မိုးမရွာလည်း ရန်ကုန်မြစ်ရေတက်တာနဲ့  ရေတွေပြည့်လာတဲ့  ကမ်းနားလမ်း မြောင်းဖုံးမရှိတဲ့ လမ်းအပေါက်တွေက လူနဲ့ကားများအတွက်အန္တရာယ်ပါပဲ ရေတွေကိုရှောင်ရင်းကားလမ်းတွေလည်းကျပ်ပြီး ကားတွေလဲဖြည်းဖြည်းပဲသွားတော့ပေါ့ လမ်းသွယ်တွေထဲရောရေတွေဝင် ဒီလိုသာရေတက်နေချိန်မိုးများရွာလိုက်လို့ကတော့  လူကြီးမင်းတွေလည်းခါတောင်းသာကျိုက်ကြပေတော့ ရန်ကုန်ရွာထဲ ကရေကြီးရင် ဒီလိုပဲရေတွေတက်နေတော့မှာလား အဆင့်  မြှင့် သလောက်  မမြင့်နိုင်တဲ့ရန်ကုန်ပါပဲ။။  


၁) ဒါ ရှင့်ရဲ့ပထမဆုံးအကြိမ်နော်…” (၂) မိန်းမ ညီမျှခြင်း စောင်— (၃) မဖြစ်နိုင်သော မေးခွန်းများကို မမေးပါနှင့် … (၄) သာတဲ့အချက်— (၅) ကုပေးရတာပေါ့ (၆) သေချာပြောပါ (၇) ငါစားတာ (၈) ဘယ်လိုပုံလ (၉) ကျွမ်းကျင်ရာ (၁၀) ဈေးလျှော ့ပါ **************************************************************************************** (၁)ဒါ ရှင့်ရဲ့ပထမဆုံးအကြိမ်နော်…” တခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ၂၅နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပကြ ပါတယ်။ သူတို့စုံတွဲဟာ အိမ်ထောင်သက်၂၅နှစ်အတွင်းမှာ တခါမှကတောက်ကဆမဖြစ်ဖူးဘူးလို့ မြို့မှာ နာမည်ကြီးပါတယ်။ ဒါကြောင့် နယ်ခံသတင်းစာရဲ့ အယ်ဒီတာကအဲဒီ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေး ရဲ့ လျှို့ဝှက်ချက်ကို မေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။ အယ်ဒီတာ~ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ […]


ကျွန်တော်ရဲ့    ကလေးဘဝတစ်လွဲ   အတွေးများ။။။။။ ကျွန်တော် ရဲ့ ငယ်ငယ် ကလေးဘဝက အလွဲတွေကတော့ ဖတ်ရသူတွေအတွက် တော့ တော်တော် ကြောင်တောင်တောင်နိုင်တဲ့ကောင်ပဲလို့ထင်ကြမှာဗျ….။ ကျွန်တော် တွေးတဲ့ ပုံစံက တော်တော် ဂွတီးဂွကျ နိုင်တဲ့အတွေးတွေ  ဖြစ်နေလို့ပါပဲ … အတွေး(၁) ငယ်ငယ်တုန်း အချိန်က ရေဒီယိုတွေ ပေါ်ဦးစအချိန်တွေ တုန်းက လူတိုင်းမဝယ်နိုင်တဲ့ရေဒီယိုလေး ဖခင်ဖြစ်သူက ဝယ်ပေးခဲ့လို့ ရေဒီယိုလေးရလို့ ပျော်နေတတ်တဲ့အချိန် ဘယ်ကလာမှန်းမသိတဲ့အသံတွေဒီ စက်ကလေးထဲက ထွက်နေပေမယ့် နားထောင်ကောင်းသားဗျ  ဒါပေမယ့် ဒီထဲကအသံတွေဘယ်က လာသလဲ မသိတာဟာ ကျွန်တော့ အတွက်တော့ စဉ်းစားစရာပါ တစ်နေ့ မိသားစုလိုက် ရွှေတိဂုံ ဘုရားကြီးသွားဖူးရင်း မြန်မာ့အသံဆိုတဲ့ အဆောက်အဦးကြီးထဲကနေ လွှင့်ပေးနေတာလို့ ဖခင်ဖြစ်သူရှင်းပြမှ…အော်…..ရေဒီယိုထဲကအသံတွေက  ဒီအဆောက်အဦး ကြီးထဲကလာတယ်ဆိုတာ သိလိုက်ရတာပဲဗျ…..။။ ဒါကလဲ ရေဒီယိုနဲ့ […]


