တကယ်တော့ ယနေ ့ခေတ်မှာ မှတ်ပုံပြန်တင်ပြီး ပါတီထူထောင်ခွင့်ရထားပြီဖြစ်တဲ့၊အနယ်နယ်အရပ်ရပ်မှာ ရုံးသစ်တွေရော၊အဟောင်းတွေပါ အသီးသီးပြန်ဖွင့်နေကြပီ ဖြစ်တဲ့ NLD ပါတီဟာ ၁၉၉ဝပြည့် ရွေးကောက်ပွဲရဲ ့အောင်နိုင်သူဆိုတာ သမိုင်းက သက်သေပါ။ဘယ်သူမှငြင်းလို ့မရပါဘူး။ ပြီးခဲ့တာတွေလဲ ပြီးသွားပြီမို ့ထပ်မပြောတော့ဘူးဗျာ။ဒါပေမယ့် ခုနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ ့၈၈ မျိုးဆက်ကျောင်းသားတွေ တိုင်းပြည်အတွက် ဘယ်ပုံစံ အပေးအယူအချိတ်အဆက်မိမိချီတက်နိုင်မလဲဆိုတာ အများပြည်သူရဲ ့စိတ်ဓာတ်၊ခံယူချက်နဲ ့ကိုယ်ရည်ကိုယ်သွေးအပေါ်အများကြီးမှီခိုသွားပါပီ။တိုင်းပြည်တစ်ပြည်တည်ထောင်မယ့်နေရာ မှာ ခေါင်းဆောင်ကောင်းရှိဖို ့လိုသလို နောက်လိုက်လဲကောင်းဖို ့လိုပါတယ်။ဒေါ်စုပြောဖူးတဲ့ စကားတစ်ခွန်းမှာ“ခေါင်းဆောင်ရှိလို ့ ဒီမိုကရေစီလှုပ်ရှားမှုရှိတာမဟုတ်ဘူး၊ဒီမိုကရေစီလှုပ်ရှားမှုရှိလို ့ ခေါင်းဆောင်ဆိုတာဖြစ်လာတာ”ပါတဲ့ဗျာ။ ကျနော်ကပြောချင်တာကို ဝေ့လည်နေသလို ဖြစ်နေသလားလို ့ဗျာ။ဒီလိုပါ“ခုနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ ့၈၈ မျိုးဆက်ကျောင်းသားတွေ တိုင်းပြည်အတွက် ဘယ်ပုံစံအပေးအယူအချိတ်အဆက်မိမိချီတက်နိုင်မလဲဆိုတာ အများပြည်သူရဲ ့စိတ်ဓာတ်၊ခံယူချက်နဲ ့ကိုယ်ရည်ကိုယ်သွေးအပေါ်အများကြီးမှီခိုသွားပါပီ”ဆိုတဲ့ အချက်ကိုထောက်ပြဝေဖန်ပေးပါမယ်။ဒါပေမယ့်ခုပေးမယ့်ဝေဖန်မှုဟာတစ်ခြားနေရာဒေသကလူအများအတွက်မဟုတ်ပါဘဲ သံတွဲဒေသကဒေသခံအများအတွက်သာဖြစ်ပါ တယ်။ စိတ်ဓာတ်မရှိ၊ညီညွတ်မှုမရှိသူများ၊ခံယူချက်မရှိသူများ၊သူတပါးအပေါ်မနာလိုမရှုစိမ့်သူများ၊အနိုင့်အထက်လုစားသူများ […]


