onlinezzApril 20, 20111min1123
လွယ်လွယ်ကူကူနဲ ့ကြက်ဥပူတင်း လုပ်စားကြည့်ချင်ယင် ပထမဆုံး ကြက်ဥနှစ်လုံး ( လူအနည်းအများ ပေါ်မူတည်) ဖောက်ပြီး ခွက်ထဲကို ထည့်ပါ။ ပြီးတော့ ဆား၊ သကြား ၊ ဆိုဒါ အနည်းငယ် ထည့်ပြီး နာနာခလောက်ပါ။ (အချိုကြိုက်ရင်တော့ သကြားများများထည့်ပေါ့ ) ပေါင်းမယ့် ခွက်ထဲကို သကြားနည်းနည်းလေး ထည့်ပြီး မီးနည်းနည်းနဲ ့အပူပေးလိုက်ပါတယ်။ သကြားအညိုရောင် သမ်းသွားရင် ပေါင်းမယ့်ခွက်ထဲကို ခုနက မွှေထားသော ကြက်ဥတွေကို လောင်းထည့်ပြီး မီးနည်းနည်း နဲ ့ပဲ တည်ထားလိုက်ပါတယ်။ နောက်နာရီဝက်လောက်ကြာရင် ချိုချိုမွှေးမွှေး ကြက်ဥပူတင်း စားလို ့ရပါပြီ. 🙂


onlinezzApril 8, 20111min20214
တစ်ခါက ပင်လယ်ထဲမှာ သင်္ဘောငယ် တစ်စီး မီးလောင်ပြီး နစ်ပါတယ်။ အချိန်မီ အဆက်အသွယ်ယူတော့ နီးရာတစ်နေရာမှ ရဟတ်ယာဉ်တစ်စီးက ကြိုးချပြီး ကယ်ဆယ်ပါတယ်။ ကြိုးကိုဆွဲပြီး အတန်းလိုက် တွယ်ပါလာတာက ၁၁ ယောက်ပါ ။ အထက်ဆုံးက အမျိုးသမီးတစ်ဦး။ ရဟတ်ယာဉ်မောင်းသူက ပြောပါတယ်။ ရဟတ်ယာဉ်ကသေးလို ့လူပို ၁ဝ ယောက်ပဲနိုင်တယ်။ ကြိုးမှာ ၁၁ ယောက်ပါနေပါတယ်။ တစ်ယောက်ယောက် ဆင်းပေးပါလို ့ပြောတယ်။ မင်းဆင်းပါ ။ ငါမဆင်းဘူးနဲ  ့ငြင်းနေကြတာ ၁၁ ယောက်လုံး ဘယ်သူမှ မဆင်းဘူး.။ အောက်ဆုံးက နောက်ဆုံးလူ ဆင်းပါဆိုလဲ မဆင်းဘူး။ အားလုံးက ကုတ်ကပ်ဆုတ်တွယ်နေတော့ ရဟတ်ယာဥိက အပေါ်သို့ ပျံတက်မရ ။ ဒုက္ခပဲ ။ “ရှင်တို့တစ်ယောက်မှ မဆင်းဘူးလား” “မဆင်းဘူး”  […]


onlinezzApril 7, 20111min1508
တစ်ခါက အမေရိကန် သတင်းစာဆရာ တစ်ဦးက အာဖဂန်နစ္စတန် အမျိုးသားကို မေးတယ်- ခင်ဗျားတို ့ဟာက အမျိုးသမီးတွေကို ယောကျာ်းတွေရဲ  ့နောက်က ၁ဝ လှမ်း အကွာမှာပဲ လိုက်စေတယ်။ တန်းတူယှဉ်ပြီး မလျှောက်ဘူးလို ့သိရပါတယ်။ ယခုတော့ တာလီဘန်အစိုးရ မဟုတ်တော့ဘူးဆိုတော့ အမျိုးသမီးကို ယောကျာ်းတွေက တန်းတူယှဉ်ပြီး လျှောက်နေကြပြီလားမေးတော့ အာဖဂန်နစ္စတန် လူရွယ်က ဖြေတယ်။ “တန်းတူမကပါဘူး။ အမျိုးသမီးကို ရှေ့က ဆယ်လှမ်းအကွာမှာ လျှောက်စေပါတယ်” “ဪ … ကောင်းတာပေါ့နော် ။ ဘာကြောင့်လဲ” “မပေါက်ကွဲရသေးတဲ့ စွန် ့ပစ်မိုင်းကွင်းတွေ မြေမြုပ်မိုင်းတွေက နေရာတကာမှာ ရှိနေကြသေးလို ့ပါတဲ့ ခင်ဗျာ”


