နွယ်ပင်February 10, 20111min560
အလင်းအိမ်မဂ္ဂဇင်း (၅)နှစ်မြောက် အထိမ်းအမှတ်အတွက် ဦးစီးကျင်းပမယ့် ဝတ္ထုတိုပြိုင်ပွဲ အတွက် စာမူများကို ဆရာကြီးမောင်စွမ်းရည်၊ ဆရာကြီးဦးဝင်းဖေ ကဗျာဆရာအောင်ဝေး စာရေးဆရာ ထိန်လင်း တို့မှ အကဲဖြတ်ရွေးချယ်မှာ ဖြစ်တဲ့ အတွက် ဝါသနာရှင်..၊ ကလောင်ရှင်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်.. Posted by ဒီမိုဝေယံ


နွယ်ပင်February 9, 20111min18411
လူတိုင်းကတော့ ကိုယ့်ကိုယ်စတိုင်ကျဖို့ လှဖို့အတွက် အလှပြင်ကြ အဝတ်အစားကို ဂရုတစိုက်ဝတ်ဆင်တက်ကြတာပါပဲ ။ မလှချင်တဲ့ သူတောင် အပြင်သွားတဲ့ အခါ အမြင်တင့်ဖို့အတွက် သပ်သပ်ရပ်ရပ်လေးတော့ ဝတ်စားတက်ကြပါတယ် ။ ဒါပေမဲ့ တစ်ခါတစ်လေ ကိုယ်ပြင်လိုက်တဲ့ အဝတ်အစားအပြင်အဆင်ဒီဇိုင်းက ပတ်0န်းကျင်နဲ့ သိပ်မကိုက်ညီတဲ့အခါ ဘေးကကြည့်မိတဲ့ သူတွေကတော့ အတော်ရီချင်မှာပဲ အခုကလဲ ဒီပို့စ်ကိုရေးရတာက မျက်စိရှေ့မှာ မြင်နေရတာလေးတွေကို (အရူးထနေကြတာလေးတွေကို) ပြောချင်လွန်းအားကြီးလို့ပါ ။ ဖြစ်ပုံက ဒီလို ….. ဟိုတစ်နေ့က နွယ်ပင်နဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဗိုလ်ချုပ်ဈေးကိုသွားပါရော ကိုယ်တွေက အသက်လဲ နည်းနည်းရ ပိုက်ဆံက နှမြောဆိုတော့ လိုင်းကားပဲတိုးစီးကြတာပေါ့ ဘယ် taxi ငှားမလဲ ကိုယ်အဝတ်အစားဝယ်မယ့် ပိုက်ဆံလေးထိသွားမှာဆိုးလို့ သွားတဲ့အချိန်ကလဲ တကယ့်အချိန်ကောင်း နေ့လည်1း00 ဆိုတော့ နေကလဲ ပူလိုက်တာအရမ်းပဲ […]


နွယ်ပင်February 8, 20111min1154
ဝိုင်အဟောင်း ပုလင်းလဲမပြောင်းဘူး ဒါပေမဲ့ တံဆိပ်အသစ် တပ်တယ် ” ကာတွန်း ဟန်လေး -သျှမ်းသံတော်ဆင့် မြန်မာ့ လွှတ်တော် ရုပ်သေးသဘင် ” ကာတွန်း ဟန်လေး – ဧရာဝတီ “ဗိုလ်ချုပ်မှူးကြီးရဲ့ အထ္ထုပ္ပတ္တိ” ကာတွန်း ဟန်လေး – ဧရာဝတီ အကျယ်ချုပ်က လွတ်လာ အပြင်လောကမှာ ရှင်းလင်းစရာ တပုံတပင်” -ကာတွန်း ဟန်လေး – သျှမ်းသံတော်ဆင့် ခေတ်သစ် မြန်မာ့လွှတ်တော်” ကာတွန်း ဟန်လေး – ဧရာဝတီ


နွယ်ပင်February 8, 20111min520
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကြက်ငှက် တုပ်ကွေးရောဂါပိုး သံသယရှိတဲ့အတွက် ကြက်ငှက်အကောင် ၅၀,၀၀ဝ လောက်ကို ကျန်းမာရေး အရာရှိတွေက သုတ်သင်ခဲ့သလို ကြက်သားနဲ့ ကြက်ဥ ရောင်းဝယ်မှုတွေကိုလည်း ယာယီ ပိတ်ပင်ထားပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးက ဘုမကျေးရွာမှာရှိတဲ့ ကြက်မွေးမြူရေးခြံတွေမှာ ဇန်နဝါရီလ ဒုတိယပတ်အတွင်းက ကြက်ကောင်ရေ ၈၀ဝ ကျော် သေဆုံးခဲ့တာကြောင့် စစ်ဆေးကြည့်ရာမှာ ကြက်ငှက်တုပ်ကွေး ရောဂါပိုး AH1N1 ဖြစ်ပွားနေတာကို တွေ့ရှိခဲ့ကြတာပါ။ လက်ရှိ အခြေအနေမှာတော့ မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ မွေးမြူရေးခြံတွေကို သတိပေး နှိုးဆော်မှုတွေ ပြုလုပ်နေတယ်လို့ မွေးမြူရေး ဦးစီးဌာနက အရာရှိတဦးက ပြောပြပါတယ်။ “စောင့်ကြည့်တဲ့ သဘောမျိုးပဲ လုပ်တာ ရှိတာပေါ့။ ဘယ်လိုနေရာက ဘယ်လို ဘယ်ငှက်တွေ ဝင်လာမလဲ၊ ဝင်လာတဲ့ ငှက်တွေမှာ ရောဂါပိုးတွေ […]


