တစ်နေ့… ဘတ်(စ်)ကားတစ်စီးပေါ်မှာ… ခရီးသည်က သိပ်မများပေမယ့်..ချောင်လည်းချောင်နေတာမျိုးတော့မဟုတ်ဘူး..။ နှစ်ယောက်ထိုင်ခုံတစ်ခုမှာ…သားသည်မိခင်တစ်ဦးက…ပြတင်းပေါက်နဲ့ကပ်လျက်..။ အဲဒီ အမျိုးသမီးရဲ့ဘေးမှာတော့… လူရွယ်လောက်ရှိတဲ့ ကုလားတစ်ယောက်က..ထိုင်လျက်…။ ထိုအချိန်မှာပဲ…. “ ဝါးဟား…ဝါးဟားဟား ” ရုတ်တရက်…သားသည်မိခင်ရဲ့လက်ထဲက လူမမယ်ခလေးရဲ့…ကမ္ဘာပျက်မတတ် ငိုသံကြောင့်… ကားပေါ်ကခရီးသည်တွေရဲ့ အာရုံက…အဲဒီသားအမိထံ ရောက်သွားတယ်..။ ခလေးက အဆက်မပြတ်ငိုနေတာမို့….ခလေးမအေခမျာလည်း..ခြေမကိုင်မိ..လက်မ ကိုင်မိ.. လက်မကိုင်မိဖြစ်ပြီး…ကိုင်မိကိုင်ရာကို ကိုင်ရင်းနဲ့…ချက်ခြင်းဆိုသလို…ကားပေါ်မှာတင်…ခလေးကို (ရိုသေစကား)နို့လှန်တိုက်လိုက်တယ်။ “ ကျွတ်..ကျွတ်..တိတ်..တိတ်…မငိုနဲ့နော်…သားလေးကလည်း…လူတွေအများကြီး ကြားထဲမှာ မငိုရဘူးလေ…တိတ်နော်…တိတ်…” ဆိုပြီး..ပါးစပ်ကလည်းပြောရင်…လက်ကလည်း….ခလေးပါးစပ်နဲ့ ့နို့သီးခေါင်းကို တေ့ပေးနေတယ်…။ ဒါကို..ဘေးကထိုင်နေတဲ့ ကုလားက..မသိမသာ..ငဲ့စောင်းကြည့်ရင်..အိန္ဒြေမပျက် ထိုင် နေလျက်…။ “ ဝါး..အား..အား…ဂွား..ဂွား…” အီရတ်နိုင်ငံက ဘဂ္ဂဒက်မြို့ရဲ့ တိုက်ပွဲခေါ်သံလိုလို….ဆီးရီးယားနိုင်ငံမှာ အစိုးရတပ် တွေက..တော်လှန်သူ..သူပုန်တွေကို…ပစ်ခတ်နှိမ်နင်းလို့..ဝရုန်းသုဉ်းကား အော်ဟစ်နေကြ သလိုမျိုးနဲ့…ခလေးရဲ့… ငိုသံက…မရပ်…။ခလေးမအေခမျာလည်း…ပတ်ဝန်းကျင်ကို အားနာ တာကတစ်မျိုး…ကိုယ်တိုင်က စိတ်ပျက်တာက တစ်ဖုံကြောင့်…ထင်ပါရဲ့…ခလေးချော့သံက စိတ်ဆိုးသံဘက် ပြောင်းသွားတယ်..။ “ တောက်…ဒီခလေး…ငါရိုက်မိတော့မယ်နော်…အခုတိတ်မလား…မတိတ်ဘူးလား…” “ […]