နွယ်ပင်November 15, 20111min24621
အခုတစ်လော အလုပ်ကများနေတာနဲ့ ရွာထဲကိုတောင်မ သေသေချာချာ မဝင်ဖြစ်တာကြာပြီ ဒီကြားထဲ ပြောချင်တဲ့ အကြောင်းအရာကလည်း ရှိဆိုတော့ အလုပ်ကို ဖြောင့်ဖြောင့်မလုပ်နီုင်ဘူး အလုပ်လေး နည်းနည်းအားတာနဲ့ ရွာထဲကို အပြေးအလွှားဝင်ပြီး ပိုစ့်ဖတ်ရတာလည်းအမောပေါ့ ။ ဒါနဲ့ အခုတစ်လော ဖုန်းသခိုးတွေသောင်းကျန်းနေတဲ့ အကြောင်း ရွာသူားတွေကို ပြောပြချင်နေတာ ။ ကိုယ့်တွေ့လေးလဲ ဖြစ်နေတော့ ………………. ဖြစ်ပုံကဒီလို xxxxxxxxxxxxx တန်ဆောင်မုန်းလပြည့်နေ့က အလုပ်ပိတ်ရက်ဆိုတော့ အိမ်မှာ အေးအေးဆေးဆေး အနားယူမယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့ ။လပြည့်နေ့မို့ မနက်စောစော သစ်သီးဆွမ်းကပ်ပြီး အိမ်ရာထဲဝင်ပြန်ကွေးလို့မှ မကြာသေးဘူး အိမ်ရှေ့မှာ အစ်မတော်ရဲ့ ပူညံပူညံအသံကိုကြားရတော့တာပဲ ။ “ဟဲ့ အခုလေးတင် ဒီနားမှာ အားသွင်းထားတာပါ ခုနက ငါဘုရားရှိခိုးနေတုန်းကလည်းရှိသေးတယ် ခဏလေးနောက်ဖေးဝင်ပြီး ပြန်ထွက်လာတော့ မရှိတော့ဘူး ကလေးတွေ ယူဆော့ကြသလား […]


နွယ်ပင်October 31, 20111min26319
စာအုပ်စာပေ လူ့မိတ်ဆွေတဲ့ ။ ဒီစကားလေးကို နွယ်ပင့်ရဲ့ဖေဖေက (3)တန်းအရွယ် သူ့သမီးလေးကို ပုံပြင်စာအုပ်လေး တစ်အုပ်ကိုပေးရင်း ပြောခဲ့ဖူးတယ် ။ အဲ့အချိန်တုန်းကတော့ ဒီစကားရဲ့ အဓိပါယ်ကို ဘာမှန်းလေးလေးနက်နက် သေချာမသိခဲ့ပင်မယ့် ဖေဖေဝယ်ပေးခဲ့တဲ့ ပုံပြင်စာအုပ်လေးတွေနဲ့ နွယ်ပင်မွေ့လျောခဲ့တယ် ။ ဒီလိုနဲ့ နေ့ရက်လ ခုနှစ်တွေ တော်တော်ကြာညောင်းလာတော့ နွယ်ပင်တစ်ယောက် စာအုပ်(1)အုပ်ကိုမြင်ရင် မဖတ်ပဲ မနေနိုင်သလို စာအုပ်တစ်အုပ်ကို စဖတ်မိပြီဆိုရင်လဲ လက်က မချနိုင်လောက်အောင်ကိုပဲ စာဖတ်ခြင်းကို ကြိုက်နှစ်သက်လာခဲ့တယ် ။ (10) တန်းအောင်လို့ အိမ်မှာအလကားထိုင်စားနေတဲ့ အချိန်တုန်းကတော့ စာအုပ်နဲ့ မျက်နှာကို မခွာဖြစ်လောက်အောင်ကို စာဖတ်သန်ခဲ့တာပေါ့ ။ စာအုပ်ဆိုရင် ဘာစာအုပ်ကိုမဆိုုစိတ်က အလိုလိုနေရင်းဖတ်ချင်တယ် အပျော်ဖတ်ရော ဗဟုသတရော ဘာသာပြန်ရော စုန်းကဝေရော စိတ်ဓာတ်မြှင့်တင်ရေးရော ဘာမဆိုလာထားပဲ ။ ဒါပေမယ့် […]


နွယ်ပင်October 31, 20111min80
စာအုပ်စာပေ လူ့မိတ်ဆွေတဲ့ ။ ဒီစကားလေးကို နွယ်ပင့်ရဲ့ဖေဖေက (3)တန်းအရွယ် သူ့သမီးလေးကို ပုံပြင်စာအုပ်လေး တစ်အုပ်ကိုပေးရင်း ပြောခဲ့ဖူးတယ် ။ အဲ့အချိန်တုန်းကတော့ ဒီစကားရဲ့ အဓိပါယ်ကို ဘာမှန်းလေးလေးနက်နက် သေချာမသိခဲ့ပင်မယ့် ဖေဖေဝယ်ပေးခဲ့တဲ့ ပုံပြင်စာအုပ်လေးတွေနဲ့ နွယ်ပင်မွေ့လျောခဲ့တယ် ။ ဒီလိုနဲ့ နေ့ရက်လ ခုနှစ်တွေ တော်တော်ကြာညောင်းလာတော့ နွယ်ပင်တစ်ယောက် စာအုပ်တစ်ကိုမြင်ရင် မဖတ်ပဲ မနေနိုင်သလို စာအုပ်တစ်အုပ်ကို စဖတ်မိပြီဆိုရင်လဲ လက်က မချနိုင်လောက်အောင်ကိုပဲ စာဖတ်ခြင်းကို ကြိုက်နှစ်သက်လာခဲ့တယ် ။ (10) တန်းအောင်လို့ အိမ်မှာအလကားထိုင်စားနေတဲ့ အချိန်တုန်းကတော့ စာအုပ်နဲ့ မျက်နှာကို မခွာဖြစ်လောက်အောင်ကို စာဖတ်သန်ခဲ့တာပေါ့ ။ စာအုပ်ဆိုရင် ဘာစာအုပ်ကိုမဆိုုစိတ်က အလိုလိုနေရင်းဖတ်ချင်တယ် အပျော်ဖတ်ရော ဗဟုသတရော ဘာသာပြန်ရော စုန်းကဝေရော


နွယ်ပင်October 27, 20111min24222
myanmarcelebrity.com မှ ပုံများကို ဖော်ပြထားပါတယ် ….. 26.10.11 နေ့မှာ IC ပွဲရှိတယ်ဆိုပြီး ကြားကတည်းက IC ပရိသတ်နွယ်ပင်တို့ အားပေးဖို့ အသင့်ပြင်နေတာပေါ့ လက်မှတ်က ဘယ်မှာဝယ်ရမလဲ ဘာလဲ စုံစမ်းတော့ OKI ရဲ့ Promotion ပွဲလို့သိလိုက်ရတယ် အဲတာနဲ့ ဆပ်ပြာတွေပဲ ပြေးဝယ်ပြီး လက်မှတ်ပဲ ဝယ်ရမလို ဘာလိုလို ဖြစ်နေတုန်း သူငယ်ချင်းတစ်ယောက်ရဲ့ ကောင်းမူနဲ့ လက်မှတ်တစ်စောင်ကို (6000) ပေးလို့ ရခဲ့တာပေါ့ အဲ့အချိန်တုန်းကတော့ ကိုယ့်ကိုကိုယ် ကံကောင်းလှချည်လို့ထင်နေခဲ့တာ ………. ဒါပင်မယ် …………….. ပွဲစတဲ့ ရက်မှာတော့ ……………….. ကန်တော်ကြီးထဲမှာ များလိုက်တဲ့လူတွေ ICပွဲကို တော်တော်အားပေးကြတယ်ပေါ့ ဝင်ပေါက်မှာတင် လက်မှတ် တစ်စောင်ကို (5000) နဲ့အော်ရောင်းနေတော့ အဲ နွယ်ပင်တို့တော့ […]


