သောမတ်စ် ဇနီးမောင်နှံ နှစ်ယောက် ကျွန်တော့် မွေးစားတဲ့ကိစ္စအတွက် စာရွက်စာတန်း ဘာညာတွေပြီးအောင်လုပ်ရတာ နှစ်လလောက် ကြာသွားတယ်။ကျွန်တော့်ကို အိမ်ခေါ်သွားပြီး ၃ရက်လောက်ပဲရှိဦးမှာ။ခရစ်ယာန်ထုံးစံအရ ကင်ပွန်းတပ်မင်္ဂလာလေးတောင် မပြုရသေးဘူး ၊မစ္စတာ သောမတ်စ်တစ်ယောက် သူ့မိန်းမ အလိုပြည့်သွားတဲ့ အကြောင်းသိသွားပါရောဗျို့။ဘယ်ကသာ..ကျွန်တော့်မွေးစားလို့ အလိုပြည့်သွားတာမဟုတ်ဘူး ဗျ။သူ့မိန်းမ အလိုကို ဖြည့်ပေးတဲ့သူက မူဆလင် လူကြီးလူကောင်းတစ်ယောက်ပဲ။မတ်စတန် ရှိတ်ခ် တဲ့။သူက အမျိုးသမီး အဝတ်အစားတွေ ချုပ်တဲ့ လူ။အထူးသဖြင့် စကတ်တိုတိုလေးတွေဆို သူချုပ်တာ တော်တော်ကောင်းဆိုပဲ။မစ္စစ် ဖီလိုမီနာ က အဲဒီငနဲကြီးနဲ့လိုက်ပြေးသွားတာ။ သူ့ယောက်ျားနဲ့ မွေးစားသား အသစ်စက်စက်လေးကို ထားခဲ့ပြီး ခြေရာ ဖျောက်သွားခဲ့တာပေါ့ဗျာ..။ပြောကြတာတော့ ဘိုပယ်လ် ဘက်ပြေးသလိုလိုဆိုလားပဲ။ခုများတော့ဘယ်သောင် ဘယ်ကမ်း ဆိုက်နေမလဲဆိုတာ မသိတော့ပါဘူး။ မစ္စတာသောမတ်စ် ဒါလည်း သိရော ဒေါသတွေ အလိပ်လိပ်ထွက်လာတာပေါ့။ကျွန်တော့်ကို ပုခက်ထဲကနေ ဆွဲခေါ်လာပြီး ဘုန်းတော် […]


ဘုန်းတော်ကြီး ရဲ့ ဝန်ထုပ် တကယ်လို့ ဒေလီကိုရထားစီးပြီး ရောက်ဖူးမယ်ဆိုရင် ခင်ဗျား ပဟာဂျန် ကိုရောက်မှာပဲ။သေချာသလောက်ပြောရရင် ခင်ဗျား လူသံဆူ ဆူ ဖုန်ထူထူနဲ့ ပဟာဂျန် ဘူတာကို ရောက်သွားမှာပဲ။အဲ့သလိုဆို ခင်ဗျား ဘူတာရုံထဲကနေထွက်လာခဲ့လိမ့်မယ်။ပြီးရင် ဘယ်ဘက်ကိုချိုး ကွန်းနော့ ဘက် ဦးတည်ပြီးတော့လေ။နောက် လူရှုပ်လွန်းတဲ့ ဈေးကိုဖြတ်။အဲဒီမှာတော့ အပျော်ခရီးသွားတွေအတွက် ဈေးပေါပေါ ဧည့်ဂေဟာတွေ နဲ ့ ဈေးပေါ ပေါ မိန်းမ တွေရှိတာပေါ့။ဒါပေမဲ့ ခင်ဗျား ညာဘက်ကို သွားခဲ့ရင်တော့ “မားသား” နို့နှင့်နို့ထွက်ပစ္စည်းရောင်းတဲ့ဆိုင်ရယ် ၊ဂျေဂျေ အမျိုးသမီး ဆေးရုံ ရယ်ကိုကျော်လိုက်ရင် ဧရာမလက်ဝါးကပ်တိုင်ကြီးနဲ့ အဆောက်အအုံ နီနီကြီးတစ်ခုတွေ့မှာ။အဲဒါ စိန့်မေရီ ဘုရားကျောင်းပေါ့။အဲဒီနေရာမှာ လွန်ခဲ့တဲ့ ၁၈နှစ် ခရစ်စမတ်နေ့မှာ ကျွန်တော့်ကိုမွေးခဲ့တာပဲ။ပိုတိကျအောင်ပြောရရင်တော့ ဒီဇင်ဘာလ ၂၅ရက် အလွန်အေးစိမ့်နေတဲ့ညတစ်ညမှာ ကျွန်တော့် […]