(၁) နေကြပ်တဲ့နေ့ (၂) ဩဝါဒ (၃) မစော်ကားနဲ့ (၄) ဒီစာကို မဖတ်ပါနဲ့။ (၅) ဘာသာစကား (၆) ဘာပြောတယ် (၇) ဘယ်လိုသုံးမလဲ (၈) ကိုချင်းစာပါ (၉) ကြားဖူးတယ် (၁၀) ပိုကြီးနေလို့ ******************************************************************************** (၁) နေကြပ်တဲ့နေ့ “““သိပ္ပံ ပညာရှင်တွေဟာ ဘယ်လိုနည်းနဲ့ နေကြပ်တယ်ဆိုတာကိုကြိုတင်သိနိုင်တာလဲမသိဘူးနော်””” “““ ဘာလဲ ၊ သူတို့ သတင်းစာမဖတ်ဘူးထင်လို့လား””” **************************************************************************** (၂) ဩဝါဒ လူတစ်ယောက်ညဘက်အမူးလွန်၍ပြန်လာရာ.. အမျှော်အမြင်ကြီးစွာဖြင့် ကားကိုလမ်းဘေးတွင်ရပ်၊သော့ခတ်ကာအိမ်သို့ လမ်းလျှောက်ပြန်လာသည်။ ထိုအချိန်ရဲတစ်ယောက်နှင့်သွားတိုး၏ ““ည ၂နာရီထိုးပြီ ဒီအချိန်ကြီးခင်ဗျားဘယ်သွားမလို့လဲ””မေးရာ မူးလာသူမှ… ““ဩဝါဒ ပေးတာသွားနားထောင်မလို့ပါ”” ဟုဖြေရာ ရဲက ““ဒီအချိန်ကြီးခင်ဗျားကိုဘယ်သူကဩဝါဒပေးမှာလဲ”” ဟုမေးရာ “““ကျွန်တော့် မိန်းမကပေးမှာပေါ့ဗျ””” ဟုဆိုကာလမ်းဆက်လျှောက်သွား ပါလေတော့သည်။။ […]


ဖိနပ်…။။ ဖိနပ်…ဖိနပ်က ဘယ်နှယ်ခုနှစ်ကစတင် တီထွင်ခဲ့တာပါလဲ? အနောက်တိုင်းကစတင်တီထွင်ခဲ့တာလား အရှေ့တိုင်းက စတင် တီထွင်တာလား ဖိနပ်ကိုလူတွေစတင်အသုံးပြုခဲ့တဲ့အတိတ်သမိုင်းကြောင်းကို မသိပေမယ့် ဖိနပ်ဟာ  ယခုခေတ်အချိန် အခါမှာတော့ နိုင်ငံအသီးသီး မှာတွင်ကျယ်စွာအသုံးပြုနေကြပါပြီ နေရာဒေသအလိုက် ဝတ်ဆင်ပုံနဲ့ ဖိနပ်ပုံစံအမျိုးမျိုးရှိကြပေမယ့် ဖိနပ် ဟာလူတစ်ယောက်အတွက်တော့မရှိမဖြစ် လူ့အသုံးအဆောင်ပစ္စည်း တစ်ခုအဖြစ်ရပ်တည်နေရုံမကပဲ ….။ ကြွယ်ဝချမ်းသာသူတွေကြားထဲမှာတော့ လူတစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ ဂုဏ်ဒဒြပ် တစ်ခုရဲ့ပြရုပ်အဖြစ်လည်း ဝတ်ဆင်ကြတာတွေ့ကြရပါတယ် …လူတစ်ယောက်ဟာ ဘယ်လိုအခြေအနေမှာရှိနေပါစေ အတော်အတန်ကောင်းမွန်တဲ့ ဖိနပ်တစ်ရံစီတော့ ပိုင်ဆိုင်ထားကြပါတယ်….လူတစ်ချို့ဆိုရင် ဖိနပ်ကိုအရံပေါင်းမြောက်များစွာကို ပိုင်ဆိုင်ထားသူများအဖြစ်လည်း တစ်ချို့သောနေရာဒေသ တိုင်းပြည်တွေမှာတွေ့ရပါတယ်…။ ထင်ရှားတဲ့လူတစ်ချို့ရဲ့ဖိနပ်တွေကိုဆိုရင် လေလံတင်ရောင်းချရတဲ့အထိ ရှိနေခဲ့တာရယ် ဖိနပ်တရံအတွက် ငွေကြေးမြောက်များစွာ အသုံးပြုပြီး လေလံဆွဲဝယ်ယူခဲ့သူတွေလည်း တွေ့ရတတ်ပါတယ်။။။။။ ဖိနပ်မှာထူးခြားချက် ကလေးတွေကိုလည်းဒီလိုတွေ့ရတတ်ပါတယ် … လူတစ်ယောက်ဟာ  ဖိနပ်တရံကိုအသုံးပြုမယ်ဆိုရင်……………… အစုံလိုက်အသုံးပြုမှသာရပါတယ် ဘယ်ညာ နှစ်ဖက်ရှိမှ ဝတ်ဆင်အသုံးပြုနိုင်တာကိုတွေ့ရပါတယ်..။ […]


