aung layNovember 18, 20121min16310
မနက်ဖြန် ၁၉.11.2012 အမေရိကန်သမ္မတဘာရက်အိုဘားမား မြန်မာပြည်သို့ရောက်ရှိမည်ဟုသိရှိရသည်။ဒါကကျွန်တော်တို့ မြန်မာနိုင်ငံကို အမေရိကန်သမ္မတလာရောက်တာ ပထမဆုံးလို့သိရပါတယ် ဒါကတော့ ကျွန်တော်ကြားမိတာကိုပြောတာပါ ဒုသမ္မတကတော့လာခဲ့ဘူးတယ်လို့တော့ သိရှိရပါတယ် ဒါဟာစီးပွားရေးပိတ်ဆို့ခံထားရတဲ့ကျွန်တော်တို့နိုင်ငံအတွက် ကောင်းသောပြောင်းလဲမှုတွေဖြစ်လာလိမ့်မယ်လို့တော့မျှော်လင့်မိပါတယ်. ကျွန်တော်တို့နိုင်ငံမှာအလိုအပ်ဆုံးကတော့နိုင်ငံသားတိုင်းကိုအလုပ်အကိုင်များများပေးနိုင်ဖို့အရေးကြီးမယ်လို့ပြောခြင်ပါတယ်၊ဘာဖြစ်လို့လဲဆိုတော့ အလုပ်လက်မဲ့ဦးရေအရမ်းများပြားနေလို့ပါဘဲ။ ဘွဲ့ရပြီးအလုပ်မရှိတဲ့သူတွေရော၊ပညာရေးတစ်ပိုင်းတစ်စနဲ့လေနေတဲ့သူတွေရော၊ဘာဘွဲ့မှမရ၊ဘာအောင်လက်မှတ်မှမရှိဘဲ လေ့လာမှုကြောင့် လုပ်ငန်းကျွမ်းကျင်တဲ့သူတွေ အတတ်ပညာ၊လက်မှုပညာတတ်သူတွေလည်းတစ်ပုံကြီးပါ။ တစ်ချို့ဆိုရင်ဘွဲ့ရပေမဲ့လည်း ဝမ်းစာအတွက် ဆိုက္ကားနင်းသူတွေ၊ဆိုင်ကယ်ကယ်ရီဆွဲသူတွေ၊ကိုအများကြီးတွေ့နေရပါတယ် နိုင်ငံခြားတိုင်းပြည်တွေမှာလို အလုပ်အကိုင်ရှိသူများဟာ ပစ္စည်းများကိုအရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်တဲ့ အခွင့်အရေးရကြပါတယ် ကျွန်တော်တို့နိုင်ငံမှာတော့ကုမ္ပဏီတွေကရောင်းပေးခြင်အုံးတော့အလုပ်အကိုင်မရှိတော့အာမခံချက်မရှိလို့မရောင်းပေးနိုင်ပါဘူး ဒီနေ့ခေတ်မှာကအိမ်ရှိမိသားစုအကုန်အလုပ်လုပ်နိုင်မှမိသားစုစားဝတ်နေရေးပြေလည်နိုင်မှာပါ ဒါကြောင့် နိုင်ငံသားတိုင်းမှာအလုပ်ကိုယ်စီရှိမှ မိသားစုဘဝတွေပြည့်စုံပြီး နိုင်ငံတော်ကြီးပါတိုးတက်လာလိမ့်မယ်လို့ပြောခြင်ပါတယ်။ဒါကြောင့်နိုင်ငံတော်အစိုးရအနေနဲ့ရော စီးပွားရေးလုပ်ငန်းရှင်များကပါဒီအချက်ကိုအလေးထားပြီးစဉ်းစားပေးစေခြင်ပါတယ်။လူ့စွမ်းအားအရင်းအမြစ်များဖော်ထုတ်နိုင်ပါစေ။မြန်မာနို်င်ငံအားစီးပွားရေးပိတ်ဆို့မှုများမှလွတ်မြောက်နိုင်ပါစေလို့ဆန္ဒပြုလိုက်ရပါတယ်


aung layNovember 9, 20121min620
မိုးထိမိုးမိရွှေလုပ်သားများမှ ၈.၁၁.၂၀၁၂ ရက်နေ့တွင် ရန်ကုန်မြို့မှနေပြည်တော်သို့လမ်းလျှောက်ချီတက်၍ ကြီးပွားတိုးတက်ရေးကုမ္ပဏီ နှင့် သတ္ထုတွင်းဝန်ကြီးဌာနတို့အား လမ်းလျှောက်ချီတက်၍ ဆန္ဒပြပြီး ရန်ကုန် မင်္ဂလာဒုံ ထောက်ကြန့်စစ်သင်္ချံင်းရှေ့တွင် ညအိပ်ရပ်နားကြသည်ဟုသိရှိရသည်။