စမီတာ က သံသယမကင်းတဲ့ မျက်လုံးတွေနဲ ့ကျွန်တော့်ကို စိုက်ကြည့်ပြီး- “အဲဒါ ဘယ်တုန်းကဖြစ်ခဲ့တာလဲ အတိအကျပေါ့” “လွန်ခဲ့တဲ့ ၆နှစ်လောက်ကပဲ..ကျွန်တော်နဲ့ ဆလင်း ဂတ်ကိုပါ မှာ နေတုန်းက” “ခု ရှင်ပြောတဲ့ အကြောင်းက ဘယ်လောက်အရေးပါလဲ သိလား” “ဗျာ” “အဲ့သလိုမျိုးသာ လူရှေ့သူရှေ့များ ဖြစ်ခဲ့လို့ကတော့ အာမန်းအလီတစ်ယောက် ရုပ်ရှင်လောက ကနေ ကွယ်ပျောက်သွား မှာဘဲ..အဲ ရှင်ပြောတာ အမှန်ပဲ ဆိုရင်လည်း သူနေရာပျောက်သွားမှာ အသေအချာပဲ..။” “ဒါဖြင့် ခင်ဗျားက မယုံသေးဘူးပေါ့” “ဟင့်အင်း မပြောပါဘူး။” “ခင်ဗျား မယုံသေးဘူးဆိုတာ ခင်ဗျား မျက်လုံးတွေက ပြနေတယ်ဗျ..လုပ်ပေါ့ဗျာ..ယုံတာ မယုံတာ ခင်ဗျား ကံကြမ္မာပဲ။ ဒါပေမဲ့နော် ဟောဒီ ဒီဗီဒီပေါ်က အထောက်အထားတွေကိုတော့ ခင်ဗျား မေ့ထားလို့မရဘူး။ ကဲ..ကျွန်တော်တို့ ပထမ […]


ကျွန်တော် တန်းလျားထဲဝင်လိုက်တော့ ကျွန်တော်တို့ မီးဖိုဆောင်ဘက် မှာ မီးများလောင်နေသလားလို့ ထင်နေတာ..ဘယ်ဟုတ်မလဲ ဆလင်းဆိုတဲ့ကောင် စက္ကူတွေကို မီးရှို့နေတာပဲ။ပါးစပ်ကလည်း လူယုတ်မာတွေ ခွေးသားတွေ ဘာညာကျိန်ဆဲနေပြီးတော့ ဆေးရောင်စိုစိုနဲ့ စက္ကူတွေတထပ်ကြီးကို တစစီဆုတ်နေတာ။ကျွန်တော် နည်းနည်းတောင်လန့်သွားပြီး- “ဟကောင် ဆလင်း မင်းဘာလုပ်နေတာလဲ” “အာမန်းကို သွားပုပ်လေလွင့် ပြောတဲ့ သေချင်းဆိုးတွေကို လက်စားချေနေတာကွ” ပြောရင်းဆိုရင်းနဲ့ စက္ကူစတွေ မီးပုံထဲ ထပ်ပစ်ထည့်လိုက်သေးတယ်။ဩော..ဒီကောင် ဒီစာရွက်တွေကို မဂ္ဂဇင်းတစ်စောင်က ဆုတ်လာခဲ့ တာကိုး။ “ဘယ်မဂ္ဂဇင်းက ဖြုတ်လာတာလဲ..အသစ်ကြီးရှိဦးမယ်” “အဲဒါ နောက်ဆုံးထုတ် စတားဘတ် မဂ္ဂဇင်းကပဲ။ငါ့လက်နဲ့နိုင်သရွေ့ငါ ဆုတ်ပစ်ဦးမှာပဲ..ငါဆယ်အုပ်လောက်တော့ဝယ်နိုင်မှာပဲကွ..” မဆုတ်ရသေးတဲ့ တစ်စောင်ကို ကောက်ယူပြီး ကျွန်တော်ကြည့်တော့ မျက်နှာဖုံးမှာ အာမန်းအလီပုံနဲ့ဗျ။အောက်မှာလည်း ပြူးပြူးပြဲပြဲ စာလုံးကြီးနဲ့ “ဒီလူရဲ့ တကယ့် အမှန်တရား” တဲ့။ “နေပါဦး မင်း အသဲစွဲဇာတ်လိုက်ကြီးပုံနဲ့ပဲဟ […]


