ဒီနက်ဝက်ခ် အကြောင်းကို ရေးမိတာက ခုဆို နက်ဝက်ခ်က နေရာတော်တော်များများမှာ သုံးလာကြပါပြီ။ သူ့ရဲ့ အရေးပါမူက ကျွန်တော်တို့ လျစ်လျူရူလို့ မရအောင် အခန်းတစ်ခုကနေ ပါဝင်လာပါတယ်။ ဒါကြောင့် သူနဲ့ ပက်သက်ပြီ အခြေခံလေးပဲဖြစ်ဖြစ် မသိသေးသူများ သိရအောင်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ ရေးသားမိပါတယ်။ ဒါပေမယ့် ကျွန်တော်ရေးတဲ့ အကြောင်းအရာများက အခြေခံအဆင့်လောက်ပဲ ဖြစ်ပါတယ်။ နက်ဝက်ခ်က ဘာလဲဆိုတာကို သိအောင် တဖြည်းဖြည်းချင်း ပြောပြခဲ့တာပါ။ ဒါထက် ပိုပြီ သိချင်သေးတယ် ဆိုရင်တော့ တခြား သူများ ရေးတဲ့ စာများကို လေ့လာပါလို့ ပြောပြချင်ပါတယ်။ ဒါက နက်ဝက်ခ်ကို မိတ်ဆက်ပေးတာပါ။ နိဒါန်း နက်ဝက်ခ်( network ) ဆိုတာက ကွန်ပျူတာများနဲ့ ပရင့်တာများ ( printers )၊ […]


ဝင်းဒိုးစ် ဆဲဗင်း ဒါမှမဟုတ် ဝင်းဒိုးစ် ဗစ်စတားမှာ Hibernate ရွေးချယ်မူကို ပိတ်ဖို့ ဒါမှမဟုတ် ဖွင့်ဖို့ဆိုတာက ဝင်းဒိုးစ် အိဇ်ပီ မှာ သုံးသလို့ မလွယ်ကူလှပါဘူး။ ဝင်းဒိုးစ် ဆဲဗင်းအတွက်ဆိုရင် အဲဒီလို လုပ်ဖို့အတွက် လိုက်လုပ်ရမှာက မတူညီတဲ့ နည်းလမ်းတစ်ခုကနေ လုပ်ဆောင်ရမှာပါ။ ဒီပို့စ်မှာ ရေးထားတာက ဝင်းဒိုးစ် ဆဲဗင်းမှာ Hibernate ရွေးချယ်မူကို ဖွင့်ဖို့ ဒါမှမဟုတ် ပိတ်ဖို့ အတွက် ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာကို ပြောပြထားပါတယ်။ Hibernation ဆိုတာက လက်တော့ပ် သုံးသူများအတွက် အဓီကထားပြီး ဖန်တီးထားတဲ့ မီးအား ချွေတာရေး ရွေးချယ်မူ တစ်ခု ဖြစ်ပါတယ်။ ဖွင့်ထားတဲ့ စာရွက်စာတမ်းများနဲ့ ဖိုင်များကို မမ်မိုရီထဲ ထည့်ပြီး သိမ်းထားတဲ့ Sleep […]


Firefox ရဲ့ address bar ထဲမှာ လိပ်စာတစ်ခုကို ကလစ်နှိပ်လိုက်တဲ့အခါဆိုရင် လိပ်စာတစ်ခုလုံးကို Select ပေးနေတာကို တွေ့ရပါလိမ့်မယ်။ တစ်ခါတစ်လေ ကိုယ်က လိပ်စာရဲ့ တစိတ်တပိုင်းကို ရွေးချယ်ချင်တဲ့အခါ ဆိုရင် အဲဒါက စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းပါတယ်။ ဒါကြောင့် လေ့လာခဲ့တဲ့ နည်းလမ်းလေးတစ်ခု ကို ပြောပြချင်ပါတယ်။ အခုအချိန် စိတ်မဝင်စားသေးဘူးဆိုရင်တောင် နောင်တစ်ချိန် စိတ်ဝင်စားတဲ့အခါ သိရအောင် ပြောပြလိုက်ပါတယ်။ Firefox ရဲ့ Address bar ထဲမှာ about:config ကို ရိုက်လိုက်ပါ။ ပြီးတော့ browser.urlbar ဆိုတဲ့ setting ကို ရှာပြီး SelectsAll ကို ကလစ်နှိပ်ပါ။ True ကနေ False ကို ပြောင်းဖို့အတွက် အဲဒါကို […]