နွယ်ပင်October 22, 20111min28520
နိုင်ငံ အာဏာ အား ၄၂ ကြာ အာဏာရှင် တစ်ဦး အဖြစ် အကြွင်းမဲ့ အုပ် ချုပ် ခဲ့ ပြီး နောက် ပြည်သူ ထောင်ပေါင်း များ စွာ ကို ညှင်းဆဲ သတ်ဖြတ် ခဲ့ သည့် လစ်ဗျား အာဏာ ရှင် သည် မသေခင် ဒဏ် ရာများ စွာ ဖြင့် အော်ဟစ် ညည်း တွား ဆဲရေး တိုင်း ထွာ လိုက် တောင်းပန်း တိုးလျှိုး လိုက် ဖြင့် သွေး ရူး သွေးတန်း ဖြစ် နေခဲ့ပါတယ် ။ ကဒါဖီ ဟာ သူ ငယ် စဉ် က […]


နွယ်ပင်October 20, 20111min1656
ပြေတီဦး နှင့် အိန္ဒြာကျော်ဇင် တို့ သမီးဦးကလေးကို ဝိတိုရိယဆေးရုံကြီးတွင် အောက်တိုဘာ (14) ရက် နံနက် (6) နာရီ (8) မိနစ်တွင် ဒေါက်တာ ဒေါ်မေသူမျိုးညွန့်မှ ခွဲစိတ်မွေးဖွားပေးခဲ့ပါတယ် … ကလေးရဲ့ ကိုယ်အလေးချိန်က ခုနှစ်ပေါင်နဲ့ ငါးအောင်စရှိပြီး မိခင်ရော ကလေးပါ ကျန်းမာရေးကောင်းမွန်ကြောင်း သိရပါတယ် .. အူဝဲမွေးနေချိန် တစ်လျှောက်လုံးမှာ မွေးခန်းထဲမှာ ရှိနေတဲ့ပြေတီဦးကတော့ ” အူဝဲကို မွေးဖွားနေတဲ့ အချိန်မှာ စိတ်လှုပ်ရှားမူဖြစ်နေပင်မဲ့ စိုးရိမ်ပူပန်တာတော့ သိပ်မဖြစ်ဘဲ သမီးလေးကို မြင်လိုက်ရချိန်မှာတော့ အရမ်းကို ပိတီဖြစ်ရပြီး ဝမ်းသာကြည်နှူးမိတယ်လို့ ” ပြောကြားခဲ့ပါတယ် ….


နွယ်ပင်October 11, 20111min41328
မနေ့က တစ်နေ့လုံးအလုပ်တွေများနေတာနဲ့ နေ့လည်ဘက် အလုပ်မှာဘာမှမစားဖြစ်လိုက်တော့ နွယ်ပင်တစ်ယောက် အိမ်ပြန်ခရီးမှာ ဗိုက်ဆာတာ ဟပ်ထိုးကိုလိုက်နေတာပဲ ။ အိမ်ပြန်ရောက်တော့ အမေ့ကဟင်းချက်နေတော့ ပိုဆိုးတာပေါ့ အနံလေးတစ်ရှူရှူနဲ့ ဗိုက်ဆာနေတာ အရမ်းအရမ်း အဲတာနဲ့ အဝတ်အစားတောင်မလဲတော့ဘဲ ထမင်းစားဖို့ ပြင်တော့ အမေက ရေချိုးပြီးမှ ထမင်းစားရမယ်တဲ့ ဟင်းရည်မကျက်သေးတော့ ရေချိုးပြီးတဲ့အချိန်နဲ့ ဟင်းရည်ကျက်ချိန်အတော်ပဲဆိုတာနဲ့ ရေကို မချိုးချင်ချိုးချင် တစ်ဗွန်းဗွန်းလောင်းချ အကျီအမြန်လဲပြီး ထမင်းစားဖို့ပြင်တော့တာပေါ့ ။ ချက်ထားတာကလည်း တကယ့်ကိုစားချင်စရာ ငါးကြင်းဆီပြန်ဟင်း ချဉ်ပေါင်ရွက်ဟင်းချို ကန်စွန်းရွက်ကြော်နဲ့ ငါးပီရည်တို့စရာဆိုတော့ ဗိုက်ဆာနေတဲ့ နွယ်ပင်တစ်ယောက် ခေါင်းတောင် မဖော်နိုင်တော့ဘူး ။ အားပါးတရစားလို့ တစ်လုပ်နှစ်လုပ်ပဲရှိသေးတယ် အမေက စကားလာပြောနေရော ဗိုက်ကဆာလို့ ထမင်းပဲဖိစားနေတာကို အမေကလဲ မရဘူးစကားအတင်းလိုက်ပြော အဲတော့အမေပြောတာ မကြားလဲ အင်းလိုက်ပေးနေရတာပေါ့ (မဟုတ်ရင် မာသားကြီးက […]


