ပင်အုပ်ချုပ်ရေးမှုးနှင့်တာဝန်ရှိသူတို့အားတစ်ဦးလျှင်ကျပ်သိန်း(၅၀)စီပေးအပ်ပြီးနှုတ်ပိတ်ထားသည်ဟုတိကျသောသတင်းရပ်ကွက်မှသိရှိရပါသည်။ဈေးကော်မတီအား လည်းငွေကျပ် သိန်း(၅၀၀)တန်ဆိုင်ခန်းများရာင်းစားခွင့်ကိုပေးအပ်ထားပြီးနှုတ်ပိတ်နေစေခဲ့ပါသည်။ အဆိုပါဈေးအိမ်သာနေရာသည် လမ်းမတန်းတွင်ကျရောက်နေသဖြင့် နိုင်ငံခြားခရီးသည်များအမြင်တွင်လည်း အနံဆိုးများဖြင့် သ့တွဲမြို့၏ လှပမှုကို ပျက်ပြားစေနိုင်ကြောင်း ဟိုတယ်လုပ်ငန်းလုပ်ကိုင်သူလုပ်ငန်းရှင်တစ်ဦးမှလည်းပြောကြားပါသည်။ကျောင်းသားမိဘတစ်ဦးမှလည်းယခုကဲသိူ့ဈေးအိမ်သာ ကျောင်းနားတွင်ဆောက်လုပ်ပါက ကလေးငယ်များကို အဆိုပါအလယ်တန်းကျောင်းတွင် ထားရှိနိုင်တော့မည်မဟုတ်ကြောင်းပြောကြားပါသည်။ ဆိုင်ခန်းများ ကိုလည်းကန်ထရိုက်မှ ကြိုတင်ရောင်းစားထားရာ ပြင်ပလူများဝယ်ယူခွင့်မရဘဲ၊စည်ပင်နှင့်ဈေးကော်မတီတို့မှသာအများ […]


Nu ThanJanuary 1, 20131min1032
နိုင်ငံတော်သမ္မတကြီး၏မိန့်မှာချက်နှင့်ဆန်ကျင်နေသောဂေါကျးရွာတွင်ရပ်မိရပ်ဖနှင့်ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကျင့်းပ- ၊သံတွဲမြို့နယ်၊ဂေါကျေးရွာအုပ်စု့တွင်ကျေးရွာအုပ်ချုပ်ရေးမှုးအားဘက်လိုက်ရွေးချယ်မှုကို၁၈-၁၂-၂၀၁၂ ရက်နေ့ကရပ်မိရပ်ဖများရွေးချယ်တင်မြောက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးရုံးမှစာရေးကြီးဦးလှရွှေနှင့်အဖွဲ့ သည် လူထုထောက်ခံချက်ရယူမှုမရှိဘဲ တဖက်သပ်မျက်နှာလိုက်ကာရွေးချယ်တင်မြောက်သွားပါသည်။ ရွေးချယ်ခံရသောရပ်မိရပ်ဖများမှာကိုယ်ကျင့်သိက္ခာအလွန်ပျက်ပျားနေပြီးနာမည်ဆိုးရှိသူများဖြစ်ကာအုပ်စု့ လိုက် လူမှုရေးဘာသာရေးကိစ္စများတွင် အနိုင်ကျင့်စိုးမိုးချယ်လှယ်နေသူများဖြစ်ကြပါသည်။ အဆိုပါလူများသည် မရွေးချယ်ခင်ကလည်း မိမိဘာသာလက်မထောင်ပြီးရပ်မိရပ်ဖခံ ယူထားသူများသာဖြစ်ပြီးရပ်ကွက်မှလူများနှင့်မသင့်တင့်ကြပါ။နိုင်ငံတော်သမ္မတကြီးမှစည်းကမ်းချက်(၁၁)ချက် ဖြင့် လမ်းညွန်ထားသော်လည်း