( Facebook ပေါ်မှာ ) Facebook ပေါ်မှာ Like လိုချင်သူလည်းရှိ အမိုက်ပိုချင်သူလည်းရှိ Facebook ပေါ်မှာ အရုပ်ပြချင်သူလည်းရှိ အပုတ်ချချင်သူလည်းရှိ Facebook ပေါ်မှာ အပျင်းပြေချင်သူလည်းရှိ အတင်းဝေချင်သူလည်းရှိ Facebook ပေါ်မှာ အသည်းငယ်ချင်သူလည်းရှိ မဲဆွယ်ချင်သူလည်းရှိ Facebook ပေါ်မှာ Like ခိုင်းချင်သူလည်းရှိ မိုက်ရိုင်းချင်သူလည်းရှိ Facebook ပေါ်မှာ ကဗျာရေးချင်သူလည်းရှိ အသာငေးချင်သူလည်းရှိ Facebook ပေါ်မှာ ဈေးရောင်းချင်သူလည်းရှိ အကြွေးတောင်းချင်သူလည်းရှိ Facebook ပေါ်မှာ အသည်းကွဲပြချင်သူလည်းရှိ အလဲအကွဲချချင်သူလည်းရှိ Facebook ပေါ်မှာ အသည်းတောင်းချင်သူလည်းရှိ သူရဲကောင်းချင်သူလည်းရှိ Facebook ပေါ်မှာ အကြွားလုပ်ချင်သူလည်းရှိ အစားပုပ်ချင်သူလည်းရှိ Facebook ပေါ်မှာ ခရီးသွားချင်သူလည်းရှိ ကြီးပွားချင်သူလည်းရှိ Facebook ပေါ်မှာ ချစ်ချင်စရာတွေလည်းရှိ အပြစ်မြင်စရာတွေလည်းရှိ ပီဘိစရိုက်မျိုးစုံကြား […]


တောင်ပေါ်သားSeptember 23, 20151min1918
ငယ်သူငယ်ချင်းဆိုတာ အတော့်ကို မေ့ခဲစရာ သူငယ်ချင်းမျိုးလို့ ကျနော် ယုံကြည်ပါတယ် ၊   ကျနော့်မှာလည်း ငယ်ငယ်က တကယ် ခင်ခဲ့ တွဲခဲ့တဲ့ သူငယ်ချင်း ၂ ယောက် ရှိခဲ့ဘူးပါတယ် ၊   တစ်ယောက်က ကမ်းနားပိုင်းမှာ နေတဲ့ ရှမ်းအနွယ် ၊ နောက်တစ်ယောက်ကတော့ မီးသတ်ရုံးနားမှာနေတဲ့ ကချင်လေးတစ်ယောက်ပေါ့ ၊   ကျနော်က ရွှေကူမှာ မွေးခဲ့ပေမယ့် အသက် ၈ လသားကတည်းက ဗန်းမော်ကို ရောက်လာသူပါ ၊   ကျနော်တို့ တက်ခဲ့တဲ့ကျောင်းကတော့ ဗန်းမော် အ ထ က ၁ ပါပဲ ၊   ကျနော်နေတာက ကျောင်းနဲ့ မဝေးလှတဲ့ ဂေါ်ရာကန်ဘေးက ဂျူဗလီလမ်းမှာပါ ၊ […]