(၁) လက်ထပ်မှာလား (၂) သတိပေးထားတာ (၃) မောင့်လက်မှတ်လို့ (၄) မေ့သွားလို့ (၅) ငါအသိဆုံးပါ (၆) နတ်မိမယ် (၇) အရေးပေါ် (၈) ဒီနေ့ပို့မယ့်နေရာ… (၉) ကြိုက်တာဝယ်စားး.. (၁၀) ပလုံ *********************************************************************** (၁) လက်ထပ်မှာလား “မေမေ၊ သားတို့ဦးလေးကြီးကလေ ဟိုဘက်အိမ်က အန်တီလေကို ဖက်နမ်းနေတာဗျ သိလား” “ နေပါစေသားရယ် ၊ သူတို့က လက်ထပ်တော့မှာပဲ” “ဒါဆို သားတို့ဖေဖေလဲ အိမ်ဖေါ်ကောင်မလေးကိုလက်ထပ်တော့မှာပေါ့နော်” ********************************************************************** (၂) သတိပေးထားတာ ““ဟဲလို မီးသတ်ဌာနကလား ခင်ဗျာ”” “ ဟုတ်ပါတယ်ခင်ဗျာ ဘယ်မှာမီးလောင်လို့ပါလဲ” ““ဒီလိုပါခင်ဗျာ ကျွန်တော့်အိမ်ရှေ့ကခြံထဲမှာ ငရုပ်နဲ့ ခရမ်းချဉ်ပင် စိုက်ထားတာ တော်တော်လေး အောင်မြင်နေပါတယ်၊ တစ်နေ့ရောင်းကြေးဟာ  နှစ်ရာ့ငါးဆယ် […]


သူတောင်းစားနဲ့အတူတူ သီချင်းတွဲဆိုဘူးပါသလား ကျွန်တော် ကိုယ်တိုင်ကတော့သူတောင်းစား တစ်ယောက် မဟုတ်ဘူးဗျ ။အင်း…….. သူတို့လင်မယားသုံးယောက်နဲ့ အတူ သီချင်းတွဲဆိုဘူးတယ် ဗျ ..။။ လင်မယားသုံးယောက်ဆိုလို့ တစ်မျိုးမထင်လိုက်နဲဗျ ဒီကောင်က သူတောင်းစားသာဆိုတယ် မိန်းမနှစ်ယောက်ယူထားတာလေ  သူနဲယူထားတဲ့ကောင်းမလေးတွေက ငယ်ငယ်လေးတွေဗျ အသက် ရှိမှ ဆယ့်ငါးဆယ့်ခြောက် ပေါ့ သူကလဲ ခပ်ငယ်ငယ်ပါပဲ သူအသက်ကတော့ နှစ်ဆယ် လောက်ရှိမယ်ထင်တယ် ပထမ စပြီယူထားတဲ့မိန်းမကြီးနဲ့က ခလေးတစ်ယောက်မွေးထားတယ်လေ သူနာမည်က“““မောင်ကို”””တဲ့..ခြေထောက်လေးတစ်ဖက်က နည်းနည်းတော့ ဆာတာတာနဲ့ပဲ သူ့မိန်းမနှစ်ယောက်နာမည်တော့ မမှတ်မိတော့ဘူးဗျ မောင်ကိုဟာ မြန်မာပြည် အနှံအပြားမီးရထားနဲ့သွားလို့ရတဲ့နေရာမှန်သမျှ မြိ့ရွာတွေမှာ သူမနေဘူး မရောက်ဘူးတဲ့မြို့ မရှိသလောက်သလောက်ပါပဲ ယခင် ငယ်စဉ်ကတော့ သာမန် သူတောင်းစားတစ်ယောက်လို့ တောင်းစားခဲ့တာပါတဲ့ ဒါပေမယ့် သူဟာ သူလုပ်နေတဲလုပ်ငန်းအပေါ်မှာ တိုးတက်ခြင်စိတ်တော့ရှိတယ်လို့ပြောရမယ်ဗျ… သူတောင်းလို့ရသမျှထဲက ပိုက်ဆံကိုစုပြီး..စဉ်အိုးလေးတွေဝယ် ထီးရွက်စုတ်တွေလိုက်ကောက် […]