ထိုသူများမှာ ထိုစည်းကမ်းနှင့်မကိုက်ညီဘဲ ဦးလှရွှေအလို့ကျကြိုး ကိုင်ချယ်လှဲရမည်သူကိုသာ အုပ်ချုပ်ရေးမှုးအဖြစ် မဲဖြင့်မပြုလုပ်ဘဲလက်တမ်းရွေးချယ်သွားပါသည်။ တကယ်အရည်အချင်းပြည်ဝသူများ၊နိုင်ငံတာဝန်ထမ်းဆောင်နိုင်သူများရှိပါသော်လည်း နည်းအမျိုးမျိုးနှငသ့်ဘေးဖယ်ထားကာမမမှန်မကန်ရွေးချယ်သွားပါသည်။ထို့ကဲ့သို့အကျင့်သိက္ခာနှင့်မိကိုက် ညီသူများကို ဂေါကျေးရွာအုပ်စု့အတွင်း ဆက်လက်ထားရှိပါက ကျေးရွာအနေဖြင့်အေးဆေးတည်းငြိမ်မည် မဟုတ်ဘဲ အလွန်ဆုတ်ယုတ်နစ်နာပါတော့မည်ကိုတွေမြင်ရပါသဖြင့် နိုင်ငံတော်သမ္မတကြီးနှင့်အကြီးအကဲ များမှ လိုအပ်သလို့ ဆောင်ရွက်နိုင်ပါရန်တင်ပြအပ်ပါသည်။


Nu ThanNovember 22, 20121min620
ယခုအခါသံတွဲဈေးကြီးမီးလောင်ခဲ့သော နေရာတွင်းဈေးပြန်လည်ဆောက်လုပ်နေပါသည်။ ကန်ထရိုက်များမှာလက်တွေ့လုပ်ကိုင်ဘူးသူများမပါ ဝင်ဘဲ စည်ပင်နှင့်ဈေးကော်မတီတို့မှ၎င်းတို့နှင့်လက်သင့်သူများ၊၎င်းတို့သို့လာဘ်ငွေပေးသူများကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ကန်ထရိုက် များသည် အဆောက်အဦးများကို ပုဒ်ပြတ် ထပ်ငှါးကာ လုပ်ကိုင်ဆောင်ရွက်နေပါသည်။ ပထမပိုင်းတွင် ပစ္စည်းများကိုလည်း ရန်ကုန်မှတင်သွင်း ခြင်း၊ဝယ်ယူခြင်းများ လုံးဝ မရှိသောအညံစား ကန်ထရိုက်များဖြင့်ဆောက်လုပ်နေရာအဆောက်အဦးများခိုင်ခန်မှု၊။စနစ်ကျမှုတို့မှာရင်လေးစရာ ကိစ္စရပ်များဖြစ်နေခဲ့ပါသည်။အုပ်များကိုလည်းသဲဖြင့်ပြုလုပ်ထားသောဘိလပ်မြေပါသည်ဆိုသောအုပ်များဖြင့်ဆောက်လုပ်ခဲ့ပြီးအဆိုပါအုပ်များမှာခိုင်ခန့်မှုမရှိလှပါ၊အဆောက်အဦးအမိုးတိုင်များကိုသုံးသောအလွိုင်းသံများမှာမီးဒါဏ်ကိုခံနိုင်ခြင်းမရှိဘဲမီးပြလိုက်သည်နှင့်ပြိုပျက် သွားနိုင်သောပစ္စည်းများဖြစ်ပါသည်။ဈေးအိမ်သာနေရာများကိုလည်းယခင်ဆောက်လုပ်ခဲ့သောနေရာဟောင်းတွင် ဈေးကော်မတီနှင့်စည်ပင်တို့မှဆိုင်ခန်းများရယူရန်အတွက်ထိုနေရာအားမပေးဘဲ ဈေးအိမ်သာကိုကလေးများနှင့်နီးရာ ကျောင်းနားလမ်းထောင့်သို့ပြောင်းရွှေဆောက် လုပ်ခြင်းသည်လည်း ခလေးငယ်များကျန်မာရေးကို ထိခိုက်မှုဖြစ်ပွါးစေပြီး နောင်ရေရှည် ကျန်မာရေးထိခိုက်မှုဖြစ်ပေါ်စေနိုင်သော အနာဂတ် သားကောင်းများကိုလူညွန့်တုံးစေသောကိစ္စရပ်များဖြစ်ပါသည်။ ဈေးအိမ်သာကိုစနစ်တကျဆောက်လုပ်မည်ဆိုကာသံယောင်လိုက်ပြောဆိုပြီး၊ကော်မတီများမှလည်းငွေရထားသဖြင့်နားမလည်းဘဲအဟုတ်ထင်ကာပြောဆိုကြသော်လည်းယခုလက်ရှိမည့်သည့်ဈေးကိုမဆိုသွားရောက် ကြည့်ရှုလိုက်ပါကလူများစနစ်မကျမှုကြောင့်၎င်း၊စည်းကမ်းမရှိမှု၊စနစ်မကျတည်ဆောက်ထားမှုတိုကြောင့်အနံဆိုးများထွက်ပေါ်နေသည်ကိုရန်ကုန်မန္တလေးအစရှိသောမြိုကြီးများသို့ ရောက်ဖူးသူတိုင်းသိနိုင်သောကိစ္စရပ်များဖြစ်သဖြင့် ဈေးအိမ်သာကိုယခင်နေရာသို့ပြောင်ရွေပေးစေလို ့ကြောင်းမြို့ခံများ၊ ကျောင်းသားကျောင်းသူမိဘများ၊ကျောင်းအုပ်ဆရာကြီးမှစာရေးပြီးတိုင်းကြားထားသော်လည်းယနေအထိမည့်သို့မှထူးခြားမှုမရှိကြာင်းသိရှိရပါသည်။အဆိုပါဈေးအိမ်သာယခင်နေရာသို့မပြောင်းရွှေရအောင်ကန်ထရိုက်မှ ဈေးကော်မတီ၊စည်ပင်အုပ်ချုပ်ရေးမှုးနှင့်တာဝန်ရှိသူတို့အားတစ်ဦးလျှင်ကျပ်သိန်း(၅၀)စီပေးအပ်ပြီးနှုတ်ပိတ်ထားသည်ဟုတိကျသောသတင်းရပ်ကွက်မှသိရှိရပါသည်။ဈေးကော်မတီအား လည်းငွေကျပ် သိန်း(၅၀၀)တန်ဆိုင်ခန်းများရာင်းစားခွင့်ကိုပေးအပ်ထားပြီးနှုတ်ပိတ်နေစေခဲ့ပါသည်။ အဆိုပါဈေးအိမ်သာနေရာသည် လမ်းမတန်းတွင်ကျရောက်နေသဖြင့် နိုင်ငံခြားခရီးသည်များအမြင်တွင်လည်း အနံဆိုးများဖြင့် သ့တွဲမြို့၏ လှပမှုကို ပျက်ပြားစေနိုင်ကြောင်း ဟိုတယ်လုပ်ငန်းလုပ်ကိုင်သူလုပ်ငန်းရှင်တစ်ဦးမှလည်းပြောကြားပါသည်။ကျောင်းသားမိဘတစ်ဦးမှလည်းယခုကဲသိူ့ဈေးအိမ်သာ ကျောင်းနားတွင်ဆောက်လုပ်ပါက ကလေးငယ်များကို အဆိုပါအလယ်တန်းကျောင်းတွင် ထားရှိနိုင်တော့မည်မဟုတ်ကြောင်းပြောကြားပါသည်။ ဆိုင်ခန်းများ ကိုလည်းကန်ထရိုက်မှ ကြိုတင်ရောင်းစားထားရာ ပြင်ပလူများဝယ်ယူခွင့်မရဘဲ၊စည်ပင်နှင့်ဈေးကော်မတီတို့မှသာအများ […]


