Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Bus ကားစီးရခြင်းရဲ့ ဒုက္ခ

နီကီတာNovember 28, 20111min57125

အခုတစ်လော အလုပ်တွေ မအားတာကြောင့် ဂေဇာတ်ထဲမှာ မရေးဖြစ်တာ ကြာပါပြီ…

ဒါပေမယ့် ဒီမနက် ထပ်ကြုံရတဲ့ အဖြစ်အပျက်တစ်ခုကြောင့် အားတဲ့ အချိန်လေးမှာ ဝင်ရေးလိုက်တာပါ..။

Busကား၊လိုင်းကားတွေဆိုတာ ဘာအတွက်ထား ထားတာလဲ?
ပြည်သူတွေ သွားရေး၊လာရေးလွယ်ကူအောင်၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေအောင် မဟုတ်လား။
မထသဆိုတာ ကရော ဘာအတွက် ရှိနေရတာလဲ။

အခုတော့ အချင်းချင်းလိုင်းကျော်ပြီး လုနေတာနဲ့ပဲ ပြည်သူတွေလည်း ဘုရားစာမှန်မှန်ရွတ်နေရတယ်။
(လိုင်းကားစီးနေတဲ့အချိန်မှာပေါ့)

nikita တို့ရုံးက နိုင်ငံခြားသားပိုင်companyဆိုတော့ အချိန်အရမ်းလေးစားပေးရပါတယ်
ရုံးချိန်ကလည်း ၈နာရီ သူတို့ကလည်း ရုံးချိန်ထက်အနည်းဆုံး ၁၅မိနစ်လောက်စောရောက်မှာ ကြိုက်တယ်လေ
သွားရတဲ့ နေရာကလည်း ဝေးဆိုတော့ ၆ ခွဲလောက်ထွက်မှ ရောက်နိုင်တယ်
၆နာရီခွဲလောက် ကားထွက်စီးတယ်ဆိုတာ အရမ်းချောင်ပါတယ်
နေရာလည်းရတယ်
အဲတော့ စောစောစီးစီးထွက်ပြီး ချောင်ချောင်ချိချိစီးတဲ့အလုပ်ကိုပဲ လုပ်ပါတယ်
မနက်ကတော့ နဲနဲနောက်ကျတော့ ခွဲကျော်မှ ဂိတ်ကိုရောက်တယ်
ပထမတစ်စီးကတော့ လွတ်သွားတာပေါ့
ရုံးချိန်ကတော့ မှီနိုင်လောက်သေးတယ်လေ
ခဏကြာတော့ နောက်တစ်စီးရောက်လာတယ်
ဒါပေမယ့် မရပ်သွားဘူး
လူပြည့်လို့ မဟုတ်ဘူးနော်
လမ်းကြောင်းတူ ကားတစ်စီး ပါလာလို့ နှစ်စီးလုံးပြိုင်မောင်းသွားတာ
ခရီးသည်တောင် မတင်နိုင်ရှာတော့ဘူး
သူတို့ကို စောင့်စီးနေရတဲ့ ခရီးသည်တွေ၊ အချိန်နဲ့ အလုပ်လုပ်နေရတဲ့ အလုပ်သမားတွေ
အများကြီး မှတ်တိုင်မှာ ရပ်စောင့်နေရတာပါ…။
ဘာကြောင့်လဲ ၊ ဘာကြောင့် မရပ်ပေးရတာလဲ
သူတို့ အလုပ်က အချင်းချင်းလမ်းကြောင်း လုနေဖို့လား
အစာလုနေဖို့လား

ခရီးသည်တွေ အတွက်မဟုတ်ဘူးလား
တကယ်စိတ်ညစ်သွားပါတယ်
ဒါအမြဲ ကြုံနေရတဲ့ ပြသနာပါ
ကားစီးနေတဲ့ အချိန်ဆိုလည်း လမ်းကြောင်းတူ လိုင်းကားတွေနဲ့ မတွေ့အောင် ဆုတောင်း
နေရပါတယ်
တွေ့လို့ကတော့ ဒုံးကျည်ကတောင် အဘခေါ်ရလောက်အောင် ပြိုင်မောင်းနေကြပါတော့တယ်
ဖြစ်လိုက်ကြတဲ့ ယဉ်တိုက်မှုတွေ၊ လူသေမှုတွေ

