နီကီတာDecember 30, 20111min17713
ကျွန်မကို အဖေဝယ်ပေးထားတဲ့ ဖန်ဘောလ်ပင်လှလှလေး ကျကွဲသွားခဲ့တယ်…။ အရမ်းတုန်လှုပ်သွားတယ်…။ တစ်နေ့မှာ ဒီအဖြစ်ကို အဖေရိပ်မိသွားခဲ့ပြီး.. “ဖန်ဘောလ်ပင်လေးရော..” လို့်မေးတယ်. ကျွန်မလည်း စိတ်ကို တည်ငြိမ်စွာထားပြီး ဖြေဖို့ကြိုးစားခဲ့တယ်. ဒါပေမယ့် စိတ်လှုပ်ရှားလွန်းလို့ အသံဟာတုန်သွားတယ်.. “ကျကွဲသွားတယ်” “ဘာ” စိတ်ဆိုးသွားလိမ့်မယ်ဆိုတာ သိပေမယ့် ဒီလောက်ဒေါသထွက်လိမ့်မယ်လို့ မထင်ခဲ့ဘူး.. “ထပ်ပြောစမ်း” “ကျကွဲသွားတယ်” အဲဒီနောက် ကျွန်မရဲ့က ပါးတစ်ဖက် ပူခနဲဖြစ်သွားပြီး ဖျာပေါ်ကို ပက်လက်လဲကျသွားခဲ့တယ်..ပြီးတော့ အဖေဒေါသထွက်လျှင် ထောင်တတ်လာသော နားထင်သွေးကြောများကို ကြည့်နေခဲ့မိတယ်.. အဖေက အပေါ်ကနေ စူးစူးဝါးဝါးနဲ့ ငုံ့မိုးကြည့်ပြီးတော့ ထပ်မေးတယ်…။ “မင်း ခွဲလိုက်တာလား.. ဒါမှမဟုတ် သူ့အလိုလို ကွဲသွားတာလား” “ကျကွဲသွားတာပါ” ထို့နောက် အဖေက စာရွက်ပေါ်မှာ ခဲတံနဲ့ “ကွဲသွားတယ်” “ခွဲလိုက်တယ်” ဆိုတာကို ရေးပြီးတော့ ကျွန်မ […]


နီကီတာDecember 30, 20111min853
ရွာသူ၊ရွာသားအပေါင်းတို့ရေ… မင်္ဂလာတောင်ညွန့်မြို့နယ် မီးလောင် ပေါက်ကွဲမှုကြောင့် ဒုက္ခရောက်နေတဲ့လူတွေအတွက် မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့်ခြောက်လမ်းထိပ်ရှိ မဟာဝိဇယာရာမကျောင်းတိုက်တွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေးထားပြီး ကယ်ဆယ်ရေးစခန်းတွင်ရောက်ရှိနေသော မီးဘေးဒုက္ခသည်များအတွက်….. .အဝတ်အစား၊ အသုံးအဆောင်၊ အိမ်သုံးပစ္စည်းအမျိုးမျိုးတို့လှူဒါန်းလိုလျှင်…. ဆက်သွယ်ရန်…. 095155891., 095104850, 095077986


နီကီတာDecember 29, 20111min1219
မင်္ဂလာပါ ရွာသူ၊ ရွာသား အပေါင်းတို့ ချမ်းအေးတဲ့ ဒီဇင်ဘာလမှာ google ကနေပြီးတော့ ပေးထားတဲ့ လက်ဆောင်လေး တစ်ခုပါ..။ အရင်ဆုံးးး google က update လုပ်ပြီး လက်ရှိ လောလောဆယ် ထပ်ပေါင်းထည့်ပေးထားတဲ့ let it snow ဆိုတဲ့ keyword လေးနဲ ့စပါမယ် … ။ ချမ်းအေးလှတဲ့ ဒီဇင်ဘာရဲ ့…. ဆီးနှင်းကျခြင်းရဲ ့အရသာကိုခံစားသိရှိလိုသူတွေ အတွက် … google က ပြုလုပ်ပေးထားတာ ဖြစ်ပါတယ် … ။ google ကို ဖွင့်လိုက်ပါ .. ။ပြီးရင် .. search box မှာ let it snow လို ့ရိုုက်လိုက်တာနဲ […]