ဘာသာရေး တီးလုံးလေးက နောက်ခံတီးနေတယ်။အာမန်း နဲ့ သူ့အမေက ဗိဿနိုး နတ်ကွန်းဆီသွားဖို့ လှေကားပေါ်တက်နေပြီ။ “ ဗိဿနိုးမယ်တော်ကြီး ဆီမှာ ရိုးရိုးသားသားနဲ့ ဆုတောင်းရင် ပြည့်တယ်လို့ ပြောကြတာပဲ။မင်းဆို ဘာဆုတောင်းမလဲ။” “မင်းရော ဘာဆုတောင်းမလဲ” သူကတောင် ကျွန်တော့် ပြန်မေးနေသေးတယ်။ “ငါတော့ ပိုက်ဆံရဖို့ပဲ တောင်းမယ် ထင်တယ်” “ငါကတော့ အာမန်း နဲ့ အူရ်ဝါရှီ ပြန်ပေါင်းထုပ်ပါစေ လို့ပဲ ဆုတောင်းမှာ” စဉ်းတောင်မစဉ်းစားဘူး။ဆလင်း ချက်ချင်း အဲ့ဒီလို ပြန်ပြောတာ။ဟော..ပိတ်ကားမှာအနီရောင်စာလုံးထူထူတွေနဲ့ အားလပ်ချိန် တဲ့။ ********************************************************************************* ဆလင်း နဲ့ကျွန်တော် ခြေဆန့်လက်ဆန့် လုပ်ကြတယ်။နောက် မုန့်ရောင်းတဲ့ကောင်လေးတစ်ယောက်ဆီကနေ ပျော့စိစိ စမူဆာ နှစ်ခု ဝယ်စားကြတယ်။ကောင်လေးကတော့ ခုံအလွတ်တွေကြည်ု့ပြီး စိတ်ပျက်နေပုံပဲ။သူ့ကြည့်ရတာ ဒီနေ့အမြတ်ကောင်းကောင်း မရလောက်သေးဘူး။ ကျွန်တော်တို့လည်း အိမ်သာသွားဖို့ လုပ်ကြတယ်။အိမ်သာက […]


ဆလင်း တအားကုန်ပြေးလာပြီး သူ့အခန်းထဲက အိပ်ယာပေါ်မှာ မျက်နှာမှောက်ထားတာ။ကျွန်တော်လည်း ထိတ်ခနဲဖြစ်သွားတာပေါ့။ “စလင်း..စလင်း..မင်းဘာဖြစ်လာတာလဲ..ဘာလို့ဒီနေ့အစောကြီး ပြန်လာတာလဲ” သူက အိပ်ယာပေါ်မှာ မှောက်ခုံကြီးလုပ်နေတော့ ကျွန်တော်လည်း စိုးရိမ်ပြီး အော်တောင်မေးမိတယ်လေ။မေးတော့လည်းပြန်မပြော။ ဒါနဲ့ သူ့ဆွဲလန်လိုက်တော့ သကောင့်သားက မျက်ခွက်ကြီး ပြုံးလို့ဗျ။ “တကယ့်ကို အံဩစရာကောင်းတဲ့ဟာ ဒီနေ့ဖြစ်လာတာဟ..ဒီနေ့ကတော့ ငါ့အပျော်ဆုံးနေ့ပဲကွာ” “ဘာလဲ မင်းထီပေါက်လို့လား” “ဟင့်အင်း..ထီပေါက်တာထက်တောင် ကောင်းသေး..