ဪ Bus ကားစီးရခြင်းရဲ့ ဒုက္ခတွေပါလားလို့…

25 comments

  • windtalker

    November 28, 2011 at 2:39 pm

    စူသီ့ ကို ကားတစ်စီးမြန်မြန်ဝယ်ဖို ့ပြောရမယ် ။
    နီကီလေး ဘုစ်ကား တိုးစီးနေရတာ ၊ မကြားလိုပါ ။

  • inz@ghi

    November 28, 2011 at 2:45 pm

    ဒါ့ကြောင့် ကရင်စီ နင့်ဆီ ကားဈေးလှမ်းလှမ်းမေးနေဒါကိုး ….
    (ကျပ်ထလိုက်ပီ ဟီဟိ …ဂယ် မဝယ်ပေးရင် ကွိုင်ပူတော့မယ်)

    • ကိုရင်စည်သူ

      November 29, 2011 at 7:55 pm

      သိနေဒယ်.. တိနေဒယ်.. အဲ့ဒါကြောင့်
      နောက်တစ်ခေါက်ပြန်လာရင် ဝယ်ပေးဖို့
      သဂျီးဆီ PM မေလ်းတွေပို့ပြီး အမေလိကားမှာ
      Hummer ဂျစ်ကားတွေ ဈေးကို မေးပြီးသား…
      ဂျစ်မြင့်မြင့်လေးနဲ့ နီကလေးကို ခေါ်သွားမှာ..
      တော်ကြာ ကိုရင့်ကို မောင်ဂျစ်နဲ့ပြန်လာလို့
      ရှောင်ပစ်လို့တော့ မသွားရဘူးနော်… 😳 😳

  • etone

    November 28, 2011 at 3:59 pm

    39 တို့ 333 တို့ဆို ပိုတောင် ဆိုးသေးတယ် … လူတစ်ယောက်မှ မပါလည်း .. ပြိုင်မောင်းမယ် လာထား ဆိုတာချည်းပဲ … ။ ပါရမီ အဝါကားကတော့ .. သူများ နာရီဝက်သွားတဲ့ခရီးစဉ်ကို တစ်နာရီခွဲလောက်မောင်းတယ် … ။ ခေါင်းအုံးတလုံးယူသွားလျှင် ကားပေါ်မှာ အိပ်ယုံပဲ … တစ်မှတ်တိုင်ရပ်လျှင်အကြာကြီးပဲ … အထူးသဖြင့် … နေ ့ခင်းဘက် နဲ ့မနက်စောစော … ။ သူတို့ စားခွက်လုပတဲ့ အချိန်လောက်ပဲ လုမောင်းကြတာ … ။

  • aye.kk

    November 28, 2011 at 4:07 pm

    ကုန်းလမ်းပို ့ဆောင်ဆက်သွယ်ရေးမှကူညီမည်..
    နောင်နှစ်(၅၀)အဆင်ပြေကာချောမွေ ့မည်..
    ငါတို ့ပြေကနည်းပညာတွေနောက်ကျသည်..
    အာဏာရှင်တွေရယ်တံခါးပိတ်ကာအိပ်မောကျနေသည်..
    တံခါးခေါက်ကာနိုးရဲတဲ့သူဆုချမည်..။