နီကီတာDecember 28, 20111min29732
ကျွန်မနဲ့ မောင်ဟာ ငယ်စဉ်ကတည်းက အတူတူ ဆော့ကစားရင်း ကြီးပြင်းလာတဲ့ သူငယ်ချင်းတွေပါ… ကျွန်မဟာ မောင့်အပေါ်မှာ မနှစ်ကအချိန်ထိ သူငယ်ချင်း တစ်ယောက်လိုဘဲ စိတ်ထဲရှိခဲ့ ပေမဲ့ ကျွန်မတို့၂ယောက် ခရီးတစ်ခု အတူတူ သွားကြတဲ့ အချိန်မှာတော့ မောင့်ကို ကျွန်မ ချစ်နေတယ် ဆိုတာ သိလိုက်ပါတယ်.. ကျွန်မမောင့်ကို ချစ်နေတဲ့အကြောင်း မောင်သိအောင် ပွင့်ပွင့်လင်းလင်း ဝန်ခံ လိုက်မိပါတယ်.. ဒါကြောင့်လဲ မကြာခင်မှာ ကျွန်မတို့ ၂ယောက်ဟာ စုံတွဲလေး တစ်တွဲ ဖြစ်လာခဲ့ပါတယ်.. ကျွန်မ မောင့်ကို သိပ်ချစ်မိတဲ့ အတွက် ကျွန်မရဲ့ စိတ်အာရုံ အားလုံးကို သူ့အပေါ်မှာဘဲ စူးစူးစိုက်စိုက် ထားရှိပါတယ်.. ဒါပေမဲ့ မောင် ကတော့ ကျွန်မလို မဟုတ် ပါဘူး သူ့မှာ မိန်းခလေးပေါင်း […]


နီကီတာDecember 26, 20111min23029
ကျွန်မဘဝမှာ ခရစ်စမက်လက်ဆောင် တွေ ရဖူးပါတယ် ဒါပေမယ့် ဒီနှစ်ရတဲ့ လက်ဆောင်လောက် နှစ်ခြိုက်ကြည်နူးတာ မရှိခဲ့ပါဘူး အဲလို ပြောလိုက်လို့ တန်ဖိုးကြီး အရာတစ်ခုလို့လည်း မထင်လိုက်ပါနဲ့ (ငွေတန်ဖိုးကို ပြောတာပါ) သို့ပေမယ့်လည်း အခြားသော တန်ဖိုးတစ်ခုအနေနဲ့ကတော့ အရမ်းကို ကြီးမားခဲ့ပါတယ်… ကျွန်မရဲ့ တစ်နေ့တာ အချိန်တွေကို ကျောင်းတွေ၊ စာသင်ခန်းတွေနဲ့ အတော်ကြာကုန်ဆုံးစေခဲ့ပြီး နောက်ပိုင်းမှာ အလုပ်ခွင် ဝင်ရောက်ခဲ့သော်လည်း တစ်ပတ်လုံးမှာ အလုပ်ချိန်နှင့် သင်တန်းချိန်တွေနဲ့သာ ဆက်လက်ကုန်ဆုံးစေခဲ့ပြန်ပါတယ် နေ့တစ်ဓူဝ သင်တန်းသွား၊ ပြီးလျှင် အလုပ်တတ် အလုပ်က ပြန်ရောက်လျှင် နေရောင်ပင် မရှိတော့ပေ…။ နေရောင်ကို မြင်ရဖို့မှာ ရှားပါးလာခဲ့သည်..။ ပြန်ရောက်သည်နှင့် နောက်တစ်နေ့ သင်ခန်းစာတွေ အတွက်ကြိုဖတ်.. စာမေးပွဲတွေဆိုသည်မှာလည်း ဆက်တိုက် စနေ၊တနင်္ဂနွေပင်လျှင် အချိန်စာရင်းများနှင့် ပြည့်ကျပ်နေတတ်ပါသည် ကျွန်မရဲ့ […]


