mgwaloneJuly 15, 20121min14210
ထပ်မံ ကြိုးစားခြင်း ဖြစ်ပါသည်။ အားပေးကြသူများကို ကျေးဇူးတင်ပါသည်။ လိုအပ်သည်များကို ညွှန်ပေးသော ကိုတောက်တဲ့ကိုလည်း အထူးကျေးဇူးတင်ပါသည်။ အားလုံးကို ကျေးဇူးပါ။ ပြန်တင်ခြင်း ဖြစ်ပါသောကြောင့် ပွိုင့် မပေးရန် သူကြီးမင်းကိုလည်း လေးစားစွာ တောင်းပန်အပ်ပါသည်။ မှားပြန်ရင်လည်း ခွင့်လွှတ်သည်းခံ အားပေးကြပါ။ ပုံကို resolution လျှော့လိုက်ပါတယ်။ ပြီးတော့မှ တင်ပါတယ်။ Median ကိုပဲ ရွေးထားပြီး Center ကိုယူထားပါတယ်။ လိုအပ်တာများကို သင်ကြားပေးရန် လေးစားစွာဖြင့် မောင်ဝလုံး ပုံတွေနဲ့ ပတ်သက်လို့က ပုံတော်ဘုရားလု့ိ လူသိများတဲ့ မင်းကွန်း ပုထိုးတော်ကြီး ရဲ ့ ပုံစံငယ် ဘုရားပုံ မပါသွားပါဘူး။ နောက်ပြီး ပုထိုးတော်ကြီးရဲ ့ ရှေ ့မှာ ရှိတဲ့ ခြင်္သေ့ကြီး ၂ ကောင်ပုံလဲ […]


mgwaloneJuly 14, 20121min22916
မင်းကွန်းသွားတုန်းက လက်ဆော့ထားတာပါ (ဦးပေါက်စကားကို ယူသုံးလိုက်ပါတယ်)။ ရိုက်ထားတာ ၂ နှစ်လောက် ရှိပြီ ထင်ပါတယ်။ မမှတ်မိတော့ပါ။ ပုံတွေ တင်တိုင်း သေးသွားတာနဲ့ ပြန်တင်ကြည့်မယ်ဆိုပြီး စမ်းလိုက်တာပါ။ သေးသွားရင်လည်း တောင်းပန်ရဦးမှာပေါ့ ။ သီးခံ အားပေးသူများကို အထူး ကျေးဇူးတင်ပါတယ်။ မောင်ဝလုံး


mgwaloneJuly 10, 20121min29422
သွားရင်းလာရင်း ဦးပေါက်လို လက်ဆော့တယ်ပဲ ဆိုရမှာပါပဲ။ ကင်မရာ အစုတ်ကလေးနဲ့ ရိုက်ထားတာပါ။ မန္တလေးရဲ ့ သွင်ပြင်လေးတွေကို အတိုင်းအတာတစ်ခုတော့ ဖေါ် ပြနိုင်တယ်လို့ ယူဆမိပါတယ်။ အယင်တစ်ခါ အမှိုက်ပုံကို ကြည့်သလို နှာခေါင်းမပိတ်ပဲ လေကောင်းလေသန့်လေးတွေ ပြန်ရှုနိုင်အောင် ဝေမျှလိုက်ပါတယ်။ အားလုံးကို ခင်မင်လေးစားစွာ မောင်ဝလုံး


mgwaloneJune 29, 20121min1595
ကျွန်တော်တို့ နိုင်ငံမှာ ချစ်စရာတွေ အများကြီး ရှိပါတယ်။ နိုင်ငံသားတိုင်းက ချစ်ခင် မြတ်နိုး တန်ဖိုးထားရမယ့် အရာတွေ အများကြီးပါ။ ရှေးနှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့တဲ့ သမိုင်းအမွေ အနှစ်တွေ၊ သဘာဝအလှအပတွေနဲ့ သယံဇာတတွေဟာ တန်းဖိုးမဖြတ်နိုင်သလို အင်မတန်လည်း ပေါးများပါတယ်။ ပေါများသလာက်လည်း ကျွန်တော်တို့ နိုင်ငံနဲ့ နိုင်ငံသားတွေကို အများကြီး အကျိုးပြုနေတာ လူတိုင်းအသိပါပဲ။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံသားတိုင်းက ဒီအဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေကို ချစ်ခင်မြတ်နိုး တန်းဖိုးထားရမယ်၊ ထိမ်းသိမ်းစောင့်ရှောက်ရပါမယ်။ ဒါမှလည်း တကယ် ချစ်ရာ ရောက်ပါမယ်။ ဒါပေမဲ့ မေးစရာရှိနေပါတယ်။ ကျွန်တော်တို့တတွေ တကယ် ချစ်ပါသလား။ မှန်ကန်နဲ့ နည်းလမ်းနဲ့ ချစ်နေတာကော ဟုတ်ပါရဲ ့လား။ လွန်ခဲ့တဲ့ ဇန်နဝါရီလက ဧရာဝတီမြစ်ထဲမှာ ခရီးသွားခဲ့ပါတယ်။ အားလုံး သိတဲ့အတိုင်း […]


