Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အမျိုးသားကျန်းမာရေး ဆိုင်ရာ အယူအဆအလွဲ (၁၂) ချက်

နီကီတာDecember 8, 20111min39015

အမျိုးသားကျန်းမာရေး ဆိုင်ရာ အယူအဆအလွဲ (၁၂) ချက်

အမျိုးသားတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ အမျိုးသားတွေ ကိုယ်တိုင် လွဲမှားလက်ခံထားတဲ့ အယူအဆအလွဲတွေ အများကြီး ရှိပါတယ်။ အဲဒီအထဲကမှ အမျိုးသားတိုင်း အမှတ်အမှားဆုံး အယူအဆ (၁၂) ချက်ကို ဆေးသိပ္ပံပညာရှင်များက စစ်တမ်းများစွာ ပြုလုပ်ပြီး တွေ့ရှိထားပါတယ်။ ဒီအယူအဆ အလွဲတွေရဲ့ လောင်းရိပ်ကနေ သင်ကော လွတ်ကင်းရဲ့လား ဆိုတာ အောက်ပါ မေးခွန်း (၁၂) ခုကို မှား/မှန် ဖြေကြည့်ရင်း ဆန်းစစ်ကြည့်နိုင်ပါတယ်။ ဆေးပညာရှင်တွေရဲ့ သိပ္ပံနည်းကျ အဖြေများကိုတော့ မေးခွန်းတွေ အဆုံးမှာ ဖော်ပြပေးထားပါတယ်။

(၁) ဦးထုပ် ပုံမှန်ဆောင်းခြင်း၊ Dryer ခေါ် ဆံပင်အခြောက်ခံစက် သုံးခြင်းသည် ဆံပင်ပါး၍ ထိပ်ပြောင်ခြင်းကို ဖြစ်စေသည်။
မှား ( ) မှန် ( )

(၂) အတွင်းခံဘောင်းဘီ စွဲစွဲမြဲမြဲ ဝတ်ခြင်းသည် ဖိုမျိုးပွားဆဲလ် ဖြစ်သော သုက်ကောင် အရေအတွက်ကို ကျဆင်းစေသည်။
မှား ( ) မှန် ( )

(၃) မုတ်ဆိတ်မွေးများသည် ရိပ်လေလေ ထူလာလေလေ ဖြစ်သည်။
မှား ( ) မှန် ( )

(၄) ဖိနပ်ဆိုက် ကြီးလေလေ (ခြေထောက် အရွယ်အစား ကြီးလေလေ) အမျိုးသားအင်္ဂါ ကြီးလေလေ ဖြစ်သည်။
မှား ( ) မှန် ( )

(၅) အမျိုးသား တစ်ယောက်၏ လိင်ပိုင်းဆိုင်ရာ စွမ်းရည်သည် အသက် ၁၈ နှစ် ပတ်ဝန်းကျင်၌ အမြင့်ဆုံး ဖြစ်သည်။
မှား ( ) မှန် ( )

(၆) အနာမခံလျှင် အသာမစံရ။ ပြင်းထန် ပင်ပန်းစွာသော ကိုယ်လက်လှုပ်ရှားမှုများမှ အကျိုးရှိသည်။
မှား ( ) မှန် ( )

(၇) အမျိုးသားများတွင် သေပျောက်မှု အများဆုံး ကင်ဆာသည် ဆီးကျိတ်ကင်ဆာ ဖြစ်သည်။
မှား ( ) မှန် ( )

(၈) အမျိုးသားများသည် ရင်သားကင်ဆာ မဖြစ်နိုင်။
မှား ( ) မှန် ( )

(၉) အမျိုးသားများသည် အရိုးပါးရောဂါ (Osteoporosis) ဖြစ်မလာနိုင်။
မှား ( ) မှန် ( )

(၁၀) အမျိုးသား လိင်အင်္ဂါသည် ကျိုးနိုင်၏။
မှား ( ) မှန် ( )

(၁၁) ဘီယာသောက်ခြင်းသည် ဘီယာဗိုက်ခေါ် ဗိုက်ပူခြင်းကို ဖြစ်စေသည်။
မှား ( ) မှန် ( )

(၁၂) မီးကင်ထားသော အစားအစာများတွင် ကင်ဆာရောဂါ ဖြစ်နိုင်စွမ်းကို တိုးမြှင့်ပေးသော အရာများ ပါဝင်နေသည်။
မှား ( ) မှန် ( )