ငါ အာမန်းအလီနဲ ့တွေ့ခဲ့တယ်ကွ” အသက်တောင်မရှူနိုင်ဘူး သူ့အဲဒီနေ့အဖြစ်ပြောပြတာ။ဂက်ကိုပါ မှာ သူ့အလုပ်နဲ့လှည့်ပတ်နေတုန်း အာမန်းအလီကို သူရိပ်ခနဲ မြင်လိုက် ရတာ။ သူ့ဇာတ်လိုက်ကျော်က မာစီဒီးကားပေါ်က ဆင်းပြီး ကြယ်ငါးပွင့် ဟော်တယ်ကြီးထဲ ဝင်တော့မလို့ဘဲ။ဆလင်းက ဘတ်စ်ကားပေါ်မှာလေ။ သူ့အလုပ်ဖြစ်တဲ့ ထမင်းဘူးလေးတွေ အစာပြေမုန့်ဘူးလေးတွေလိုက်ပို့တဲ့ အလုပ်လုပ်နေရင်းပေါ့။သူ့လက်ထဲ နောက်ဆုံးတစ်ဘူး ပဲ ပို့ဖို့ကျန်တာ လေ။အာမန်း ကိုမြင်လိုက်ရော သွားနေတဲ့ ကားပေါ်က […]


သူရဲကောင်း ၏ ကျဆုံးခန်း တတိယ ဘဲလ် မြည်သွားပြီ။ခရမ်းရောင် ကတီပါ ကားလိပ်ကြီး ဖွင့်တော့မယ်။မီးတွေလည်း တော်တော်ကြီး မှိန်ကျသွားတာ ထွက်ပေါက်ဆို တဲ့ မီးနီနဲ့ ဆိုင်းဘုတ်ကလေးသာ ကောင်းကောင်းကျန်တော့တာ။မီးခဲစ ရဲရဲလေးလိုပဲ အမှောင်ခန်းထဲမှာ တောက်နေပုံများ။ပေါက်ပေါက်တွေ အအေး တွေ ရောင်းတဲ့လူတွေလည်း အကုန်ထွက်ကြရပြီပေါ့။ကျွန်တော် နဲ ့ဆလင်း ကိုယ့်ခုံလေးတွေမှာ ကိုယ်စီထိုင်လိုက်ကြတယ်။ ခင်ဗျား ဦးဆုံးသိဖို့လိုတာက ဆလင်းက ကျွန်တော့်သူငယ်ချင်း။အရင်းခေါက်ခေါက်ကြီးပေါ့။နောက်တစ်ခုက သူက ဟိန္ဒူရုပ်ရှင်တွေ တအား ကိုကြိုက်တာ။အဲ..အကုန်လုံးတော့ဘယ်ဟုတ်မလဲ။အာမန်း အလီ ပါတဲ့ ကားတွေပဲပေါ့။ ပြောကြတာတော့ လက်ဦး နာမည်ကြီးတာ အမီတာ ဘာဂျမ်းပေါ့ဗျာ။နောက် ရှရွတ်ခန်း။ခုကျတော့ အာမန်းအလီတဲ့ဗျ။ဟာ တကယ့် ဇာတ် ကြမ်းမင်းသားပဲ။အိန္ဒိယ သားတွေရဲ့ နတ်ဘုရားတစ်ပါး။သန်းပေါင်းများစွာသော ပရိသတ်တွေရဲ ့သွေးခုန်နှုန်းကို တဒုတ်ဒုတ်တိုးစေတဲ့သူ။ ဆလင်းက အာမန်းအလီ […]


အငွေ့တထောင်းထောင်းနဲ ့ လက်ဘက်ရည်ခွက်လေးကိုင်ပြီး သားရေ ဆိုဖာပေါ် ကျွန်တော် ထိုင်နေတယ်။လေးထောင့် စားပွဲပေါ်မှာတော့ စာရွက်တွေ ပြန့်ကျဲနေတာပဲ။စာရွက်တချို့ကိုတော့ ဖန်တုံးလေးနဲ့ဖိထားတယ်။နောက်ပြီး အနီရောင်စားပွဲတင် မီးအိမ်လေးလည်းရှိသေးတယ်။အခန်း နံရံတွေကတော့ ပန်းနုနှင်းဆီရောင် သုတ်ထားတာ။စာအုပ်စင်တန်းတွေထဲမှာ အနက်ရောင်စာအုပ်ထူထူကြီးတွေစီလို့။စာအုပ်ကြီးတွေ အနှောင့်မှာ ရွှေရောင်စာလုံးတွေနဲ့လေ။နံရံမှာတော့ ဆာတီဖီကိတ်တွေ ၊ဒီပလိုမာ လက်မှတ်တွေကို ဘောင်သွင်းပြီး ချိတ်ထားတာ။ရှေ့တချိုးက အခန်းထောင့် ဘေးမှာတော့ အရွက်ဖားဖားစိမ်းစိမ်း နဲ ့တိုက်ကပ်နွယ်ပင်လေးကို အိုးနဲ ့ထည့်စိုက်ထားတယ်။ကျွန်တော်တို့ဆီမယ်တော့ ငွေပင်[1] ခေါ်ကြတာပဲ။ စမီတာ ပြန်ထွက်လာတော့ သူ့လက်ထဲမှာ ပန်ကန်တချပ်နဲ ့ဖန်ခွက်တလုံးသယ်လာတာတွေ့ရတယ်။ဟင်းနံ့ ကျွေးနံ့လေး ရနေတယ်။ “ရှင် တော်တော်ဆာနေမယ်ဆိုတာ သိပါတယ်။ဒီမှာ ကျွန်မယူလာတာ..ချာပါတီ ရယ် ဟင်းရွက်အစုံသုတ်ထားတာရယ်..ပြီးတော့ ကုခ် တဗူး..ရေခဲသေတ္တာထဲ ရှိတာ ဒါအကုန်ပဲရှင့်” ကျွန်တော် သူလက်ဆွဲပြီး ကျေးဇူးတင်ကြောင်း ပြောလိုက်တယ်။သူလက်က နွေးထွေးတယ်၊စိုစွတ်နေသလိုပဲ။ကျွန်တော် […]


ခန္ဓာကိုယ်တစ်ခုလုံး တစူးစူး တဆစ်ဆစ် နာနေလိုက်တာ နေရာလပ်ရယ်လို့မကျန်အောင်ပဲ။ကြိုးကြမ်းကြမ်းကြီးတစ်ချောင်းနဲ့ ကျွန်တော့် လက်ကိုချည်ပြီး ထုတ်တန်း မှာတွဲလောင်းဆွဲထားတာ။ထုတ်တန်းနဲ ့ကြမ်းပြင်က ၉ပေလောက်ကွာတယ်လေ။ကျွန်တော့်ကို လုံးဝကိုယ်လုံးတီး ချွတ် ထားတာ။ရင်ဘတ်က နံရိုးလေးတွေ အပြိုင်းပြိုင်းထွက်နေပုံများတော့ အာဖရိက ကငတ်နေတဲ့ ကလေးတွေလိုမျိုးပဲ။ ဂွတ်ဘိုး ကျွန်တော့်ကို ဒီလိုနှိပ်စက်ထားတာ တစ်နာရီမကတော့ဘူး။ဒါပေမဲ့ သူဆော်ဦးမှာ။နာရီဝက်လောက်ကြာတိုင်း ငနာကြီးက ကျွန်တော့်ကို နှိပ်စက်ဖို့ ပစ္စည်းတစ်မျိုးမျိုး ယူယူလာတာ။ပထမဆုံး သစ်သားချောင်းမှာ ငရုပ်သီးမှုန် ့လား ငရုပ်ကောင်းမှုန့်လား မသိဘူး၊အဲဒါတွေ သုတ်ပြီး မရိုသေ့စကားဗျာ ..ကျွန်တော့်ဖင်ထဲ ထိုးထည့်တာ။ခံရတဲ့ ဆိုးချက်တော့ မပြောနဲ ့တော့။မီးစကြီးနဲ ့ထိုးလိုက်သလိုပဲ။အံကြိတ်ခံရတာ။ နောက် ရေပုံးထဲ ခေါင်းထည့်နှစ်တယ်။မွန်းကြပ်ပြီး အဆုပ်တွေကွဲထွက်မတတ်တဲ့အထိ ခေါင်းကို ချုပ်ထားတာ။ကျွန်တော် ရေမွန်းပြီး ဝူးဝူးဝါးဝါးနဲ ့ အတင်းရုန်းကန်နေတာ သေလုမျောပါးပဲ။ ခု နောက်တစ်ခုယူလာပြန်ပြီ။ဓာတ်ကြိုးစ […]