အင်းးးးး  အဖြစ်ကတော့ မနှစ်ကနဲ့ မတူ ဆိုသလို မနေ့ကပေါ့ဗျာ ၊ ရုံးကအပြန် လှည်းတန်းဈေးဝင် ၊ စားကောင်းမယ်ထင်တာလေးတွေဝယ် ၊ ဘိုဘိုဟန်ဆိုင်က အက်ဒမန်ဂိုးလ် ဘီယာလေး ၂ ဘူးဆွဲလို့ အိမ်ပေါ်တက် ၊ မီးဖိုထဲမှာက အမေ ၊ ပါလာတာလေးတွေချ ၊ ရေမိုးချိုး ၊ ဟင်းချက်စရာလေးတွေ ပြင်ဆင်နေတုန်း ( ဟဲ့ ဟိုကလေးမတွေ ဖုန်းကိုပဲ ပွတ်မနေနဲ့ ၊ ဒီမှာ နင်တို့အဖေကို လာကူဦးလေ ) လို့ အမေက ပုံမှန်ထက်ကျယ်တဲ့အသံနဲ့သူ့မြေးမ ၂ ယောက်ကို အော်ပါတယ် ၊ ( ခဏလေး အဖွားကြီး ၊   ကက်စတန်မာနဲ့ စကားပြောနေတာ ) ဒါက သမီးကြီးအသံ ၊ […]


အကြည့်က ရင်ဖို ချိုသာတဲ့ စကား ဖက်ထားတဲ့လက်တွေ ချွေလေခဲ့အနမ်း မရိုးတမ်းအိပ်မက်တွေကြား ဗျာများရင်းကျော်ဖြတ် အတော်မရပ်တဲ့ အကယ်ဒမီရှော့ခ် ကြာလေပြီ ဆိုတော့ရိုး နိူးလာတဲ့ မနက်တိုင်းဟာ ဗလာ ဘာလက်တွေ့မှ မရှိလေတော့လည်း တကယ့်ဘဝကိုမျှော်ရင်း သိပ်မထူးအသွင်ချင်း စိတ်ကူးယဉ်ခြင်းကိုပစ် တရားသစ်တွေနဲ့အိပ်စက် ဘာအိပ်မက်မှာ မလာတော့သမို့ ကျေနပ်လို့ရတဲ့ နံနက်ခင်း ကြည်လင်ခြင်းကို အားပြု အနားအခုရှိသူသာ ငါ့ဘဝအတွက် သင့်သူပါ ၊


ဒိုင်းကနဲ မိုးခြိမ်းသံကြား လက်များက ထီးကိုဟန်ပြင် သံစဉ်မကျလှတဲ့မိုး ဘယ်အငြိုးနဲ့ရွာ လမ်းပေါ်မှာက ဗွက်တွေတအား ဈေးက မသွားလို့မဖြစ် ညစ်လှတဲ့စိတ်က ဦးဆောင် ရှောင်ဖို့လည်း မတားသာ မိုးရွာထဲမှာ ဒေါသူပုန်ထ မကုန်နိူင်လှတဲ့ ဒီရာသီ ရှည်ကြာသည် စိတ်မှာတွေး နေနွေးနွေးနဲ့ ကောင်းကင်ပြာ ဆောင်းအဝင်မှာဖြင့် ဆုံစို့ကွာ ။


ဒီမယ်ရာမ ရာဇဝင်ထဲကလို ဒဿဆိုတဲ့ငါ့ကို ခပ်လွယ်လွယ်ဖြိုဖို့များ စိတ်ကူးနေသလားကွာ သီတာဆိုတာ ရာဇဝင်မှာ ငါအရင်တွေ့ဖြစ် ယနေ့ခေတ်သစ်မှာလည်း ငါအရင်ချစ်ခဲ့သူ အူတူတူအတွေးနဲ့ လေးတင်ဦးမတဲ့လား အသာနားပါ ရာမရယ် နုပျိုခြင်းမယ် မင်းအသာရနိူင်ပေမယ့် ရုပ်ဆိုးတဲ့ ဒဿမှာလည်း ချစ်တတ်တဲ့ အသည်းပါသလို သိပ်အပိုမပြောချင် ရာဇဝင်ကို အတိတ်မှာထား ဘယ်နည်းများနဲ့ ပြိုင်မလဲ ? သွေးနဲရင် နောက်ဆုတ် ညှာမှာမဟုတ်တဲ့ အချစ်လုပွဲ ပစ်လုဆဲဆဲ သေနတ်ပြောင်းဝ နှောင်းနောင်တ မလာခင် ပစ်ကွင်းထဲကဖယ်ကွာ လက္ခဏပါခေါ်လာလည်း ဆောရီးပါပဲ ရာမရယ် ရာဇဝင်ထဲမယ် ရာမကိုထားလို့ သွားကြစို့ သီတာဒေဝီ နှစ်ကိုယ်တူညီမယ့် ကိုယ်တို့ရဲ့  အချစ်တိုင်းပြည် ။