နီကီတာDecember 22, 20111min1039
Albania (Republic of Albania) ဆိုတာ ဥရောပ အရှေ့တောင်ပိုင်းမှာရှိတဲ့ နိုင်ငံတစ်ခုပါ….။ Albanians နိုင်ငံသားတွေရဲ့ ထူးဆန်းတာတစ်ခုက “yes” ဆိုရင်ခေါင်းခါပြီး ၊ “no” ဆိုရင် ခေါင်းညိတ်တာပါပဲ….။ Tammy ဆိုတဲ့အမေရိကန်နိုင်ငံသားတစ်ယောက်ရဲ့ အတွေ့အကြုံကတော့… ကျွန်တော် ၁၉၉၂ လောက်က Albania ကိုပထမဆုံးရောက်ရှိခဲ့တာပါ.. အဲဒီမှာ တက္ကသိုလ်ကျောင်းသူ ၈ယောက်၊၉ယောက်လောက်ကို American culture နဲ့ ပတ်သတ်ပြီးဆွေးနွေးဖို့ပါ… သူတို့ကို ဆွေးနွေးချင်ရဲ့လားလို့ မေးတဲ့အခါ ခေါင်းကို ဘယ်ပြန်ညာပြန်ရမ်းပါတယ် ဒါငြင်းတာပဲပေါ့ သူတို့အမေရိကန်တွေကို မုန်းနေတယ် ထင်ပါရဲ့ဗျာ.. ဒါနဲ့ ကျွန်တော့ရဲ့ စကားပြန်ကိုပြောလိုက်တယ် ငါတော့ဆုံးရှုံးပြီ .. ဘယ်လိုစကားဆက်ပြောရမလဲ သူတို့ငါ့ကို မုန်းနေတယ်လို့ပြောလိုက်တော့ ကျွန်တော့ စကားပြန်က ဆက်ပြော Tammy သူတို့အရမ်းစိတ်ဝင်စားနေတယ်..လို့ပြန်ပြောတယ်..။ ဂျပန်နိုင်ငံသားတစ်ယောက်ကတော့ […]


နီကီတာDecember 22, 20111min16523
TV ဆိုတာ အချိန်သူခိုးစစ်စစ်ပါပဲ။ အလုပ်ပင်ပန်းပြီး အိမ်ကို ပြန်လာတဲ့အချိန် ဘာမှလုပ်ချင်စိတ်မရှိတဲ့အခါမှာ အမှတ်တမဲ့နဲ့ TV ကို ဖွင့်ကြည့်တတ်ကြတယ်။ အဲဒီနေ့ရဲ့ တစ်နေ့တာ အစီစဉ်တွေကိုသာ ထပ်ခါထပ်ခါ ပြနေတဲ့အတွက် ဘာရယ်မဟုတ်ဘဲ ငေးငိုင်ပြီး ကြည့်နေတတ်ကြတယ်…..။ အဲလိုကြည့်နေရင်းနဲ့ အားမရတဲ့အခါမှာ လိုင်းပြောင်းဖ်ို့ remote ကို စတင်ရှာဖွေပြီးတော့ ဖလပ်ဖလပ်နဲ့ အဆင်ပြေမယ့်လိုင်းတွေကို စတင်ပြောင်းပါတော့တယ်..။ သိပ်ပြီးတော့ ကြည့်ချင်တဲ့ အစီအစဉ်မဟုတ်တာတောင် ဘာပဲဖြစ်ဖြစ် နေကြာစေ့ဝါးရင်း၊ ပေါက်ပေါက်ဆုပ်စားရင်းကြည့်နေပြီး စွဲသွားပါတယ်..။ အဲလို တစ်နာရီစာလောက်စီနဲ့ အချိန်ခိုးခံရရင်း ညသန်းခေါင်ရောက်လို့ရောက်မှန်းမသိ မိုးလင်းလို့လင်းမှန်းမသိတွေ ဖြစ်ကြပါတယ်….။ အဲဒီအခါမှာ ဘဝရဲ့နေထိုင်မှုပုံစံတွေ စတင်လွဲမှားလာတော့တယ်…။ မျက်လုံးအတွက်လည်းမကောင်း၊ ခန္ခာကို အတွက်လည်းမကောင်း၊ ဦးနှောက်အတွက်လည်းမကောင်း အဲလို တစ်ဖက်သတ်တွေပြောနေပေမယ့်လည်း …… TV အသံလွှင့်ဌာနတွေကတော့ TV ကြည့်တဲ့သူတွေကို […]


