နွယ်ပင်August 18, 20111min26719
နွယ်ပင် တစ်ယောက်ကတော့ အင်တာဗျူးမေးရင်ခွေးနဲ့ တော်တော်အကျိုးထူးပုံရပါတယ် ။ ဒီတစ်ခါ မေ့လို့မရတဲ့ အင်တာဗျူး အတွေ့အကြုံလေးက (NO) အဖွဲ့က ရည်မွန်ကိုမေးတာလေးပါ ။ ရည်မွန်ကလဲ အိမ်ကိုပဲ လာမေးပါလား အစ်မရယ်ဆိုတော့ ညနေဘက် အလုပ်ပြန်ချိန်လေး သွားမေးတယ် ဒီတစ်ခါတော့ အင်တာဗျူးကို တစ်ယောက်သော သူကိုပါရအောင်ခေါ်သွားဖြစ်တယ် ။ ရည်မွန်တို့ အိမ်ကိုရောက်ရောက်ချင်းမှာပဲ တံခါးဖွင့်ယုံရှီသေးတယ် နွယ့်ပင်အချစ်တော်လေးတွေပြေးထွက်လာပြီး ဟောင်ကြတာ အမလေး နည်းတာမဟုတ်ဘူး အနည်းဆုံးမရှိဘူးဆို (5) ကောင်လောက်ရှိမယ် ။တစ်ကောင်သောခွေးကလေးက အရပ်လေးပုနေတော့ သူကဆိုဖာတွေပေါ်ပြေးတက်ပြီး နွယ်ပင်နဲ့ အနီးဆုံးနေရာလောက်ရောက်အောင်လာပြီး အသားကုန်ကို ထိုးပြီးဟောင်နေတော့ပဲ ကိုယ်ကလဲ အစကတည်းကကြောက်နေတာဆိုတော့ အခုလို အစုလိုက်အပြုံလိုက်လဲ ဟောင်ရော အင်တာဗျူးလာတာကို မေ့ပြီး ဘေးနားက တစ်ယောက်သောသူကို အားကိုးတစ်ကြီးနဲ့ ” မောင်ရေ ကယ်ပါဦးတွေ […]


နွယ်ပင်August 17, 20111min32430
အမှတ်တရဆိုတာ လူတိုင်းမှာ ရှိနေတက်ကြပါတယ် ။ အမှတ်တရဆိုတာ မကြုံဘူးတဲ့သူ မရှိလောက်ဘူးထင်ပါတယ်။ လွမ်းမောစရာအမှတ်တရ ၊ ပျော်ရွှင်စရာအမှတ်တရ ၊ အလုပ်ကပေးတဲ့ အမှတ်တရ ၊ ပြန်လည်သတိရစရာကောင်းတဲ့ အမှတ်တရ ၊ သတိမရချင်ပင်မယ့် အမှတ်တရ ဖြစ်စေခဲ့တဲ့ အမှတ်တရ အများကြီးပါပဲ ……..အမှတ်တရ အချို့က အချိန်ကြာရင်လာရင် လွမ်းမောစရာ တမ်းတစရာလေးတွေတောင် ဖြစ်သွားတက်ကြပါသေးတယ်။ နွယ်ပင်မှာတော့ ဒီလို အမှတ်တရ ကိစ္စတွေအများကြီးထဲက အမှတ်တရအဖြစ် ကျန်ရစ်ခဲ့တာတွေအများကြီးပါပဲ ။ ဒီအထဲကမှ နွယ်ပင်အလုပ်လုပ်ရင်းကြုံခဲ့တဲ့ အင်တာဗျူးအမှတ်တရလေးတွေကို ပြောပြချင်ပါတယ် ။ အရင်က နာမည်ကြီးဖက်ရှင်မဂ္ဂဇင်းတစ်ခုမှာ (3) နှစ်လောက် အယ်ဒီတာလုပ်ခဲ့တုန်းက အတွေ့အကြုံလေးပါ ။ အယ်ဒီတာ ဆိုလို့ အထင်မကြီးသွားနဲ့ဦးနော် ဒီမဂ္ဂဇင်းကအယ်ဒီတာဆိုတာ သူများတွေလို ကုလားထိုင်လေးမှ ထိုင်ပြီး ကဏ္ဍာလေးတွေကို […]


