SandyFebruary 9, 20121min1779
အခုတော့ထမင်းစားမကောင်းတာနဲ့ဘာချက်စားရင်ကောင်းမလဲလို့စဉ်းစားရင်းအကြံရသွားတယ်။ မြန်မာတွေအကြိုက်ပေါ့” ခရမ်းချဉ်သီးငပိချက်” လေ။ လိုအပ်တာလေးတွေကတော့………………… ၁။ခရမ်းချဉ်သီး(အကြီး၂လုံး) ၂။ငရုတ်သီးဖွဲကြမ်း(အနည်းငယ်) ၃။ငရုတ်သီးစိမ်း(၄တောင့်) ၄။ကြက်သွန်နီ(၂လုံး) ၅။ကြက်သွန်ဖြူ(၁ဥ) ၆။ပုဇွန်ခြောက်မှုန့်(သင့်တော်သလို) ၇။ငံပြာရည်(အချို) ၈။အချိုမှုန့်(အနည်းငယ်) ၉။ပဲဆီ(အနည်းငယ်) အစီအစဉ်လေးတွေကတော့………………… ၁။ခရမ်းချဉ်သီး၂လုံးကိုအရင်ရေနွေးဆူဆူဖြင့်မိနစ်အနည်းငယ်ပြုတ်ပါ။ ၂။ကြက်သွန်အဖြူ၊အနီကိုလေးစိတ်စိတ်ပြီးငရုတ်သီးစိမ်း၊ဖွဲကြမ်းတို့ဖြင့်ရောထောင်းပါ။ (အချိုမှုန့်ပါထည့်ပါ) ၃။ပြုတ်ထားသောခရမ်းချဉ်သီး(အပျော့)ကိုပါရောပြီးထောင်းပါ။ ၄။ရောထောင်းထားပြီးသားများကိုဆီပူပူတွင်စတင်ချက်ပါ။ ၅။ပုဇွန်ခြောက်မှုန့်၊ငံပြာရည်တို့ပါထည့်ပါ။ ၆။သမအောင်မွေပါ။(၅မိန်ခန့်) ၇။လိုက်ဖက်သောတို့စရာများဖြင့်တွဲဖက်စားသုံးနိုင်ပါပြီ။ ဥပမာ………”ဂေါဖီပန်းပွင့်ပြုတ်”၊”နံနံပင်”၊”မုံလာဖူးရွက်ပြုတ်”…………………      

SandyFebruary 3, 20121min903
ယခုမြန်မာနိုင်ငံတွင်ပြန်လည်ကြုံတွေ့လာရသော”ခါးပိုက်နှိက်မှု”ပြန်လည်ဖြစ်လာသည်။ ဘတ်စကားပေါ်တွင်ယခု”ခါးပိုက်နှိက်မှု”ခံရသူတစ်နေ့ထက်တစ်နေ့ပိုမိုအဖြစ်များလာသည်။ သတိထားရမည့်အချက်မှာ………………ကားပေါ်တွင်အမွှေးရနံ့ဖြင့်ဆွဲဆောင်ခြင်းဖြစ်သည်။ အမွှေးရနံ့ထဲ့တွင်လူကိုထုံထိုင်းစေတတ်သောအနံ့တစ်မျိုးဖြင့်မူးဝေစေပြီးကိုယ်ပေါ်တွင်ပါလာသော ရတနာ၊အဖိုးတန်လတ်ဝတ်တန်ဆာများကိုကိုယ်တိုင်ပင်မူးမေ့ပြီး(်အမွှေးရနံ့ကြောင့်)အသာတကြည် ပေးမိချင်းများအဖြစ်များလာသည်။ထို့ကြောုင့်နေရာတိုင်းအချိန်တိုင်းတွင်သတိပြုမိကြဖို့လိုအပ်ပါသည်။ ကားပေါတွင်မိမိကိုဝင်တိုက်မိလျင်သတိထားပါ။