သင့်ရဲ့မေတ္တာ ..ဘယ်လိုဟာလဲ။။။ ရှင်တော်ဘုရားဟာ မိဘနှင့်ပါတ်သက်၍ သားသမီးများအပေါ် မေတ္တာတရားကြီးမားပုံ မိဘကျေးဇူးမြင်မိုရ် ဦးသို့ ဆပ်၍မကုန်နိုင်အောင်ရှိပုံတို့ကိုဟောကြားထားသည့် တရားမျာအား ကြားနာမှတ်သား မိကြမယ်လို့ထင်ပါတယ်…. ရဟန်းပညာရှိလူပညာရှိများကလည်း ကျေးဇူးဂုဏ်ကြီးမြင့်လှမိနှင်ဖ ဗြဟ္မာ လူစင်စစ်က ဗြဟ္မာဘွဲ့ ခံထိုက်သူများဟုဆိုရလောက်အောင် ဂုဏ်ကျေးဇူးကြီးမားပုံ မိဘ မေတ္တာသည် ယူဇနာရှစ်သောင်းလေးထောင်ရှိသော မြင်မိုရ်တောင်နှင့်နှိုင်းစာလျှင် မြင်မ်ုရ်တောင်သည် နွားဦးချိုခန့်သာရှိပုံ မိဘမေတ္တာသည် ယူဇနာရှစ်သောင်းလေးထောင်နက်ဝှမ်းဆောင်သည့် သမုဒ္ဒရာနှင်နှိုင်းစာပါက သမုဒ္ဒရာသည် ရေပေါက်ပမာသာရှိပုံ မိဘမေတ္တာသည် ယူဇနာနှစ်သိန်းလေးသောင်းအထုရှိသောကမ္ဘာမြေကြီးနှင့်နှိုင်းစာပါကကမ္ဘာမြေကြီးသည် ဝါးရွက်ငယ်မျှသာရှိပုံ တိုကို ထင်းရှားသက်သေ  စာပန်းခွေတို့ဖြင့် ထင်ရှားအောင်တင်စားခဲ့ကြပါသည်။။ မိဘတို့၏မေတ္တာသည် တသွင်သွင်စီးဆင်းသော စိမ့်စမ်းရေကဲ့သို့ သားသမီးတိုအပေါ်၌ ထားရှိလေသည်ဟုသိမြင်ထားကြသည်။။။။ စာဖတ်သူများခင်ဗျားသင်တို့ရော  မိဘ နေရာမှာရယူထားကြတဲသူများအတွက် သတိထားသင့်တဲ့ မိဘမေတ္တာ တရားအကြောင်းလေး ပြောချင်ပါတယ်…. ရှင်တော်ဘုရား အပါအဝင် ရဟန်းပညာရှိ လူပညာရှိများက အထက်ပါသာဓက များစွာနဲ့ […]