နွယ်ပင်August 15, 20111min15215
မြန်မာအစိုးရသစ်သည် လွန်ခဲ့သောအနှစ် ၂ဝ က နိုင်ငံခြားသားများအတွက် ထုတ်လုပ်ထားသော နိုင်ငံခြား ငွေလက်မှတ် FEC ကို ပြန်လည် ရုတ်သိမ်းရန် စီစဉ်နေကြောင်း တာဝန်ရှိသူများက သောကြာနေ့က ပြောကြားခဲ့သည်။ “မကြာတော့တဲ့ ကာလမှာ FEC ဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ “ကျပ်” နဲ့ နိုင်ငံခြားသုံးငွေသာ ရှိတော့မှာပါ” ဟု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယခု သတင်းစာရှင်းလင်းပွဲမှာ ဧပြီလ အစိုးရသစ်တက်ပြီး ပထမဆုံးကျင်းပသော သတင်းစာ ရှင်းလင်းပွဲ ဖြစ်သည်။ FEC ကို ၁၉၉၃ ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး နိုင်ငံခြားသုံးငွေကို အစိုးရထိန်းချုပ်မှု ပြုလုပ်နိုင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာလှည့် ခရီးသည်များအနေဖြင့် လေဆိပ်တွင် ဒေါ်လာ (၂ဝဝ) တန်ဖိုးရှိ […]


နွယ်ပင်August 9, 20112min48144
ဒါကတော့ အေသင်ချိုဆွေရဲ့ ကြွားချက်လေးပါ …. 😛 ဒါကတော့ အေးဝတ်ရည်သောင်းရဲ့ကြွားချက်လေးပါ …. 😀 ဒါကတော့ မော်ဒယ်မလေး စိုးပြည့်ပြည့်စံရဲ့ ကြွားချက်လေးပါ ….. 😛


နွယ်ပင်August 4, 20111min20615
ပန်းဆိုးတန်း-ဒလ ကူးတို့ကူးခကိုယခင် ကျပ် ၁ဝ ကောက်ခံလျှက်ရှိရာမှ ယခု ဩဂုတ်လ တစ်ရက်မှ စတင်၍ ကျပ် ၅ဝ သို့ပြောင်းလဲ ကောက်ခံလျှက်ရှိပါတယ် ။ ယခင်က လပေးကတ်တွေရှိသော်လည်း ယခုနောက်ပိုင်းတွင် လပေးစီးကူးတို့ကတ်များကို အစိုးရဝန်ထမ်းနှင့် ကျောင်းသား ကျောင်းသူများမှလွဲပြီး မည်သူကိုမျှ လုပ်မပေးတော့ကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးမှ ပြောကြားခဲ့ပါတယ် ။ ယခင်လပေးကတ်ဈေးနှုန်း (300) ကျော်မှ ယခုလပေးကတ်ဈေးနှုန်းကို (1500) ပေးသွင်းရမည် ဖြစ်ကြောင်း သိရှိရပါတယ်။ ရန်ကုန် ပန်းဆိုးတန်း-ဒလ ခရီးစဉ်ကို နေ့စဉ် ခရီးသွားပြည်သူ သုံးသောင်းခွဲခန့် အတွက် ရေယာဉ် နှစ်စင်းဖြင့် အသွားအပြန် ၉၂ ခေါက် ပြေးဆွဲပေးနေကြောင်း သိရှိရပါတယ် ။


နွယ်ပင်July 27, 20111min28419
ကြော်ငြာဆိုတာ ကျော်အောင် ညာရတဲ့ သဘောမျိုးပေါ့ လူစိတ်ဝင်စားအောင် မိမိရဲ့ ကုန်ပစ္စည်းကို မော်ဒယ်လ်တွေ စိတ်ကူးအသစ်အဆန်းတွေနဲ့ ပရိသတ် စိတ်ဝင်စားအောင် ရိုက်ကူးတင်ဆက် ပြသခြင်းတစ်မျိုးပါပဲ ။ဒီအထဲကမှ ပရိသတ်စိတ်ဝင်စားအောင် ရိုက်ကူးတင်ပြရင်း ဒါရိုက်တွေ ကြော်ငြာရှင်တွေရဲ့ သတိမထားမိလိုက်တဲ့ အမှားလေးတွေကို တွေ့မိသလောက် လေးပြောပြချင်မိတာပါ ။ ပထမဦးဆုံး သတိထားမိတဲ့ ကြော်ငြာလေးက ရဲတိုက်နဲ့ ဖွေးဖွေးနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ Glanz ခေါင်းလျှော်ရည်ပါ ။ ဂေါ့စ်တစ်ဖက်ရှင် ဒီဇိုင်းလေးတွေဝတ်စားထားပြီး ပရိသတ်စိတ်ဝင်စားအောင် သီချင်းမြူးမြူးလးနဲ့ရော ရိုက်ကူးထားလို့ လူတော်တော်များသတိထားမိတဲ့ ကြေငြာလေးပေါ့ ။ ဒါပေမယ့်ပြောချင်တာက ခေါင်းလျှော်ရည် ကြော်ငြာပါဆိုမှ ကိုယ်စားပြုရိုက်ကူးပေးရတဲ့ မင်းသားရဲ့ ဆံပင်က ငှက်သိုက်ကြီးဖြုတ်စွပ်ထားသလို ရှုပ်ပွလို့ ဒီခေါင်းလျှော်ရည်နဲ့ လျှော်လို့ပဲဖြစ်နေသလိုလိုနဲ့ပေါ့ အမှန်က ဖြစ်သင့်တာက ဒီထက်အဆင်ပြေမယ့် ဆံပင်ပုံစံမျိုးကို လုပ်သင့်တယ်ထင်တာပဲလေ […]


