နွယ်ပင်January 12, 20111min24319
အမေရိကားမှာ ကျောင်းသွားတက်ခဲ့တဲ့သား ကျောင်းပြီးတော့ ကျွန်မအတွက် စူစန်လို့ခေါ်တဲ့ အင်္ဂလိပ်ချွေးမတစ်ယောက် ရှာပေးခဲ့တယ်။ ဒီကနေ့မှာ မြေးလေးထော်ဘီတောင် (၃)နှစ်ရှိခဲ့ပါပြီ။ ဒီနှစ်နွေရာသီမှာ သားက ကျွန်မကို အမေရိကားအလည်လာဖို့ ခေါ်ခဲ့တယ်။ အမေရိကားမှာနေခဲ့တဲ့ (၃)လအတွင်း ချွေးမစူစန်ရဲ့ သားသမီးကို ဆုံးမသွန်သင်နည်းတွေက ကျွန်မကို အတွေးအမြင် ပိုကျယ်စေခဲ့ပါတယ်။ (၁) မစားရင် အဆာခံပါ မနက်တိုင်း ထော်ဘီအိပ်ရာထလာတာနဲ့ စူစန်က မနက်စာကို စားပွဲပေါ်တင်ပေးခဲ့ပြီး သူ့အလုပ်ကို သူဆက်လုပ်နေခဲ့တယ်။ ထော်ဘီဟာ ကိုယ်တိုင် ကုလားထိုင်ပေါ်တက်၊ ကိုယ်တိုင်နွားနို့သောက်၊ ကိုယ်တိုင်ပေါင်မုန့်တွေ စားနေခဲ့တယ်။ စားပြီးတဲ့နောက် ကိုယ့်အခန်းထဲဝင်ပြီး အဝတ်ဘီရိုထဲကနေ အဝတ်အစား၊ ဖိနပ်တွေကို ကိုယ်တိုင်ဝတ်ဆင်ခဲ့တယ်။ (၃)နှစ်ပဲရှိတဲ့ ထော်ဘီလေးဟာ ခြေအိတ်ရဲ့အရှေ့အနောက်၊ ဘယ်ဖိနပ်၊ ညာဖိနပ်ကို ခွဲတတ်သေးသူ မဟုတ်ပါဘူး။ တစ်ခါက ထော်ဘီဟာ ဘောင်းဘီကို […]


နွယ်ပင်January 12, 20111min1548
ဇန်နဝါရီလ ၁ ရက်နေ့မှာ မောင်မင်းဆုမွန် နဲ့ မခင်ဝါဝါလှိုင် တို့ရဲ့ မင်္ဂလာအခမ်းအနားကို အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့အတွက် Movie5 မှာ တာဝန်ထမ်းဆောင်နေတဲ့ မောင်မင်းဆုမွန် ဟာ သူ့အလုပ်တာဝန်ထဲမှာ အထက်အာဏာပိုင်တွေရဲ့ ဖိအားပေးခြင်းကို ခံရပါတယ်။ သတိုးသား မောင်မင်းဆုမွန်ဟာ Movie5 မှာ တာယူဝန်ဆောင်ရွက်လုပ်ကိုင်နေသူ တဦးဖြစ်ပါတယ်။ အဆိုတော် ထူးအိမ်သင် နဲ့ ညီအကိုတော်စပ်သူလည်းဖြစ်ပြီး အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ မိသားစုခြင်း ရင်းနှီးသူတဦးလည်း ဖြစ်ပါတယ်။ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ သူ့ရဲ့ မင်္ဂလာပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် လာတဲ့အတွက် အာဏာပိုင်တွေဘက်က အမြတ်ဒေါသဖြစ်ပြီး မောင်မင်းဆုမွန်ကို လက်ရှိလုပ်ကိုင်နေတဲ့ တာဝန်မှ နှုတ်ထွက်စာတင်ခိုင်းတာကို ခံခဲ့ရပါတယ်။ Movie5 မှာ တာဝန်ထမ်းဆောင်နေကြတဲ့ မောင်မင်းဆုမွန်ရဲ့ […]