အဖြေများ
အောက်ပါ အဖြေမှန်များနဲ့ သင့်ရဲ့ ယူဆချက်များကို တိုက်ဆိုင်စစ်ဆေးကြည့်ပါ။ မှန်နေရင် သင်သိထားတဲ့ ဗဟုသုတ၊ သင်တွေးထားတဲ့ အတွေးတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်နေလို့ ပျော်စရာ ဖြစ်သလို လွဲနေရင်လည်း အယူအဆမှားကို ပစ်ချကာ အမှန်ကို စွဲမှတ်သွားနိုင်ပါလိမ့်မယ်။

(၁) မှား
ဦးထုပ် ပုံမှန်ဆောင်းခြင်း၊ Dryer ခေါ် ဆံပင်အခြောက်ခံစက် သုံးခြင်းဟာ ဆံပင်ပါးပြီး ထိပ်ပြောင်ခြင်းကို ဖြစ်စေတယ် ဆိုတဲ့ အချက်အတွက် ခိုင်မာတဲ့ သက်သေ လုံးဝမရှိပါဘူး။ အမျိုးသားတွေ ထိပ်ပြောင်ရခြင်းဟာ ဆံပင်တွင်းပေါက်လေးများ တဖြည်းဖြည်းနဲ့ သေးငယ်လာပြီး ထွက်တဲ့ ဆံပင်တွေကလည်း လိုက်သေးကာ တိုလာပြီး နောက်ဆုံး ဆံပင် မထွက်တော့လို့ ဖြစ်ရတာ ဖြစ်ပါတယ်။ ဒါဟာ အသက်အရွယ်အရ ဖြစ်လာတဲ့ ဟော်မုန်းနဲ့ အာဟာရ ချို့တဲ့မှုတွေနဲ့သာ ဆိုင်တယ်လို့ တွေ့ရှိထားရပါတယ်။

(၂) မှား
အမျိုးသားတွေ အတွက် အချိန်ကြာမြင့်စွာ အပူချိန်မြင့်မြင့်နဲ့ တင်ပဆုံပိုင်း ထိတွေ့နေခြင်းဟာ သားသမီး ရနိုင်ရေးမှာ အရေးပါတဲ့ သုက်ကောင် အရေအတွက်ကို လျော့နည်းစေနိုင်ပေမယ့် အတွင်းခံဘောင်းဘီ စွဲစွဲမြဲမြဲ ဝတ်ဆင်ရုံနဲ့ ဒီလို ထိခိုက်မှုမျိုး မရှိနိုင်ဘူးလို့ တွေ့ရှိထားရပါတယ်။

(၃) မှား
မယုံချင်စရာ အဖြေပါပဲ။ အမွေးဆိုတာ ရိတ်လေ သန်လေ ဆိုတဲ့ ကောက်ချက်ကို ကျွန်တော်တို့ အားလုံး တူညီစွာ လက်ခံထားကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းကတော့ ဆံပင် အပါအဝင် ခန္ဓာကိုယ်က အမွေးတွေရဲ့ အလုံးအကြီးအသေးနဲ့ အနုအကြမ်းကို သက်ဆိုင်ရာ မွေးညှင်းပေါက်တွေရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍာန်က အဆုံးအဖြတ်ပေးပါ သတဲ့။ မွေးညှင်းပေါက်ကြီးရင် ဆံလုံးကြီးမယ်၊ သေးရင် ဆံလုံး သေးမယ်၊ မွေးညှင်းပေါက်ရဲ့ ပုံစံက မညီညာရင် ထွက်တဲ့ အမွေးက ကောက်မယ်၊ ညီညာရင် ဖြောင့်စင်းမယ်လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။ ခဏခဏ ရိတ်ပေးခြင်းဟာ မုတ်ဆိတ်မွေးတွေရဲ့ မွေးညှင်းပေါက်တွေရဲ့ အရွယ်နဲ့ ညီညာမှုအပေါ် သက်ရောက်မှု မရှိလို့ အဖြေမှားတယ်လို့ ပြောရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမွေးကို မကြာခဏဖြတ်ပေးခြင်းဟာ ရှည်ထွက်ခြင်းကို အနည်းငယ် အားပေးပေမယ့် အမွေးဆိုတာ ဆဲလ်အသေတွေ စုပေါင်းပြီး ဖြစ်လာရတာမို့ ဆဲလ်သေနှုန်း ကသာ အမွေးတွေ အရှည်မြန်ခြင်း မမြန်ခြင်းကို ပြဌာန်းတာ ဖြစ်ပါတယ်။