နွယ်ပင်July 23, 20111min37130
ငယ်သူငယ်ချင်း တစ်ယောက် စကာင်္ပူက ခဏပြန်လာတော့ သွားတွေ့ရင်း ရှေးဟောင်းနှောင်းဖြစ်တွေပြောမိကြတယ် အဲ့ဒီမှာ အဓိကပြောဖြစ်ခဲ့တာက အထက်တန်းကျောင်းသူဘဝက အကြောင်းတွေပဲ အရွယ်လေးတွေကလဲ ရနေပြီဆိုတော့ ပြန်မရနိုင်တော့တဲ့ အထက်တန်းကျောင်းသူဘဝလေးကို တန်းတန်းတတ ပြောမိကြတယ် အဲဒိမှာ သူငယ်ချင်းတစ်ယောက်က စပြောတယ် ……… “ဟဲ့ နင်တို့များ ကလေးရရင် ငါတို့ တက်ခဲ့တဲ့ ကျောင်းမှာ ယောင်လို့များသွာမအပ်မိစေနဲ့တဲ့ ကျာင်းမဖွင့်ခင်က ငါ့သမီးလေးကို ဘယ်ကျောင်းမှာ အပ်ရမလဲဆိုပြီး ငါတို့တက်ခဲ့တဲ့ကျောင်းမှာ သွားစုံစမ်းတာ ဆရာမတွေက ငါတို့ကိုမှတ်မိနေတုန်းပဲ သမီးကရော အမေလိုပဲလားဆိုပြီး ငါယောကျာင်္းကို ငါတို့ အကြောင်းတွေ အကုန်ဖောက်သည်ချလိုက်တာလေ သိတယ်မဟုတ်လား ဟို ဆရာမ နန္ဒာလှိုင်လေတဲ့ …….” နွယ်ပင်တို့ကလဲ ဟုတ်လား တီချယ်ကလဲ အရင်ပုံစံလေးပဲလား ဘယ်လိုလဲ ဝလားဆိုပြီးမေးကြာတာပေါ့ အမှန်ကတော့ နန္ဒာလှိုင်ဆိုတာ တီချယ်နာမယ်အရင်းမဟုတ်ဘူး […]


နွယ်ပင်July 21, 20111min33752
ဒိပိုစ့်ကို သူငယ်ချင်းတစ်ယောက်က သူ့တွေ့ကြုံလာတဲ့ အင်တာနက်ဆိုင်အကြောင်းပြောပြလာလို့ ရေးဖြစ်တာပါ အခုတစ်လော အင်တာနက်ဆိုင်တွေက ဟိုနေရာ ဒီနေရာမှာ မှိုလိုပေါက်လာကြတာ တော်တော်လေးကိုများတယ် ။ ဒါပေမယ့် လိုင်းကောင်းတဲ့ ဆိုင်ကတော့ သိပ်မရှိလှဘူးပဲ အဲတော့ လိုင်းကောင်းတဲ့ ဆိုင်ကို သွားပြီး သုံးကြတဲ့ သူတွေအများကြီးပါ ။ ဒီလိုပဲ သူငယ်ချင်းကလဲ အနီးအနားမှာ အင်တာနက်ဆိုင် ရှိတာတောင် မသုံးပဲ သူသုံးနေကျ ဘားလမ်းထဲ က အင်တာနက်ဆိုင်ထဲမှာ အမြဲလို သွားသုံးဖြစ်ပါတယ် ။သူ့အမျိုးသားကလဲ သဘောင်္သားဆိုတော့ မြို့တစ်မြို့ကို ကမ်းကပ်ပြီဆို သူ့မှာ အင်တာနက်ဆိုင်ကိုပြေးပြီး ဖုန်းခေါ်ရတာလဲ အမောပေါ့ အရင်တုန်းက Pfingo ကို ဝယ်ပြီး အလုပ်မှာ ခေါ်ဖြစ်ပင်မယ့် အခုနောက်ပိုင်း Pfingo က ဝယ်ဖို့ အဆင်မပြေတော့ ဘားလမ်းထဲက […]