mgwaloneJune 25, 20121min1236
မောင်ဝလုံး ဒီတစ်ခေါက်သွားတာက ထူးဆန်းတဲ့ ခရီးတော့ မဟုတ်ပါဘူး။ ရန်ကုန်ကို ဘပ်စကားနဲ့ သွားတာပါပဲ။ အယင်က သွားဘူးပေမဲ့ ဒီတစ်ခါသွားတော့ နဲနဲတော့ ထူးခြားတာလေးတွေ တွေ့မိမြင်မိ၊ အတွေးပွားမိပါတယ်။ မောင်ဝလုံး ရန်ကုန်သွားတိုင်း ဘတ်စ်ကားနဲ့ပဲ သွားတာ များပါတယ်။ အဲ- သူများကိုလည်း ဒုက္ခ မပေးချင်၊ ကိုယ် တိုင်လည်း အဆင်မပြေတော့ ထိုင်ခုံ ၂ ခုံ ဝယ်စီးနေကြပါ။ အဟဲ ကျွန်တော်က ဝ၀၊ လုံးလုံးလေ။ ဒါပေမဲ့ အခု နောက်ပိုင်း ကားလိုင်း အတော်များများက ကားကြီး ခုံကြီးတွေ ဖြစ်လာတာနဲ့ ဒီတစ်ခေါက် မောင်ဝလုံး တစ်ခုံပဲ ဝယ်စီးခဲ့ပါတယ်။ ကားကတော့ ဆွီဒင်နိုင်ငံလုပ် Scania (စားလုံးပေါင်း မှားနိုင်ပါတယ်) အမျိုးအစားပါ။ လေအေးပေးစက်က ကောင်း၊ […]


mgwaloneJune 16, 20121min746
ဆရာဦးဘုန်း (ဓာတု) ရေးထားတဲ့ ရတနာပုံသတင်းစာမှာ ပါတဲ့ “ကျောင်း” ဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။ ဖတ်ရင်းနဲ့ ပေါ်လာတဲ့ အတွေးတွေကို တွဲပြီ ထဲ့ပေးလိုက်ပါတယ်။ “ဆရာ့ကို တိုင်ပင်စရာရှိလို့ပါ။ ကျွန်တော့်သမီးကို နိုင်ငံတော်ကဖွင့်တဲ့ အခြေခံပညာ ကျောင်းမှာ ထားရမလား။ ပုဂ္ဂလိကကုယ်ပိုင်ကျောင်းမှာ ထားရမှာလား။ သမိးက ငါးတန်း” ကျွန်တော့် သူငယ်ချင်းတစ်ယောက်လည်း ဆိုလာပြန်သည်။ “ငါ့သားအငယ်က အခုရှစ်တန်းကွ။ ကျောင်းထုတ်ပြီး ကိုယ်ပိုင်ကျောင်းမှာ ထားရင် ကောင်းမလားလို့။” ကျွန်တော့် ညီမကလည်း မေးလာပြန်သည်။ “အစ်ကို။ နင့်တူမကို ကိုယ်ပိုင်ကျောင်းတစ်ခုခုမှာ ထားရင်ကောင်းမလားလို့။ သူက ဒီနှစ် ကိုးတန်းလေ။” သူတို့ မေးတိုင်း ကျွန်တော်ဘာမှ အကြံမပြုတတ်ပါ။ ကိုယ့်ရဲ ့ဝင်ငွေနဲ့ သားသမီးအပေါ် အချိန်ပေးနိုင်မှုကို မူ တည်ပြီး မိဘတွေက စဉ်းစားတတ်ကြသည်။ […]


mgwaloneMay 29, 20121min17411
မန္တလေးက အမှိုက်ပုံလမ်း ခေါ် ၃၂ လမ်း (၆ဝ x ၆၂ ကြား) ကို ရိုက်ထားတဲ့ ဓတ်ပုံတွေပါ။ ယခင် လမ်းမကြီးတစ်ခုလောက် မကျယ်ခင်ကလည်း အမှိုက်တွေပုံထားလို့ အမှိုက်ပုံလမ်းလို့ လူသိများခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ လမ်းကိုလည်း ချဲ ့လိုက်တယ်။ အဆောက်အဦး အသစ်၊ အိမ်ယာအသစ်တွေ ပေါ်လာတယ်။ ဒါပေမဲ့ အမှိုက်ပုံကတော့ ရှိနေတုံးပါပဲ။ စည်ပင်ကလည်း မှန်မှန်လာမသိမ်းပါဘူး။ အယင်က အမှိုက်ကန် ထားပေးတယ်။ အခု ကန်လည်း မရှိတော့ ပါဘူး။ လူတွေကလည်း စည်းကမ်းမရှိကြဘူး။ ပုံမှာမြင်ရတဲ့ အတိုင်း ထင်သလို ပစ်ကြတယ်။ လမ်း ၆ဝ ကနေ ၆၂ လမ်းအထိ ကြားတဲမှာ နေရာအတော်များများက အမှိုက်ပုံဖြစ်နေတယ်။ အနံ့အသက်က မကောင်း။ မိုးရွာယင် […]