ယနေ ့၃ဝ ရက်နေ ့တွင် တောင်ကုတ်မြို ့ဈေး မီးလောင်မှုဖြစ်ပေါ်ခဲ့သည်။မီးစတင်လောင်ကျွမ်းချိန်မှာ နေ ့လည် ၁း၄၅ ခန် ့ကဖြစ်သည်။စတင်လောင်ကျွမ်းသော ဆိုင်မှာ အရက်ဆီ၊ဓာတ်ဆီ၊ဒီဇယ် ရောင်းချသော ဆိုင်ဖြစ်ပြီး၊ဓာတ်ဆီပုံးကို ချည်နှောင်ထားသော ပလတ်စတစ်ပုံးမှ ကြိုးစကို ဂက်စ်မီးခြစ်ဖြင့်မီးရှို ့ ဖြတ်တောက်ရာမှမီးစတင် လောင်ကျွမ်းရခြင်းဖြစ်သည်။ဈေးဆိုင်ခန်းပေါင်း (၁၁)ခန်းလောင်ကျွမ်းပြာကျသွားပြီး ညနေ ၄း၃ဝ ခန် ့တွင် မီးငြိမ်းသွားခဲ့ပါသည်။ မီးစတင်လောင်ကျွမ်းခဲ့ချိန်က တောင်ကုတ်မီးသတ်မှ သံတွဲကိုအကူအညီလှမ်းတောင်းသဖြင့် သံတွဲမှ မီးသတ်ကားများ မိုင် ၄ဝ ခရီးကို အပြင်းလိုက်သွားသော်လည်း ရွှေလှေ ရွာ(မိုင် ၁ရ မိုင်ခရီး) အရောက်တွင် မီးငြိမ်းသွားသဖြင့် ပြန်လာခဲ့ရသည်။


ဒီနေ ့ဇန်နဝါရီလ(၂၂)ရက်နေ ့မှာ သံတွဲမြို ့NLD ရုံးခန်းကို ဖွင့်ပွဲကျင်းပနိုင်ခဲ့ပါတယ်။အမာခံနိုင်ငံရေးစိတ်ပါဝင်စားသူများ အပြင် တခြားပါတီဝင်များလဲ တက်ရောက်လာပါတယ်။ကြံ့ခိုင်ရေးပါတီက တော့လာရောက်ခြင်းမရှိပါဘူး။မနက် ၈ နာရီက နေစတင်ခဲ့ပြီး ၉ နာရီမှာ ဖဲကြိုးဖြတ်ဖွင့်လှစ်နိုင်ခဲ့ပါတယ်၊ဖွင့်ပွဲမစတင်မှီ ပါတီရဲ ့ဖြတ်သန်းမှု အတွေ ့အကြုံများ၊လူငယ်များအတွက်မျှော်မှန်းချက်၊သံတွဲဒေသခံများ ပါဝင်မှု အားယခုထက်ပိုမိုလာဖို ့တိုက်တွန်းစကား အသီးသီး ပြော ကြားသွားပါတယ်။ပါတီဖွင့်ပွဲ အမှတ်တရ ဓါတ်ပုံများကို တင်ပေးလိုက်ပါတယ်။                                                   […]


ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၅)ရက်က သံတွဲ ငပလီကမ်းခြေကို လာရောက်လည်ပတ်ခဲ့တဲ့ အမေရိကန် လူငယ် ဘီလီယံနာတွေ picnic game တွေကစားကြပါတယ်။YBO လို ့ခေါ်တဲ့ သူတို ့အဖွဲ ့ဝင်တွေဟာ ရိုးသားစွာ ချမ်းသာလာတဲ ့အသက်(၄၀) မကျော် သေးတဲ့ လူငယ်တွေပါ။အဖွဲ ့ကို ဝင်မယ်ဆိုရင် (၁)ဘီလီယံ ပိုင်ဆိုင်မှု ပြရပါတယ်။သူတို ့က သံတွဲမြို ့မြုံပြင်ကျေးရွာမှာ တလင်းနယ်၊ ရေအိုးသယ်၊လေးဂွပစ်၊ကောက်လှိုင်းခြွေကြပါတယ်။မြို ့ထဲကရော၊ရွာက ပါလာရောက်ကြည့်ရှုသူများနဲ ့စည်ကားပါတယ်။ဒီအစီအစဉ် ကို Tour Mandaly ကနေဦးစီးတာပါ၊ရွာသားများ ကြည့်ရအောင် ဝေမျှ လိုက်ပါတယ်၊YBO အဖွဲ ့ဝင် ၁၃၂ ရဲ ့ပျော်ပွဲဆင်နွဲကြပုံကို လေ့လာပေးပါအုံး။နောက်ကျမှတင်ပေးနိုင်တာက local branch manager ဆီကခွင့်ပြုချက်တောင်းနေလို ့ပါ။   […]


