natureJuly 11, 20151min41028
N+080715 ရန်ကုန်မြို့ကားဂျမ်း မန်းဂေဇက်ရွာထဲမှာစရေးခဲ့တဲ့ပိုစ့်ကတော့ ဘုရင့်နောင်ကားဂျမ်းအကြံပေးပါဆိုတဲ့ပို့စ်ကလေးပါပဲ။ အခုတော့ ရန်ကုန်တမြို့လုံးပဲကားဂျမ်းဖြစ်ကုန်ပါပြီ။ အရီးလတ်ရဲ့တာဝန်ပေးချက်အရ စဉ်းစားလို့ရသလောက် ဉာဏ်မှီသလောက်ရေးလိုက်ပါတယ်။ ဘုရင့်နောင်ကားဂျမ်းဆိုတာက ဆန် ကြက်သွန်အာလူး ကုန်ခြောက် ငါးခြောက်တွေရောင်းတဲ့ တနိင်ငံလုံးကိုဖြန့်တဲ့ အဓိကဒိုင်ဖြစ်တဲ့အတွက် ကားအဝင်အထွက်များပါတယ်။ တစ်နှစ်ထက်တစ်နှစ် ဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ ကားအဝင်အထွက်များလာပါတယ်။ ၁၂ဘီးကားလို ကားအရှည်တွေပါဝင်လာပါတယ်။ ဘုရင့်နောင်တံတားက အဓိက အလုပ်အသွားအပြန်အတွက် ရုံးသွားရုံးပြန်အတွက်အဓိကဖြစ်ပြီး အင်းစိန် ရွှေပြည်သာတံတားတွေက ကုန်စည်စီးဆင်းမှုအတွက်အဓိကကျပါတယ်။ ကျနော့်အမြင်ဘုရင့်နောင်ကားဂျမ်းရဲ့အဓိကအချက်က အာဆီယံစံဆိုပြီးကုန်တင်ကားတွေ ကုန်ကိုတဝက်လောက်လျှော့ထင်ဖို့အမိန့်ထုတ်တာက အရင်ထဲကဂျမ်းဖြစ်ချင်နေတာကို ရှင်းမရအောင် ဖြစ်စေတယ်လို့ထင်ပါတယ်။ အခုတော့ရန်ကုန်တမြို့လုံးပဲ၆လမ်းသွားလမ်းမကြီးတွေမှာပါကားဂျမ်းဖြစ်လာပါတယ်။တဖြည်းဖြည်းနဲ့လဲပိုပိုဆိုးလာပါတယ်။ ကားဂျမ်းဘာကြောင့်ဖြစ်သလဲဆိုတာစဉ်းစားကြည့်ကြရအောင်- ကားဂျမ်းဖြစ်တဲ့အကြောင်းအရင်းတွေကတော့ ၁။ ကားအရေအတွက်မ ျားလွန်းခြင်း ၂။ လမ်းက ျဉ်းခြင်း ၃။ ယာဉ်မောင်စည်းကမ်းမရှိခြင်း ၄။ လမ်းရဲ့ Joint တွေမှာကားတွေလမ်းလုရင်း block ဖြစ်ခြင်း။ ၅။လမ်းလယ်မှာချထားတဲ့တုံးတွေက ကားဂျမ်းကိုချုပ်ထားသလိုဖြစ်ခြင်း ကားအရေအတွက်များလွန်းရင် […]


natureAugust 30, 20121min75085
N+ 300812 ကျွန်ုပ် သူကြီးနှင့်လူ့အခွင့်အရေးဘယ်သူဖောက်သလဲ? ဒီပိုစ့်ကိုရေးရတာကတော့ အောက်ပါပိုစ့် မှ ကွန်မန့်ဖြေရှင်းရန်အတွက်ဖြစ်ပါတယ်။ ဆြာအုပ် နှင့် ပေါ်ပြူလာမိုးပြာ (၁) https://myanmargazette.net/146660/creative-writing nature says: …မြန်မာအစိုးရအနေနဲ့.. မြန်မာပြည်ကိုကမ္ဘာမှာဘာသာရေးခွဲခြားဖိနှိပ်မှု အရှိဆုံးတိုင်းပြည်စာရင်းက ထွက်ချင်ရင်.. အဲဒီဆရာတော်ကို.. ထောင်ကအရင်ဆုံးလွတ်ငြိမ်းချမ်းသာခွင့်ပေးရမှာဖြစ်ပြီး… အားလုံးအဆင်ပြေသွားအောင် အဲဒီစာရင်းကထွက်ထားတဲ့နိုင်ငံကိုပို့ပေးမယ် ။ ဘုရားရှိခိုးလို့အဖမ်းခံရတဲ့နိုင်ငံတွေကရောနံပါတ်ဘယ်လောက်မှာပါနေသလဲလို့မေးချင်ပါတယ်။ (တကယ်ဖြစ်သင့်တာကအဲဒီနိုင်ငံတွေကိုအရင်ဆုံးကန့်ကွက်သင့်တယ်။) —— kai says: ကိုရင့်လေသံက.. မြန်မာပြည်ရေမြေသနင်းအစိုးရတဲ့.. မင်းတြားတော်မြတ်ကြီးလေသံပါလားကွယ်..။ မြန်မာပြည်မှာမွေးတဲ့.. မြန်မာနိုင်ငံသားအချင်းချင်း… တဦးတယောက်ကို.. တဦးတယောက်က.. တခြားတနိုင်ငံပို့ပစ်မယ်ပြောရအောင် အခွင့်(Rights) မရှိပါဘူးကွယ်… လူ့အခွင့်အရေးကြေငြာစာတမ်း ပြန်ဖတ်စေလိုပါတယ်..။ http://www.un.org/en/documents/udhr/index.shtml အနိစ္စ.. ———- nature says: လူတယောက်ဟာ မကောင်းတဲ့နေရာနဲ့ကောင်းတဲ့နေရာ ဘယ်နေရာမှာနေချင်မလဲ။ nature says: ကောင်းတဲ့နေရာကိုရောက်သွားစေချင်တဲ့စေတနာနဲ့ပါ။ nature says: ———- […]


natureAugust 4, 20121min33225
N+ 010812 အဘိဓမ္မာနှင့် သင်္ဂ ါယနာ အဆက်ဆက် ပထမသင်္ဂ ါယနာ မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူပြီး သုံးလနှင့်လေးရက်မြောက်သော မဟာသက္ကရာဇ် ၁၄၈ (ဘီစီ ၅၄၄)တွင် အဇာတသတ် မင်းကိုအမှီပြု၍ ရာဇဂြိုလ်ပြည် ဝေဘာရတောင် သတ္တပိဏ္ဏိလိုဏ်ဂူ၌ ရှင်မဟာကဿပ အမှုးရှိသော ရဟန္တာအရှင်မြတ် ၅၀ဝ တို့သည် မြတ်စွာဘုရား၏ တရားတော်များကို ရ လ တိုင်တိုင် မုခါရုဠှ (ခေါ်)နှုတ်ဖြင့်စုပေါင်းရွတ်ဆို သင်္ဂ ါယနာ တင်ခဲ့ကြသည်။ ဒုတိယ သင်္ဂ ါယနာ သာသနာနှစ် ၁၀ဝ (ဘီစီ ၄၄၄) ၌ ဝေသာလီပြည်ဝေဠုကာရုံ ကျောင်းတိုက်တွင် ဝဇ္ဇီတိုင်း ကာလာသောကမင်းကို အမှီပြု၍ အရှင်မဟာယဿအမှုးရှိသော ရဟန္တာ ၇၀ဝ တို့က ၈လကြာအောင် မုခရုဠှသင်္ဂ ါယနာ တင်ခဲ့ကြပေသည်။ […]


natureJuly 19, 20121min49930
N+ 200712 မြတ်စွာဘုရား၏ကျေးဇူးတရား ဘုရားရှင်တော် မပွင့်ပေါ်လျှင် လူတော်အများ စိတ်ကောင်းထားလည်း ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘဝ မသိရ များလှအပြစ်တွေ။ ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍ ဟောဖော်ညွန်ကြား မြတ်တရားကြောင့် ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘဝ သိကြရ များလှကျေးဇူးပေ။ ကျေးဇူးတော်ရင် ဘုရားရှင်ကို ဦးတင်မပြတ် ကျေးဇူးဆပ်ဖို့ အမြတ်ရတနာ သာသနာ၏ နိုင်ရာဝန်ထမ်း ကိုယ်စီစွမ်း ကြိုးပမ်းကြပါလေ။ ရိုးရှင်းပြီး အင်မတန်အဓိပါယ်လေးနက်ပြည့်ဝတဲ့ ကဗျာလေးကို တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက စပ်ဆိုခဲ့တာလို့သိရပါတယ်။ https://myanmargazette.net/90448/creative-writing