နွယ်ပင်October 7, 20111min47837
ဓာတ်ပုံ း myanmarcelebrity.com ရွှေစင်က ခေသူတော့မဟုတ်ဘူး တစ်ချိန်လုံး ဓာတ်ပုံဆရာတွေက သူ့ကိုချည်း ဓာတ်ပုံ လာလာရိုက်နေလို့ထင်တယ် ဒီတစ်ခါတော့ သူလဲ အမီအရ ပြန်ရိုက်ထားပါတယ် ။ ရွာသူ / ရွာသားတွေ မျက်စိဘယ်လောက်ကောင်းလဲ Eyes Test စစ်ကြည့်တာပါ ….. 😀


နွယ်ပင်October 6, 20111min32125
အောင်ဘာလေထီဆုပေါက်သူများအား ထီကိုယ်စားလှယ်များမှ ဂုဏ်ပြုဆုငွေ ထပ်မံချီးမြှင့်ခြင်းကို ဆောင်ရွက်ခြင်း မပြုတော့ရန် ပြည်တွင်းအခွန်များဦးစီးဌာန ၊ အောင်ဘာလေသိန်းဆု ဌာနခွဲ ထီလုပ်ငန်းရှင်များ တွေ့ဆုံကာပြောကြားခဲ့ပါတယ် ။ ဘယ်ထီစောင်ရေ အမျိုးအစားကပဲ ပေါက်ပေါက် ဂုဏ်ပြုဆုငွေထပ်မံချီးမြှင့်တော့မှာ မဟုတ်ကြောင်း သိရှိရပါတယ် ။ ဒီအစီစဉ်ကို နိုဝင်ဘာ (1) ရက်နေ့တွင် ဖွင့်လှစ်မည့် (274) ကြိမ်မြောက် ထီဖွင့်ပွဲမှ စတင်မယ်လို့လဲ သိရှိရပါတယ် ။ တို့ပြင် အောင်ဘာလေထီ နှင့်ပတ်သက်ပြီး ကံစမ်းမဲဖောက်ခြင်း နှင့် ကံစမ်းမဲနှင့် ဆက်စပ်သည့် လုပ်ဆောင်ချက်များကိုလည်း တွေ့ရှိပါက တည်ဆဲ ဥပဒေအရ အရေးယူခြင်းခံရဖွယ်ရှိကြောင်းလဲ ပြောကြားခဲ့ပါတယ် ။ အောင်ဘာလေထီဈေးကွက်တွင် ထီတစ်စောင်လျှင် (300) မှ (400) ဈေးထိရှိခဲ့ရာမှ လတ်တလောတွင် ထီတစ်စောင်လျှင် လက်လီဈေး (250) […]


နွယ်ပင်September 30, 20112min23012
မိုးအောင်ရင်နဲ့ ဆုယမင်းတို့ရဲ့ ခေတ်ပေါ်စုံတွဲဖက်ရှင် ။ Photographer: Aye Zaw Moe လူမင်းနဲ့ အွန်ဆိုင်း တို့ရဲ့ အလန်းစားစုံတွဲဖက်ရှင် ။ Yati Magazine (June, 2010) အောင်ရဲလင်းနဲ့ ဖွေးဖွေးတိုရဲ့ ရေချိုးခန်းဖက်ရှင် ။ Photos from Facebook နေတိုးနဲ့ ဝတ်မှုန်ရွှေရည်တို့ရဲ့ ခပ်လန်းလန်းစတိုင် စုံတွဲဖက်ရှင် ။ နေတိုးနဲ့ မိုးဟေကိုတို့ရဲ့ စုံတွဲဖက်ရှင်


