One ManDecember 12, 20121min1034
ကျွန်တော်တို့နိုင်ငံက အပြောင်းအလဲလုပ်နေတဲ့ကာလတစ်ခုကို ဖြတ်သန်းနေပါတယ် အဲဒီလိုအပြောင်းအလဲကာလဟာ အရေးကြီးဆုံးကာလတစ်ခုပါ။ အပြောင်းအလဲမှာ အဓိကကျတဲ့အော်ပရေတာတွေဟာ နိုင်ငံတော်သမ္မတကြီးနဲ့ အစိုးရအဖွဲ့၊ လူထုခေါင်းဆောင်၊ လူမှု၊ နိုင်ငံရေး၊ စီးပွားရေး ခေါင်းဆောင်အသီးသီးတွေ မှန်ပေမဲ့ လူများစု ပြည်သူတွေကလည်း အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရပ်တည်နေပါတယ်။ ညှိနှိုင်းမှု၊ စိတ်ရှည်မှု၊ လိုက်လျောညီထွေ လိုက်ပါပြောင်းလဲမှု၊ စာနာ နားလည်မှု စတဲ့အခန်းကဏ္ဍတွေမှာ အဓိကကျတဲ့အော်ပရေတာတွေအပြင် ပြည်သူပြည်သားတွေကလည်း အားတက်သရော လုပ်ဆောင်ကြဖို့လိုပါတယ်။ ယနေ့ လက်ပံတောင်းတောင်ကိစ္စကိုကြည့်ပါ = အစိုးရက အဖွဲ့ဖွဲ့ပေးထားတယ်။ အဲဒီအဖွဲ့က ဘယ်လိုတွေ့ရှိတယ်ဆိုတဲ့ ရလဒ်လေးကို စောင့်သင့်ပါတယ်။ အထူးသဖြင့် ဘုန်းဘုန်းဘုရားတို့ကို မေတ္တာရပ်ခံချင်တာက ဖြစ်နိုင်ရင် လူမှုလောကီကိစ္စတွေမှာ အတတ်နိုင်ဆုံးမပါဘဲ ဒေါသကြီးသူ ဒေါသနည်းအောင်၊ လောဘကြီးသူ လောဘနည်းအောင်၊ အာဃာတစိတ်ကြီးသူ မေတ္တာစိတ်ထားတတ်အောင် ဆုံးမစေချင်ကြပါတယ်။ အားလုံး မေတ္တာလွှမ်းခြုံ […]