natureJune 27, 20121min33215
N+270612 မြန်မာနိုင်ငံကို စင်္ကာပူလိုသန့်အောင် မြန်မာနိုင်ငံကိုစင်္ကာပူလိုသန့်အောင်လုပ်မယ်ဆိုပြီး အရင်ဆုံးဆန္ဒမဲခံယူကြည့်ရင်တော့ ၁၀၀% ထောက်ခံမဲ ရမယ်ဆိုတာသေချာပါတယ်။ သန့်ရှင်းရေး ကောင်းလာမယ်ဆိုကျန်းမာရေး တွေလည်း ပိုမိုကောင်းစေလာနိုင်ပါတယ်။ အမှိုက်ပြစ်တဲ့သူတွေဟာလည်း အမှိုက်ကိုလွယ်လွယ် ပြစ်တာ အကျင့်ပါနေတဲ့ ထောက်ခံမဲပေးတဲ့ပြည်သူတွေထဲကပဲဖြစ်တယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ လူပေါင်းသန်း၆ဝ ရှိရင်တယောက်ကိုအမှိုက်တခုပြစ်ရင်အမှိုက်သန်း၆ဝ ထွက်လာမှာဖြစ်ပါတယ်။ ပြောင်းပြန်အားဖြင့် လူတိုင်း ကိုယ့်ရှေ့မှာရှိတဲ့ အမှိုက်တခုကိုအမြင်မတော်လို့ကောက်မယ်ဆိုရင် အမှိုက်သန်း၆ဝ ကို ရှင်းလင်းနိုင်မှာဖြစ်ပါတယ်။တိုင်းပြည်သန့်ရှင်းရေးအတွက် တိုင်းပြည်တိုးတက်ရေးအတွက် ပြည်သူတိုင်းတာဝန်ရှိတယ် ဆိုတဲ့ခံယူချက် လေ့ကျင့်မွေးမြူပေးဖို့လိုပါတယ်။ ဒါကတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့အကျိုးအကြောင်းဆီလျှော်တဲ့ မိန့်ခွန်းတခုတည်းနဲ့တင်တော်တော်လေးအဆင်ပြေစေနိုင်မယ်ထင်ပါတယ်။ တဖက်ကလည်းစည်းကမ်းနဲ့ အမှိုက်ပုံးတွေကို သင့်တော်တဲ့နေရာမှာစီစဉ်ပေးခြင်းဖြင့် အတန်အသင့်အဆင်ပြေစေနိုင်မယ်လို့ထင်မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့နိုင်ငံတော်က Hard power ဆိုတဲ့ ပါဝါအပြည့်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ soft power ဆိုတဲ့ ချစ်ခင်လေးစာအားကိုးမှုအပြည့်အဝရှိတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ဒီကိစ္စဟာနိုင်ငံတော်ရဲ့အားနည်းချက်ရှိသလိုပြည်သူတွေရဲ့ တဦးချင်းတာဝန်ယူမှု အားနည်းတာလည်းပါမယ်လို့ ထင်ပါတယ်။ နိုင်ငံတော်အတွင်းမှာ ဖြစ်တဲ့ကိစ္စမှန်သမျှ နိုင်ငံတော်အတွင်းနေထိုင်ကြတဲ့ နိုင်ငံတော်ကတာဝန်ရှိသူတွေနဲ့ပြည်သူအားလုံးတာဝန်ရှိတယ်လို့မြင်ပါတယ်။ […]