  • three colors

    November 28, 2011 at 4:08 pm

    မ-ထ-သ က အလုပ်မလုပ်တာကြာပါပြီ။
    သူတို့အတွက် လိုင်းကြေးကောက်တာက လွဲလို့ဘာမှဖြစ်ဖြစ်မြောက်မြောက် ပြည်သူအတွက် လုပ်မပေးပါ။
    ဥပမာ-အထူးကားတွေကို ကြပ်မတ်မယ်ဆိုလဲ ဒုံရင်းပါဘဲ။မကြပ်မတ်နိုင်လဲ ရိုးရိုးကားဈေး နှူန်းပြန်ပြောင်းပေါ့၊
    အခုတော့ AIR-CON လဲမပါ၊ လူပို လဲတင်၊ မှတ်တိုင်တွေ မှာလဲ လူစောင့်တင်နဲ့။
    ဒါအပြင် ရိုးရိုးဘတ်စ်တွေ ဓါတ်ဆီ နဲ့တုံးက ကားခ ၅၀၊၁၀၀၊၁၅ဝကျပ် ကို သဘာဝဂက်စ် သုံးတော့လျော့ပေးမယ်ဆိုတာလဲ မလုပ်ပေး၊
    ဘာမှမလုပ်ဘဲ ဒီအဖွဲ့အစည်းရှိတာ ဘာလုပ်ဘို့လဲ???

    • nikita

      November 28, 2011 at 4:23 pm

      ရွှေဧည့်သည်တွေဆို ပိုဆိုးသေး
      ယူတော့ ၃၀၀
      အခုနောက်ပိုင်း နာမည်တောင် ပြောင်းထားတယ်
      ချွေးဧည့်သည်တဲ့
      ညနေပိုင်းဆို လူပြည့်တာတောင်မှ မထွက်ချင်ကြဘူး
      အထူးကားဆိုပြီး တွယ်စီးတဲ့လူအထိ လူပြည့်ကျပ်နေအောင်တင်တာ
      တတ်ပြီး ပြန်တောင် မဆင်းရဲဘူး
      (ဆင်းစရာအပေါက်ရှာ မတွေ့လို့ :))

      • E.T

        November 28, 2011 at 7:17 pm

        ကရင်စီကြားလား ဒီမှာ နီလေး ချွေးဧည့်သည်ထဲညပ်ပြီးတော့ ဆင်းစရာ အပေါက်ရှာမတွေ ့တော့ဘူးတဲ့။ တောင်တရုတ်ပင်လယ်ထဲ သွားသတင်းမသုံးခင် နီလေးကို ဂရုစိုက်ပါ။
        ကရင်စီ ဂရုမစိုက်ပါက ကျန်ညီနောင် ၆ဖော်အား အချိန်မရွေး တိုင်ကြားနိုင်ပါသည်။ 😀

        • nikita

          November 29, 2011 at 10:52 am

          လောလောဆယ်တော့ ကရင်စီတစ်ယောက်
          connection မရလို့
          ဆက်သွယ်မှုဧရိယာပြင်ပ ရောက်နေတယ်

        • ကိုရင်စည်သူ

          November 29, 2011 at 7:59 pm

          နီကီလေး.. ကိုရင့်နီကလေးကို အပေါက်
          ဘယ်လူတွေ ပိတ်ထားတာလဲ…
          ဖိုက်တာ အီးတီ.. နင်ဘာလုပ်နေသတုန်း..
          နင်က အပေါက်ရှင်းတာ တော်တာ.. နာကြားထားပြီးသား.. ညှင်းညှင်း.. 😛 😛
          ချိတ်မပူနဲ့ … ဂရုကစိုက်ပြီးသား… ခုတောင် ဘေးနားမှာကပ်ထိုင်နေလို့
          ဆီလွတ်မီးလွတ်ရိုက်နေရတယ်… အဟတ်.. 😉 😉 😉

        • E.T

          November 29, 2011 at 9:41 pm

          ကရင်စီ ဘာကိုဆိုလိုတာလည်းဟင်။ တားတားက နီကီလေးအတွက် ဖိုက်တာလုပ်ပေးရမယ် လို ့ဆိုလိုတာလား 😛 နီကီလေးက ကျွန်တော့် ညီမလေးပဲ ဖိုက်တာလုပ်ပေးရမှာပေါ့။ ပူပါနဲ ကရင်။