(၄) မှား
ဒီလို ပြုံးစရာ ကောင်းတဲ့ အယူအဆမှားဟာ လူအတော်များများမှာ ရှိနေတာ တွေ့ရပါတယ်။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၊ စိန့်မေရီ ဆေးရုံက ဆီးနဲ့ ကျောက်ကပ်ဆိုင်ရာ အထူးကုဆရာဝန် နှစ်ဦးက ဒီကိစ္စရဲ့ အဖြေကို အမျိုးသားများ အပေါ် သုတေသန မှတ်တမ်းပြုစုပြီး ရှာဖွေခဲ့ရာမှာ ဒီနှစ်ခုဟာ တိကျသော ဆက်စပ်မှု မရှိတာကို တွေ့ရှိခဲ့ရပါတယ်။

(၅) မှန်
အမျိုးသား တစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းရည်ဟာ အသက် ၁၈ နှစ် ပတ်ဝန်းကျင်မှာ အမြင့်ဆုံး ဆိုတဲ့ အချက်ဟာ တကယ်မှန်ပါတယ်။ အမျိုးသား မျိုးပွားဟော်မုန်း တက်စတိုစတီရုန်း (Testosterone) ဟာ အဲဒီအသက်လောက်မှာသာ အမြင့်ဆုံး ပမာဏကို ရောက်ရှိပြီး အသက် ၂ဝ ကျော်ရင် မသိမသာ စကျပါတယ်။ တက်စတိုစတီရုန်းရဲ့ အာနိသင်ကြောင့် အဲဒီအရွယ် ကောင်လေးတွေမှာ ကောင်းတဲ့ဖက်က ကြည့်ရင် စွန့်စားလိုစိတ်၊ မကောင်းတဲ့ ဖက်က ကြည့်ရင် မိုက်ရူးရဲ ဆန်စိတ်၊ တလွဲမာနစိတ်တွေ အများဆုံး ဖြစ်နေတတ်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ဟော်မုန်းသဘောအရသာ ပြောတာ ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံနဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက အသက် ၂ဝ ကျော်ကနေ ၄ဝ ကြား အမျိုးသားတွေလောက် မကောင်းသေးလို့ စွမ်းရည်သာ အမြင့်ဆုံး ဖြစ်ပြီး စွမ်းဆောင်မှုကတော့ အမြင့်ဆုံး ဖြစ်မလာနိုင်ပါဘူး။

(၆) မှား
ကိုယ်ခန္ဓာ ကြံ့ခိုင်မှု လေ့ကျင့်ခြင်းရဲ့ သဘောမှာ အနာခံခြင်း ဆီကနေ ဘာအသာမှ ရစရာ မရှိပါဘူးတဲ့။ နာကျင်တဲ့ ခံစားမှု ရောက်အောင်၊ ကျော်လွန်သွားအောင် လေ့ကျင့်မယ်ဆိုရင် ဒဏ်ဖြစ်ခြင်းကိုပဲ ဦးတည်ပြီး ကြံ့ခိုင်ကျန်းမာမှု အကျိုး တစ်စုံတစ်ရာ သင်မရနိုင်ပါဘူးလို့ ကာယပညာရှင်များက ဆိုပါတယ်။

(၇) မှား
လက်ရှိ ကမ္ဘာတစ်လွှား အမျိုးသားများ သေဆုံးမှု အများဆုံးကင်ဆာဟာ ဆီးကျိတ်ကင်ဆာ မဟုတ်ပါဘူး။ ဆေးလိပ်သောက်ခြင်းကြောင့် အဓိကဖြစ်ရတဲ့ အဆုတ်ကင်ဆာပဲ ဖြစ်ပါတယ်။ အမေရိကန်လို အမျိုးသမီးတွေပါ ဆေးလိပ်သောက်တဲ့ အလေ့ရှိတဲ့ နိုင်ငံမှာဆို အမျိုးသမီးတွေမှာပါ အဆုတ်ကင်ဆာဟာ အသေအပျောက်အများဆုံး ကင်ဆာတွေထဲက နံပါတ်တစ် ဖြစ်နေတာ တွေ့ရပါတယ်။ ကိုယ်တိုင်မသောက်ပေမယ့် သူများသောက်တဲ့ ဆေးလိပ်ငွေ့ ရှူမိခြင်း (Passive Smoking) ကြောင့်လည်း ပါပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပျမ်းမျှ အမျိုးသား ၃၆ ဦးမှာ တစ်ဦးသာ သေဆုံးစေတဲ့ ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတွေ အသက်ကို အခြိမ်းခြောက်ဆုံး ကင်ဆာရောဂါ မဟုတ်သေးဘူး ဆိုတာပါပဲ။