natureJune 16, 20121min19610
N+160612 Reply to ဇောက်ထိုး https://myanmargazette.net/127673/creative-writing ကွန်မန့်ပြန်ရင်ရှည်နေပြီးမထိရောက်လို့ ပို့စ် တခု အနေနဲ့တင်လိုက်ပါတယ်။ …..(ကမ္ဘာမှာ ကျွန်တာ်တို့ မြန်မာတွေဟာ အလှူအတန်းအများဆုံးပါ။ ၁၂-လ မှာ အလှူပြတ်တဲ့ လတောင် ရှိမယ်မထင်ပါဘူး။ ဒါပေမယ့် မြန်မာတွေ မကြီးပွားကြပါဘူး။ (နိုင်ငံကြောင့်လို့လဲ အကြောင်းပြနိုင်ပါတယ်။) ခရစ်စယာန်ဘာသာဝင် တွေ အနောက်နိုင်ငံတွေမှာ အလှူပွဲတွေ ကျွန်တော်တို့လောက် မများပေမယ့် သူတို့ချမ်းသာကြပါတယ်။ ကျွန်တော်တို့ ဗုဒ္ဒဘာသာဝင်တွေ လှူတာထက် သူတို့လှူတာကို ကျွန်တော် ပိုသဘောကျမိပါတယ်။)….. လက်တွေ့နဲ့ထင်ဟပ်ပြောဆိုတာတွေကိုကြိုဆိုပါတယ်။ ဒါနထက်သီလမြတ်တယ်။သီလထက်ဘာဝနာမြတ်တယ်ဆိုတဲ့ ဗုဒ္ဓဘာသာလူလည်တွေများ လို့ဖြစ်တယ်လို့ထင်ပါတယ်။ ဘာဝနာများတဲ့အတွက် အဖိုးတန်ပြီး စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်အဖြစ်ကိုရရှိပေမဲ့ ဒါနနဲခဲ့တဲ့အတွက်စီးပွားဥစ္စာမပြည့်မစုံဖြစ်တတ်ပါတယ်။ ဗုဒ္ဓဘာသာဝင်အများစုဟာလည်း မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေများတဲ့အတွက် အားနည်းချက်တွေရှိပါတယ်။ အနောက်နိုင်ငံတွေမှာ လှုတဲ့သူတွေဟာ ဒါနအားများတဲ့အတွက်စီးပွားဥစ္စာ ပြည့်စုံကြပြီး ဘာဝနာအားနည်းတဲ့အတွက် စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်အဖြစ်ကိုမရရှိကြတာလို့မြင်ပါတယ်။ မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော် တွေဟာ […]


natureJune 5, 20121min41213
N+050612 ဒါနဆိုတာသံသရာရှည်တယ်ဆိုတဲ့လူမိုက်များအတွက် ကြံကြံဖန်ဖန်တရားနာရင်း ကြားခဲ့ရတာကတော့ ဒါနကသံသရာရှည်သတဲ့။ဒီလိုတရားမျိုးဟောပြီး ဒီလိုပုံစံမျိုးနဲ့ အမဲရိုးနှယ်ဟင်းအိုးမှအားမနာဆိုသလို တရားဟောချင်သေးတယ်။ ကိုယ်ဉာဏ်လေးတထွာတမိုက်နဲ့ ကိုယ်ထင်တာကိုလျှောက်ချဲ့ပြောတော့ ဗုဒ္ဓဘာသာအခြေခံ အားနည်းသူတွေ အတွက်ထင်ယောင်ထင်မှားဖြစ်ကုန်တာပေါ့။ မှားမယ်ဆိုလည်းမှားလောက်ပါတယ်။ တော်တော်လေးဖြေရှင်းရခက်တဲ့ အချက်တချက်ပါပဲ။ ဒါနနဲ့သံသရာက မလွတ်မြောက်နိုင်ဘူးဆိုတာကတော့ မှန်ပါတယ်။ဒီတော့လွယ်လွယ်ပဲဆုံးဖြတ်ချက်ချလိုက်တာကတော့ ဒါနကသံသရာရှည်တယ်ပေါ့။ ကောင်းပြီ။ ဒါနကသံသရာရှည်တယ်ဆိုရင် သံသရာပြတ်အောင်ဒါန မလုပ်ပဲနေပါ။ ဒါနမလုပ်ရင်သံသရာပြတ်သွားမှ ဒါနကသံသရာရှည်တယ်ဆိုတဲ့စကားကမှန်မှာဖြစ်ပါတယ်။ မြတ်စွာဘုရားဟော ကြားထားတာကတော့ သံသရာရှည်ရခြင်းဟာ တဏှာနဲ့အဝိဇ္ဇာကြောင့်လို့ ဟောထားပါတယ်။ ဒါနက တိုတိုပြောရရင်ချမ်းသာတယ်ဆိုပေမဲ့ လိုက်နာကျင့်သုံးရမဲ့ အင်္ဂ ါရပ် တွေအများကြီးလေ့လာစရာလိုပါသေးတယ်။ သံသရာဆိုတာကတော့ ဒါနနဲ့ မဖြတ်နိုင်ပေမဲ့ ဒါနကြောင့်သံသရာရှည်တယ်ဆိုတာကတော့ မိုက်မဲတဲ့အယူအဆတခုလို့သာထင်မြင်မိပါကြောင်း။ ပြောရရင်တော့ ကြားဖူးတဲ့ ကျူံးသွင်းမေးတဲ့ လော့ဂျစ်ကလေးတခုလို ကျီးကန်းသည်မဲသည်။ ကျီးကန်းသည်ငှက်ဖြစ်သည်။ ထို့ကြောင့်ငှက်တိုင်းသည်မဲသည်ဆိုတဲ့တလမ်းသွားမှားယွင်းတဲ့ လော့ဂျစ်တခုလိုပါပဲ။ ဒါမျိုးခပ်ဆင်ဆင် ကျူံးသွင်းမေးမြန်းထားတဲ့ နောက်တခုရှိပါသေးတယ်။ ဗုဒ္ဓဘာသာဟာသမ္မာဒိဌိ ဝါဒဖြစ်တယ်။ […]


natureJune 3, 20121min1358
N+030612 သာသနာတော်သန့်ရှင်းတည်တန့်ရေး သာသနာတော်သန့်ရှင်းတည်တန့်ရေးအတွက် ကောင်းမယ်ထင်တဲ့အကြံဉာဏ်များကို စိတ်ကူးမိတာလေးကို ပြောပြချင်ပါတယ်။ မြတ်စွာဘုရားရဲ့ သာသနာမှာ လူဖြစ်လာရတဲ့ကျွန်တော်တို့ ဟာ ကြီးမားတဲ့အခွင့်အရေးကို မိမိရရအသုံးချ နိုင်ဖို့လို့ မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားဓမ္မတွေကို လေ့လာကြဖို့လိုပါတယ်။ ဗုဒ္ဓဘာသာကိုလေ့လာကြတဲ့ကမာ္ဘတလွှားက လူသားများဟာ ဗုဒ္ဓဘာသာကို လေ့လာမယ်ဆိုရင် တချို့က လွယ်လွယ်နဲ့ ဝီကီကိုပဲဖတ်ပြီး အမှန်ယူတတ်ကြပါတယ်။ ဒါ့ကြောင့်မို့စစ်မှန်တဲ့ထေရဒါဒဗုဒ္ဓဘာသာသန့်ရှင်းပြန့်ပွားရေးအတွက် ဝီကီကိုဖတ်ပြီး အမှန်ယူနေကြတဲ့သူတွေ အတွက် ဝီကီမှာ ထေရဝါဒဗုဒ္ဓဘာသာနဲ့ ကွဲလွဲချက်တွေရှိနေရင် နိုင်ငံတော်သံဃ့ာာမဟာနာယကအဖွဲ့က ပြုပြင်ပေးဖို့ တရားဝင် ဝီကီမှာတောင်းဆိုပြီးပြုပြင်သင့်ပါတယ်။ ဒါဟာဗုဒ္ဓဘာသာ သန့်ရှင်းတည်တန့်ရေးအတွက် အရေးကြီးတဲ့ ကိစ္စတခုဖြစ်ပါတယ်။ ဒါ့အပြင်မြတ်စွာဘုရားဟောကြားခဲ့တဲ့ ဩဝါဒပါတိမောက် လိုအနှစ်ချုပ်လိုဟာ မျိုးကိုပါ ထည့်သွင်းရေးသားပြီး ဗုဒ္ဓဘာသာလေ့လာသူတွေအတွက် အနှစ်ချုပ်လေးတွေကို လိုတိုရှင်း ရေးသားဖော်ပြမယ်ဆိုရင် ထေရဝါဒဗုဒ္ဓဘာသာ လေ့လာသူတွေအတွက် ကြီးစွာသောအကျိုးကျေးဇူး ရှိကြမယ်လို့ထင်မြင်မိပါတယ်။ https://myanmargazette.net/90448/creative-writing