     တကယ်တော့ ဒီဇာတ်မှာ ဒါရိုက်တာက ကံဇာတ်ဆရာ ချန်လှပ်ခံရတာကငါ မကြံတတ်တာကမင်း လွမ်းခြင်းတွေကိုငါ့ဆီပုံ မယုံရသူကို မင်းက ခစား အမှားကိုတဲ့အမှန်ထင် ပြန်ပြင်ဖို့ မင်းမတွေး ဝေးတော့မှ လက်ကမ်း ဆက်ကျွမ်းဦးမယ့်ငါ့နှလုံးသား အရှုံးသမားမို့   ပြုံးထားဖု့ိဝေလာဝေး သေကာမှဖြင့် အေး ၊


အတိတ်ကို အနာဂတ်က စား ပစ္စုပ္ပန်ရထားပေါ်မှာ အဖော်မပါသူ ငါ ၊ တစ်နေ့တစ်မျိုးတွေ့ အချိုးအကွေ့တွေမှာ ဆိုးပေ့ဆိုတဲ့ ဝေဒနာတွေဟာ မကျေညာပဲ ဝင်လို့သာလာခဲ့ အသာနွဲ့နေလို့မရ  ဘဝ ၊ လှပခြင်းဆိုတာ ဘယ်လိုပါလဲ မသဲကွဲသူအတွက် ထွက်လာတဲ့အဖြေဟာ သုည ထုံအအ ငါ့ခမျာ  ကံဇာတ်ဆရာကို လာဘ်မထိုးတတ်တော့လည်း သောက်ကျိုးနည်းရတာ အဆန်းမဟုတ် စန်းဆုတ်တဲ့ နှလုံးသားမှာ  အမုန်းများစွာက နေရာယူ သေချာသူက ဘယ်ဆီမသိ  ပြန်ကြည့်မိတော့ အထီးကျန် နည်းမမှန်အချစ်တွေက အပြစ်တွေကွ တဲ့ ပစ်လေသမျှ အချစ်မြား  နစ်သွားမပါတဲ့ ဖောင်တိန်လို နောင်အကြိမ်ကြိမ်ငိုချင်းချ  လိုရင်းရယ်ကမရောက်လေတော့ သောက်ပေဦး နောက်တစ်ပက် မှောက်လျက်သာလဲပါစေ အသည်းညှာကြွေသည်ဘဝ ဤမျှနှင့်သာကျေနပ်လေ ၊


နှလုံးသား ချစ်သံဇဉ်ကို နှင်းဆီက ကိုယ်စားပြုသတဲ့လား သဇင်များကြတော့လည်း တော်ဝင်ပန်း ဆိုပဲ အပိုမချွဲ မကြိုလည်းလှ ကြိုလည်းလှ  ငိုမပြပါနဲ့ ပန်းရယ် နန်းအလယ်မှာ မထယ်ဝါပေမယ့် ဆယ်ခါ ကြွေပါလေလည်းမွှေး  အို   ပန်းကလေးရေ လမ်းနဘေး  အလွမ်းတေးနဲ့  စတေးနေရလေခြင်း မင်းရဲ့  ဖြစ်ခြင်းတွေကြားမှာ သမုဒယမပါ သစ္စာကင်းမဲ့ ဒင်းတို့ရဲ့  ခြေဖဝါးအောက် ပြားပြားမှောက်ရပေမယ့် မချိလေတဲ့ စိတ်တွေနဲ့ ရှိနေခဲ့မေတ္တာကိုအရင်းခံ မချွင်းချန်သစ္စာသမား  အပြေးအလွှားလာနေသမို့ အားတင်းလို့ဖြင့် ကြိုလင့်ပါ ၊