နီကီတာDecember 19, 20111min19924
ရှင်သန်ခြင်းဆိုတာ ဘာမှန်းမသိတော့တဲ့နောက်မှာ သေဆုံးခြင်းသာ ငါ့အတွက် အလိုအပ်ဆုံးအရာပါ ဘဝမှာ ဘာမှန်းမသိ လွဲမှားစွာနဲ့ ဖြေရှင်းချက်မှ မရတော့တာ ကြိုးမိန့်ခံ အကျဉ်းသားတစ်ယောက်ကို နောက်ဆုံးဘာလိုအပ်လဲလို့မေးရင် ရှင်သန်ခွင့်လို့ ပြန်ဖြေတဲ့အခါ ဟားမတိုက်ကြပါနဲ့ မရှိတဲ့အရာကို လိုချင်တာ လူတို့ရဲ့ သဘာဝ ဖြစ်နေလို့ပါ ကဲ.. ငါ့အတွက်ကရော အတိတ်ဆိုတာ အရာရာလွဲမှားခဲ့ပြီး လက်ရှိမှာလည်း ဆက်လွဲမှားဆဲ ကံတရားကိုက လွဲမှားခြင်းတွေပဲ ပေးနေတယ် ညတွေက မှောင်မိုက်တာမှ အေးစက်လွန်းနေတယ် အထီးကျန်တစ်ယောက်ရဲ့ ညဉ့်နက်ထဲကို ဘာလို့များ ကြမ်းတမ်းမှုတွေပဲ ထပ်ပေးနေတာလဲ မလိုချင်ပါဘူးဆိုမှ ဇွတ်တိုးဝင်လာတဲ့ လွဲမှားခြင်း ကံတရားရဲ့ရက်စက်မှု ငါ့ဘဝက ဇောက်ထိုးမိုးမျှော်ဖြစ်ပြီ အပေါင်းအဖော်နဲ့ဝင်လာတဲ့ ကံဆိုးခြင်းတွေသာ ဆက်တိုက်ရောက်လာတယ် အနာဂတ်ဆိုတာ မှုန်ရီဝေဝါး…………………. အနာဂတ် … ဟုတ်လား….ငါ့အတွက် အနာဂတ်ဆိုတာမှ မရှိတော့တာ မှုန်ရီဝေဝါးတာ […]


နီကီတာDecember 8, 20111min11815
အမျိုးသားကျန်းမာရေး ဆိုင်ရာ အယူအဆအလွဲ (၁၂) ချက် အမျိုးသားတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ အမျိုးသားတွေ ကိုယ်တိုင် လွဲမှားလက်ခံထားတဲ့ အယူအဆအလွဲတွေ အများကြီး ရှိပါတယ်။ အဲဒီအထဲကမှ အမျိုးသားတိုင်း အမှတ်အမှားဆုံး အယူအဆ (၁၂) ချက်ကို ဆေးသိပ္ပံပညာရှင်များက စစ်တမ်းများစွာ ပြုလုပ်ပြီး တွေ့ရှိထားပါတယ်။ ဒီအယူအဆ အလွဲတွေရဲ့ လောင်းရိပ်ကနေ သင်ကော လွတ်ကင်းရဲ့လား ဆိုတာ အောက်ပါ မေးခွန်း (၁၂) ခုကို မှား/မှန် ဖြေကြည့်ရင်း ဆန်းစစ်ကြည့်နိုင်ပါတယ်။ ဆေးပညာရှင်တွေရဲ့ သိပ္ပံနည်းကျ အဖြေများကိုတော့ မေးခွန်းတွေ အဆုံးမှာ ဖော်ပြပေးထားပါတယ်။ (၁) ဦးထုပ် ပုံမှန်ဆောင်းခြင်း၊ Dryer ခေါ် ဆံပင်အခြောက်ခံစက် သုံးခြင်းသည် ဆံပင်ပါး၍ ထိပ်ပြောင်ခြင်းကို ဖြစ်စေသည်။ မှား ( […]


နီကီတာNovember 28, 20111min15925
အခုတစ်လော အလုပ်တွေ မအားတာကြောင့် ဂေဇာတ်ထဲမှာ မရေးဖြစ်တာ ကြာပါပြီ… ဒါပေမယ့် ဒီမနက် ထပ်ကြုံရတဲ့ အဖြစ်အပျက်တစ်ခုကြောင့် အားတဲ့ အချိန်လေးမှာ ဝင်ရေးလိုက်တာပါ..။ Busကား၊လိုင်းကားတွေဆိုတာ ဘာအတွက်ထား ထားတာလဲ? ပြည်သူတွေ သွားရေး၊လာရေးလွယ်ကူအောင်၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေအောင် မဟုတ်လား။ မထသဆိုတာ ကရော ဘာအတွက် ရှိနေရတာလဲ။ အခုတော့ အချင်းချင်းလိုင်းကျော်ပြီး လုနေတာနဲ့ပဲ ပြည်သူတွေလည်း ဘုရားစာမှန်မှန်ရွတ်နေရတယ်။ (လိုင်းကားစီးနေတဲ့အချိန်မှာပေါ့) nikita တို့ရုံးက နိုင်ငံခြားသားပိုင်companyဆိုတော့ အချိန်အရမ်းလေးစားပေးရပါတယ် ရုံးချိန်ကလည်း ၈နာရီ သူတို့ကလည်း ရုံးချိန်ထက်အနည်းဆုံး ၁၅မိနစ်လောက်စောရောက်မှာ ကြိုက်တယ်လေ သွားရတဲ့ နေရာကလည်း ဝေးဆိုတော့ ၆ ခွဲလောက်ထွက်မှ ရောက်နိုင်တယ် ၆နာရီခွဲလောက် ကားထွက်စီးတယ်ဆိုတာ အရမ်းချောင်ပါတယ် နေရာလည်းရတယ် အဲတော့ စောစောစီးစီးထွက်ပြီး ချောင်ချောင်ချိချိစီးတဲ့အလုပ်ကိုပဲ လုပ်ပါတယ် […]


နီကီတာNovember 24, 20111min14619
(၁) ယောက်ျားအကြောင်းကို နားလည်သလို နားမလည်သလိုနဲ့ မိန်းမတစ်ယောက်ဟာ နောက်ဆုံးမှာ အဲဒီယောက်ျားရဲ့ဇနီးမယားဖြစ်သွားတယ်။ ယောက်ျားအကြောင်း လုံးဝနားလည်သူဟာ နောက်ဆုံးမှာ အပျိုကြီးဖြစ်သွားတယ်။ (၂) မိန်းမတစ်ယောက်ရဲ့တစ်သက်မှာ ယောက်ျားနှစ်ယောက်ရှိတယ်။ တစ်ယောက်က အမှတ်တရထဲမှာ၊ နောက်တစ်ယောက်က တစ်သက်လုံးအနားမှာ (၃) ယောက်ျား သင့်ရဲ့ငွေကြေး၊ သင့်ရဲ့ရုပ်ရည်၊ သင့်ရဲ့အတတ်ပညာ၊ သင့်ရဲ့ဟာသဉာဏ် ဘယ်အရာကမှ သင့်ရဲ့သစ္စာစောင့်သိတာလောက် အရေးမကြီးဘူး။ (၄) မိန်းမ သင့်ရဲ့အလှ၊ သင့်ရဲ့စိတ်နေစိတ်ထား၊ သင့်ရဲ့ဂုဏ်ယူစရာတွေကို ထိုက်တန်တဲ့သူတစ်ယောက်အတွက် ချန်ထားပေးပါ။ (၅) လောကမှာ အလွယ်တကူ ယုံလို့မရတဲ့အရာ သုံးမျိုးရှိတယ်။ ယောက်ျားလေးရဲ့ ဂတိ၊ ယောက်ျားလေးရဲ့အချစ်၊ ယောက်ျားလေးရဲ့ဆင်ခြေဖြစ်တယ်။ လောကမှာ အဖိုးတန်ဆုံးအရာ သုံးမျိုးရှိတယ်။ ယောက်ျားလေးရဲ့ ဂတိ၊ ယောက်ျားလေးရဲ့အချစ်၊ ယောက်ျားလေးရဲ့နှလုံးသားဖြစ်တယ်။ (၆) ဘယ်လောက်ပဲ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့လူဖြစ်ဖြစ် လမ်းခွဲလိုက်ပြီဆိုတာနဲ့ တဖြေးဖြေး […]