mgwaloneMay 27, 20121min988
နေပြည်တော် ဆာဖရီ ဥယျာဉ်ပါ။ အကောင်အရေအတွက် နည်းပါတယ်။ ရှိတာလေးတော့ ကြည့်ခဲ့ရပါတယ်။ ပိတ်ရက်မရှိ နံနက် (၀၈၀၀) နာရီကနေ ညနေ (၀၅၃၀) အထိ ဖွင့်တယ်လို့ သိရပါတယ်။ ဝင်ကြေးက (၁၀) နှစ်အထက် တစ်ဦးကို ၂၀၀ဝ ကျပ်ပါ။ ပုံမှာပါတဲ့ အတိုင်း မော်တော်ကားနဲ့ လည်ရပါတယ်။ ဝင်ကြေးမှာ ကားအတွက် ပါပြီးသားပါ။ ထပ်မပေးရပါဘူး။ လူအရေအတွက်ကို လိုက်လို့ ကားအကြီး အသေး ရှိပါတယ်။ အချို ့နေရာတွေမှာ ရပ်ကြည့် ဆင်းကြည့်လို့ ရပါတယ်။ ဆာဖရီ ဥယျာဉ်လို့ ဆိုပေမဲ့ သစ်ပင်ကတော့ မရှိသလောက်ပဲ။ အပင်ကြီး လုံးဝမရှိပါဘူး။ သစ်တော ပြတိုက်လုပ်ဖို့ သစ်ငုပ်တိုပုံဒီဇိုင်နဲ့ ပြခန်းအဆောက်အဦးတွေ ဆောက်ထားတယ်။ မဖွင့်သေးပါ။ သူများနိုင်ငံကလောက် မကောင်းပေမဲ့ […]


mgwaloneMay 26, 20121min17711
သန်လျင်လို့ ခေါ်တဲ့ တညင်ကို ရောက်ပေမဲ့ ရေလည်ကျောက်တန်းကို မရောက်တာတော့ ကြာပါပြီ။ ဒီတစ်ခေါက် ခရီးကြုံ ရောက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်လောက်က ရောက်ခဲ့တာဆိုတော့ ဝါးတားတား ပဲ မှတ်မိတော့တာ။ ကျန်တာတွေ ပြောင်းမပြောင်းမသိပေမဲ့ သေချာပေါက် ပြောင်းတာတစ်ခုတော့ တွေ့ခဲ့ပါတယ်။ အဲဒါကတော့ အမှိုက်တွေ ပိုပေါလာတာပါပဲ။ ပလတ်စတစ်အသုံးချမှု ပိုများလာတာနဲ့အတူ အမှိုက်တွေလဲ ပိုများလာတာပါပဲ။ ရေလည်က ဘုရားကို သွားဖို့ စက်လှေနဲ့ ကူးရပါတယ်။ တစ်ဦးကို (၂၀၀) ကျပ်ပါ။ စင်းလုံးငှားရင်တော့ ၃၀၀၀၊ စက်လှေအကြီးဆိုရင် ၅၀၀ဝ ပါ။ ဘုရားဖူးလာသူများက ငါးစာကြွေးကြတယ်။ ဘုရားပေါ်မှာ ရောင်းပေမဲ့ ကမ်းပေါ်က ငါးစားရောင်းသူတွေက ဟိုမှာမရှိဘူးဆိုပြီး ပြောရောင်းကြတယ်။ ငါးစာတွေကို ပလတ်စတစ်တွေနဲ့ ထုတ်ပြီး ရောင်းကြတယ်။ […]


mgwaloneMay 9, 20121min1669
ဧရာဝတီနဲ့ ပတ်သက်ပြီး ပြောကြ၊ ရေးကြတာတွေ အများကြီးပါ။ ပြောစရာတွေကလဲ မကုန်နိုင်သေးပါဘူး။ ဇန်နဝါရီက သွားခဲ့တဲ့ ခရီးစဉ်အတွင်း မြင်မိ၊ ခံစားမိတာလေးတွေကို မျှဝေတာပါ။ အားပေးကြသူများကို ကျေးဇူးတင်ပါတယ်။ လိုအပ်တာတွေကိုလည်း တောင်းပန်ပါတယ်။ ကြိုးစားပါဦးမယ်