တစ်ခါက ပို့စ်လေးတစ်ခုမှာ တွေ့ဖြစ်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကိုယ် ပို့ချင်တဲ့ လူတစ်ယောက်ဆီကို ကိုယ်ပို့စေချင်တဲ့ လိပ်စာနဲ့ ပို့လို့ရတယ် နည်းလေးကို ဖတ်မိလိုက်ပါတယ်။ အမှတ်တမဲ့တော့ ကြောင်သွားပါတယ်။ နောက်မှ စဉ်းစားကြည့်မိတော့ တော်တော်လေး ဆိုးတဲ့ နည်းပဲလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီပို့စ်လေးမှာ မဖော်ပြတော့ပါဘူး။ ဒါက ဟက်ကာပိုင်း ရောက်သွားလို့ပါ။ ပြောချင်တာက အဲဒီလို ကိုယ့်သူငယ်ချင်း လိပ်စာ ယောင်ဆောင်ပြီး လာတတ်တဲ့ အီးမေးလ်တွေကို မယုံမိစေဖို့ ဖြစ်ပါတယ်။ အဓိက ကတော့ ဘယ်အီးမေးလ် လိပ်စာက မဆို စကားဝှက် တောင်းလာပြီးဆိုရင် ကိုယ်သုံးနေတာက ဂျီးမေးလ် ဖြစ်နေလို့ ဂျီးမေးလ် အဖွဲ့ဆီကတောင် စကားဝှက်တောင်းရင် မပေးမိပါစေနဲ့။ အရေးကြီးဆုံးက အီးမေးလ်အကောင့်ပါ။ ကိုယ့်အီးမေးလ် အကောင့် အခိုးခံရရင် […]


ကိုယ်က ကိုယ့် USB Memory Stick ကို အမြဲတမ်းလိုလို မလုံလောက်ဘူး ဖြစ်နေတယ်ဆိုရင် သူ့ရဲ့ သိုလှောင်မူ ပမာဏကို တိုးစေဖို့ အလွန် လွယ်ကူတဲ့ နည်းလမ်းလေး တစ်ခုတော့ ရှိနေပါသေးတယ်။ ကိုယ့် USB Memory Stick ထဲက ဖိုင်များကို သိမ်းထားချင်သေးတယ်ဆိုရင် သူ့ထဲက ဖိုင်များကို ကွန်ပျူတာရဲ့ တစ်နေရာရာကို ကူးထားလိုက်ပါ။ ပထမဦးဆုံး Start ကို ဖွင့်ပြီး Computer ကို ရွေးလိုက်ပါ။ ပြီးတော့ ကိုယ့် Memory Stick ပေါ်ကို ညာကလစ် တစ်ချက်နှိပ်လိုက်ပြီး Format ကို ရွေးပါ။ File System ရဲ့ ရွေးချယ်စရာထဲက NTFS  အမျိုးအစားကို ရွေးလိုက်ပြီးတော့ format […]