နွယ်ပင်July 20, 20112min30917
ဗိုလ်ချုပ်ပြတိုက်သို့ အဝင် ။ အဝေးကနေလှမ်းရိုက်ထားသော ဗိုလ်ချုပ်ပြတိုက် ။ အဝေးကနေလှမ်းရိုက်ထားသော ဗိုလ်ချုပ်ပြတိုက် ။ ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်ကြသူများ ။ မနေ့က အာဇာနည်နေ့ဆိုတော့ သူငယ်ချင်းတွေစုပြီ ဗိုလ်ချုပ်အောင်းဆန်းပြတိုက်ကို သွားဖြစ်ခဲ့ကြတယ် ။ နက်မောက်လမ်းကို ရောက်တော့ ဗိုလ်ချုပ်ပြတိုက်ကို သွားကြည့်ကြမယ့် သူတွေက အများသားပဲ ။ ဗိုလ်ချုပ်ပြတိုက် ရှေ့ရောက်တော့ အထဲတည်းက ပြထားတာတွေကို ဓာတ်ပုံရိုက်မယ်ပေါ့ ပြီးရင် မသွားဖြစ်တဲ့ သူငယ်ချင်းတွေကို ပြမယ်ဆိုပြီး အားခဲထားတာ ပြတိုက်အဝင်ဝမှာက ဆိုင်းဘုတ်ကြီးက ဆီးကြိုလို့ ။ ဝင်ပေါက်တွင် ကင်မရာ ၊ လက်ကိုင်ဖုန်း နှင့် MP3 / MP4 တို့အားယူဆောင်ခွင့် မပြုသော ဆိုင်းဘုတ် ။ အဲတာနဲ့ ပါလာတဲ့ ပစ္စည်းလေးကို အလုအယက်အပ်ပြီး […]


နွယ်ပင်July 18, 20112min32431
အောက်တိုဘာလမှာ ရုံတင်ပြသတော့မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ဟောလိဝုဒ် နာမည်ကျော် မင်းသမီး Michelle Yeoh ပါဝင်သရုပ်ဆောင်ထားတဲ့ THE LADY ရုပ်ရှင်ကားမှာ ဇာတ်ဝင်ခန်းမြင်ကွင်းတွေပါ..။ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကားကို လာမည့် အောက်တိုဘာလမှာ ကမ္ဘာနဲ့ အဝှမ်းရုံတင် ပြသမှာ ဖြစ်ပါတယ်…။ Drama / Romance / ဘဝသရုပ်ဖော်တွေ ပါရှိတဲ့ အဆိုပါ ရုပ်ရှင်ဇာတ်ကားအား ပြင်သစ်ဒါရိုက်တာ Luc Besson ကရိုက်ကူးပြီး EuropaCorp, Left Bank Pictures, France 2 Cinema ကုမ္ပဏီတွေက ထုတ်လုပ် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်…။