နွယ်ပင်December 31, 20101min28911
မြန်မာငွေ ကျပ် ၅၀၀ဝ တန် အတုတွေ ကို ထိုင်းမြန်မာ နယ်စပ် ဒေသ ထိုင်းနိုင်ငံ တာခ် ခရိုင် တွင်းက မဲ့လ ဒုက္ခသည် စခန်း မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့ က ဖမ်းမိ ခဲ့ ပါတယ်။မဲလ ဒုက္ခသည် စခန်းမှာ မြန်မာငွေ ကျပ် ၅၀၀ဝ တန် အတုတွေ နဲ့အဖမ်းဆီးခံရသူ ဟာ ကရင် ပြည်နယ်၊လှိုင်းဘွဲ မြို.နယ် ရွှေဂွန်း ရွာသား စောဖါးဝါး ဆိုသူ ဖြစ် ပါတယ်။သူဟာ ၅၀၀ဝ ကျပ်တန် အတု သိန်း ၅ဝ ကို မြန်မာပြည် တွင်း က ယူလာခဲ့ပြီး သိန်း ၂ဝ ကို […]


နွယ်ပင်December 29, 20101min1124
မြန်မာနိုင်ငံအတွင်း လာမဲ့သီတင်းပတ် ဇန်နဝါရီလဆန်းပိုင်းမှာ အင်အားအတန်အသင့် ပြင်းထန်တဲ့ အအေးလှိုင်းတခု ဖြတ်သန်း ဝင်ရောက်ဖို့ ရှိတယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က RFA ကို ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ပြောကြားပါတယ်။ “တွက်ကြည့်တော့ ခရစ်စမတ်အပြီး ဆိုတော့ ဒီဇင်ဘာအကုန် ဇန်နဝါရီ လဆန်းလောက်မှာတော့ ဖြစ်နိုင်တယ် ထင်ပါတယ်။ သိသိသာသာတော့ အေးလိမ့်မယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ် ဆောင်းတွေက လွန်ကဲနေတယ်ဗျ။ ကမ္ဘာ့ မြောက်ဖက်ခြမ်းမှာလေ ဥရောပမှာလည်း တော်တော်ကြီးကို အခြေအနေ ဆိုးနေတယ်။ ဆိုတော့ ကျွန်တော်တို့ဖက်လည်း အထိုက်အလျောက်တော့ အေးလိမ့်မယ်လို့ ထင်ပါတယ် ခင်ဗျ။” အခုလို အအေးလှိုင်းဝင်ရောက်မှုကြောင့် ဆောင်းသီးနှံအထွက်နှုန်း ထိခိုက်မှု ရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတဝန်း မနက်ခင်းတွေမှာ မြူနှင်းတွေ အထူအထပ် ဖုံးအုပ်ကျဆင်းနိုင်တဲ့အတွက် အမြင်အာရုံ […]


နွယ်ပင်December 29, 20101min1496
၂၀၀၁ ခုနှစ်အတွင်းတခုသောနေ့လယ်ခင်းမှာ သတင်းအရ ရန်ကုန်မြို့အတွင်း မူးယစ် ဆေးဝါးဖြန့်ဖြူးရောင်းချနေတဲ့ အုပ်စုတခုက်ိုဖမ်ဆီးဖို့ ရန်ကုန်တိုင်း ဒုစရိုက်နှိမ်နှင်းရေး ရဲ တပ်ဖွဲ့ (ဒန) တပ်ဖွဲ့ဝင်တွေတပ် ဖြန့်လှုပ်ရှားနေပါတယ်။ အဲဒီအချိန်မှာ စားသောက်ဆိုင် တခုရှေ့မှာ ဆိုင်ကယ်တစီးထိုးရပ်လာပြီး ကျောပိုးအိတ်နဲ့ လူရွယ်တဦးဆိုင်ထဲကို ဝင် ရောက်လာကာ စားပွဲဝိုင်းလွတ်တခုမှာ ထိုင်ရင်း တစုံတဦးကိုစောင့်ဆိုင်းနေပါတယ်။ ဆိုင်ထဲမှာ အသင့်စောင်ကြည့်နေတဲ့ ရဲထောက်လှမ်းရေတွေက သူ့ကိုမသကာင်္လို့ ရှာဖွေ စစ်ဆေးကြည့်တဲ့အခါ ကျောပိုးအိတ်အတွင်မှာ ဘိန်းဖြူထုပ်အချို့ လျှို့ဝှက်ယူဆောင် လာတာကို ဖမ်းဆီးရမိလို်က်ပါတယ်။ ဆက်လက် ရှာဖွေကြည့်တဲ့အခါ အဲဒီ လူရွယ်ကိုုင် ဆောင်ထားတဲ့ Identity Card ဟာ တပ်မတော်အရာရှိ စီစစ်ရေးကဒ်ပြားဖြစ်နေပြီး အ ရာရှိ အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း ထပ်မံတွေ့ရှိရတာကြောင့် ရဲထောက်လှမ်း ရေးတွေ မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားရပါတယ်။ ဒီလိုနဲ့ […]