          နီကီလေးရေ ကရင်စီဆက်သွယ်မှု ဧရိယာပြင်ပ ရောက်နေတဲ့ အကြောင်းကတော့ သိလောက်မယ်ထင်ပါတယ်။ 😀

  • Shwe Tike Soe

    November 28, 2011 at 4:40 pm

    အမလေး မပြောချင်ပါဘူး.. ဟိုနေ.က လိုင်းကားစီးတာ မ.ထ.သ က လိုင်းစစ်တွေက စပယ်ယာစီကို လူမှုဖူလုံရေး အလှူငွေ 1250 တောင်းသတဲ့.. အဲဒါ စပယ်ယာက မကျေမနပ် ပွစိပွစိနဲ. ဒေါပွနေတော့ ကျွန်တော်တောင် ပြန်အမ်းရမယ့် ပိုက်ဆံ မယူရဲတော့ပဲ ဒီအတိုင်းဆင်းလာလိုက်ရတယ်ဗျာ…

    • nikita

      November 28, 2011 at 5:01 pm

      ဟယ်
      နှမြောစရာ
      ဘယ်လောက်လဲ ဟင် ၅ဝ လား
      (နောက်တာနော် :P)

  • KoNyeinChan

    November 29, 2011 at 1:46 am

    (((နိုင်ငံခြားသားပိုင်companyဆိုတော့ အချိန်အရမ်းလေးစားပေးရပါတယ်
    ရုံးချိန်ကလည်း ၈နာရီ သူတို့ကလည်း ရုံးချိန်ထက်အနည်းဆုံး ၁၅မိနစ်လောက်စောရောက်မှာ ကြိုက်တယ်လေ)))
    ဆိုတာလေး တစ်ခုကို ဘဝင်မကျချင်ဘူး..
    ကိုယ်တွေလည်း နိုင်ငံခြားရော ပြည်တွင်းကုမ္ပဏီတွေမှာ လုပ်ခဲ့ဘူးတာဘဲ.. အလုပ်စချိန် ၈ နာရီဆိုရင် အတိအကျ သို ့မဟုတ် တစ်မိနစ် နှစ်မိနစ်စောပြီး ဝင်ရင်လုံလောက်နေပါပြီ.. အလုပ် ၁၅ မိနစ်စောဝင်လို ့လည်း အဲ့ဒီ ၁၅ မိနစ်စာ ပေးမယ်တော့မထင်.. ဒို ့မြန်မာတွေ အချိန်တွေ အရမ်းပိုနေတာလား??? သို ့မဟုတ် လစာကောင်းတဲ့ အလုပ်မို ့ သူဌေးကို မျက်နှာလို မျက်နှာရ လုပ်ချင်ကြတာလား??? အဓိက ကတော့ အလုပ်မှာ ကိုယ့်ရဲ ့ လုပ်ရည်ကိုင်ရည်ကို အဓိကပြဖို ့ဘဲလိုတယ်လို ့ထင်မိပါတယ်..

    • nikita

      November 29, 2011 at 10:40 am


      ပြည်တွင်း ကုမ္ပဏီတွေက ကိုယ့်လူမျိုးအချင်းချင်းကားနောက်ကျလို့
      ဖြစ်တတ်တာတွေ နားလည်ပေးနိုင်တယ်လေ
      တိုင်းတစ်ပါးသားကျတော့ ပြောရဆိုရ ခက်သား
      မလေးမစားလို့ ပြောတာမဟုတ်ပါဘူး
      လူတိုင်း ကိုယ့်အလုပ်တော့ တန်ဖိုးထားရတယ်လေ