(၈) မှား
ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာပဲ အဖြစ်များပေမယ့် ရှားရှားပါးပါး အနေနဲ့ အမျိုးသားတွေလည်း ခံစားရနိုင်တယ် ဆိုတာ သိထားသင့်ပါတယ်။ အမျိုးသားတွေ အသက်ကြီးလာရင် အယောက် ၁၀၀ဝ မှာ တစ်ယောက် ဖြစ်နိုင်တယ်လို့ စစ်တမ်းများအရ သိရပါတယ်။ မိသားစု မျိုးရိုး ထဲမှာ (အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ) ရင်သားကင်ဆာ ဖြစ်ဖူးသူ ပါခြင်း၊ မျိုးရိုးဗီဇ အရ အမျိုးသား ဖြစ်ပေမယ့် အမျိုးသမီးဟော်မုန်း အီစထရိုဂျင် (Estrogen) ပမာဏ သွေးထဲမှာ များနေခြင်း၊ နာတာရှည် အသည်းရောဂါ တစ်ခုခု ရှိခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်းနဲ့ အဝလွန်ခြင်း စတဲ့ အချက်တွေ တစ်ချက်ချက် ရှိရင် အမျိုးသားပေမယ့် ရင်သားကင်ဆာ ဖြစ်နိုင်ပါတယ်။

(၉) မှား
အရိုးပါးရောဂါ (Osteoporosis) ဆိုတာ ခန္ဓာကိုယ်ကို ပုံဖော် ထောက်ကန် ပေးထားတဲ့ အရိုးငြမ်းအဖွဲ့အစည်းရဲ့ အရိုးတွေ ကျစ်လျစ်သိပ်သည်းမှု အားနည်းလာပြီး တော်ရုံတန်ရုံ ထိခိုက်မှုမျိုးနဲ့ ကျိုးလွယ်တဲ့ အနေအထား ရှိနေခြင်းကို ခေါ်တာဖြစ်ပါတယ်။ အဖြစ်အများဆုံး အကြောင်းရင်းကတော့ နေ့စဉ်စားတဲ့ အစားအသောက်ထဲမှာ ခန္ဓာကိုယ်က လိုအပ်တဲ့ ကယ်လ်စီယမ်နဲ့ အခြား သတ္တုဓာတ်များ၊ ဗိုက်တာမင် D စတဲ့ အရိုးအတွက် အဓိက လိုအပ်တဲ့ အာဟာရတွေ ချို့တဲ့လို့ပဲ ဖြစ်ပါတယ်။
အမျိုးသမီးတွေအတွက် အရိုးရဲ့ ကြံ့ခိုင်မှုကို ထိန်းသိမ်းပေးထားတာဟာ မဟော်မုန်း အီစထရိုဂျင် ဖြစ်ပါတယ်။ သွေးဆုံးချိန် ဒီဟော်မုန်းရဲ့ သွေးတွင်းပမာဏ ကျဆင်းသွားခြင်းဟာ အမျိုးသားတွေ အသက်ကြီးချိန် တက်စတိုစတီရုန်း ကျလာတာထက် အများကြီး ပြင်းထန်လို့ အမျိုးသမီးတွေက အမျိုးသားတွေထက် အရိုးပါးခြင်း၊ ပွခြင်း ပိုဖြစ်ပေမယ့် အမျိုးသားတွေက လုံးဝမဖြစ်နိုင်ဘူးလို့ မဆိုလိုပါ။ သွေးဆုံးခြင်း မကြုံရသလို အရိုးတွေရဲ့ အရွယ်အစား ပိုကြီးတာမို့ အရိုးပါးဝေဒနာကို အမျိုးသားတွေက အမျိုးသမီးတွေလောက် မခံစားရပေမယ့် ပုံမှန်ထက် တက်စတိုစတီရုန်း ပမာဏ နည်းသူတွေ၊ အရက်သောက်သူတွေ၊ ဆေးလိပ်သောက်သူတွေ၊ အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါ တစ်ခုခု ရှိနေလို့ အာာရ စုပ်ယူမှု မကောင်းသူတွေ၊ ရောဂါတစ်ခုခု ရှိလို့ စတီးရွိုက်ဆေးတွေ စွဲသောက်နေရသူတွေ၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းမှု တစ်ခုခု ရှိလို့ လှုပ်ရှားသွားလာခြင်း မပြုနိုင်သူတွေဟာ အရိုးပါးရောဂါ ခံစားရဖို့ အထူးနီးစပ်ပါတယ်။

