နော်ဘူဘော history (just for knowledge) ကရင် ဒဏ္ဍာရီလာ ပုံပြင်ထဲက နော်ဘူဘော ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ချောမောလှပ အပြစ်ကင်းပြီး မွေးရာပါစွမ်းအင်တွေ ပိုင်ဆိုင်ကြတဲ့ နော်ဘူဘော နဲ့ ခင်ပွန်းသည် စစ်သူကြီး စောသာဂေါ်ခွားတို့ရဲ့ လွမ်းမောစရာ၊ အံ့ဩစရာ ဒဏ္ဍာရီတစ်ပုဒ်ကို အဲဒီရာဇဝင်ထဲက တောင်တန်းတွေရှိတဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သာမကဘဲ နိုင်ငံအနှံ့အပြားက ကရင် တိုင်းရင်းသားတွေရဲ့ အိပ်ရာဝင်ပုံပြင်အဖြစ် လက်ခံနေဆဲပဲဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၄,၈၂၄ ပေမြင့်တဲ့ ဒေါ်ဖားခို (ခေါ်) ဘွယ်ဟီ ခိုတောင်ထွတ်က (ယနေ့အချိန်မှာ နော်ဘူဘော ဆုတောင်းတောင်အဖြစ်) ကရင်ပြည်နယ်ရဲ့ မြောက်ပိုင်းစွန်း အမြင့်ဆုံးတောင်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပြီး ဘွဲကရင်တိုင်းရင်းသားတွေ နေထိုင်ရာဒေသ တစ်ခု ဖြစ်နေပါတယ်။ နာမည်ကျော်ဒဏ္ဍာရီထဲ ပြန်လည်ရှာဖွေကြည့်မယ်ဆိုရင်တော့ ဘွယ်ဟီခိုတောင်နဲ့ ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ကို ကီးကူလူမျိုးဘုရင် […]


ဒီမိုကရေစီဆိုတာကို တလွဲတွေးပြီးမှုခင်းတွေစိတ်ရှိတိုင်းကျူးလွန်းနေကြတယ်။ ရပ်ကွက်ထဲကမိန်းမကြီးတစ်ယောက်ကပြောတာကို မသိနားမလည်လို့ရှင်းပြပါဆိုပြီးသယ်လာတဲ့တစ်ယောက်ထံက ပြန်ကြားရတယ်။ ဖြစ်မှာပေါ့ လိုချင်ဦးလေ ဒီမိုကရေစီ တဲ့ ဒီမိုကရေစီရဲ့အခွင့်အရေးဟာဘာလဲ ဆိုတာအသိကျယ်ပြန့်အောင် ဖြန့်ချရေးတဲ့စာတွေကိုလူတိုင်းမဖတ်ကြဘူး။ မိုက်ရူးရဲစာတိုတွေမှာလောက်ပဲ ဝင်ယောင်နေကြတယ်။ #ဖြစ်မှာပေါ့ လိုချင်ဦးလေဒီမိုကရေစီ- ဆိုတဲ့ စကားဟာ သိပ်လန့်ဖို့ကောင်းပါတယ်။အဲ့လိုအတွေးကိုလက်ခံထားသူ ဘယ်နှစ်ယောက်များရှိနေပြီလဲ?