    • etone

      November 29, 2011 at 3:10 pm

      အဲ့ဒီသဘောကိုတော့ ကျွန်မနားလည်ပါတယ် … ။
      ဘာလို့လဲဆိုတော့ .. တချို့သော ဌာနပိုင်ရာအဖွဲ့စည်းရုံးတွေကတော့ … ရုံးတက်ချိန် ဘယ်အချိန်သက်မှတ်ထားသလဲတော့မသိဘူး .. ဆယ်နာရီခွဲလောက်မှ ရုံးခြင်းထောင်းလေးဆွဲပြီး အိပဲ့ အိပဲ့နဲ့ လျှောက်လာကြပါတယ် … ။ ပြီးလျှင် ရုံးဆင်းချိန် ကားကြပ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ … အတော်လေးစောစောရုံးဆင်းတာတွေ့ရတယ် … ။
      နိုင်ငံခြားသားနဲ့ တွဲလုပ်ရတဲ့ ကုမ္ပဏီအများစုမှာ … အချိန်နောက်ကျတာ သည်းမခံတတ်သလို … ဆုပေး ဒဏ်ပေးစနစ်ကို အလေးထားကြတာတွေ့ရတယ် .. ဒါ့ပြင် ဘယ်သူက ဘယ်သူ့အမျိုးမို့ အလုပ်ထဲမှာ ပင့်ထားမယ် .. မထားမယ်ဆိုတာလည်း မရှိဘူး .. မကျွမ်းကျင်လျှင် မကျွမ်းကျင်သလို ၊ သုံးမရလျှင် သုံးမရသလို ..ပြောဆိုတာမျိုးရှိတယ် … ။ ပိုပြီးစည်းစနစ်ကျတယ်လို့ … မြင်မိပါတယ် .. ။

      • nikita

        November 30, 2011 at 10:59 am

        တော်သေး
        စစ်ကူရောက်လာလို့ 😛

  • lone

    November 29, 2011 at 8:56 am

    comment တွေကဘာများမှားလို့ ရဲရဲနီဖြစ်နေကြတာလဲ…ဘယ်သူကများ – တွေ လိုက်ပေးနေတာလဲမသိဘူး…သူတို့ပြောတာဟုတ်နေတာပဲကို….ကြည့်ရတာပေးတဲ့လူက …မ ထ သ ကထင်တယ်… 😛

    • nikita

      November 29, 2011 at 10:43 am

      ရဲရဲတောက် တို့ဗမာတွေ ….

      • ကိုရင်စည်သူ

        November 29, 2011 at 8:06 pm

        ဟေ့.. ဘယ်က တောက်ပုန်းတွေလဲကွ..
        နာ့ နီကီလေးကို ခိုးကြောင်ခိုးဝှက်နဲ့
        အနီတွေ ပေးသွားတာလဲ… မခံဘူး.. မခံဘူး.. 👿 👿
        သွေးရှိရင် ပေါ်တင်မန့်သွားပါလား…
        ခံဝူး… လက်ပူးလက်ကြပ်မိလို့ကတော့
        ဂေါ်ဇီလာခေါ်ပြီး အဲ့ဒီလူကို တက်နင်းခိုင်းမယ်… ဟီးး 😆 😆

    • lone

      November 30, 2011 at 8:10 am

      အဲအဲ…အနီတွေပျောက်ကုန်ပါလား…ဟိဟိ…မထသ ကလို့အထင်မခံကြဘူး ဘယ်သူမှ….ကွိကွိ.. 😛

  • ဦးဖွတ်ကျား

    November 29, 2011 at 10:55 am

    အဘတို့လူမျိုးတွေကို အဲ့ဒါလေးတွေ မကြိုက်တာ ပေါ့ တမီးရယ်…
    ပေါ်ပေါ်တင်တင် ဝေဖန်ထောက်ပြပိုင်ခွင့်ရှိပေမယ့် …
    အဲ့လို ပုဆိုးခြုံထဲက လက်သီးပုံး အဲ့လေ အနီကတ် ပြ တဲ့ စိတ်ဒတ် တွေပေါ့..