(၁၀) မှန်
အမျိုးသား အင်္ဂါ အတွင်းမှာ အရိုးမပါပေမယ့် လိင်စိတ် နိုးကြွမှု ရှိချိန်မှာ အင်္ဂါ မာတောင့်အောင် ဆွဲဆန့်ပေးရတဲ့ tunica albuginea လို့ ခေါ်တဲ့ အမျှင်တစ်သျှူးအလွှာ ပြဲသွားရင် ကျိုးသလိုဖြစ်သွားစေပါတယ်။ ဒါကို လိင်တံကျိုးခြင်း (penile fracture) လို့ ခေါ်ပါတယ်။ မတော်တဆ ထိခိုက်မိခြင်း (သို့) အင်္ဂါကိုလှန်ချိုးသလို ဖြစ်သွားစေတဲ့ လိင်ဆက်ဆံမှုမျိုးကြောင့် ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ခွဲစိတ်ကုသမှု ခံယူရပါတယ်။ ဖြစ်တောင့် ဖြစ်ခဲ ကိစ္စမျိုးမို့ သိပ်တော့ ကြောက်စရာ မလိုပါဘူး။

(၁၁) မှန်
ပိုလျှံလာတဲ့ ကယ်လိုရီတွေဟာ အဆီတွေ အဖြစ် ဝမ်းဗိုက်မှာ စုမှာမို့ ဘီယာသောက်ရင် ဘီယာဗိုက် ဖြစ်လာမယ် ဆိုတာ အမှန်တရားပါပဲ။ ဘီယာနဲ့ အရက်တွေဟာ ကယ်လိုရီ မြင့်မားလို့ အလွန်အကျွံ သောက်ရင် ကိုယ်မှာ အဆီတွေ များလာစေသလို သောက်တဲ့ အချိန်မှာ အစားအသောက်တွေ မဆင်မခြင် စားဖြစ်တဲ့ အတွက်လည်း ဗိုက်ရွှဲ လာနိုင်ပါတယ်။ ဘီယာထဲမှာ တဆေးခေါ် yeast ပါဝင်ပြီး ၎င်းဟာ အူနဲ့ ဝမ်းတွင်းကလီစာတွေကို ကြီးလာစေတဲ့ အစွမ်း အနည်းငယ် ရှိလို့ ဘီယာ ရေရှည် သောက်သူ တစ်ယောက်ဟာ အားကစားသမား ဖြစ်လို့ ဗိုက်အဆီ မများရင်တောင် ဗိုက်ကတော့ ပူလာမှာပဲ ဖြစ်ပါတယ်။

(၁၂) မှန်
အသားကင် မျိုးစုံကို အမျိုးသားတိုင်းလိုလို ကြိုက်နှစ်သက်ကြပါတယ်။ အသားကင် တိုင်းမှာ ကင်ဆာရောဂါ ဖြစ်စေတဲ့ ဒြပ်ပေါင်း အမျိုးအစား နှစ်မျိုး တွေ့နိုင်တာမို့ သတိပြု စရာပါပဲ။ တစ်ခုက PAHs လို့ အတိုကောက် ခေါ်တဲ့ Polycyclic Aromatic Hydrocarbons အမျိုးအစား ဓာတုဒြပ်ပေါင်းတွေ ဖြစ်ပြီး နောက်တစ်မျိုးကတော့ HCAs လို့ အတိုကောက် ခေါ်တဲ့ Heterocyclic Amines တွေ ဖြစ်ပါတယ်။ အသားတွေထဲက အဆီတွေ၊ အရည်တွေ မီးထဲကျသွားရင် ဖြစ်ပေါ်လာတဲ့ မီးတောက်နဲ့ မီးခိုးငွေ့တွေမှာ PAHs တွေ ပါလာစေပြီး အသားရဲ့ မျက်နှာပြင်ပေါ်မှာ ကပ်ငြိသွားစေပါတယ်။ အသားတွေမှာ အဓိက ဖွဲ့စည်းမှု ပစ္စည်းဖြစ်တဲ့ အမိုင်နိုအက်ဆစ်တွေ၊ အပေါ်က လိမ်းကျန်ထားတဲ့ ကစီဓာတ်ပါတဲ့ အရည်တွေ၊ အသားထဲက Creatine ဆိုတဲ့ ပစ္စည်းတစ်မျိုးရယ်၊ မီးတောက်ရဲ့ မြင့်မားတဲ့ အပူချိန်ရယ် အားလုံး ပေါင်းစပ်ပြီး HCAs တွေ ဖြစ်လာစေပါတယ်။ ဒီဒြပ်ပေါင်းများဟာ အစာရေမျို၊ အစာအိမ်၊ အူမကြီး စတဲ့ အစာလမ်းကြောင်း တောက်လျောက်မှာ ကင်ဆာ ဖြစ်စေဖို့ အထူးအားပေးပါတယ်။ အကင်ကို တို့စားတဲ့ ဆော့စ်ထဲမှာ ဆိုးဆေးတွေပါ ပါလို့ကတော့ ကင်ဆာဖြစ်ဖို့ အဆင်းဘီးတပ်ပေးသလို ပါပဲ။ ဒီနေရာမှာ တစ်ခု ပြောလိုတာက အသားကင်တွေဟာ အဆိုးဆုံးဖြစ်သလို အသီးအရွက်ကင်တွေဟာလည်း အန္တရာယ် အနည်းငယ်စီ ရှိကြတယ် ဆိုတာပါပဲ။

ဒါကြောင့် အကင်မျိုးစုံ စားကြရင် ကင်ဆာအန္တရာယ်ကို အတိုင်းအတာ တစ်ခု အထိ လျှော့ချနိုင်တဲ့ နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။ အကောင်းဆုံး နည်းတစ်ခုက သတ္တုအပါးပြား တစ်ခုခုကို ကင်မယ့်အသား လုံအောင် ထုတ်ပြီး ကင်တာ ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေမှာ ခေါ်နေကြတဲ့ ခဲပတ် ဆိုတာကို ပြောတာ ဖြစ်ပါတယ်။ ဒါမျိုးသုံးရင် PAHs တွေ ဖြစ်ပေါ်ခြင်းကို အတော်လေး တားနိုင်တယ်လို့ သိရပါတယ်။ ကြိုချက်ပြုတ်ပြီးသား အသားတွေကို ကင်တာဟာလည်း ကင်တဲ့ အချိန် တိုသွားစေလို့ ကင်ဆာဖြစ်နိုင်စွမ်း လျှော့ချနိုင်ပါတယ်။ HCAs ဒြပ်ပေါင်းတွေဟာ တူးပြီး မီးခိုးရိုက်တဲ့ နေရာတွေ၊ အကျက်လွန်တဲ့ နေရာတွေမှာ အများဆုံး တည်ရှိနေလို့ ဒီလို နေရာတွေကို ဖယ်စားရင် သင့်ကျန်းမာရေးကို ဂရုစိုက်ရာ ရောက်စေပါတယ်။
အသားတွေ မချက်ခင် အထူးသဖြင့် မကင်ခင်မှာ ဆီနဲ့ အရသာ အမွှေးနံ့ ပေးတဲ့ ဖြည့်စွက်ပစ္စည်းတွေပါတဲ့ marinade ခေါ် အရောအနှော အရည်နဲ့ အချိန်အကြာကြီး နှပ်ထားခြင်းဟာလည်း ကင်ဆာဒြပ်ပေါင်းတွေ ဖြစ်ပေါ်ခြင်းကို အတိုင်းအတာ တစ်ခုအထိ ဟန့်တားနိုင်တယ်လို့ အာဟာရ ပညာရှင်များက ဆိုပါတယ်။ တော်ရိလျော်ရိ ဆီ၊ဆား၊ အချိုမှုန့်လောက်နဲ့ နှပ်တာ မဟုတ်ဘဲ ဝိုင်၊ ရှာလကာရည်၊ မဆလာ၊ ဒိန်ချဉ်ရေကြည်၊ အချို့သော အပင်ထွက် ပစ္စည်းတွေ (ဥပမာ ခရမ်းချဉ်သီးဆော့စ်၊ သံပုရာရည်) စသဖြင့် နေရာဒေသ လူမျိုးအသီးသီးအလိုက် သုံးကြတဲ့ အာဟာရ တန်ဖိုးမြင့် marinade တွေနဲ့ နှပ်ပြီးမှ ကင်စားနိုင်ရင် အသင့်တော်ဆုံးပါပဲ။