Nu ThanNovember 8, 20121min1264
ရခိုင်ပြည်နယ်သံတွဲမြို့တွင်၊ကျိတ္တော၊မြပြင်၊ငပလီစသောနေရာများ မှ မြေစာရင်းကိစ္စရပ် များဆောင်ရွက်ရာတွင် မြေစာရင်းဦးစီးဌာနမှ ငွေများစွာတောင်းယူနေပါသည်။မြေစာရင်းမြေပုံရေးကူးရာတွင် ငွေကျပ်ငါးသာင်းမှရှစ်သောင်းအထိပေးဆောင်ကြရပြီး၊အမည်ပြောင်း၊နာမည်ပြောင်းလျှောက်ထားရာတွင်ငွေကျပ်ရှစ်သောင်းကျော်(၁)သိန်းအထိပေးဆောင်ကြရပါသည်။အဆိုပါငွေကြေးများကို ပေါ်ပေါ် တင်တင် တောင်းယူကြကြောင်းသိရှိရပါသည်။ အဆိုပါတောင်းယူသောငွေမပေးပါက မလုပ်ပေးကြောင်းသိရှိရပါ သည်။ အဆိုပါကိစ္စရပ်များသည်နိုင်ငံတော်သမ္မတကြီးပြောသော Clean Goverment,GOOD Govermentဆိုသောစကားလုံးနှင့်ကွဲလွဲနေကြောင်းငွေမပေးလျှင်အ လုပ်မလုပ် ကြောင်းသိရှိရပါသည်။နိုင်ငံတော်မှအစိုးရဝန်ထမ်းလစာများကိုတိုးမြင့်ပေးထားသော်လည်းယခုကဲ့သို့ဌာနများတွင်လာဘ်ငွေပေါ်ပေါ်တင်တင်တောင်းခံနေခြင်းကိုထိထိရောက်ရောက်အရေးယူသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။


Nu ThanOctober 17, 20121min1709
ရခိုင်ပြည်နယ်အတွင်းအေးချမ်းလာရာမှထပ်မံဆူပူမှုများဖြစ်ပေါ်စေရန်ရခိုင်ပြည်နယ်အစိုးရမှ ဆန္ဒပြရန်စေခိုင်းနေ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ရခိုင်ပြည်နယ်အတွင်ဆူပူှဆန္နပြစေရန်လှုံဆော်နေပါသည်။ တည်ငြိမ်အေးချမ်းလာသော ရခိုင်ဒေသအားဆူပူသွေးဆူဆန္နပြစေရန်နှင့်တနိုင်ငံလုံးဆူပူစေ ရန်ရခိုင်အစိုးရအဖွဲ့မှ အကွက်ချစီစဉ်ဆောင်ရွက်နေကြာင်းခိုင်မာသောသတင်းရရှိ ပါသည်။ ရခိုင်ပြည်နယ်အစိုးရသည် ၎င်းတို့လက်ထက်တွင်မှဆိုရွားသောဘာသာရေးနှိပ်ကွပ် မှုကိုဆောင်ရွက်ခဲ့သူဖြစ်ပါသည်။ ယခုအခါတည်ငြိမ်အေးချမ်းလာသောအခြေအနေ များကို ထပ်မံ့ပြဿနာဖြစ်စေရန်ဆူပူမှုမဖြစ်သေးသော မြို့နယ် များသို့ RNDP အဖွဲ့မှအစွန်းရောက် မျာကိုစေလွတ်ကာ ဆူပူဆန္နပြစေရန် လှုံဆော်ခဲ့ပါသည်။သက်ဆိုင်ရာမြို့နယ်များမှ ခွင်ြ့ပုချက်မပေးသော်လည်းပြည်နယ်သို့ တင်ပြစေကာတပြည်နယ်လုံးဆန္နပြခိုင်းနေပါသည်။ အချိုဆူပူဖျက်ဆီးလို့သူများသည်လုစု့သည်နှင့်ဘာသာရေးပုတ်ခတ်စော်ကားမှုများကို ပေါ်ပေါ်တင်တင်ကြွေးကြော်ကာအစ္စလာမ်ဘာသာဝင်မျာကိုစော်ကားပုတ်ခတ်ပြီး သွေးဆူ အောင်ပြဲုလုပ်ကာဆန္နပြလမ်းတစ်လျှောက်တွင်အစ္စလာမ်ဘာသာဝင်များပိုင်ဆိုင်သောအိုး အိမ်များကိုမီရှိုခြင်းဖျက်ဆီးခြင်းမျာပြုလုပ်စေခဲ့ပါသည်။ ယခုအခါတည်ငြိမ်အေးချမ်းနေသော ပြဿနာလုံဝဖြစ်ပွါးခြင်းမရှိသော ကျောက်ဖြူ၊သံတွဲ အစရှိသောမြို့များကို ပြဿနာဖြစ်ပွါးစေရန် ဆန္နပြရန် ရခိုင်ပြည်နယ်အစိုးရမှအထက်အမိန့် ဆိုကာ ဆန္နပြရန် အားဓမ္မခိုင်းစေ ခဲ့ပါသည်။ရခိုင်ပြည်နယ်သံတွဲမြို့တွင် ၂၁-၁၀-၂၀၁၂ နေတွင်ဆူပူဆန္နပြစေရန် ပြည်နယ်အစိုးရခိုင်းစေခဲ့ပါသည်။ OIC ရုံးမဖွင့်ရန်ဆန္နပြခိုင်းရန် အကြောင်းပြသော်လည်း ယခု ဗဟိုအစိုးရမှ0ICရုံးမဖွင့်တော့ကြောင်းကြေငြာပြီးသော်လည်း ရမည်ရှာကာ ပြဿနာဖြစ်စေရန်ဆူပူစေရန်ဆန္နပြခိုင်းခြင်းဖြစ်ပါသည်။သက်ဆိုင်ရာမြိုု့နယ်များမှအေးချမ်းနေသော မြို့ကလေးအား ပြဿနာမဖြစ်ပွါးစေရန်ခွင်ါပြုချက်မပေးခဲ့သော်လည်းပြည် နယ်မှ ခွင်ါပြုပေးခဲ့ကြောင်းကြားသိရပါသည်။ ယခု့ကဲ့သို့အေးချမ်းတည်ငြိမ်လာမှ […]


Nu ThanOctober 12, 20121min1281
ရခိုင်ပြည်နယ်တွင်ညမထွက်ရအမိန်များအားယခုအပတ်မှစတင်ပြီးအချိန်လျှော့ချသတ် မှတ်လိုက်ပါသည်။စစ်တွေ၊မောင်းတော၊ရသေ့တောင်စသောမြို့နယ်(၅)ခုတွင်ညမထွက်ရ အချိန်ကိုည (၁၀)နာရီမှ နံနက်(၄)နာရီအထိလျှော့ချလိုက်ပါသည်။ရခိုင်ပြည်နယ်၏အခြေ အနေမှာအနည်းငယ်တည်ငြိမ်အေးချမ်းလာသည်ဖြစ်သဖြင့်ယခုကဲ့သို့အချိန်လျှောချလိုက် ခြင်းဖြစ်ပါသည်။သို့သော်စစ်တွေ၊မောင်းတော၊ဘူးသီးတောင်။ရမ်းဗြဲတို့တွင်အချိန်လျှောချ လိုက်သော်လည်းလူအများညဖက်အပြင်မထွက်ကြကြောင်းသတင်းရရှိပါသည်။။ကျောက်ဖြူ နှင့်သံတွဲတို့တွင်လုံးဝဖြေလျှော့လိုက်ပြီဖြစ်သဖြင့်ပြည်သူများဝမ်းမြောက်နေကြပါသည်။ ခရီးသွားနိုင်ငံခြားဧည့်သည်များလာရောက်လည်ပတ်သောအချိန်တွင် ၁၄၄ ကို့ရုပ်သိမ်းလိုက် သဖြင့် ဧည့်သည်များ၊လက်လုပ်လက်စားများ၏စီးပွါးရေးအခြေအနေပို့မိုကောင်းမွန်လာမည် ဖြစ်သောကြောင့်လူအများကဝမ်းသာနေကြောင်းသတင်းရရှိပါသည်။အဆိုပါမြို့နှစ်မြို့တွင်ညမထွက်ရအမိန့် ဖယ်ရှားလိုက်သော်လည်း လုံခြုံရေးကိုမှုချထားမည်ဖြစ်ကြောင်းသတင်းရရှိပါ သည်။


Nu ThanOctober 3, 20121min1706
သံတွဲဈေးဆောက်လုပ်ရန်ဈေးကော်မတီနှင့်ကန်ထရိုက်တို့ဂွင်ရိုက်ကာလုပ်စားနေကြသည်ဟုသိရှိရပါသည်။ သံတွဲဈေးဆောက်လုပ်ရန်အတွက်RICH LIFEကုမ္မဏီမှဆောက်လုပ်မည်ဟု သိရှိရပါသည်။သံတဲံဈေးသူဈေးသားများအားသက်ညှာသောအားဖြင့် အောက်ထပ်ဆိုင်ခန်း များကို အလကားဆောက်လုပ်ပေးမည်ဟုကန်ထရိုက်တဖွဲမှကမ်းလှမ်းသော်လည်းဈေးအဖွဲ့ မှ၎င်းတို့အမြတ်ရမည်မဟုတ်သဖြင့်ပယ်ချလိုက်ကြောင်းကြားသိရပါသည်။။အဆိုပါဈေး ဆောက်လုပ်ရန်အတွက်ကန်ထရိုက်မှ ခြံစည်းရိုးများကာရံသောအခါ နဂိုဈေးမြေ ထက်ကျော်လွန်ပြီးလမ်းမပေါ်ထိ ကျော်လွန်ကာရံထားပြီးရုပ်ပျက်ဆင်းပျက် ကွေကောက်ပြီးကာရန်ထားသည်ကိုတွေရှိရပါသည်။ ဟန်တားမည်သူလည်းမရှိသဖြင့်ကားများဆိုင်ကယ်များသွားလာရာတွင်များစွာခက်ခဲကြကြောင်းသိရှိရပါသည်၊ ကားဆိုင်ကယ်တိုက်မှုလည်းများလာပါသည်။ ။ဈေးဆောက်ရန်အတွက်ဆိုကာသံတွဲဈေးကော်မတီဝင်များသည်ကန်ထရိုက်နှင့်ပူးပေါင်းကာ ဈေးကော်မတီများဆိုင်နေရာကောင်းရရှိရန်ပူပါင်းကြံစဉ်ခဲ့ကြသည်ဟုသိရှိရပါသည်။ ထို ့ကြောင့် ဈေးကော်မတီဝင်များမှာ ဈေးမျက်နှာစာများတွင်နေရာကောင်းများရရှိ နေရာယူ ထားကြပြီးပိုသောဈေးဆိုင်ခန်းများကိုလည်း ဈေးကော်မတီမှလက်ကျိတ်ထိုးရောင်းချကာထိုငွေများကို ဈေးကော်မတီမှသိမ်းဆည်းထားမည်ဟုသိရှ်ိရပါသည်။ ဈေးကော်မတီဝင်များ သည်မိမိဆိုင်ခန်းနေရာကောင်းရရှိရန်အတွက်သာလုပ်ကိုင်နေသူများဖြစ်ကြပါသည်။အဘယ် ကြောင့်ဆိုသော် ဈေးကြီးမီးလောင်သောအခါဈေးကော်မတီဝင်များမှာမည်သည့်အကူအညီမှ ဈေးသူဈေးသားမျာအားပေးအပ်ခဲ့ခြင်း မရှိခဲ့ကြပါ၊မီးဝိုင်းသတ်နေသူများအားလည်းမကူညီခဲ့ပါ၊ မီးလုံခြုံရေးမီးသတ်စနစ်လည်းမရှိ၊လုံခြုံရေးစည်းကမ်းထိမ်းသိမ်းမှုစီစဉ်မှုများလည်းမပြုလုပ်ခဲံ့ ကြပါ ၊ဈေးအတွင်းမီးသတ်ရေရှိမရှိလည်းဂရုမပြုခဲံ့ကြပါ၊ ဈေးမီးကင်းလည်းသေချာစွာချထား ခြင်းမရှိပါ၊ ဈေးသည်အများစုမှာမီးလောင်ခဲ့ရသဖြင့်ဆုံရှုံခဲ့ရခြင်း ဈေးမှပစ္စည်းများမသမာသူ များကြောင့် ခိုးယူခြင်းကြောင့်ဆုံးရှုံမှု ပိုမိုများပြားခဲ့ရသည်ဟုသိရှိရပါသည်။ဈေးကော်မတီဝင် များမှာ ဈေးမီးသတ်နေသူများကိုလည်း ကူညီထောက်ပံ့ခဲ့ခြင်းမရှိပါ။ ဈေးကော်မတီနှင့် မသက်ဆိုင်သလို့နေခဲ့ကြပါသည်။ နေရာပြန်ရရန် ကိစ္စဆိုလျှင် ဈေးကော်မတီမှထိပ်ဆုံး မှနေရာ ယူဝင်ကြွားခဲံ့ပါသည်။ ဈေးမီးလောင်သောအခါကော်မတီဝင်များအား မမြင်ကြရ ပါ။ယခုဆိုင်ခန်းများနေရာကောင်းကောင်းမတိအဖွဲ့ရရှိပြီးလျှင်ထိုသူများ […]


Nu ThanJuly 8, 20121min1697
ရခိုင်ပြည်နယ်တွင်ညမထွက်ရအမိန့်ချိုးဖေါက်သူများထောင်ဒဏ်(၆)လချမှတ်ခဲ့ပါသည်၊ စစ်တွေမြို့တွင် (၃၃)ဦးနှင့်သံတွဲမြိုတွင်(၂)ဦးတို့ကိုမြို့နယ်တရားရုံးတော်မှထောင်ဒဏ်(၆)လစီကျ ခံစေရန်သောကြာနေ့(၆-၇-၂၀၁၂)နေ့တွင်အမိန့်ချမှတ်လိုက်ပါသည်။  သံတွဲမြို့တွင် ယနေ့တွင် သံတွဲ(၅၅)ခြေလျှင်တပ်ရင်းမှတပ်များလုံခြုံရေးယူထားရာမှယနေ့တွင် တောင်ကုတ်မြို့မှတပ်များနှင့် အစားထိုးလှဲလှယ်လိုက်ကြောင်းကြားသိရပါသည်။သံတွဲမြို့၏အခြေနေမှာအေးချမ်းတည်ငြိမ်စွာဖြင့် တည်ရှိကြောင်း၊သံတွဲမြို့သူမြို့သားများမှာ ပညာတတ်များဖြစ်ပြီး တစ်ဘာသာနှင့်တစ်ဘာသာမည် သည့်ပြဿနာမှမရှိဘဲ တစ်ဦးနှင့်တစ်ဦးရင်းနှီးချစ်ကြည့်စွာနေထိုင်ကြသောမြို့လေးတစ်မြို့ဖြစ်ပါ ကြောင်း သတင်းရရှိပါသည်။