    ဒါနဲ့ ကိုရင်စည်သွပ် ဘယ်ရောက်နေတုန်း
    တွေ့ရင် ပြောလိုက်ပါ … အဘ ရှာနေတယ်လို့..
    သူ့သတင်း ကို အဘလည်း တတ်နိုင်သလောက် စုံစမ်းနေဘာဒယ်ကွယ်…

    ၁) ၅/၆ မှာ
    ၂) မော်ကျူရီမှာ
    ၃) သတင်းစာနောက်ကျောဖုံး အတွင်းမှာ
    ၄) ရဲစခန်းမှာ
    ၅) ကိုကျော်သူဆီမှာ

    😀

  • ba gyi

    November 29, 2011 at 2:36 pm

    အင်း ဘတ်စ်ကားစီးနေရသူချင်းကိုယ်ချင်းစာပါတယ်၊သည်ကားမောင်သူတွေက ကားပေါ်တက်ပြီး၊ဂွေကိုင်ရ
    ပြီဆိုတာနဲ့ မှတ်တိုင်မှာစောင့်နေသူတွေ၊ ကားပေါ်ပါလာတဲ့သူတွေကို လူတွေလို့မမြင်တော့ပဲ၊ ပိုက်ဆံတွေလို့
    ပဲမြင်တော့တာလေ — လို့ ၊ ကဗျာဆရာကြီး ဆရာဇော်ဂျီ ရှိတုန်းက ပြောဘူးတယ်ဆိုပဲ။
    ဂိတ်သိမ်းချိန် ငွေဘယ်လောက်အပ်ရမယ် ဆိုတဲ့စည်းမျဉ်း၊
    အခေါက်ရေဘယ်လောက်ရအောင်ဆွဲရမယ်ဆိုတဲ့စည်းမျဉ်း၊
    အခေါက်ရေ မြန်မြန်ပြည့်ပြီး အရက်ဆိုင် ဘယ်နှစ်နာရီအရောက်ဆိုတဲ့ ရင်းထတဲ့ရောဂါ၊
    သည်နေ့ ဂိတ်ကြေး ကျေပြီး ငါ့အတွက်အပိုဘယ်လောက်ကျန်ရမယ်ဆိုတဲ့ မသမာစိတ်နဲ့ အကျင့်၊
    အချိန် မှတ်၊အချိန်ထိမ်းသမားတွေ ရဲ့လဒ်စားမှု၊
    ငွေများမျာဝင်ငွေရှာပေးနိုင်သူကိုဆုချီးမြှင့်တဲ့ သူတို့ဌာနမူ၊
    အဲဒါတွေကိုပြန်စမ်းစစ်ပြီး၊ ပြည်သူအတွက် သည်ဝန်ပိုးကိုတော့ အစိုးရကပဲတာဝန်ယူသင့်တယ်။

  • chitlay

    November 29, 2011 at 2:50 pm

    ဤသည်ကား တစ်ဒုက္ခပါလား ….။ 🙁 တစ်ချို့ကားတွေများ ပြောတော့ အထူးကား ပေးရတော့ ကားခက နှစ်ဆ တင်တော့ ငါးပိငါးချဉ်သိပ်သလို ကြပ်ပိတ်သိပ် … ကားပေါ်ရောက်တာနဲ့ အနောက်ထဲ အတင်းထိုးထည့် ပြန်ထွက်တော့ ထွက်လို့ကမရ အပေါက်က ပျောက်နေလို့ ထွက်မရရင် စပယ်ယာက ဟောက်ချင် … ဒီကြားထဲ အကြံသမား ခါးပိုက်နှိုက်တို့ ထောက်လှမ်းရေးတို့နဲ့ တိုးရင် မတွေးဝံ့စရာပဲ ….

  • cobra

    November 30, 2011 at 1:09 pm

    ပြောသာပြောနေကြတာပါလေ
    တကယ်တမ်းတော့မစီးလို့လဲမဖြစ်ပါဘူး
    လိုင်းကားစီးရတာ
    ကြိုးတန်းပေါ်လမ်းလျှောက်နေရသလိုပဲ

Leave a Reply