နွယ်ပင်July 14, 20111min36021
လူတစ်ယောက်အတွက် ကိုယ့်ကျင့်တရားနဲ့ သိက္ခာ ဘယ်လောက်အရေးကြီးတယ်လို့ထင်ပါသလဲ …………….. လူတစ်ယောက်ရဲ့ ရိုးသားမူကရော သူ့ ဘဝအတွက် ဘယ်လိုနေရာမျိုးမှာရှိနေသင့်တယ်လို့ ထင်ပါသလဲ …………….. အလုပ်တစ်ခုကို လုပ်ဆောင်ရာမှာ အဲလူအတွက် ရိုးသားမူနဲ့ ကိုယ်ကျင့်တရားကရော ဘယ်နေရာလာက်မှာ ရှိနေသင့်ပါသလဲ …………. ဒီလိုမေးခွန်းလေးတွေ ဝင်လာရတာက ……………… မနေ့ကတော့ အလုပ်က ကိစ္စတစ်ခုနဲ့အစိုးရဘဏ်တစ်ခုမှာ ငွေသွားထုတ်ရမယ့်ကိစ္စကပေါ်လာတယ် အရင်က အပြင်က ပုဂ္ဂလိက ဘဏ်တွေနဲ့ပဲ လုပ်နေကြဆိုတော့ အခုစိုးရဘဏ်ဆိုတော့ နည်းနည်းကြောင်တောင်တောင်ဖြစ်နေတာပေါ့ (10း00) နာရီလောက်ကတည်းက ဘဏ်ကိုရောက်နေတာ (11း 00) နာရီထိုးတဲ့ အထိငွေက မရသေးတော့ တာဝန်ရှိသူကိုသွားမေးတော့ ငွေလွှဲတဲ့ စာကတော့ ရောက်ပါပြီ ဒါပေမယ့် ဘဏ်ထဲမှာ ငွေမရှိသေးတော့ ခဏလောက်စောင့်ရမယ်တဲ့ အဲတာနဲ့ စောင့်နေတဲ့ သူတွေကိုကြည့်လိုက်တော့ ကိုယ့်အပြင် (9/10) […]


နွယ်ပင်July 13, 20111min1333
၁ ။ နွားနာက်တွင် တရစာ္တန်မျိုးစုံ၏ အင်္ဂါများပါရှိသည် ။ (မှား /မှန်) ၂ ။ လူတွေတင် မျက်နှာများတာ မဟုတ်ဘဲ ငှက်ထဲမှာလဲ မျက်နှာများတဲ့ ငှက်တစ်ကောင်ရှိပါတယ်တဲ့ အဲငှက်ကတော့ နှံပြည်စုတ်ငှက်ပါတဲ့ ။(မှား /မှန်) ၃ ။ စာမရီငှက်သည် ငှက်မကို နောက်ပိုးပိုးသည့်အခါ တစ်ခြားငှက်များနဲ့ မတူပဲ အိန္ဒြေရရ ပိုးပန်းသည့် ငှက်တစ်ကောင်ဖြစ်သည် ။ (မှား /မှန်) ၄ ။ အင်းဆက်ပိုးကောင်များတွင်မျက်လုံးမပါရှိပါ ။ (မှား /မှန်) ၅။ နှံကောင်တွင် နားရွက်ပါရှိသည် ။ (မှား /မှန်)


နွယ်ပင်July 7, 20111min25315
ဒီနေ့မနက် အိပ်ယာက စောစောနိုးနေတာနဲ့ အိပ်က လူတွေအတွက်စားဖို့ မနက်စာလေးသွားဝယ်ပေးမိပါတယ် ..တစ်ခါထဲပြောမပြောချင်ဘူး အဟုတ်ကိုပဲ ၊ အရင်နေ့တွေကဆို နွယ်ပင်တို့က အလုပ်ပင်ပန်းလို့ အိပ်ယာက စောစောမနိုးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်က ဝယ်ကျွေးတဲ့ မနက်စာကို အခန့်သင့်စား တစ်ခါတစ်လေ ကိုယ်မကြိုက်တဲ့ မုန့်ဝယ်ထားတာတို့ မုန့်ကို ကိုယ်စားနိုင်ထာထက်ပိုဝယ်ထားလို့ ဆိုပြီးအိမ်က လူတွေကို ဂဂျီဂဂျောင်ကျနဲ့ အဲလို ဇီမ်ယူဖြစ်တာများတယ် ။ ဒီနေ့တော့ အဲလို မဟုတ်ဘဲစိတ်ကောင်းလေးဝင်နေတာနဲ့ မနက်မုန့်စာလေး သွားဝယ်ဖြစ်ခဲ့တာ အိမ်ကလူတွေက တစ်ယောက်တစ်မျိုးမှာနေတာနဲ့ ဆိုင်(3) ဆိုင်လောက်ပတ်ပြီး ဝယ်နေခဲ့ရတယ်လေ ။ တစ်ယောက်က ပဲပြုတ်နဲ့ နံပြားစားမယ်ဆိုလို့ အရင်ဆုံးပဲပြုတ်သွားဝယ်တာ (1000) တန်မို့မအမ်းနိုင်ပါတဲ့ အကြွေရှိမှ ရောင်းလို့ရမယ်တဲ့ အဲတော့လဲ အသုပ်ဆိုင်ကို ပြေးရပြန်ရော ” အသုပ်တစ်ပွဲ (300) […]