AungSeptember 22, 20121min1021
ဟိုအရင်ကတော့သိဘူးဗျာ ဒါပေမယ့်ဟိုလူပြောဒီလူပြောနဲ့ဆိုတော့ Internetမှာရှာကြည့်တယ်ကိုယ့်စက်မှာလဲကိုယ်စမ်းသပ်ကြည့်တယ်ဆိုပါတော့။ ကြောက်စရာကြီးဗျာ လူတွေကိုအတော်ဒုက္ခပေးနိုင်တယ်။ ကိုယ်အသုံးပြုချိန်၊ ကိုယ်ဖွင့်ခဲ့တဲ့application၊ ကိုယ်နှိပ်ခဲ့တဲ့keyboardပေါ်ကkey strokeတွေအပြင် screenshotပါယူပေးတယ်။ ဒီsoftwareကလူတစ်ဖက်သားရဲ့ Privacyကိုတအားထိခိုက်စေနိုင်ပါတယ်။ ကျွန်တော်စမ်းသပ်သုံးကြည့်ခဲ့တဲ့software nameကတော့”refog keylogger” personal monitorပါ။ သူ့ကိုinstallလုပ်ထားတဲ့သူမှအပတခြားသူသိဖို့မလွယ်ကူပါဘူး။ ဘာကြောင့်လဲဆိုတော့ start menu, task manager, add or remove program အကုန်လုံးမှာဖျောက်ပြီးသားဖြစ်ပြီးတော့ softwareကနေလုပ်ပေးထားတဲ့recordကိုကြည့်ဖို့အတွက် hot keyကိုနှိပ်မှရပေါ်လာတာပါ။ ဒါတောင်password protection ပေးလို့ရပါသေးတယ်။ နောက်တစ်ခုပိုဆိုးတာက သူ့ဆီမှာရှိတဲ့ hot keyရယ် run commandကနေခေါ်ယူတဲ့commandကိုပြန်လည်ပြုပြင်လို့ရတဲ့ magic word featureပါပါဝင်သေးတာကြောင့် အင်မတန်သိဖို့ခက်ခဲပါတယ်။ ဒါပေမယ့် raymond.ccဆိုတဲ့ internet blogတစ်ခုကနေဖော်ပြတဲ့ဆောင်းပါးတစ်ပုဒ်ကတော့ အဲ့ဒီkeyloggerကို ဖျက်ဆီးတဲ့နည်းကိုပြသပေးထားတပါတယ်။ အဲ့ဒါကတော့သူ့ program location C:\windows\system32\mpkဆိုတဲ့ folderပဲဖြစ်ပါတယ်။ […]