(၁) ဥပေက္ခာ (၂) ဈေးကြီးလိုက်တဲ့ ကြက်တူရွေး (၃) မတ်တပ်ပဲရပ်မယ် (၄) မှတ်မိလိုက်ပုံက (၅) ကားအနီကြီးသာမောင်းလာခဲ့ပါ (၆) လူမှန်နေရာမှန် (၇) ငှက်ကလေးရဲ့..အဖြစ် (၈) မတူကြဘူး (၉) မျက်စိဆရာဝန် (၁၀) ဖုန်းခေါ်မိလို့ *************************************************************************************** (၁)ဥပေက္ခာ ဘဲ ကိုနာမည်ပြောင်းလိုက်ပြီ.. ဒါဆိုဘယ်လိုခေါ်ရမလဲ… “““ဥပစ်ခါ…လိုခေါ်ပါ””” …….ဘာလို့… ဟုတ်တယ် လေ….. ဘဲက..ဥပြီးတာနဲ ပစ်ထားခဲ့ပြီး ဖင်လေးခါပြီး ထွက်သွားတာကိုး။။။။ ဒါကြောင့် ဥပစ်ခါလို့ပြောင်းလိုက်…………။။ ****************************************************************************** (၂) ဈေးကြီးလိုက်တဲ့ ကြက်တူရွေး……………. အိမ်မွေးတိရစာ္ဆန်များရောင်းသော ဆုင်တစ်ဆိုင်အတွင်း ဝယ်သူတစ်ဦး ရောက်ရှိလာလေသည်။ ဝယ်သူ။ ။ ကြက်တူရွေးတစ်ကောင်လောက် လိုချင်တယ်။ ဆိုင်ရှင်။ ။ ရပါတယ်။ ဒီကြက်တူရွေးက ဒေါ်လာ ၅၀၀၊ ကွန်ပျူတာ […]


အပိုဆောင်းစကား..။။။။။။ လူတွေဟာသိပ်အံဩဖို့ကောင်းတယ် စိတ်နေစိတ်ထား အပြောအဆို  အမှုအကျင့် အမျိုးမျိုးရှိကြတယ်ဗျ တစ်ဦးနဲတစ်ဦး အကျင့်စရိုက်ခြင်း အပြော အဆိုခြင်း ဘယ်လိုမှ မတူညီနိုင်ကြဘူးလေ အဲလိုမတူညီကျတဲ့ အခြေအနေမှာ မလွဲပေမယ့်နည်းနည်းကွဲသွားတဲ့  အချက်တွေနဲ့ လူတော်တော် များများကို ကြုံခဲ့ရဘူးတယ် ….. စကားကိုလူတိုင်းနေ့စဉ်နဲ့ အမျှ ပြောဆိုနေကြရတယ် အဲလိုပြောဆိုတဲ့စကားတွေမှာ လူတစ်ချို့ဟာ မိမိကိုတိုင် အမှတ်မထားမိပဲ ထပ်ခါတစ်လဲလဲ ပြောဆိုမိတဲ့ ရေရွတ် ပြောဆိုတဲ့စကားတွေ  ရှိ တတ်ကြတယ် အပိုဆောင်းစကားတွေပေါ့ မိမိကိုယ်တိုင်တော့ သတိမထားမိပေမယ့် တဖက်ကနားထောင်းရသူဟာ  ပြောဆိုသူရဲ ထပ်ခါထပ်ခါ ရေရွတ် သုံးစွဲ ပြောဆိုလာတဲ့စကားကို အကြိမ်ကြိမ် ကြားလာရရင် သတိထားမိလာတတ်တယ် ….. အဲဒီလိုထပ်ခါထပ်ခါပြောဆိုခြင်ဟာ အကျင့် ကြောင့်ဖြစ်ပြီး အဲလိုထပ်ခါထပ်ခါပြောဆိုမှသာ စကားပြောတဲ့နေရာမှာ စိတ်ပါလက်ပါရှိတယ်လို့မိမိကိုကိုယ်  ထင်တဲ့အတွက် မိမိကိုတိုင် အကြိမ်ကြိမ် […]