natureJune 3, 20121min1095
N+030612 သဘာဝစွမ်းအားရေအားလျှပ်စစ် ကျနော့်အမြင်တော့ သဘာဝအရင်းအမြစ်ဖြစ်တဲ့ရေအားက လျှပ်စစ်ထုတ်တာဟာ အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရေရှည်မှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှုအနည်းဆုံးဖြစ်လို့ ရေရှည်မှာ အိုဇုန်းလွှာ ပေါက်ပြီး ရာသီဥတု ပူပြင်းလာမှုကိုလည်း အကာအကွယ်ပေးနိုင်မယ်လို့ထင်ပါတယ်။ ရာသီဥတုပူပြင်းလာရင်ရေတွေလည်းခမ်းခြောက်လာစေနိုင်ပါတယ်။ လောင်စာဆီ မဝယ်ရတဲ့အတွက်ကြောင့် စရိပ်စကလည်းသက်သာပြီး ရေရှည် ကောင်းတဲ့လုပ်ငန်းတခုလို့မြင်ပါတယ်။ အီရန်နဲ့အမေရိကန်စစ်ပွဲဖြစ်လို့ရေနံဈေးတက်ရင်လည်း မှုစရာမလိုပါဘူး။ ဒါပေမဲ့ရေနည်းတဲ့အခါတွေမှာတော့ အခက်အခဲဖြစ်နိုင်ပါတယ်။ ရေကာတာရေလျှံရင်လည်း ပတ်ဝန်းကျင်ရွာတွေကို ရေလွှမ်းနိုင်တယ်လို့ဆိုကြပါတယ်။ အဲဒါကိုကာကွယ်ဖို့အတွက်က ရေလွှဲမြောင်းတွေကို အပိုဖောက်တာ၊ရေမြောင်းကိုပိုကြီးကြီးဖောက်တာတို့လုပ်ရင် အဆင်များပြေနိုင်မလားမသိ။ မိုးရာသီမှာ မိုးရေချိန် ဘယ်နှစ်လက်မရွာရင် ရေကာတာမှာရေမှတ် ဘယ်လောက်တက်တယ်ဆိုတာကို ဒေတာကောက်ပြီး မိုးများချိန်မှာ အထူးသတိထားကြည့်ဖို့တော့လိုမယ်ထင်ပါတယ်။ ရေကာတာတည်ဆောက်တဲ့အတွက် ၁၅ပေရှိတဲ့မြစ်တခုဟာ ၁ဝ ပေလောက်သာရှိတော့မဲ့အတွက် ပြောင်းလဲမှုတချို့တော့ဖြစ်နိုင်ပါတယ်။ ေရေသယံဇာတဖြစ်တဲ့ငါးတွေရဲ့ နေထိုင်သွားလာမှုကတော့ ပြောင်းလွဲသွားမယ်လို့ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် လောင်စာဆီနဲ့စက်လည်ပြီးလျှပ်စစ်ထုတ်လုပ်တာထက် ရေအားကထုတ်လုပ်တာကတော့ ရေရှည်မှာစရိပ်ပိုသက်သာပြီး ကာဗွန်ဒိုင်အောက်ဆိုက်ဓါက်ငွေ့ထုတ်လုပ်မှုကတော့ပိုလျှော့နည်းမယ်ဆိုတာကတော့ […]


natureMay 12, 20121min56641