SandyJanuary 25, 20121min1266
ငယ်ငယ်တုန်းကပညာပေးသင်ခန်းစာတွေအများကြီးသင်ခဲ့ဖူးပါတယ်။ရတန်းကလေးကိုသင်ရင်းနဲ့လူတွေကိုပြန်မှတ်စေဖို့ဒီ”post”ကိုတင်လိုက်တာပါ။ ပုံပြင်လေးတွေပါ………………………………… “The Fox and the Grapes”…မြေခွေးနုင့်စပျစ်သီး တစ်နေ့မှာမြေခွေးတစ်ကောင်တောထဲမှာအစာရှာရင်းစပျစ်ပင်ကြီးအောက်ရောက်တော့စပျစ်သီးတွေမြင်တော့”အရမ်းချိုပဲဆိုပြီး”စဉ်းစားရင်းစပျစ်သီးကိုခူးဖို့ကြိုးစားတယ်။ ဒါပေမဲ့စပျစ်ကိုင်းကိုမမှီတော့ဘယ်လောက်ခုန်ခူးခူးမမှီဘူးပေါ့။ သူအလွန်မောပန်းလာတာပေါ့၊အဲ့ဒီအချိန်မှာသူစကားတခွန်းပြောတယ်”ဒီစပျစ်သီးတွေငါမလိုချင်တော့ဘူး၊အဲ့ဒါတွေအရမ်းချဉ်တယ်ဆိုပြီးထွက်လာခဲ့တယ်။” ဒီပုံပြင်ကိုကြည့်ချင်းအားဖြင့်…………………..လူတွေကကိုလိုချင်တာရဖို့ဆိုရင်ဘာမဆိုလုပ်ပြီးယူတတ်ကြတယ်။ သူတို့လိုချင်တာမရတော့ဘူးဆိုရင်တော့အဒီအရာကိုပြစ်တင်ကဲ့ရဲ့တတ်ကြပြီး၊မကောင်းဘူးဆိုပြီးပြောတတ်ကြတယ်။ ဒီပုံပြင်လေးကလူတွေရဲ့စိတ်နေသဘောသဘာဝကိုဖော်ပြလိုက်တာပါ။အမှတ်တမဲ့ဆိုပေမဲ့လူတွေတော်တော်များများသတိလက်လွတ်ပြောမိကြပါတယ်။ ဒုတိယပုံပြင်လေးကတော့…………………………………… “The Dog in the manger”…….နွားစာခွက်ထဲကခွေး တစ်နေ့မှာခွေးတစ်ကောင်၊နွားစာခွက်တဲဝင်ပြီးနေတယ်။ နွားတွေကောက်ရိုးစားဖို့လာတော့လာသမျနွားတွေကိုဟောင်လွတ်ပစ်လေတယ်။ သူကိုယ်တိုင်ကတော့ကောက်ရိုးကိုမစားဘူး၊ဒါပေမဲ့ဘယ်သူမှစားမရအောင်လုပ်တယ်လေ။ ဒီပုံပြင်ကိုကြည့်ချင်းအားဖြင့်………………….လူတွေကကိုလည်းအသုံးမတဲ့သူများကိုလည်းမပေးနိုင်။ ဒါကတော့လူတွေဖြစ်တတ်ပါတယ်၊ကိုနဲ့လည်းအသုံးမတည့်၊သူများကိုလည်းတွန့်တိုပြီးမပေးနို်င်၊ရှင်းရှင်းပြောရရင်တော့မက်မောခြင်းပါ။ ဒီပုံပြင်တွေကို”ဂရိပညာရှိ…” “Aesop” ရေးသားခဲ့တာပါ၊ “Aesop’s fables” Aesop ရဲ့ သင်ခန်းစာများဆိုပြီးအမည်တွင်ခဲ့ပါတယ်။ ိ