မြန်မာနိုင်ငံမှာ လူမသိသူမသိကျွန်ပြုနှိပ်စက်ခံနေရတဲ့ကလေးတွေအများကြီးရှိပါတယ်။ မဖြစ်စလောက်ငွေကြေးလေးအတွက်နဲ့ ဈေးဆိုင်တွေ၊အိမ်တွေမှာ စားချိန်၊အိပ်ချိန်ပင်မမှန်ပဲ အကြောက်တရားများစွာနဲ့လူမသိ၊သူမသိရှင်သန်နေရတဲ့ကလေးတွေဘဝပါ။ တစ်ချို့က ဘယ်လောက်တောင်ယုတ်မာလဲဆို မိဘမဲ့ဂေဟာကနေ မွေးစားဖို့ဆိုပြီးခေါ်လာကာ ကျွန်ပြုထားကြပါတယ်။ အိမ်ဖော်ငှါးဖို့တောင်တွန့်တိုတတ်သူတွေဟာ အမွေစားအမွေခံအဖြစ် အမွေပေးဖို့ဆိုတာ ယောင်လို့တောင်တွေးထားမယ်မထင်ပါ။ ဥပဒေကို လက်တစ်လုံးခြား လုပ်ချင်တိုင်းလုပ်လို့ရနေတဲ့နိုင်ငံပါ။


  အားတဲ့ရက်မှာ ရုပ်သံစီးရီးစ်လေးတွေကြည့်ဖို့အတွက် အညွှန်းနဲ့ လင့်ခ်လေးတွေပါ။ :chit:   MY QUEEN – Taiwanese #အသက်၃၃နှစ်အရွယ် ရှမ်းဝူရွှမ်းဟာ ချောမောလှပသလောက် အလုပ်နဲ့ပတ်သတ်ရင် ဘယ်သူ့ကိုမှအကြောမခံလိုတဲ့ သတင်းထောက်မတစ်ယောက်ပါ။ အလုပ်အပေါ်သဲကြီးမဲကီးနဲ့ ဘယ်သူ့မျက်နှာမှမထောက်တတ်တာကြောင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့မုန်းတီးခြင်းခံရသူ၊ ဘယ်သူမှ မကြိုက်ဝံ့သူ အထီးကျန်အပျိုကြီးပါ။ #အသက်၂၅နှစ်အရွယ် နုပျိုချောမောသွက်လက်တဲ့ လုခါစင်း ဆိုတဲ့ကောင်လေးနဲ့ပတ်သတ်ခဲ့ပြီးနောက် သူမရဲ့လက်ထောက် လုခါစင်းကြောင့် တဖြည်းဖြည်းပြောင်းလဲလာတဲ့စိတ်ထားကို မာနနဲ့ဖုံးကွယ်ရင်း #My Queen ဆိုတဲ့ ထိုင်ဝမ်ဇာတ်လမ်းတွဲလေးကိုကြည့်မယ်ဆိုရင် အောက်ပါလင့်ခ်မှဒေါင်းယူနိုင်ပါတယ်။ https://disqus.com/home/discussion/sugoideasmain/my_queen/ The Time We Were Not In Love – Korean ချွဲဝမ်နဲ့ဟာနာ တို့ဟာ အိမ်ချင်းကပ်လျက် ငယ်သူငယ်ချင်းတွေ။ ငယ်ငယ်တည်းက အတူသွား၊အတူစားနေထိုင်လာပြီး အချစ်ရေးမှာတော့ တစ်ယောက်ကို တစ်ယောက် […]