(၁) ကူညီပါ့မယ် (၂) မတိုင်နဲ့လေ (၃) နောက်ဆုံးပေါ်အိမ်သားသုံးစက္ကူ (၄) လူစကား (၅) မြန်မြန်ပြန်တော့ (၆) နောင်တ (၇) ဘယ်အချိန်လာရမလဲ (၈) ဘာမှမရှိဘူး (၉) အကြံကောင်း (၁၀)မင်းရဲ. အတွေး အခေါ်ကို ကြိုက်တယ် ******************************************************************************* (၁) ကူညီပါ့မယ် ဟင်းသီးဟင်းရွက်သည်ကို အဘွားကြီးကပြောသည် “အားလူးငါးပိဿာဝယ်မလို့ သမီးရယ်။ ဒါပေမယ့် မသယ်နိုင်မှာ စိုးတယ်ကွယ်။” “မပူပါနဲ့ အဘွား။ အဘွား သယ်နိုင်အောင် ကျွန်မချိန်ပေးလိုက်ပါ့မယ်” ********************************************************************************* (၂) မတိုင်နဲ့လေ အိမ်ထောင်ပရိဘောဂဆိုင်သို့ လူကြီးတစ်ယောက် ဝင်လာပြီး ဆိုင်ရှင်ကို မကျေမနပ် ပြောသည်။ “မနေ့က ခင်ဗျားဆိုင်က ကျွန်တော် ကုလားထိုင်ဝယ်သွားတယ်။ ဒီနေ့ ကျိုးသွားပါပကော။” “မဟုတ်မှလွဲရော၊ တစ်ယောက်ယောက် တက်ထိုင်လိုက်ပြီ […]


အမြီး..အမောက်..နှင့် စကားစုများ ။။ ငယ်ငယ်ထဲက ကြားဖူးနေတာပဲဗျ ..လူကြီးတွေလဲပြောပြောနေကြတာပဲ ကျွန်တော်လည်း တစ်ခါတစ်လေ ကိုယ်အောက်ကလူတွေကိုပြောတာပဲ ဒီစကားလုံးသုံးနှုန်းပြီးပြောတာကတော့  တော်တော်များများ သိထားပြီးကြတဲစကားတွေပါပဲ ဒါပေမယ့်ဒီနေ့မှ ဒီအကြောင်းသိလိုက်တာ ကျွန်တော်ကိုယ်ကိုကိုယ် တော်တော်ညံသွားပြီထင်တာပဲ ကိုယ်တိုင်နေ့စဉ်သုံးစွဲ ပြောဆိုနေတဲ့ အမှတ်မထားမိတဲ့ စကားလုံး  အသုံးအနှုန်းလေးတွေကို တခါတရံသတိထားမိတဲ့အခါမှကြမှသာ..သဘောပေါက်ကြရတာကလား….. လူကြီးသူမတွေရှေကပြောလို့သာ လိုက်ပြောကြတာ  အခုနှောက်ပိုင်းလူတွေ အသက်အတန်ငယ်ရပြီးသား လူအများတောင် အဓိပ္ပာယ် မဖော်နိုင်တဲ့ စကားစုများစွာရှိနေပါသေးတယ်… အဲဒီစကားလုံတွေပေါ်ပေါက်လာရတဲ့ အကြောင်းရင်းခံကတော့ရှိနေမှာပါ..လေ့လာဆန်းစစ်နိုင်မှု အားနည်းချက်နဲ့  ပေါ်ပေါက်လာတဲ့ လက်ငင်းဖြစ်ရပ်အပေါ် ပေါ်လွင်စွာ ပြောဆိုသုံးစွဲ နိုင်မှုကြောင့် လက်ရှိအချိန်ထိ  စကားလုံးရဲ့ အဓိပ္ပာယ်ကိုမသိပဲပြောဆိုသုံးနှုန်း နေတဲ့စကားလုံပေါင်းမြောက်များစွာ ကျန်ရှိနေပါသေးတယ်….. အဲဒီစကားလုံးတော်တော်များများရှိတဲ့အနက်အချို့ကို ရေးပြရရင်………. ကလေးတွေအဆော့လွန်လို့အိမ်ပြန်မရောက်လာရင် ဆူပူလေ့ရှိတဲ့ အခါ ““နင်တို့ ကိုးချင်းကိုးချင်း သွားနေတာပဲ””ဆိုတဲ့ ( ကိုးချင်းကိုချင်း) ဆိုတာဘာကိုရည်းညွှန်းတာပါလဲ။။။ တစ်ခုခုကိုငြင်းဆန်မိရင်/ […]