  ခုတလောရွာထဲမှာ ဆူနေကြတဲ့ကားပါမစ်အကြောင်းရေးချင်ပေမဲ့ ဇာတ်ထဲက လူရွှင်တော်တွေ ပြောသလို အားရပါးရကချင်ပါသော်လည်း ကျန်းမာရေးက မကောင်းဆိုသလို တခါတလေပို့စ်တင်ချင်စိတ်ကလေးများဖြစ်လာသော်လည်း ကွန်နက်ရှင်ကမကောင်း သောကြောင့် မတင်ဖြစ်ခဲ့ပါ။ အခုတလော 2007 အထက်ကားတွေ ပါမစ်မလိုတော့ဘူးဆိုလို့ကားဈေးတွေ ပြုတ်ကျပြီး ကားပွဲစားတွေ ဝယ်ရောင်းတွေ အကြီးအကျယ်ရှုံးကြပါတယ်။ ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲဆိုတဲ့မေးခွန်း ရွာသားများ ဖြေဆိုကြစေလိုပါတယ်။   ကားဟောင်းတွေဖျက်ရမယ်ဆိုတဲ့သတင်းထွက်လာချိန်မှာ ငိုမဲ့မဲ့ဖြစ်နေတဲ့ ကားအိုကားဟောင်းပိုင်ရှင်တွေဟာ နိုင်ငံတော်ကစေတနာနဲ့ ကားပါမစ်စံနစ်ပြောင်းလိုက်တဲ့အတွက် ငိုရာမှ ရီနိုင်လာကြပြီးစင်ပေါ်ရောက်သွားကြပါတယ်။ ဖျက်ကားတွေရဲ့ဈေးကပိုလို့တောင်ကောင်းနေတော့ တချို့ဆိုကားကိုဖျက်ရမဲ့အချိန် ဈေးကောင်းရောင်းရမဲ့အချိန်ကိုတောင်မျှော်လင့်စောင့်စားနေရပါတယ်။ အဲ ဒီကြားထဲမှာသတင်းဦးသွားတဲ့ကုန်သည်တွေကတော့ မြက်မြက်ကလေးစားလိုက်ကြရပါတယ်။   ခုဒီတခေါက်မှလည်း ပစောက်နံပါတ်တွေပြီးရင်ခဏနားမယ်ဆိုတဲ့သတင်းတွေထွက်လာတော့ ကုန်သည်တွေ အကြိုက်ပေါ့။ ဈေးကတော့ ကျိမ်းသေတက်ပြီဆိုပြီး ကုန်သည်တိုင်းတွက်ထားကြပါတယ်။ ဒီတွက်ကိန်းနဲ့အတူ ကားပါမစ်ဈေးတွေဟာလည်း ကုန်သည်တွေရဲ့ တွက်ကိန်းအတိုင်း တရိပ်ရိပ်တက်လာပါတယ်။ ၁၃၅-၁၄ဝ သိန်းလောက် ရှိတဲ့ပါမစ်တွေ ၁၅ဝသိန်း […]


natureFebruary 10, 20121min29610
လမ်းသွားရင်း ကွန်ကရစ်လမ်းခင်းနေတာတွေ့လို့ ရေးဖို့ စိတ်ကူးရသွားတာပါ။ တတ်သလောက်မှတ်သလောက် ရေးလိုက်ပါတယ်။ အတွေ့အကြုံများတဲ့ ရွာသားများက လိုတာလေးတွေကို ဖြည့်စွက်ပေးကြစေလိုပါတယ်။ ကွန်ကရစ်လမ်းတွေဟာ ခင်းပြီးရင် ၂၁ ရက်ကြာမှာ ဆွဲအားပြည့် ပါတယ်။ ဒီ ၂၁ ရက် မှာ အစိုဓါက် ရအောင် ဂုံနီကို ရေဆွတ်ပြီး အုပ်ထားပေးမှ ကွန်ကရစ်အားကောင်းပါတယ်။ အခုခင်းတဲ့ လမ်းတွေမှာ ခင်းပြီးအစိုဓါက် ထိမ်းသိမ်းမှုမျိုး မရှိလို့ လမ်းတွေ သက်တမ်း မကုန်ခင် ပျက်မှာကို စိုးမိပါတယ်။ ခင်းထားတဲ့လမ်းဟာလည်း ပလက်ဖောင်းထက်မြင့်တက်နေပါတယ်။ ကွန်ကရစ်တွေဖျော်တာရေများသွားရင် ကွန်ကရစ်အားနည်းတတ်ပါတယ်။ ရေနဲရင်လည်း လုပ်ရ ကိုင်ရခက်ပြီး လေခိုတာများတတ်ပါတယ်။ လေမခိုဖို့ vibrator ကိုသုံးရပါတယ်။ vibrator သုံးရင် တနေရာတည်းကို အကြာကြီး ထိုးရင် ကျောက်ခဲတွေအောက်ထိုင်သွားနိုင်တဲ့အတွက် တပေခြား ၅စက္ကန့် […]


natureFebruary 8, 20121min40032