ဂျွန်ဆင့် အဖြေက ကျွန်တော့် အဆုံးအဖြတ်ကို ပိုခိုင်စေသဗျ။ “ကျွန်တော်တို့ အဲသလို လုပ်လို့မဖြစ်ဘူးဗျ။လုပ်ရင် ဥပဒေကြောင်းအရ ကျွန်တော့်တို့ အတွက် သူများထောက်စရာ ပျော့ကွက် ဖြစ်သွားလိမ့်မယ်။ခင်ဗျားမြင်တဲ့ အတိုင်း ဒီကောင်လေးက ရိုးရိုးသားသား အနိုင်ရတဲ့ကောင်လေးဖြစ်ချင်ဖြစ် ၊ဒါမှမဟုတ် ကလိန် ကကျစ် လူညစ်လေး ဖြစ်ရမယ်။အဲဒီတော့ သူ သန်းတစ်ထောင်ရရင် ရ ၊မရရင်သွား ဂျေး ထဲကို။ညှိတာတွေ အပေးအယူတွေ နဲ ့လုပ်လို့မဖြစ်ဘူးဗျ။သူ သေချာပေါက် ထောင်ထဲရောက်သွားအောင် ခင်ဗျားကူညီပေးရမှာ။ခုနေ ရူးပီးသန်းတစ်ထောင် ပေး လိုက်ရင် မစ္စတာ မီခေးလော့ဗ် နှလုံးသွေးရပ်သွားနိုင်တယ်ဗျ” မင်းကြီးက ဂျွန်ဆင့် မျက်လုံးကိုတည့်တည့်ကြည့်ပြီးတော့- “ကျူပ် သဘောပေါက်ပြီ” နောက် ခပ်လေးလေး ပြောလိုက်တာက- “ဒီထဲမယ် ကျုပ်အတွက်ကောပါရဲ ့နော်” မထင်မိဘူး။ဒါပေ့မဲ့ မှန်းထားတဲ့အတိုင်း ဂျွန်ဆင် […]


“အိုခေ..ကဲပြောတော့ ” “မင်းကြီး..ဒီလိုဗျ..ခု မစ္စတာ မစ်ခေးလော့ဗ် မှာ ရူးပီးတစ်ဘီလျှံ[1] ပေးဖို့ အခြေအနေ မရှိဘူးဗျ” “ဒါဖြင့်ရင် ဒါမျိုးပွဲမျိုး သူက ဘာလို့လုပ်သေးတုန်း” “အဲ..ဒါက စီးပွားရေးအရ ဗန်းပြသက်သက်ထွင်လုံးပေါ့” “အာ..ငါနားမလည်ပါဘူးကွာ..ကဲထားပါ ၊ထွင်လုံးဆိုရင်တောင် ခုဆို အမြင့်ဆုံးဆုတောင်ရ သွားပြီဆိုတော့ ခင်ဗျားတို့ပွဲက ဘာတတ် နိုင်ဦးမှာတုန်း” “အချိန်ဇယားနဲ့ဗျ ..မင်းကြီးရဲ့ ၊ချိန်ကိုက်ထားတာမျိုး။ ကျွန်တော်တို့ ပွဲက အံစာလှိမ့်သလိုမျိုး ကျချင်ရာကျ မဟုတ်ဘူး။ဇာတ်ညွှန်း အ တိုင်း လုပ်ရမှာလေ။ကျွန်တော်တို့ အစီအစဉ်အရဆိုရင် ဆုကိုအနိုင်ရတဲ့သူ အနည်းဆုံး ရှစ်လ အတွင်းမရှိရဘူး၊ ပေါ်မလာရဘူးပေါ့။ အဲသည့်အချိန်အတွင်းမှာ ကျွန်တော်တို့ ရင်းထားတဲ့ငွေအတော်တော်များများကို ဒီအစီအစဉ်ကရလာမဲ့ ကြော်ငြာဝင်ငွေ နဲ့ ထေမိ ကာမိသွားမှာ။ဒါပေမဲ့ ဒီကောင်လေးက ကျွန်တော်တို့ လုပ်ငန်းအစီအစဉ်ကို ဖျက်စီးပစ်လိုက်တာပဲ” မင်းကြီး […]


ကြိုက်သလောက်ပြောရော့ပဲ။မသိယောင်ဘဲနေလိုက်တယ်။ဒါကလည်း သူ့ဟာသူ ကျင့်သားရလာတာမျိုးပါပဲ။အရေထူနေပါပြီ။ ကျွန်တော့်ကို စစ်ဆေးနေတဲ့ အခန်းအပြင်ဘက်မှာတော့ ရဲသားနှစ်ယောက် ခပ်တောင့်တောင့်နဲ့သတိစွဲ ရပ်နေကြတယ်။ကြည့်ရတာ အရေးကြီး ပုဂ္ဂိုလ်တစ်ယောက်ယောက်ရောက်နေပုံပဲ။မနက်တုန်းကတော့ သူတို့တွေ ကွမ်းလေးတဝါးဝါးနဲ့ ညစ်တီးညစ်ပတ်ဟာသတွေ ပြောနေ ကြတာ။ဂွတ်ဘိုး  ကတော့ထုံးစံအတိုင်းကျွန်တော့် ဆွဲခေါ်လာပြီး အဲ့ဒီအခန်းထဲတွန်းလွှတ်လိုက်တယ်။အခန်းထဲမှာ လူနှစ်ယောက် မတ်တပ်ရပ်နေ ကြတယ်။သူတို့နောက်ကနံရံမှာ ရာဇဝတ်မှု စာရင်းဇယားတွေကို ကားချပ်နဲ့ရေးပြီး ချိတ်ထားတယ်။ပြန်ပေးဆွဲတာတွေ လူသတ်တာမျိုးတွေပဲဖြစ် မယ်။အဲ..သူတို့ထဲက တစ်ယောက်ကိုတော့ ကျွန်တော်မှတ်မိတယ်ဗျ။အဲဒီလူပဲ။မိန်းမဆံပင်လို ၊ရော့စတား တစ်ယောက်ရဲ ့ဆံပင်လို ခပ်ရှည်ရှည်။ မေးဖြေ အစီအစဉ် ရိုက်တုန်းက ညွှန်ကြားချက်တွေကို အစီအစဉ်တင်ဆက်တဲ့လူဆီ လှမ်းပြောနေတဲ့သူပေါ့။နောက်တစ်ယောက်တော့ ကျွန်တော် မသိဘူး။ထိပ်လုံးဝပြောင်နေတဲ့ လူဖြူတစ်ယောက်ပဲ။မရမ်းစေ့ရောင်နုနု အနောက်တိုင်းဝတ်စုံ၊လိမ္မော်ရောင်တောက်တောက် လည်စည်းနဲ ့။ဒီလို ပူအိုက်မွန်းကြပ်တဲ့ အချိန်မျိုးမှာ ဒါမျိုးဝတ်နိုင်တာ လူဖြူတွေပဲရှိမပေါ့ဗျာ။ဒါကြည့်ပြီး ဗိုလ်မှူးကြီး တေလာကိုတောင် သတိရမိသေးတယ်။ မျက်နှာကျက် ပန်ကာကတော့ […]


Vikas Swrap ရဲ  ့ Q & A ကို ပြန်ဆိုပါသည်။ ဝတ္ထု ရေးဘူးသူ ဘာသာ ပြန်ဘူးမဟုတ်သဖြင့် အလွဲအမှားများရှိပါက သည်းခံတော်မူကြပါကုန်။ထို ဝတ္ထုကို မှီး၍ ရုပ်ရှင် အဖြစ် ရိုက်ကူးထားသော slum dog millionaire ကို အားလုံးကြည့်ဖူးကြပေလိမ့်မည်။ မူရင်း ဝတ္ထုမှာ ရသာတစ်မျိုးပေးနိုင်လိမ့်မည်ဟုယူဆသောကြောင့် အားထုတ် ၍ ဘာသာပြန်ပါသည်။ နိဒါန်း ကျွန်တော် အဖမ်းခံနေရတာ ဉာဏ်စမ်းအမေးအဖြေ အစီအစဉ်မှာ နိုင်ခဲ့လို့တဲ့။ မနေ့ညက သူတို့(ရဲတွေ)ကျွန်တော့်ဆီရောက်တော့ ခွေးလေခွေးလွင့်တွေတောင် အိပ်ကုန်ကြပြီ။သူတို့က တံခါးကိုဖျက်ဝင်တယ်။နောက်ကျွန်တော့်ကို လက်ထိပ်ခတ်ပြီး မီးနီတဖျပ်ဖျပ် လက်နေတဲ့ ဂျစ်ကားဆီခေါ်သွားကြတာပေါ့။အော်တာဟစ်တာ ဘာညာမရှိပါဘူး။ဘယ်သူမှလည်း သူတို့တဲထဲက ထမကြည့်ကြပါဘူး။ မန်ကျည်းပင်ပေါ်က ဇီးကွက်အို တစ်ကောင်ပဲကျွန်တော် အဖမ်းခံရတာကို ကြည့်ပြီး အော်လိုက်တယ်ထင်မိသလိုပဲ။ […]