နိုင်ငံအရေးအတွက် အလုပ်လုပ်ကြတယ်ဆိုတော့ အပြိုင်အဆိုင်မဲဆွယ်ပြီး သူ ့ထက်ငါက ဘာတွေသာအောင်လုပ်ပေးနိုင်တယ်ဆိုပြီးစည်းရုံးကြစမြဲပါဘဲ။ဒါပေမယ့်ပုတ်ခတ်နှိပ်ချစော်ကားတဲ့အလုပ်က တော့ အောက်တန်းကျနေလွန်းပါတယ်။ပညာတတ်ဆန်တဲ့ လူကြီးလူကောင်းတွေ ဘယ်တော့မှ မကျူးလွန် ကြပါဘူး။ ခုဘဲကြည့်ကြပါအုံး။တိုင်းပြည်ရဲ ့ခေါင်းဆောင် ဗိုလ်ချုပ်သမီးကို ပုတ်ခတ်နေတဲ့ ကြံ့ဖွတ်က အမတ်စုတ် တစ်ယောက်ရဲ ့လုပ်ရပ်တွေကိုဗျာ။မခံမရပ်နိုင်လွန်းလို ့ရေးပြနေတာပါဗျာ။ကူးယူထားပေမယ့် ပို ့စ်အတွက် တောင်းပန်ပါတယ်ဗျာ။အဲဒီအကြောင်းအရာတွေကို RFA ကကူးယူတာပါ။လင့်ခ်ကတော့ http://www.rfa.org/burmese/news/kayhmu-usdp-campaign-01172012122323.html?textonly=1 ဧပြီလ ၁ ရက်မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကော့မှူးမြို့နယ် အတွင်း လွန်ခဲ့တဲ့ တစ်လလောက်က စပြိီး ကြံ့ခိုင်ဖွံဖြိုးရေး ပါတီက မဲဆွယ် စည်းရုံးရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ် ပြောဆိုတာတွေ ရှိတယ်လို့ ဒေသခံတွေက အာရ်အက်ဖ်အေကို ပြောပါတယ်။ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ အန်အယ်လ်ဒီ ပါတီက ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်တဲ့ […]


လွန်ခဲ့သော ၂၀၀၆ ခုနှစ်က သံတွဲမြို ့အကျဉ်းထောင်ထဲကနေ နာမကျန်းဖြစ်လာတဲ့လူနာ တစ်ယောက် ခြေကျဉ်းခတ်လျှက် သံတွဲဆေးရုံမှာ ဆေးကုသဖို ့ထွက်လာပါတယ်။ကုသလို ့ ဘယ်လိုမှမရတဲ့ အတွင်းတက်ရောဂါ(အသေးစိတ်ကိုနောက်မှပြောပြပေါ့မယ်)နဲ ့ကွယ်လွန် သွားခဲ့ပါတယ်။သူနဲ ့အတူတူ ရှမ်းပြည် SNLD က ဦးခွန်ထွန်းဦးတို ့အဖွဲ ့တွေတသီကြီး ထောင်နန်းစံရပါတယ်။သူကတော့ ရှမ်းမျိုးဆက်သစ်လူငယ်များအဖွဲ ့က သချင်္ာမြင့်သန်း(ခ) ဦးမြင့်သန်း(တောင်ကြီး)ဘဲဖြစ်ပါတယ်။ သူဟာ သံတွဲအကျဉ်းထောင်မှာ ထောင်ဒဏ်(၇၉)နှစ်ကျခံနေရသူတစ်ယောက်ဖြစ်ပါ တယ်။ကွယ်လွန်သွားချိန်ထိ(ဆေးကုသမှုခံယူနေရစဉ် ကာလတလျှောက်လုံး)ခြေကျဉ်းခတ် လျှက်တန်းလန်းနဲ ့ပါ။သူကွယ်လွန်ချိန်မှာ ကျွန်တော်တို ့လက်ပေါ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး သူမြင်တွေ ့ချင်ခဲ့တဲ့ ခုလို ပွင့်လင်းညင်သာတဲ့ အချိန်အခါကို လည်းအလွဲကြီးလွဲသွားခဲ့ပီပေါ့။ သူ ့အတွက်နောက်ဆုံးအနေနဲ ့သူ ့အတွက် ကဗျာတစ်ပုဒ်ကို ကဗျာဆရာ/နိုင်ငံရေးသ မားကြီးတစ်ယောက်က ရေးစပ်ပေးခဲ့ပါတယ်။ဖတ်ရှုအားပေးကြပါဗျာ။ *ရှမ်းပြည်က ချယ်ရီ ထုံသင်းလို […]