ဪ ဒီကနေ့ ဇူလိုင် ရ ရက်မှာ သမီး သုန္ဒရီစံ အသက်၂ဝ ပြည့်ခဲ့ပြီပဲ ၊ ဟိုးးးးး  အနှစ် ၂ဝ ကို ပြန်လှည့်ကြည့်လိုက်တော့လည်းမနေ့တစ်နေ့ကလိုပါပဲလား ၊ အဲဒီအချိန်တုန်းက အဖေဟာ ရန်ကုန်မြို့လယ်က ထရိတ်ဒါးစ်ဟိုတယ်ဆောက်လုပ်ရေးမှာ သာမန်အဆိုင်းခေါင်းဆောင်အလုပ်သမားလေးပေါ့ ၊ ၁၉၈၉ ကနေ ၁၉၉၁ အထိ NLD ရုံးချုပ် အဖွဲ့ဝင်လက်ခံဌာနတာဝန်ခံ လုပ်ခဲ့တဲ့ အဖေဟာ အဲဒီနောက်ပိုင်းမှာ ဝမ်းရေးအတွက်ရုန်းရချိန်မှာ လခစားထက် ဒီကနေ့လုပ် ဒီညနေပိုက်ဆံထုတ်ရတဲ့အလုပ်ကို ရွေးခဲ့ရပါတယ် ၊ လခစားဆို ကြားထဲမှာ ဘာနဲ့ သွားစားမလဲသမီးရေ ၊ သမီးအဖွားက ၁၉၉ဝမှာ ရွေးကောက်ခံကိုယ်စားလှယ်ဖြစ် ၊ ၁၉၉၁ မှာ အင်းစိန်ဘဝတက္ကသိုလ် ရောက်ရလေတော့ အဖေဟာ ထောင်ဝင်စာ ဆိုတာကြီးအတွက် ဘိလပ်မြေသယ် […]


“စက်ဘီးသမားတစ်ယောက်ကို ပြိုင်ကားမောင်းသူဖြစ်အောင် လုပ်မပေးနိုင်ဘူး” အထက်ပါစကားကို တစ်ချို့ကအမှတ်တမဲ့နဲ့ ကြားလိုက်ကြမှာ မဟုတ်ပါဘူး။ ဒီစကားကိုပြောသူက “ဖရိုက်ဒရစ်” ဆိုတဲ့လူပါ။ ဂျာမနီအမျိုးသားဖြစ်ပါတယ် ၂၀၁၅- မြန်မာ ယူ-၂ဝ ဘောလုံးအသင်းနည်းပြကြီးပါပဲ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ခမျာ အခုမှပြန်လည်ပျိုးထောင်ရတဲ့ ကလေးသင်း (ယူ-၂၀) အတွက် ကမာ္ဘ့နည်းစနစ်တွေနဲ့ အရှင်မွေးနေ့ချင်းကြီးဖြစ်ပါစေတော့ဆိုပြီး နာမည်ကြီးတဲ့ဂျာမနီနည်းပြကို ငှားရမ်းခဲ့ရှာတာပါ။ ငွေဘယ်လောက်ကုန်တယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ နည်းပြကိုငှားပြီး ဒီကလေးတွေကို နိုင်ငံခြားမှာသွားရောက်လေ့ကျင့် ခဲ့ကြတာပါ။ ကမာ္ဘ့ဖလားခြေစစ်ပွဲအောင်ပြီး၊ ကမာ္ဘ့ဖလားဝင်ခွင့် ရခဲ့တယ်။ နယူးဇီလန်မှာကန်တယ်။ ၃ ပွဲလုံးမရှုနိုင်မကယ်နိုင်အောင်ရှုံးခဲ့တယ်။ ဒီလိုရှုံးရတာဟာ သူ့တာဝန်လို့နည်းပြက တရားဝင်တောင်းပန်ခဲ့တယ်။ ဒါပေမဲ့ အထက်မှာတွေ့တဲ့စကားကိုတော့ ပြောဖြစ်အောင်ပြောခဲ့ပါသေးတယ်။ “စက်ဘီးသမားတစ်ယောက်ကို ပြိုင်ကားမောင်းသူဖြစ်အောင်မလုပ်ပေးနိုင်ဘူး”တဲ့။ မှန်ပါတယ်။ ငြင်းဖို့မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ကလေးတွေဟာ စက်ဘီးသမားလေးတွေပါ။ ပြိုင်ကားမမောင်းတတ်ပါဘူး။ ဒါဟာကလေးတွေအပြစ် မဟုတ်ပါဘူး။ ကျွန်မတို့မိဘတွေရဲ့အပြစ်ပါ။ ကျွန်မတို့က သူတို့ကိုစက်ဘီးပဲ ဝယ်ပေးနိုင်ခဲ့တာကိုး။ […]