အိမ်ထောင်သည်တွေအပေါ်သာယာမိသူတွေဟာ အတိတ်ဘဝက ကံကြောင့်လို့သတ်မှတ်ကြသလို ကျူးလွန်သူကာယကံရှင်တွေကတော့ အချစ်ကြောင့်လို့ လွှဲချတတ်ကြတယ်။ ယောက်ျား၊မိန်းမ နှစ်မျိုးစားလုံးဟာဆန့်ကျင်ဖက်လိင်ရဲ့ဆွဲဆောင်မှုအပေါ်သာယာတတ်ကြပါတယ်။ *အိမ်ထောင်သည်ဘဝမှာတော့ ယောက်ျားတွေကချည့်ဖောက်ပြန်မှုပိုများလာရခြင်းဟာ ပိုလွတ်လပ်မှုရှိခြင်း၊ဖျော်ဖြေမှုများခြင်းနဲ့သားသမီးဗာရီယနည်းပါးခြင်း တို့ကြောင့်လည်းသက်ဆိုင်ပါတယ်။ မိန်းကလေးတွေဘက်ကစ၍ဆွဲဆောင်တာမျိုးချည့်အပြစ်ပြောလို့မရပါဘူး။ လက်တည့်စစမ်းချင်တဲ့ယောက်ျားတွေဟာလည်းဒုနဲ့ဒေးပါ။ အိမ်ထာင်သညေ်ယာကျ်ားဘက်က တည်ငြိမ်အေးဆေးပါလျက်မိန်းကလေးတွေဘက်က စတင်ဆွဲဆောင်ကာ ဖောက်ပြားကြခြင်းတွေများသလို၊ အိမ်ထောင်သည်ယောက်ျားတွေက စဆွဲဆောင်လို့ နှလုံးသားကျွံဝင်ပြီး အရှက်ကွဲကြရတဲ့မိန်းကလေးတွေလည်းရှိတတ်ကြပါတယ်။ ဘယ်ဘက်ကပဲ စကျူးလွန်သည်ဖြစ်စေ စိတ်ဆင်းရဲသောကကြီးစွာဖြစ်ရတာက    အိမ်ထောင်သည်ရဲ့ဇနီးနဲ့သားသမီးတွေပါ။ သားသမီးတွေဟာ ဖခင်ကြောင့်အရှက်ရရသလို၊ ဇနီးဖြစ်သူမှာတော့ အရှက်ရခြင်းထက် ခင်ပွန်းသည်ရဲ့ ချစ်ခြင်းမေတ္တာဆုံးရှုုံးရလေခြင်းဆိုတဲ့ သောကနဲ့ သားသမီးတွေမျက်နှာငယ်မယ့် မဖူလုံမယ့်အရေး၊ဖခင်ဆိုတဲ့အရံတံတိုင်းကြီးပျောက်ဆုံးမယ့် ိစု်းရိမ်မှုအရေးက ပိုတတ်ကြပါတယ်။ *အိမ်ထောင်သည်မိန်းမတွေအဖို့မှာတော့ ဖောက်ပြန်နိုင်ချေနည်းပါးကြပါတယ်။ စိတ်နှလုံးသားက ယိမ်းယိုင်သည့်တိုင် မိသားစုဗာရီယ၊မိရိုးဖလာဓလေ့အစရှိတဲ့   ခြိမ်းေြုခာက်မှုတွေကြောင့် လက်မလွန်ခင် ချွန်းအုပ်တတ်ကြပါတယ်။ ဒါ့ထက် မြန်မာ့ဓလေ့အရ အိမ်ထောင်သည်မိန်းမတွေကို ကျူးလွန်လိုစိတ်နည်းပါးကြတာလည်းပါပါတယ်။ ယနေ့ခေတ်အနေနဲ့ကတော့ အင်တာနက်လူမှုကွန်ယက်စာမျက်နှာတွေမှတဆင့် အိမ်ထောင်သည် ၊                       အပျိုလူပျို […]


      ၂၀၁၁ ခုနှစ်လောက်က Paint နဲ့အပျော်ဆွဲဖြစ်တဲ့ ကာတွန်းလေး၂ကွက်ပါ။ ရွာသားတစ်ယောက်က ရွာထဲမှာတင်ပါလား ဆိုတာနဲ့ ရောက်တုန်း၊ကြုံတုန်း တင်ခဲ့ပါရစေ။