(၁၃)ရက်နေ ့ညနေမြန်မာ့အသံမှ ညနေ ၆ နာရီသတင်း ကြေငြာချက် “အကျဉ်းသားအကျဉ်းသူ ၆၅၁ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့်ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့်ရရှိစေရေးအတွက် လည်းကောင်း၊လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း၊နိုင်ငံတော်၏မေတ္တာနှင့်စေတနာကိုနားလည်ကြပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တဘက်တလမ်းမှအထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို ့ပြုပြင် ပြောင်းလဲနိုင်စေရေးအတွက် လည်းကောင်းရည်ရွယ်ပြီး အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ်ကျခံလျှက်ရှိသော အကျဉ်းသား၊အကျဉ်းသူ ၆၅၁ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ မြန်မာသက္ကရာဇ် ၁၃၇၃ ပြာသိုလဆုတ် ၅ ရက် ခရစ်နှစ် ၂၀၁၂ ဇန်နဝါရီလ ၁၃ ရက်နေ […]


မနေ ့ညနေမြန်မာ့အသံမှ ညနေ ၆ နာရီသတင်း ကြေငြာချက် “အကျဉ်းသားအကျဉ်းသူ ၆၅၁ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့်ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့်ရရှိစေရေးအတွက် လည်းကောင်း၊လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း၊နိုင်ငံတော်၏မေတ္တာနှင့်စေတနာကိုနားလည်ကြပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တဘက်တလမ်းမှအထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို ့ပြုပြင် ပြောင်းလဲနိုင်စေရေးအတွက် လည်းကောင်းရည်ရွယ်ပြီး အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ်ကျခံလျှက်ရှိသော အကျဉ်းသား၊အကျဉ်းသူ ၆၅၁ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ မြန်မာသက္ကရာဇ် ၁၃၇၃ ပြာသိုလဆုတ် ၅ ရက် ခရစ်နှစ် ၂၀၁၂ ဇန်နဝါရီလ ၁၃ ရက်နေ […]


ရခိုင်ကမ်းရိုးတန်း ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ရွှေသဘာဝဓာတ်ငွေ ့လုပ်ကွက်များ A-1 နှင့် A-3 မှထွက်ရှိသည့် SHWE GAS များအနက်(ဓာတ်ငွေ ့ကုဗပေ ၁၂ ဘီလီယံ ကုဗပေ)ကို တရုတ်နိုင်ငံသို ့နှစ်စဉ်ရောင်းချရန် ရည်ရွယ်ထားသည်။ ထိုရောင်းချမှုမှ (ပိုက်လိုင်းဖြတ်သန်းခနှင့် ဓာတ်ငွေ ့ရောင်းချမှု)နှစ်တနှစ်လျှင် အမေရိ ကန်ဒေါ်လာ ၁ ဘီလီယံ(ဒေါ်လာသန်းတစ်ထောင်)ရရှိမည်ဖြစ်သည်။ဓာတ်ငွေ ့ဈေးကို ကမ္ဘာ့ ပေါက်ဈေးနှင့်အညီဖြစ်စေရန်(၃ လလျှင်တစ်ကြိမ်)ညှိနှိုင်းမည်ဟု DAEWOO ကုမ္ပဏီ က ၂၀၀၈ ခုနှစ်တွင် ကြေညာထားသည်။ သဘာဝဓာတ်ငွေ ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို ့တွင် စတင်ပြီး တရုတ်ပြည်သို ့(မြန်မာ-ယူနန်)နယ်စပ်တွင် ရွှေလီမြို ့မှတဆင့် ဝင်ရောက်မည်ဖြစ်။တရုတ် နိုင်ငံ ကွမ်ကျိုး နှင့်ကွမ်ချီး ပြည်နယ်များထိ မိုင်ပေါင်း ၁၇၅၃ မိုင်ရှည်လျားမည်ဖြစ်သည်။ ထို […]