နွယ်ပင်December 29, 20101min31024
ခုရက်ပိုင်းအတွင်းက ရိုက်ထားတဲ့ ပန်းဆိုးတန်း တံတားပေါ်မှာ အခြေအနေမဲ့ ကလေးငယ်နှစ်ဦးရဲ့ ခြင်ထောင်စုတ်ကို ခြုံပြီး ဒီဇင်ဘာ မနက်ခင်း အအေးဒဏ်ကို ကာကွယ်နေရတဲ့ပုံလေးပါ ။တိုင်းပြည်က အနာဂတ် ကလေးငယ်နှစ်ဦးရဲ့ သနားစဖွယ် အခြေအနေပါ…။ တိုင်းပြည်မှာ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်နေပါတယ်တဲ့ ။ ဒီအခြေအနေကို ပြောတာလားတော့ မသိဘူး . Posted by ဒီမိုဝေယံ


နွယ်ပင်December 29, 20101min1276
၂၀၀၉ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ကားများရဲ့ အကယ်ဒမီဆုပေးပွဲကို ယခင်ကျင်းပနေကြ နေပြည်တော် မှာ မကျင်းပတော့ပဲ ယခုနှစ်၌ မေမြို့ အနီးရှိ ရတနာပုံ ဆိုက်ဘာစီးတီး ခေါ် ဆက်သွယ်ရေးနှင့် နည်းပညာမြို့တော်မှာ ပြုလုပ်မှာ ဖြစ်ကြောင်းသိရှိရပါတယ်..။ ယခုနှစ်အတွက် အကောင်းဆုံး အကယ်ဒမီဆုများအတွက် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းမှ မင်းသားမင်းသမီးများရဲ့ ကြိုတင်မဲ ပေါ်လစီကားများ ရိုက်ကူးမှု ရှိမရှိပေါ်မှာ အခြေခံစဉ်းစားမယ် မစဉ်းစားဘူးဆိုတာတော့ မသိရှိရသေးပါဘူး..။


နွယ်ပင်December 28, 20101min1257
အဓိကအားဖြင့် မြန်မာစာပေလောကမှာ ကြုံနေရတဲ့ ပြဿနာတွေဟာ စာပေစိစစ်ရေးကြောင့် ဖြစ်ပါတယ်။ ကျွန်တော်ဟာ မြန်မာစာပေလောကသား တစ်ယောက်ပါ။ ဒါကြောင့် မြန်မာစာပေနယ်မှာ စာပေစိစစ်ရေးဟာ ဘယ်လောက်ဆိုးရွား ဒုက္ခပေးလှတယ်ဆိုတာကို အချက်အလက်တွေ ရှာဖွေပေးပို့လိုက်ပါတယ်။ ဖြစ်နိုင်ရင် BBC အနေနဲ့ တစ်ပြည်လုံးသိအောင် ဖြန့်ချိပေးပါခင်ဗျား…. ၁။ စာပေစိစစ်ရေးတွင် တိကျသော မူဝါဒမရှိပါ။ စာပေစိစစ်ရေးဟာ မြန်မာစာပေအညွန့်တုံးဖို့သက်သက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ သူတို့ရဲ့ စည်းကမ်းတွေဆိုပြီး စာအုပ်စိမ်းလေးတစ်အုပ်နဲ့ စည်းကမ်းချက်၁၀ဝလောက်ထုတ်ထားပါတယ်။ ဒါပေမယ့် တိကျရေရာတဲ့၊ ဥပဒေသဘောသက်ဝင်တဲ့ အချက်တစ်ချက်မှ မပါပါ။ အကုန်ယေဘုယျသဘော လျှောက်ရေးထားတာချည်းပါပဲ။ ဥပမာအားဖြင့် … မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်သော စာပေများရေးသားခွင့်မပြု ဆိုတာမျိုး လူငယ်များ အတုယူမှားစေနိုင်သော စာပေများမရေးသားရ ဆိုတာမျိုးတွေ ချည်းပါ။ အဲဒီလို အချက်တွေက အဓိပ္ပါယ်ကောက်ရ တော်တော်ခက်ပါတယ်။ […]