( ရွေးကောက်ပွဲသို့ လမ်းလေးသွယ်  ) ရွေးကောက်ပွဲ ဆိုတာကြီးကတော့ နီးသထက်နီးလာပါပြီ ၊ တကယ် လုပ်ဖြစ်ရင် ပြောပါတယ် ၊ အောင်ပွဲ တဲ့ ၊ အဲဒီ အောင်ပွဲဆိုတာ   ၂၀၁၅ ရွေးကောက်မှာ နိူင်မယ့်သူအတွက်ပါ ၊ အဲဒီအောင်ပွဲရှိရာကို ဦးတည်နေကြတဲ့လမ်းတွေထဲမှာ ကျနော့်အမြင်တော့ လမ်း ၄ လမ်းက လာနေတဲ့ အုပ်စု ၄ စု ရှိနေပါတယ် ၊ ( ၁ ) လက်ရှိအာဏာရအုပ်စု သူတို့ကတော့ ကိုယ်ကိုယ်တိုင် ဆက်မနေတော့ရင်တောင် သူတို့ရဲ့   နောက်လိုက်တွေ အမွေဆက်ခံစေနိူင်ဖို့ ကြိုးစားနေတဲ့ အဖွဲ့ပေါ့ ၊ တစ်ခြားပြိုင်ဘက်တွေအပေါ် အသာစီးရဖို့ နည်းပေါင်းစုံသုံးနေလေရဲ့  ၊ ( ၂ ) ဒေါ်စုအုပ်စု စုမှတစ်ပါး […]


ဘောလုံးကို ကျနော် ဘယ်တုန်းက စ စိတ်ဝင်စားခဲ့တာလဲ ? သိပ်မမှတ်မိချင်တော့ ၊ ကျနော့ အဖေက ကချင်ပြည်နယ် လက်ရွေးစင် ဖြစ်ဘူးသလို အဖေ့ညီက အကောက်ခွန်အသင်း လက်ရွေးစင်ဗျ ၊ ဒီတော့ ကျနော့သွေးထဲမှာလည်း ဘောလုံးသွေးက ပါမပေါ့လေ ၊ ဘောလုံးသမား ဖြစ်ခဲ့သလား ? နိူး ၊ ဒါဆို ဘောလုံးကော ကန်ခဲ့ဘူးလား ? ရက်စ် ဘုရားစူး တစ်ခါကန်ဘူးတယ် ၊ ဆင်မလိုက်သင်္ဘောကျင်းဝန်ထမ်းဘဝ ၊ ဦးဆောင်ညွှန်ကြားရေးမှုးဒိုင်း ဆိုပြီး သင်္ဘောကျင်း ဌာနအသီးသီး နဲ့ အလုပ်ရုံတွေ ပြိုင်ကြတာ ၊ ကျနော်က စက်တပ်ဆင်ရေးအလုပ်ရုံအသင်းက အရန်ကစားသမား ၊  ဟီး ဟီး  အဲသလောက်ခြေစွမ်းရှိတာ ၊ အဲဒီပွဲမှာ ကျနော်တို့အသင်းက […]