ဝမရှိပဲ ဝိလုပ်သည် ဟူသည့်စကားရဲ့အဓိပ္ပာယ်ကို လူတိုင်းနီးပါးသိကြပေလိမ့်မည်။ ဥပမာတစ်ခုအနေနဲ့ပြောရလျှင-် မိမိအိမ်မှာ စားဖို့ပင်ခက်ခဲနေသည့်ကြားက အဝတ်အစားအကောင်းစားတို့ကိုဝယ်ဝတ်လျက် မိတ်ဆွေ၊အပေါင်းအသင်းတို့အလယ် ကြွားဝါဝတ်ဆင် ဟန်ရေးလုပ်သူကဲ့သို့သောသူများကို ဆိုလိုသည်။   ဝိလုပ်ချင်ချင်းဟူသည် ရောဂါတစ်ရပ်ဟုဆိုရာတွင်မမှား။ဝိလုပ်ချင်သည့်ရောဂါကို စတင်မိပြီဟု သိသည့် အချိန်တွင် ပျောက်အောင် ကုရင်ကု ထိုသို့မဟုတ်ပဲဝိလုပ်ချင်စိတ ်၌သာယာလျက် ဝိလုပ်မြဲလုပ်နေပါက နာတာရှည်ရောဂါတစ်ခုပမာဖြစ်သွားနိုင်ပေသည်။ လူ့အသိုင်းအဝိုင်းတွင် မူလတန်းအရွယ်မှစ၍ အရွယ်ရောက်ပြီးသည့်ကာလအထိ မိမိတို့နှင့် ပေါင်းသင်းဆက်ဆံသည့် မိတ်ဆွေတို့ကိုရွေးချယ်ရာ်၌ ငွေကြေးချမ်းသာသည့် လူကုံတန်တို့ကို အထင်ကြီးအားကျကာပေါင်းသင်းလိုကြ ရွေးချယ်ချင်ကြသည်။ ငွေကြေးချမ်းသာသူတို့နှင့် ပေါင်းသင်းလို စိတ်ဖြစ်သူတို့တွင်အတွင်းစိတ်သဘောမျိုးမျိုးကြောင့်ပေါင်းသင်း လိုကြခြင်း းဖြစ်သည်။   တစ်ချို့သောသူတို့က ငွေကြေးချမ်းသာသူတို့ထံမှ စားရနိုး၊သောက်ရနိုး၊စွန့်ကြဲပေးကမ်းမှုကိုခံယူရ လိမ့်နိုးဟူသည့်စိတ်နှင့်ပေါင်းသင်းလိုကြသလို၊တစ်ချို့သောသူတို့ကတော့ ဘာစွန့်ကြဲပေးကမ်းမှုကို မှ တမင်တကာမျှော်ကိုးတာမျိုးမရှိပဲ ငွေကြေးချမ်းသာသူတို့နှင့် ပေါင်းသင်းနေရသောကြောင့် မိမိကိုယ်တိုုင်လည်း လူကုံတန်တစ်ယောက်ပမာ ဖြစ်နေသလို အထင်ရောက်လျက် မိမိပတ်ဝန်း ကျင်က […]


  ရသစုံပဟေဠိ (အတွဲ-၃) သီချင်းပဟေဠိ   သီချင်းခေါင်းစဉ်လေးတွေဖြေပေးရမယ့် အစီစဉ်လေးပါ။ ❓  🙄     Taylor Swift လေး နာမည်ကြီး သီချင်းလေးပါ။ သီချင်းစာပိုဒ်ထဲမှာကို သီချင်းရဲ့ခေါင်းစဉ်အလွယ်ရှာနိုင်မှာသေချာပါတယ်။   That you were Romeo, you were throwing pebbles, And my daddy said, “Stay away from Juliet” And I was crying on the staircase Begging you, “Please don’t go” And I said…       Richard Marx […]