နွယ်ပင်February 7, 20111min1105
ရွှေပြည်သာ စက်မှုဇုန် (၁)၊ စက်မှု (၆) လမ်းရှိ အော်စကာအထည်ချုပ်စက်ရုံတွင် ဖေဖော်ဝါရီ ၅ ရက် စနေနေ့ည ရ နာရီ အချိန်မှာ အလုပ်သမားတွေ ဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။ အလုပ်သမားအင်အား ၅၀ဝ ခန့်ရှိပြီး လစာဖြတ်တောက်တဲ့ကိစ္စအပေါ် ကျေနပ်မှုမရှိရာက ဖြစ်ပွါးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါစက်ရုံအား ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး အလုပ်ခေါ်တုန်းက (က) အုပ်စု၊ (ခ) အုပ်စုနှင့် (ဂ) အုပ်စုခွဲကာ (က) အုပ်စုအား အခြေခံလစာ ၇၅ ဝ၀၀+အချိန်ပိုကြေး+ဘောနပ်စ်ကြေး၊ (ခ)အုပ်စုအား အခြေခံလစာ ၇ဝ ဝ၀၀+အချိန်ပိုကြေး+ဘောနပ်စ်ကြေး၊ (ဂ)အုပ်စုအား အခြေခံလစာ ၆၅ ဝ၀၀+အချိန်ပိုကြေး+ဘောနပ်စ်ကြေး၊ ပေးမယ်ဆိုပြီး အလုပ်ခေါ်ယူခဲ့တာလို့ သိရပါတယ်။ ယခုလစာထုတ်တဲ့အခါ အချိန်ပိုကြေးနှင့် […]


နွယ်ပင်January 31, 20111min23518
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့မင်္ဂလာညစာစားပွဲမှ ရိုက်ကူးခဲ့သော ပုံများကို ဖော်ပြခဲ့သော (မော်နီတာဂျာနယ်၊ Envoy ဂျာနယ်နှင့် မန္တလေးမှ နန်းမြင့်ဂျာနယ်) ၃စောင် အပိတ်ခံရကြောင်း သိရှိရပါတယ်။ မော်နီတာဂျာနယ်ကတော့ ၎င်းတို့ စာပေကင်ပေတိုင်များ.. နှင့် အလျဉ်းသင့်သော ဂျာနယ်ဖြစ်သည့် အတွက်ကြောင့် ရက်သတ္တပတ် တစ်ပတ်သာ အပိတ်ခံရပြီး၊ Envoyဂျာနယ်နှင့် မန ္တလေးမှ နန်းမြင့်ဂျာနယ် ၂စောင်ကတော့ ရက်သတ္တပတ် နှစ်ပတ်အပိတ်ခံ ရကြောင်း သိရှိရပါတယ်။ အပိတ်ခံရသော ဂျာနယ်များအား စာပေစိစစ်ရေးရုံးမှ (မိမိတို့ဂျာနယ်တိုက်များမှာ အလုပ်များ များနေသောကြောင့် ရက်သတ္တပတ် နှစ်ပတ်ခန့် အနားယူမည် ဖြစ်ပါကြောင်း)ဟု ရေးသား၍ စာရေးတင် ခိုင်းပါကြောင်း သိရှိရပါတယ်။


နွယ်ပင်January 29, 20111min12511
မကြာခင်မှာ နအဖတို ့ရဲ ့ လွှတ်တော်ပွဲကြီးအတွင်းမှာ နအဖ ရုပ်သေး သမ္မတတွေ ဝန်ကြီးချူပ်တွေ ပေါ်လာပါတော့မယ်။ နအဖ ရုပ်သေးသမ္မတအတွက် နေပြည်တော်မှာ တည်ဆောက်ပေးထားတဲ့ သမ္မတအိမ်တော်ကတော့ အောက်ဖေါ်ပြပါအတိုင်း မြင်တွေ ့ရပါမယ်။