နွယ်ပင်December 27, 20101min650
“ငါးဆယ့်နှစ်”  ၅၂ နှစ်တဲ့ဗျာ . . . အရေးအကြောင်းတွေကစလာခဲ့ပြီဘဲ၊ သူမရဲ့ အတွေးအခေါ်တွေက နုပျိုလာဆဲ။  ၅၂ နှစ်တဲ့ဗျာ . . . ခြေလှမ်းတွေက နှေးကွေးလာမြဲ၊ သူမရဲ့လှမ်းချက်တွေကတက်ကြွနေဆဲ။  ၅၂ နှစ်တဲ့ဗျာ . . . အရွယ်နှောင်းလို့ ဖေးမကူကာတွဲ၊ သူမရဲ့ ဖေးမပေးဆပ်မှုကလူသားမျိုးစုံဘဲ။  ၅၂ နှစ်တဲ့ဗျာ . . . ဖြတ်သန်းမှုတွေက ဘဝမျိုးစုံထဲ၊ သူမရဲ့ဖြတ်သန်းမှုဘဝကတော့ သီလလုံဆဲ။  ၅၂ နှစ်တဲ့ဗျာ . . . ဇရာဖက်ကို ခြေလှမ်းခဲ့ပြီဘဲ၊ ကျွန်တော့်အဖို့ကတော့ လှပနေဆဲ။  ၅၂ နှစ်တဲ့ဗျာ . . […]


နွယ်ပင်December 27, 20101min1346
အရာရှိဖြစ်ရတာလည်းမနိပ်ပါဘူးဗျာ… ရဲဘော်ဘဝတုန်းကမှ အဆင်ပြေသေးတယ်။” “ဘာဖြစ်လို့လဲဗိုလ်ကြီးရ …” “ဘာဖြစ်ရမတုုံး……ရဲဘော်ဘဝမှာတုန်းက ကျနော့်မိန်းမက တပ်ထဲမှာ အသုပ်စုံရောင်း တယ်။ ရတဲ့အမြတ်အစွန်းလေးနဲ့ အပိုမစုမိပေမဲ့ ဆွဲရေး (စားရေးသောက်ရေး) အဆင် ပြေတယ်။ ကလေးကျောင်းစရိတ်လည်း သိပ်မပူရဘူး။ ခုတော့ဗျာ… အရာရှိကတော် ဖြစ်နေတော့ အရင်ကလို အသုပ်ရောင်းလို့လည်း မသင်တော်ဘူး။ ရိပ်သာက အခြားအ ရာရှိကတော်တွေကြားမှာ မျက်နှာငယ်ရတယ်။ အဆင်မပြေတာကို ဒီအတိုင်းပဲ ကြိတ် မှိတ် နေရတယ်ဗျာ။” ဒီလိုဒီလိုမျိုးမကြာခဏ ညည်းတွားပြောဆိုတတ်သူကတော့ တပ်မတော် (ရေ) အရာရှိ တဦး ဖြစ်တဲ့ ဗိုလ်ကြီးမျိုးသန်း (ရေ/ ၃၉၁၆) ဖြစ်ပါတယ်။ သူနဲ့ ကျနော် အရင်က မသိ ကျွမ်းဖူးခဲ့ပါ။ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုကို သူပြောင်းရွှေ့ရောက်ရှိလာတဲ့နောက် ပိုင်းမှာ […]


နွယ်ပင်December 24, 20101min1195
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတ ဦးက စားသောက်ဆိုင်တခုမှာ အလုပ်လုပ်တဲ့ မိန်းမပျိုတဦးကို အတင်းအဓမ္မ သားမယားအဖြစ်ပြုကျင့်ခဲ့တဲ့ အဖြစ်အပျက်တခုပါ။ ၁၂.၈.၂ဝ၁ဝ နေ့ ညပိုင်း ရ နာရီလောက်မှာ မြန်အောင်မြို့နယ် ရဲစခန်းမှ နယ်ထိန်းအင် ချပ် ဒုရဲအုပ် မင်းမင်းစိုး ဟာ အမှတ် (၁) အတွင်းမှာ ဖွင့်ထားတဲ့ ဘမ်းဘူးဟောက် စား သောက်ဆိုင်သီးသန့်ခန်းထဲတွင် အရက်သေစာ သောက်စားခဲ့ပါတယ်။ အဲဒီအခန်းထဲမှာ မသီတာဆိုသူ မိန်းခလေးတဦးနှင့် စက်ဖွင့်သူ လူငယ်တဦးဟာ သူနဲ့ အတူရှိနေပါတယ်။ သူတို့နှစ်ဦးဟာ ဒုရဲအုပ် မင်းမင်းစိုးကို ဧည့်ခံနေတာပါ။ ဒုရဲအုပ် မင်းမင်းစိုး မူးလာချိန်မှာ စက်ကိုင်တဲ့လူငယ်ကို အခန်းပြင်ထွက်ခိုင်းလိုက်ပြီး သီးသန့်ခန်း ထဲမှာ မသီတာ တယောက်ပဲ နေခိုင်းပါတယ်။ ထို့နောက် ဒုရဲအုပ်မင်းမင်းစိုး […]