နွယ်ပင်September 28, 20111min17210
လင်းနေ ကြယ်ဖြူနဲ့ တွေ့တဲ့အချိန်မှာတော့ သူထင်ထားသလို ကြယ်ဖြူက မှားမှန်းသိလို့ နောင်တရမျိုးမဟုတ်ဘဲ သူတို့နှစ်ယောက် အကြောင်းကို အဆုံးသတ်ဖို့ ချိန်းတယ်ဆိုတာကို သိလိုက်ရတယ် ။ လင်းနေအတွက် လုံးဝမမျှော်လင့်တဲ့ စကားတစ်ခွန်းကို ကြယ်ဖြူကပြောလိုက်တာပဲလေ ။ ဒီစကားဆိုတာ သူတို့နှစ်ယောက်အတွက်တော့ မဖြစ်သင့်ဘူး မဖြစ်နိုင်ဘူးလို့ လင်းနေက ယူဆတယ် ။ဒါကြောင့် အရင်ကလို ကြယ်ဖြူက သူ့ကိုစိတ်ကောက်လို ပြောတာပဲလို့ တွေးပြီး ကြယ်ဖြူပြောတာကို မကြားသလိုလုပ်လို့ ကြယ်ဖြူကို ချော့ဖို့ပြင်ဆင်နေတယ်။ ဒါပေမယ့် ကြယ်ဖြူမျက်နှာကတော့ အေးစက်လို့ အရာရာကို ရင်ဆိုင်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့ ။ ဒီအချိန်မှာပဲ လင်းနေတစ်ယောက် ကြယ်ဖြူ တစ်ကယ်ပြောနေတယ်ဆိုတာကို သိလိုက်ရတယ် လင်းနေအတွက် ဘယ်လိုမှ မဖြစ်နိုင်စရာ လက်မခံနိုင်စရာမို့ သူကတော့ ကြယ်ဖြူကို ဖျောင်းဖျလို့ မဖြစ်နိုင်ဘူးဆိုတာကိုပဲ အတွင်တွင်ပြောနေမိတယ် […]


နွယ်ပင်September 27, 20111min24211
ဒါပေမယ့် ဘယ်အရာမှ ကြာကြာဖုံးကွယ်လို့ မရတဲ့ လောကသဘာဝအရာ လင်းနေတစ်ယောက် ကြယ်ဖြူကောင်လေးနဲ့ တွဲနေကြတာကို သိသွားခဲ့တယ် ။ ဒီတစ်ခါမှာတော့ လင်းနေက ကြယ်ဖြူကိုတော်တော်လေးကို စိတ်တွေဆိုးသွားခဲ့တယ် ။ ကြယ်ဖြူအပေါ် ဒီလောက်နားလည် ပေးခဲ့တာ အကြင်နာပိုခဲ့ရတာ သူမမျက်နှာကို မှန်လိုကြည့်ပြီး လိုအပ်တာတွေ ဖြည့်ဆည်းပေးခဲ့ ရတာတွေအတွက် သူပြန်ရလိုက်တာက ဒီလိုပုံစံမျိုးလားဆိုပြီး စိတ်ထဲမှာ တော်တော်လေး ခံစားနေရတယ် ။ ကြယ်ဖြူရဲ့ ယုံအောင်ပြောတက်တဲ့ ပုံပြင်တွေကို မယုံတော့ဘူးလို့လဲ ဆုံးဖြတ်လိုက်တယ် ။ ဒါပေမယ့် ကြယ်ဖြူပဲဟာ ခေသူမှမဟုတ်တာ အရင်က လင်းနေကို နာရီဝက်လောက် ချော့ရရင် အခု (15) မိနစ်လောက်ပိုချော့လိုက်ရတယ် ။ ဆိုတဲ့သဘောမျိုးပဲပေါ့ နောက်ဆုံးတော့ နင်ငါ့ကိုတစ်နေ့ပိုင်ဆိုင်မယ် ဆိုတာ ကျိန်းသေနေတာပဲ ဆိုတဲ့စကားတစ်ခွန်း နဲ့ လင်းနေအလျှော့ပေးခဲ့ရတယ် […]