နွယ်ပင်January 28, 20111min1287
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွန်ကြားချက်နဲ့ ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်တိုင်း ၁၄ရပ်ကွက် မေခလမ်း လှိုင်သာယာရှိ အမေ့အိမ် ပညာဒါနကျောင်းက ဂုဏ်ယူစရာ / ဝမ်းသာစရာ ဆုပေးပွဲလေးတစ်ခုရဲ့ မြင်ကွင်းပါ ။ SEIKO (5) မိန်းမပတ်နာရီလေးတစ်လုံးကောက်ရလို့ ဆရာမထံလာအပ်တဲ့ ကလေးနှစ်ယောက် (တတိယတန်းမှ မောင်အောင်သီဟနိုင် နှင့် မစုစုလှိုင် ) ကို စာရိတ္တ စံပြဆု ချီးမြင့်တဲ့ အခမ်းအနားလေးပါ။ အမေ့အိမ်က အမေ့ရင်သွေးလေးတွေဟာ လူမချမ်းသာပေမယ့် စာရိတ္တချမ်းသာတဲ့ကလေးတွေမို့ တိုင်း ပြည်ရဲ့ သားကောင်းရတနာလေးတွေကို တို့လူကြီးတွေက တန်ဘိုးထားပြီး သူတို့ရဲ့ ဘဝတွေကို မြှင့်တင်ပေးကြပါစို့ ။ အနာဂတ်ရဲ့ အမေ့အိမ်ကျောင်းက ရင်သွေးငယ်တွေအတွက် ဝိုင်းဝန်းကူညီပေးကြပါ… အမေ့အိမ်မှာ….. တိုင်းပြည်ရဲ ့ ရတနာလေးတွေ ရှိနေတယ် ။ သူတို့လေးတွေကို […]


နွယ်ပင်January 27, 20111min10610
(26.1.11) ညနေ၄း၁ဝ မှာ ရန်ကုန်မြို့ဗိုလ်ချုပ်ဈေး မီးစလန့်ခဲ့ပါတယ် ။ ဗိုလ်ချုပ်ဈေး အေရုံက ဦးလေးကြီး ကျောင်းစိမ်းဝတ်စုံ အထည်ဆိုင်ရဲ့ အပေါ်ထပ်ခိုး ကနေမီးခိုးတွေ တလူလူနဲ့ လွင့်ထွက်ခဲ့ပါတယ်။ မီးလန့်တဲ့အချိန်မှာ လျှပ်စစ် မီးမလာပါဘူး။ အဲ့ဒီနောက်မှာတော့ ဈေးအရမ်းမီးသတ်များ၊ စည်ပင်ရဲများရဲ့ဝိုင်းဝန်း ငြိမ်းသတ်မှုကြောင့် မီးဟာ ၄း၄ရ အချိန်မှာ ဆက်လက် လောင်မြိုက်မှု မရှိပဲ ငြိမ်းသွားခဲ့ပါတယ်။ Posted by ဒီမိုဝေယံ


နွယ်ပင်January 27, 20111min18415
မကြာမီ ကြယ်တာရာ ပေါက်ကွဲမှုကြီး ဖြစ်တော့မည်ဟု ပညာရှင်အချို့က ပြောဆိုနေကြသော Betelgeuse ကြယ်ကြီး ကမ္ဘာ့နက္ခတ်တာရာ ပညာရှင်များသည် သမိုင်းတင်ပြီးခေတ် နောက်ပိုင်း ယနေ့ ၂၁ ရာစုအတွင်း အာကာသဆိုင်ရာ အထူးခြား ဆန်းကြယ်ဆုံး သတင်းတစ်ပုဒ် အဖြစ် ကမ္ဘာကြီးအတွက် ဒုတိယမြောက် နေလုံးတစ်ခု ပေါ်လာပြီး နေ့ညကွဲပြားခြင်း ခေတ္တရပ်ဆိုင်းသွားနိုင်သည် ဆိုသော သတင်းကို ဩစတြေးလျ သတင်းဌာနမှ တစ်ဆင့် ကမ္ဘာသို့ ဇန်နဝါရီလ ၂၂ ရက်နေ့က တင်ပြခဲ့သည်။ ၎င်းတို့၏ စောင့်ကြည့်လေ့လာချက်များအရ ကမ္ဘာ့ကောင်းကင်မှ မြင်ရသော ကြယ်ကြီးများထဲတွင် အဌမအကြီးဆုံး အနီရောင် ကြယ်ကြီး ဖြစ်သည့် Betelgeuse သည် ဆက်လက်တည်ရှိနိုင်ရန် စွမ်းအင် မကြာမီ ရက်သတ္တပတ် အနည်းငယ်အတွင်း ကုန်ဆုံးတော့မည် ဖြစ်ပြီး ယင်းကဲ့သို့ […]