  ရခိုင်ပြည်နယ် ကျောက်ဖြူမြို ့ကနေ တရုတ်ပြည် ကူမင်း ထိကို တိုက်ရိုက်အမြန်ရထားလမ်း ဖောက်လုပ်ရန် တရုတ်နိုင်ငံမှ ရထားလမ်းဖောက်လုပ်မည့် လမ်းတလျှောက်ကို တိုင်းတာ စစ်ဆေးမှုများပြုလုပ်နေပါပီ။အဆိုပါ ရထားလမ်းကို BOT စနစ်ဖြင့် ဆောင်ရွက်မှာ ဖြစ်ပြီး မူဆယ်နဲ ့လားရှိုးကြား၊လားရှိုးနဲ ့မန ္တလေးကြား၊မန္တလေးနဲ ့မင်းဘူးကြားမှာ တိုင်းတာစစ်ဆေးနေကြတာပါ။ ဒီရထားလမ်းမှာ ကုန်ရထားအများဆုံးပြေးဆွဲမှာဖြစ်ပြီး တနေ ့လျှင် အစီးရေ(၁၀) စီးကျော်ပြေးဆွဲမှာဖြစ်တဲ့အကြောင်းနဲ ့လူစီးရထားတစ်စီးလောက်ဘဲပြေးဆွဲဖို ့ရှိနေ တာပါ။ဒါက ကျနော်တို ့ဆီက သယံဇာတတွေကို ခိုးယူဖို ့ လမ်းဖောက်နေတဲ့ ခေတ်သစ်ကိုလိုနီ တရုတ်ကြီးရဲ ့ ဉာဏ်ရယ်ပါ။ ကျောက်ဖြူရေနက်ဆိပ်ကမ်းရယ်၊ရွှေ သဘာဝဓာတ်ငွေ ့သိုက်တွေဟာ ကျနော်တို ့ပြည်နယ်ရဲ ့ (နိုင်ငံပိုင်)အမွေအနစ်တွေပါ။ခုချိန်မှာ ကျနော်တို ့ရခိုင်ပြည် နယ် ရဲ ့လွှတ်တော်အမတ်အချို ့က ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေမှာ ပြည်နယ်အတွက် ရွှေသဘာဝဓာတ်ငွေ ့ကိုအနည်းငယ်ပေးသုံးဖို ့တောင်းဆိုတဲ့ အခါ တရုတ်ကို အပြီးသတ် ရောင်းထားပြီဖြစ်လို ့နည်းနည်းလေးတောင်ပေးမသုံးနိုင်ဘူးလို ့စွမ်းအင် ပြည်ထောင်စု ဝန်ကြီးက ပြန်ဖြေပါတယ်။ကျနော်တို ့ပြည်နယ်က နေခုလိုတောင်းဆို လိုက်တဲ့ အမတ်က […]


ယခုလ ပထမပတ်မှ စတင်၍ ထွက်ရှိနေသော ကောလာဟာလများအရ ကျပ် ၅၀၀ဝ တန် Sim Card များ စတင်ရောင်းချမည်ဆိုခြင်းမှာ နည်းပညာရော၊ နည်းဥပဒေအရပါ မဖြစ်နိုင်သေးကြောင်း မြန်မာ့ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောကြားခဲ့သည်။ ယခုလ ပထမပတ်မှ စတင်၍ ထွက်ရှိနေသော ကောလာဟာလများအရ ကျပ် ၅၀၀ဝ တန် Sim Card များ စတင်ရောင်းချမည်ဆိုခြင်းမှာ နည်းပညာရော၊ နည်းဥပဒေအရပါ မဖြစ်နိုင်သေးကြောင်း မြန်မာ့ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောကြားခဲ့သည်။ ယနေ့ မွန်းလွဲ ၁ နာရီက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက် သင်တန်းကျောင်း တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လက်ရှိပေးနေသော […]


ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်က ကျောင်းသားတွေက တော့ငြိမ်းချမ်းစွာစီတန်းလမ်းလျှောက် တောင်းဆိုနေကြပါပီ။သူတို ့ကျောင်းကို ပြေးဆွဲပေးနေ တဲ့ သုံးဘီးတက္ကစီခ ကို(၄၀၀)ကျပ် အသွားအပြန် စုစုပေါင်း။တိုးမြှင့်ကောက်ခံလိုက်လို ့ ခုလို ဆန္ဒပြတောင်းဆိုရခြင်းဖြစ်တယ်လို ့ကျောင်းသားခေါင်းဆောင်တစ်ယောက်ကလဲ သူ ့ခံစားချက်ကို ပြောပြပါတယ်။စစ်တွေတက္ကသိုလ် ဟာခုလို ဖယ်ရီကားခနဲ ့ပတ်သက်ပြီး ကျောင်းသားများ ချီတက်လမ်းလျှောက်တောင်းဆိုတာ မြန်မာပြည်မှာ ခုနောက်ပိုင်း အကြိမ် ရေအများဆုံးပြုလုပ်နေတဲ့ကျောင်းဖြစ်ပါတယ်။မနှစ်က တောင်းဆိုမှုမှာတော့ ပြည်နယ် အစိုးရ အဖွဲ ့ကနေလိုက်လျောမှုပြုခဲ့ပေမယ့်။ဒီနှစ်လို “ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခွင့်”ဥပဒေ ပြဒါန်းထားတဲ့အတွက်ကြောင့် ဘာတွေဖြစ်လာမလဲစောင့်ကြည့်ရမှာပါ။ ဒီနေ ့ဇန်နဝါရီလ(၆)ရက်နေ ့ မနက်ကနေစတင်ခဲ့တဲ့ လမ်းလျှောက်တောင်းဆို ဆန္ဒပြပွဲက တော့ နေ ့လည်(၂)နာရီမှာပြီးဆုံးသွားခဲ့ပါပီ။အရေးယူ၊ပိတ်ပင်တားဆီးခြင်း ရှိမရှိ အတိအကျမသိရသေးပါ။


ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော် သမ္မတရုံးကနေထုတ်ပြန်ကြေညာခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မမည်သော လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းကိုအားလုံးသောရွာသူ၊ရွာသား များသိပြီးဖြစ်မှာပါ။ ၂၀၁၂ ခု၊ဇန်နဝါရီလ (၂)ရက်နေ ့မှာနိုင်ငံပိုင်သတင်းစာတွေကနေ တရားဝင်ထုတ်ပြန်လိုက်တော့ အားရဝမ်းသာဖြစ်ရမယ့်အစားဗျာ စိတ်မကောင်းစရာ သတင်းတစ်ပုဒ်သွားဖတ်မိပြန်ပါရော။တခါမှကို စိတ်ဝင်တစားမဖတ်တဲ့ ဆောင်းပါးတွေပါ။စာရေးတဲ့သူက“ရန်ကြီးအောင်”၊ခေါင်းစီးက“အားသစ်မာန်သစ်-နိုင်ငံသစ်”ပါတဲ့။ရေးထား၊ပြောထားတာတွေအားလုံးကတော့ စာရွက်ပေါ်မှာတော်တော်လေး ကောင်းတယ်ဗျာ။လက်တွေ ့လူမှု ဘဝတွေမှာတော့ဖြင့်……?? သူရေးထားတာတွေထဲက အမှားကြီးမှား၊အလွဲကြီးလွဲနေတဲ့အကြောင်းအရာတစ်ခုက… “ဒီမိုကရေစီ ကျင့်စဉ်နှင့် ပတ်သက်၍ အခြေခံဥပဒေပါ နိုင်ငံသားတို ့၏အခွင့်အရေးနှင့် ပတ်သက်၍ အကာအကွယ်ပေးနိုင်ရန် အမျိုးသားလူ ့အခွင့်အရေးကော်မရှင်ကို ဖွဲ ့စည်းပေး ခဲ့သည်မှာ မှတ်သားဖွယ်ကောင်းသော လုပ်ရပ်တစ်ခုဖြစ်သည်။အာဆီယံအသင်းဝင် ဆယ်နိုင်ငံ အနက် လွတ်လပ်သော လူ ့အခွင့်အရေး စောင့်ကြည့်ထိန်းသိမ်းရေး အဖွဲ ့အစည်းရှိသည့် နိုင်ငံ(၅)နိုင်ငံသာရှိပြီး ယင်းတို ့အနက် မြန်မာအမျိုးသားလူ ့အခွင့်အရေးကော်မရှင်မှာ နိုင်ငံ တကာစံအဖြစ် သတ်မှတ်ထားသည့် ပဲရစ်အခြေခံသဘောတရားများနှင့်အညီ ဖွဲ […]