ဒီ ပို့စ်လေးကို ရေးမိတာက ကိုယ်ချင်းစာမိလို့ပါ။ တစ်ခါတစ်လေ အင်တာနက် လှိုင်းစီးနေတဲ့ အချိန်ဆို ကိုယ် လည်ပတ်ချင်တဲ့ ဝက်ဆိုက်များကို ပိတ်ထားရင် စိတ်က တိုမိပါတယ်။ အဲဒီအချိန်မှာ ပေါ်လာတဲ့ Access Denied ဆိုတဲ့ စာကြောင်းကြီးကို မမြင်ချင်ကြတာ ကျွန်တော် တစ်ယောက်တည်း မဟုတ်လောက်ပါဘူး။ ဒီလိုမျိုးဖြစ်ဖူးကြတဲ့ လူမဆို အဲဒီစိတ်လေး ရှိကြမှာပါ။ ဥပမာ ဘလော့ ရေးနေတဲ့ သူတွေအတွက် www.blogger.com ဆိုတဲ့ ဝက်ဆိုက်မျိုး၊ www.wordpress.com ဆိုတဲ့ ဝက်ဆိုက်မျိုး၊ အင်တာနက် လှိုင်းစီးတတ်တဲ့ လူတွေအတွက် www.youtube.com ဆိုတဲ့ ဝက်ဆိုက်မျိုး၊ စတဲ့ ကိုယ် ကြည့်ချင်းတဲ့ ဝက်ဆိုက်တွေကို မလည်ပတ်ရတာက တော်တော်လေး စိတ်မကြည်ရာ ကောင်းပါတယ်။ ပြီးတော့ အဲဒီလို ပိတ်ထားတဲ့ […]


Mouse Keys ဆိုတဲ့ နည်းပညာတစ်ခုကို အသုံးပြုပြီး ဝင်းဒိုးစ်ရဲ့ ဘယ်ဗားရှင်းမှာမဆို သင်ရဲ့ Mouse pointer ကို Keyboard Key များနဲ့ ထိန်းချူပ်နိုင်ပါတယ်။ သင်ရဲ့ မောက်စ်က အလုပ် မလုပ်တော့ဘူးဆိုရင်တော့ ကွန်ပျူတာကို မပိတ်ခင် ဖိုင်တွေကို သိမ်းတာမျိုး စတဲ့ အရေးကြီး လုပ်ငန်းစဉ်များကို ပြီးစီးစေဖို့ ဒီကီးဘုတ် နည်းပညာကို Enable လုပ်ထားနိုင်ပါတယ်။ ဒီနည်းပညာက သာမန် မောက်စ်တစ်လုံး လုပ်နိုင်သလောက် လုပ်ငန်းစဉ်အားလုံးကို လုပ်ဆောင်နိုင်ပါတယ်။ ဒီနည်းပညာကို သုံးနိုင်ဖို့အတွက် Alt+Shift+NumLock ခလုတ်များကို တပြိုက်နက် နှိပ်လိုက်ပါ။ ဒါဆိုရင် မောက်စ် ကီး box လေးတစ်ခု ပေါ်လာပါလိမ့်မယ်။ ပြီးရင် Tab ဒါမှမဟုတ် Cursor ကီးများကို အသုံးပြုပြီး […]


ပြောချင်ပါသေးတယ်။ ဒါက တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုပါ။ အရမ်းလည်း စိတ်တိုဖို့ ကောင်းပါတယ်။ အဲဒီရက်တုန်းက ကျွန်တော်တို့ ကျောင်းက ဘွဲ့ယူဖို့ဖောင်တင်ဖို့ ငါးရက်၊ ခြောက်ရက် လိုခါနီးပါ။ ဘွဲ့ယူဖို့ အတွက် ဖောင်နဲ့အတူ နှစ် (၃၀) လဲပြီးသား မှတ်ပုံတင် copy ရယ်၊ လိုင်စင်ပုံ (၅) ပုံရယ်၊ မိဘမှတ်ပုံတင် copy ရယ် လိုပါတယ်။ ပြောချင်တာက နှစ်သုံးဆယ် မှတ်ပုံတင် လဲတဲ့ အခါပါ။ မှတ်ပုံတင်လဲဖို့ဆိုပြီး  မှတ်ပုံတင်ရုံးကို သွားပါတယ်။ ရောက်ရောက်ချင်း အရာရှိကို သွားတွေ့ပါတယ်။ မှတ်မှတ်ရရ ပြောရပါဦးမယ်။ ကျွန်တော်က ကျွန်တော့်မိဘက ပဇင်းခံပေးတဲ့ ဦးဇင်းတစ်ပါး  (မှတ်ချက်။ Ctrl Alt သုံးလို့ မရလို့ ဒီလိုေ ရးလိုက်တာပါ ) […]