PS:အင်တာနက်မှာ ဖတ်ရတဲ့ သတင်းလေး တစ်ပုဒ်ပါ
ရွာသားတွေလဲ ဖတ်လို့ရအောင် share ပေးလိုက်ပါတယ်……….
ရွာသူတွေလဲ ကိုယ့်အမျိုးသားတွေကို ပြန်ဗဟုသုတပေးလို့ရတာပေါ့ နော်..

15 comments

  • blackchaw

    December 8, 2011 at 1:02 pm

    ဗဟုသုတ အဖြစ် ဝင်ရောက်ဖတ်ရှုသွားပါကြောင်း။

  • ကိုတောက်တဲ့

    December 8, 2011 at 2:27 pm

    ဂလိုလား

  • thit min

    December 8, 2011 at 2:48 pm

    ဟုတ်တယ် အချက် ၁၂ ကို ကျနော် ကောင်းကောင်းလိုက်နာတယ်။
    အသားကျွမ်းရင် မစားဘူး။ အဲဒါနဲ့ပါတ်သက်တဲ့ အသားကင်စားပြီး ကင်ဆာဖြစ်သွားတဲ့ ပို့စ်လေး
    ရွာထဲမှာတွေ့ဘူးတယ်။ ရေးသူမမှတ်မိလို့မပြောပြနိုင်တာခွင့်လွှတ်.။

  • လင်းဝေ

    December 8, 2011 at 3:16 pm

    အမျိုးသားကျန်းမာရေးဆိုင်ရာဆိုလို့ ဆော်ပဟ ထင်လိုက်တာ၊
    လက်စသတ်တော့… အမျိုးသားတွေအတွက်ကိုး။
    ကဲ nikita ရေ ကိုရင်စည်သူရဲ့ တစ်ရှုးကို မဖြဲပစ်လိုက်နဲ့နော်…. း)

    • thit min

      December 8, 2011 at 3:28 pm

      ဪ ဒါကြောင့်လဲ ကိုလင်းဝေကျော်၊ ကိုလင်းဝေကျော်နဲ့ ကျော်ကြားပေတာကိုး။
      လှလိုက်တဲ့ ဒေါင့်ကန်ဘောလေးပါဘဲ။ ကျနော် ကလဲ ကွက်တိ။(^^)

    • ကိုရင်စည်သူ

      December 9, 2011 at 5:20 pm

      ကိုလင်းဝေကြီး ထောင့်ကန်ဘောက ဖြတ်တင်လိုက်တာ
      ကိုသစ်မင်းက ခေါင်းတိုက်သွင်းလိုက်ပါသဖြင့်
      ဂိုလီဘာ ကိုရင်ခမျာ… ဟတ်ထိပြီး ညှပ်စိလေး
      ဖြစ်သွားကြောင်းပါဖလာ့… ကွိကွိ… 😆 😆

      • windtalker

        December 9, 2011 at 8:52 pm

        ဒီမှာ ကိုရင်
        စွမ်းအားနည်း လို ့စိတ်မရွှင်လန်းရင်ကွယ်
        ကျားတစ်ကောင်လို သန်မာပြီး ကြောင်တစ်ကောင် လို ပေါ့ပါးစေရမယ်
        ဇာဒူးကြီး ဇာဒူးကြီး
        ပူပူလေးနဲ ့ကောင်းတာ ခင်ဗျ
        ဟီဟိ
        ( နီကိတာ ရေ ခွေးလွှတ်ပါနော် )

        • inz@ghi

          December 9, 2011 at 9:07 pm

          တိန်…

          (ကျာလော့ပါဝူး …နီကီတာ လေးက အတွင်းစည်းကဖစ်နေလို့..)