နီကီတာNovember 23, 20111min18725
တရုတ်ပြည်၊ Si chuan (စီချွမ်)ပြည်နယ်မှာဖြစ်ပွားခဲ့တာပါ။ မူးနေတဲ့တက္ကသိုလ်ကျောင်းသူ မိန်းကလေးတစ်ယောက်က ကပွဲမှာ ယောကျာင်္းလေးတစ်ယောက်နဲ့ တွေ့ခဲ့ရကာနေ ဟိုတယ်ကို သွားဖို့သ ဘောတူကာလိုက်သွားခဲ့ပါတယ်။ ဟိုတယ်ရောက်တော့လဲ အရက်ထပ်သောက်ခဲ့ပြီးအိပ်ပျော်သွားခဲ့ တယ်။ နှိုးလာတဲ့အချိန်မှာတော့သူမဟာရေခဲတွေအပြည့်ထည့်ထားတဲ့ကန်ထဲကိုရောက်နေခဲ့တယ်။ “ နံပတ်၁၂ဝ ိုဖုန်းဆက်ပါ၊မဟုတ်ရင်နင်သေလိမ့်မယ်”လို့ရေးထားတဲ့စာတစ်စောင်ကိုကန်ရဲ့ဘေးနားမှာတွေ့ခဲ့တယ်သူမရဲ့ဖုန်းကိုလဲ အဲ့စာရဲ့ဘေးနားမှာပဲတွေ့ခဲ့တယ်။ ဒါနဲ့သူမကဖုန်းဆက်ပီးအခုအဖြစ်အပျက် ကိုပြောပြတော့ ဆရာဝန်က သူမရဲ့နောက်ကျောဘက်ကိုစစ်ဆေးကြည့်ဖို့ အကြံပေးခဲ့တယ်။ စစ်ဆေးကြည့်တဲ့အခါကျတော့ နောက်ကျောဘက် အောက်ဘက်နားလောက်မှာ ၉လက်မ ရှည်တဲ့ ဒါဏ်ရာ အပေါက်၂ခုကို တွေ့ခဲ့တယ်။ ဆရာဝန်က သူမကို ချက်ချင်းပဲရေခဲကန်ထဲကို ပြန်သွားပြီး မလှုပ်ရှားပဲနေဖို့ပြောလိုက်ပြီး၊ကယ်ဆယ်ရေးအဖွဲ့ကိုလွှတ်ပေးခဲ့တယ်။တကယ်တော့သူမကကျောက် ကပ်အခိုးခံလိုက်ရတာပါ။ ဒါဏ်ရာအပေါက်၂ခုကတော့ ကျောက်ကပ်ထုတ်ယူတုန်းက ဖြစ်ခဲ့တဲ့ဒါဏ်ရာပါ။ မှောင်ခိုဈေး(တရားမဝင်ဈေး) မှာ ကျောက်ကပ်တစ်လုံးဟာ ယွမ်၃သိန်းတန်ပါတယ်။ မှု့ခင်းဆရာဝန်ပြောပြချက်အရ၊ ကျောက်ကပ်အခိုးခံရတဲ့ မိန်းကလေးသောက်ခဲ့တဲ့ အရက်ထဲမှာ မူးယစ်ဆေးတင်မကပဲ ထုံဆေးတစ်မျိုးပါ ပါဝင်နေပါတယ်လို့ဆိုပါတယ်။ ပြီးတော့ ရေခဲဟာလဲအသားကိုထုံကျင်စေထားတဲ့အတွက် […]


နီကီတာNovember 2, 20111min52
ပါဝင်သောပစ္စည်းများ *Skyy Infusions Passion Fruit Vodka   ပင်မှည့်အရသာ ဗော့ဒ်ကာ ၂ ပက် * မက်မွန်အနှစ်ရည်  ပက် တဝက် *လိမ္မော်ရည် ၂ပက် *လတ်လတ်ဆတ်ဆတ်ညှစ်လိုက်တဲ့ သံပုရာ ပက်တဝက် *ကြိုထားတဲ့သကြားရည် ၁ ပက် *ရေခဲ * အလှဆင်ဖို့ မက်မွန်သီး တစ်စိတ် ပြင်ဆင်ပုံ 1. အလှဆင်ဖို့ မက်မွန်သီး တစိတ်မှလွဲလို့ ကျန်အထက်ပါအရာအားလုံးShakerထဲ ထည့်ပြီးရှိတ်ခ် လုပ်ပေးပါ(သို့ ေ)ဖျာ်စက်ထဲ ထည့်မွှေနှောက်လိုက်ပါ။ 2. ဖန်ခွက်ထဲ လောင်းထည့်လိုက်ပြီးလိုအပ်ရင်ရေခဲ နည်းနည်းထပ်ထည့်ပါ။ 3. မက်မွန်သီးစိတ်လေးနဲ့ အလှ ဆင်ပေးလိုက်ပါ။ ဒါဆို အမေရိကန်သမတရဲ့ ဧည့်ခံ ပွဲရောက်ဧည့်သည်တယောက်လိုUS of A Rocks ကောခ်တေးလ်လေး ကိုယ့်အိမ်မှာသောက်လို့ရနေပါပြီ။ မှတ်ချက်။ […]