SandyJanuary 24, 20121min1756
ကျောင်းပိတ်တုန်းသူငယ်ချင်းတွေစာစုလုပ်ဖြစ်ကြတယ်။ စာလုပ်ရင်းနဲ့နေ့လည်ကျတော့နားဖို့လုပ်ရင်းတခုခုလုပ်စားကြမယ်ဆိုလို့အားလုံးအတိုင်အဖောက်ညီညီ”ဂျင်းသုပ်”သုပ်စားကြမယ်ဆိုပြီး၊ မီးဖိုချောင်ထဲဝင်ကြည့်တော့လိုမယ်ထင်တာလေးတွေထွက်လာတယ်။ ၁။ဂျင်းအနည်းငယ် ၂။ပဲကျက်မူန့်အနည်းငယ် ၃။ပုဇွန်ခြောက်မူန့် ၄။ငံပြာရည် ၅။အချိုမူန့်အနည်းငယ် ၆။သံပုရာသီးတစိတ် ၇။ခရမ်းချည်သီး(၂)လုံး ၈။ကြက်သွန်နီ(၂)လုံး ၉။ပဲဆီအနည်းငယ် ၁၀။အကြော်စုံ(သင့်တော်သလောက်) သူငယ်ချင်းတို့ရေလိုမယ်ထင်တာတွေစုံပြိဆိုရင်လုပ်ငန်းစမယ်ဟေ့။ အရင်ဆုံးဂျင်းထဲကို(ပဲမူန့်၊ပုဇွန်ခြောက်မူန့်၊ငံပြာရည်၊အချိုမူန့်အနည်းငယ်၊ပဲဆီအနည်းငယ်)ထည့်ပြီး၊ သံပုရာသီးတစိတ်ကိုညစ်ထည့်ပြိး၊သမအောင်မွေပေးပါ။ခရမ်းချည်သီး(၂)လုံးကိုအစိတ်လေးတွေပြုလုပ်ပြီး၊ထို့အတူ၊ ကြက်သွန်နီ(၂)လုံးအစိတ်လေးတွေပြုလုပ်ပြီး၊သမအောင်မွေထားသောဂျင်းထဲသို့ထည့်ပါ။ဆက်လက်ပြီးအကြော်စုံ(သင့်တော်သလောက်)ကိုထည့်ပြီးနယ်ပေးပါ။ သင့်တော်သလိုတွဲဖက်စားသုံးရန်(ကြက်သွန်ဖြူနုင့်ငရုတ်သီးစိမ်း)တို့ဖြင့်တွဲဖက်စားသုံးနိုင်ပါပြီ။ ကဲစားပြီးကြရင်စာဆက်လုပ်ကြမယ်နော်။

SandyJanuary 18, 20121min825
ပြောင်းဖူးငါးဖယ်လုံးဟင်းချို ပါဝင်သောအမျိုးအစားများ ၁.ပြောင်းဖူး(၂)ဖူး ၂.ထုံ့ချိုင်းငါးဖယ်လုံး ၃.မုံညင်းရွက်(၂)စည်း ၄.ကြက်သွန်နီ(၂)လုံး ၅.ကြက်သွန်ဖြူ(၂)လုံး ၆.ဂျင်းအနည်းငယ် ၇.ဆီ၁/၂ကျပ်သား ၈.ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း(၃)ဇွန်း ၉.ရေ(၁)လီတာ ပြုလုပ်ပုံအဆင့်များ ၁.ရေ(၁)လီတာနုင့်ပြောင်းဖူးများကိုထပ်ပိုင်းချိုးပြီးအိုးအတွင်း(၁၅မိနစ်ခန့်)ထည့်ပြုတ်ပါ။ ၂.ကြက်သွန်နီကိုအခွန်ခွာရေဆေးပြီး(၄စိတ်)စိတ်ပါ။ ၃ကြက်သွန်ဖြူနုင့်ဂျင်းကိုမညက်တညက်ထောင်းပါ။ ၄.မုံညင်းရွက်ကိုရေစင်စင်ဆေးပြီးသင့်တော်သလိုဖြတ်တောက်ပါ။ ၅.ငါးဖယ်လုံး(လိုအပ်သလောက်)ပြောင်းဖူးအိုးအတွင်းသို့ထည့်ပြီး(၅မိနစ်ကြာ)ပြုတ်ပါ။ ၆.(မိနစ်၂ဝခန့်အကြာ)ပြောင်းဖူးပြုတ်အိုးထဲသို့အသင့်ဖြစ်နေသောကြက်သွန်နီနုင့်ကြက်သွန်ဖြူ၊ဂျင်းတို့ကိုအိုးထဲသို့ထည့်ပါ။ ၇.(၂မိနစ်ခန့်အကြာ)ပွက်ပွက်ဆူနေသောအိုးထဲသို့ရေစင်စင်ဆေးထားသောမုံညင်းရွက်ကိုထည့်ပါ။ ၈.ကြက်သားမှုန့်၊ဆီတို့ကိုထည့်ပါ။ ၉.(၂မိနစ်ခန်)အကြာအဖုံးအုပ်ပြီး၊အနည်းငယ်မွှေပေးပါ။ ၁၀.ချိုမြိန်သောပြောင်းဖူးအရသာနုင့်မွှေးကြိုင်သောဟင်းရနံ့တို့့်ပေါင်းစပ်ဖန်တီးထားသော “ပြောင်းဖူးငါးဖယ်လုံးဟင်းချို” ကိုအသင့်စားသုံးနိုင်ပါပြီ။

SandyJanuary 18, 20121min2342