          ထုံးစံအတိုင်းပေါ့ဂျာ …
          အိုင်ဂျပ်စ် ဝဏ္ဏာ့ ဆေး “တိန်” …

          ထင်းခွဲမကြုံ ရေခပ် ကြုံမကွ. …..

        • MaMa

          December 9, 2011 at 9:19 pm

          ထင်းခွေမကြုံ ရေခပ်ကြုံ လုပ်စမ်းပါ မောင်ဂီရယ်။ (အော် ပညာရှိ သတိဖြစ်ခဲ ပါလားနော်။)

  • kai

    December 8, 2011 at 3:28 pm

    (၁၁) ဘီယာသောက်ခြင်းသည် ဘီယာဗိုက်ခေါ် ဗိုက်ပူခြင်းကို ဖြစ်စေသည်။
    မှား

    ဝီကီမှာလည်း.. ဘီယာဗိုက်ခေါ် ဗိုက်ပူခြင်းကို ဖြစ်စေတဲ့.. ဆေးသိပ္ပံဆိုင်ရာအထောက်အထားခိုင်ခိုင်လုံလုံမရှိကြောင်းရေးထားတယ်..။
    လက်တွေ့ကတော့..ကိုယ့်ဗိုက်ကိုယ်ကြည့်ပြီးရေးတာပဲ..။
    … အာဟိ..။

  • E.T

    December 8, 2011 at 9:30 pm

    အင်း ဘီဘီ သောက်တာလျှော့ဦးမှ။ ကိုရင့်ကိုလည်းပြောလိုက်ဦး ဘီဘီမကပ်နဲ ့တော့လို ့ တခြားဟာပြောင်း ကပ်လို ့ 😛 ဗော့ကာဘက်လှည့်ရင်ကောင်းမယ် 😀

    • nikita

      December 9, 2011 at 9:05 am

      alcohol ပါတဲ့ အရက်ပဲဖြစ်စေ ၊ ဝိုင်နီဖြစ်စေ
      အမျိုးသားဆို ၂ ပတ် ၊ အမျိုးသမီးဆို ၁ ပတ် နေ့စဉ် သောက်ပေးပါက
      ကျမ်းမာရေးအတွက် များစွာအထောက်အကူပေးနိုင်တယ် တဲ့…

      ဒါပေမယ့် သတ်မှတ်ချက်ထက်ကျော်ရင်တော့ ကျမ်းမာရေးကို ထိခိုက်စေနိုင်ပါတယ်.. 🙂

      • windtalker

        December 9, 2011 at 9:23 pm

        အမျိုးသမီး များ ဝိုင်နီတစ်ခွက်သောက်သုံးခြင်းအားဖြင့်
        ဓမ္မတာ လာရက် စောစေနိုင်ပါသည် ။
        ပုံ ပရော်ဖက်ဆာဒေါက်တာစောကိုကိုမောင် ယူပီဂျီ ၊ အေဘီစီ ၊ အက်ဖ်အမ်အေ ၊ စီဒီအီး

  • inz@ghi

    December 9, 2011 at 9:29 pm

    ဟဲဟဲ …သည်လို မန့်မဲ့လူမှ ရှိမှ ရှိပါ့မလားလို့ ၁၂နာရီထိုးထိ
    အိပ်ရေးပျက်ခံစောင့်လိုက်ရတာ …မန့်မယ့် မန့်တော့လည်း …
    အန်တီမမ ဖြစ်နေပါရော့လား ဟရို့ ……

    ဟုတ် …တားတား စာရေးမွှား တွားကြောင်းပါခညား ….
    (ကံကောင်းတွားတဲ့ လူတွေ …နောက်နေ့တွေ့မယ် ဟွန်း….)

    “ကိုယ်ဟာ ဇဂါးဘဲ ပြောနိုင်တာ … တော်ကီများကလွဲလို့ မချမ်းသာ…”
    အာဟိ
    ကိုဆောင်းကို သတိရလို့ပါဂျာ……ခစ်ခစ်…

    • E.T

      December 9, 2011 at 9:50 pm

      တော်သေးတာပေါ့ နာ့ညီမလေး ၂ ယောက် ဝင်မပြင်မိလို ့။

Leave a Reply