ဒီပိုစ့်ကလေးရဲ့ ရည်ရွယ်ချက် …..မိန်ကလေးမျာ း ကာယိနြေ႖ထိပါးခံရမှုမှ ကာကွယ်ရန် လုပ်ဆောင်ချက် …..ဝီစီမှုတ်၍ အချက်ပေးခြင်း ၊ ရလာဒ် ……..??? ရည်ရွယ်ချက်ကောင်းပါသည်။ ထိုလုပ်ငန်းစဉ် အကောင်အထည်ပေါ်ရန် ကားစီးသောမိန်းကလေးတိုင်းဝီစီ ဆောင်ထားရပါမည်။ ထိပါးလာပါက ဝီစီမှုတ်ရဲပါ့မလား။  ဝီစီမှုတ်ပါက အမျိုးသမီး၏ ပတ်ဝန်းကျင်တွင် ၃ ၊ ၄ ယောက် ရှိသော် မည်သူ့ကိုတီးရပါမည်နည်း ။  ဝီစီမှုတ်သောအခါ ဘေးမှ ဝိုင်းတီးကြပါမည်လော ကိုယ်နှင့်မဆိုင်သလိုမျိုး နေမည်လော။ ဝိုင်းတီးပါက ဝိုင်းတီးသောသူများသည် ရာဇဝတ်မှုမြောက်ပါသည်။ ကိုဆန်နီလည်း လာစော်ကားတဲ့ အမူးသမားကို ရိုက်မိလို့ ရဲစခန်းရောက်ဖူးတယ်လို့ ပြောဖူးပါတယ် ။ အမျိုးသားများဖက်ကတွက်လျှင် ကိုယ်နှင့်ရန်ငြိုးရှိသော အမျိုးသမီး ကိုယ့်အနားကပ်ပြီး ဝီစီမှုတ်သော်မခက်လော။ ရည်ရွယ်ချက်ကောင်းသော်လည်းဖြေရှင်းသော နည်းလမ်းတွင်အားနည်းမှုများစွာ ရှိနေသည်ဟုထင်မိပါသည်။ ထိရောက်စွာ ဖြေရှင်းနည်းကို အနည်းငယ်အကြံပေးလိုပါသည်။ […]


natureJanuary 30, 20121min47411
ကျွန်တော်တို့ ငယ်စဉ်တုန်းက ကားလမ်းများ ကောင်းစွာမပေါက်ရောက်သေးတာကြောင့် ခရီးသွားရင် ရေလမ်းကိုသာ အဓိက အသုံးပြုပြီး သွားလာကြရပါတယ်။ အဲဒီတုန်းက လူကြီးတွေက မြစ်ဝကျွန်းပေါ်ဟာ ချောင်းငယ်လေးတွေများတာကြောင့် ကားလမ်းမပေါက်နိုင်ဘူးလို့ ပြောသံကြားခဲ့ရဘူးပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ နေရာတော်တော်များများကို ကားတွေနဲ့ သွားလာနိုင်ပြီ ဖြစ်လို့  ရေလမ်းသွား တဲ့သဘောင်္ခေတ်ကုန်သလိုဖြစ်နေပါတယ်။ ကားနဲ့သွားရင်အချိန်ကုန်သက်သာပြီးမြန်မြန်ရောက်ပါတယ်။ နေ့ခြင်းပြန်သွားလို့လာလို့ရပါတယ်။ သင်္ဘောနဲ့သွားရင်တော့ တမေ့တမောစီးရပါတယ်။ ဒါပေမဲ့သဘောင်္ရဲ့ အားသာချက်ကတော့ ကုန်များစွာကိုတင်နိုင်တဲ့အတွက်စရိပ်သက်သာလို့ ကုန်တင်ဖို့အတွက် ကတော့ သဘောင်္ခေတ်က မကုန်သေးဘူးလို့ပြောလို့ရပါတယ်။ ရေလမ်းခရီးသွားမယ်ဆိုရင် အချိန်ကုန်သက်သာပြီး ဆီ (လောင်စာဆီ) ကုန်သက်သာဖို့အတွက် ရေစုန်ရေဆန်ကို တွက်တတ်ဖို့ အရေးကြီးပါတယ်။ ရေစုန်ရေဆန် (ရေတက်ရေကျ) ကို တွက်ဖို့အတွက် မြန်မာ ပြက္ခဒိန် ရက် ကိုသိဖို့လိုပါတယ်။ လဆန်းရက်ဆို လရဲ့ဆွဲအားကြောင့်ရေတက်တယ်လို့ကြားဖူးပါတယ်။ လဆန်းဆို ရေတက်ရက် မို့  […]