notsyntheticsFebruary 26, 20103min1025
လန်ဒန်မြို ့မှာ ကျင်းကပြုလုပ်ခဲ့တဲ့ One Young World Youth Summit ဆိုတဲ့ ကမ္ဘာ့လူငယ် ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တင်မြတ်ထက် နဲ့ လောကအလှတို့ စကားပြောဖြစ်ခဲ့ပါတယ်။ ဘယ်ကနေ ဘယ်လိုစပြီးတော့ One Young World Summit မှာရွေးချယ်ခံရတယ်ဆိုတာ ပြောပြပေးပါဦး။ ဒီအကြောင်းပြောရမှာကတော့ နည်းနည်းလေးလဲ ရှည်သလို အတိုချုပ်ပြီးပြောရရင်လည်း မပြည့်စုံမှာ စိုးတဲ့အတွက် အစအဆုံးပဲ ပြောပြလိုက်ပါတော့မယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းလောက်တုန်းက သူငယ်ချင်းတစ်ယောက်ကနေပြီးတော့ One Young World Youth Summit ရှိတဲ့အကြောင်းကို ပြောပြပါတယ်။ သူက ပထမဦးဆုံးအကြိမ် ကမ္ဘာ့အကြီးဆုံး လူငယ်တွေ့ဆုံဆွေးနွေးပွဲဖြစ်ပြီး Global Issue ခြောက်ခုကို ဆွေးနွေးကြမှာ.. တက်ဖို့စိတ်ဝင်စားလာတဲ့။ ကျွန်မကလည်း အရမ်းစိတ်ဝင်စားတယ်ဆိုတော့ သူတို့တွေက Facebook […]


notsyntheticsFebruary 26, 20101min913
ကိုယ့်သားသမီးတွေကို ကြီးလာတဲ့အခါမှာ ဘယ်လိုဖြစ်စေချင်သလဲ၊ ကိုယ့်သားသမီးဟာ ခန္ဓာကိုယ်လည်း ကျန်းမာရမယ်။ စိတ်လည်း ကျန်းမာရမယ်။ သူငယ်ချင်း အပေါင်းအသင်းကောင်း၊ မိတ်ဆွေကောင်းများ ရမယ်။ မိတ်ဆွေကောင်းတွေနဲ့လည်း အပေးအယူ အပြန်အလှန်ရှိပီတော့ တစ်ယောက်ကို တစ်ယောက် နားလည်တဲ့ ချစ်ခင်လေးစာတဲ့ ဆက်ဆံရေးမျိုး ဖြစ်ရမယ်။ ပညာရပ်အမျိုးမျိုးကိုလည်း နာလည်းရမယ် သိရတယ်။ စားဝတ်နေရေးလည်း အဆင်ပြေရမယ်။ လွတ်လွတ်လပ်လပ် တွေးခေါ်နို်င်ရမယ်။ ဒီထက်လည်း ထပ်ဖြည့်လိုက်ပါဦးနော်။ မိဘမေတ္တာနဲ့ ဖြည့်မယ်ဆို ဖြည့်စရာတွေ အများကြီး ရှိသေးတယ်။ ဘာသာ တရားနဲ့ ပတ်သက်တဲ့ အသိအမြင်လည်း နက်နက်နဲနဲ သဘာဝကျကျ သိတဲ့ သူတွေ ဖြစ်ရမယ်။ လူကောင်းသူကောင်း ဖြစ်ရမယ်။ အကျင့်စာရိတ္တကောင်းတဲ့ သူတွေ ဖြစ်ရမယ်။  တရားထူး အသိဉာဏ်ထူးကို ရနိုင်တဲ့ သူတွေလည်းဖြစ်ရမယ် စသဖြင့်ပေါ့။ အဲဒီလို မျှော်လင့်ရင် သူတို့အတွက် […]