အတွဲ-၂ ရုပ်ရှင်ပဟေဠိ အတွဲ၂ မှာတော့ ရုပ်ရှင်ဇာတ်ဝင်ခန်း ရုပ်ပုံကားချပ်လေးတွေကိုကြည့်ပြီး ရုပ်ရှင်ဇာတ်ကားနာမည်လေးတွေ ဖြေပေးရမှာပါ။ ကမာ္ဘမှာ နာမည်ကြီးတဲ့ ရုပ်ရှင်ကားတွေကိုပဲ ထုတ်နုှတ်မေးထားတာမို့လွယ်ပါတယ်။ ဖြေပေးကြည့်နော်။ ❓  🙄     A-မင်းသားကြီး Harrison Ford့ရဲ့ နာမည်ကြီးရုပ်ရှင်         B-ဒါရိုက်တာRoland Emmerich ရဲ့ သဘာဝဘေးအန္တရာယ်တစ်ခုအကြောင်းပုံဖော်ထားတဲ့ ကမာ္ဘကျော်ရုပ်ရှင်         C-မင်းသမီးချော Scarlett Johansson ရဲ့နာမည်ကြီးရုပ်ရှင်       D-2005 ခုနှစ်က စိတ္တဇရုပ်ရှင်ပါ။မျက်နှာဖယောင်းသွင်းချင်သူများသတိထားရမယ့်ကားပါ :mrgreenn:        E-နာမည်ကြီး ချစ်ဇာတ်လမ်း ရုပ်ရှင်တစ်ကားပါ။ကားဟောင်းဆိုပေမယ့် Romance ကြိုက်သူများ မမေ့နိုင်တဲ့ကားပါ။   […]


ဂဇက်ထဲ စိတ်အမော ပြေ ပဟေဠိအစီအစဉ်လေး လုပ်ကြည့်တာပါ။ တယ်လီနောလေးက ပိုက်ပိုက်သိပ်မဖြတ်တာရယ်။လိုင်းလေးမဆိုးတာရယ်။နည်းနည်းအားနေတာရယ်ကြောင့် ရွာထဲ လမ်းသလားနိုင်တုန်းလေးပေါ့။ :kwi:   စပြီ :mrgreenn:  အတွဲ(၁) မှာတော့ စာပေ ပဟေဠိနဲ့စလိုက်ရအောင်။   ၁- ပေါင်းတလည်မြို့ကို နောက်ခံထားတဲ့ ဆိုက်ကိုဆန်ဆန် ၊အနုပညာဆန်ဆန် နာမည်ကြီး စာရေးဆရာကြီးတစ်ဦးရဲ့ ဝတ္ထု။ မန္တလေးသိန်းဇော်နဲ့မေဆွိက ဗွီဒီယိုပြန်ရိုက်ထားခဲ့ဖူးတယ်။   ၂-ယေရှုခရစ်တော်ကို ကားစင်ဖို့ တာဝန်ပေးခြင်းခံရတဲ့ ဗိုလ်မှူးတစ်ဦးရဲ့အကြောင်း။ယေရှုရဲ့ဝတ်ရုံတော်ကိုယုံကြည်ပြီးနောက် ခရိယာန်ဖြစ်လာပုံတွေကို မျက်စိထဲမြင်လာအောင်ကျကျနနဖော်ကျူးရေးသားထားတဲ့ “မြတ်ဝတ်ရုံ” ဆိုတဲ့ ဝတ္ထုကို ရေးတဲ့ စာရေးဆရာရဲ့အမည်။မြို့တစ်ခုနာမည်ရှေ့ကပါတယ်။   ၃-နာမည်ကြီး စာရေးဆရာမကြီးတစ်ဦး။သူ့ရဲ့ ဝတ္ထုတစ်အုပ်က ခေါင်းစဉ်နဲ့ သူ့သမီးကိုနာမည်ပေးထားတယ်။အဲဒီသမီးကလည်း နာမည်ကြီးစာရေးဆရာမဖြစ်လာတယ်။အမေစာရေးဆရာမကြီးနဲ့ သူ့သမီးနာမည်နဲ့ဝတ္ထုခေါင်းစဉ်။   ၄-စာအုပ်ခေါင်းစဉ်တွေကို အပြန်အလှန်တွေးခေါ်ခြင်းနဲ့ အမည်တပ်လေ့ရှိတဲ့ ပြည်ပရောက် စာရေးဆရာကြီးတစ်ဦးရဲ့အမည်။ ဥပမာ-ရှိလို့လှူတာ […]