onlinezzMarch 29, 20111min18812
FNGဧပြီလ ၂၉ ရက်နေ ့ တွင် ကျင်း မည့် အဲလိဇဘက် ဘုရင် မကြီး ၏ မြေးတော် ဝေလ မင်းသား ဝီလျှံနှင့် ၎င်း ၏ ကြင်ယာဖက် ကိတ် မီဒယ်(လ)တန် တို ့၏ လန်ဒန် ဝတ်မင်စတား အက်ဘီ ဘုရား ကျောင်း တွင် ကျင်းပမည့် စုလျှား ရစ်ပတ် လက် ထက် မင်္ဂလာ အခမ်း အနား ကို မြန်မာ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ မိသားစု ဝင် တစ်ဦးဦး က လန်ဒန် ရှိ မြန်မာ သံရုံး ဝန်ထမ်း အနေဖြင့် တက်ရောက်မည် ဟု […]


onlinezzSeptember 28, 20101min660
တစ်နေ့သော နေသာရက် စနေရုံးပိတ်ရက်တစ်ရက်တွင် ကျွန်ုပ်မောင်ဒီဘီသည် ရန်ကုန်ပြန်မည့် အသိတစ်ယောက်အား ဆုံတွေ့ရန်အလို့ငှာလည်းကောင်း၊ မဂ္ဂဇင်း ဂျာနယ်စာအုပ်များ ဝယ်နိုင်ရန်အလို့ငှာလည်းကောင်း စီးတီးဟောရှိ မြန်မာဆိုင်တစ်ဆိုင်တွင် ချိန်းဆိုထားသည်ကို တွေ့ရန်သွားရလေသည်။ နေ့လည်စာထမင်းစားသောက်၊ လဘက်ရည်သောက် လေပွား ရှေးဟောင်းနှောင်းဖြစ်များ ပြောဆို်ကြလေ၏။ အချိန်တစ်နာရီခန့် စကားပြောဆို၍ အားရကြသောအခါ လူချင်းခွဲကြ၍ ကျွန်ုပ်လည်း အလိုရှိသော မဂ္ဂဇင်း ဂျာနယ်များ ဝယ်၍ အိမ်သို့ပြန်ရန်အလို့ငှာ ဘူတာရုံသို့ဆင်းရလေ၏။ ဘူတာရုံတွင်ကား လူများ များပြားလှသည်မှာ ကြက်ပျံမကျ၊ ငှက်ပျံမကြ၊ ဆီဈေးပြန်မကျ၊ ဆန်ဈေးပြန်မကျ (အဲလေ) လူများ များပြားလှပေသည်။ ကျွန်ုပ်လည်း အနီလိုင်းစီးမည့်ဘက်တွင် အသာရပ်ကာ တန်းစီရလေသည်။ ရထားလာသောအခါ အသီးသီး အသက ထိုင်စရာနေရာရရန်အလို့ငှာ နေရာယူနေသော လူများနှင့်လွတ်စေရန်ကိုလည်း သတိထားကာ ရှောင်ရှားရလေ၏။ တချို့များကြတော့လည်း မောင်ဒီဘီတို့ ရန်ကုန်တွင် […]


onlinezzSeptember 22, 20101min621
ဘလော့ဂ်တွေ၊ဖိုရမ်တွေမှာ စာမျိုးစုံ အကြောင်းအရာ မျိုးစုံရေးကြတယ်။ဗဟုသုတ ရစရာစာတွေ၊ရသစာပေတွေ၊ဆောင်းပါးတွေ အပြိုင်အဆိုင် တင်ကြတယ်။ဒါပေမယ့် တစ်ချို့သော စာရေးသူများက သတိမပြုပဲတင်ကြတဲ့ စာလုံးလေးတွေ ရှိတယ်။ဥပမာ – အဲဒီလို စာလုံးမျိုးကို ရေးထားတဲ့ အကြောင်းအရာ ပေါ့သွားအောင် အဲ့လို  စာလုံးမျိုးနဲ ့သုံးတက်ကြတယ်။စာအရေးအသား ကောင်းသော်ငြား အဲ့လို စာလုံးကြီး သုံးလိုက်တော့ ရေးထားတဲ့စာက အနှစ်သာရ ပျောက်သွားသလိုပဲ။ စာရေးသူတွေ သတိပြုလိုက်မယ် ဆိုရင် ကိုယ်ရေးတဲ့ အကြောင်းအရာက ပိုပြီး အနှစ်သာရ ရှိသွားမှာပါ။ဒါကတော့ အသုံးအများဆုံး စာလုံးကို တင်ပြလိုက်ခြင်းပါ။


onlinezzJuly 29, 20102min1233
မလေးရှားနိုင်ငံ ပီနန်းမြို ့မှာရှိတဲ့ မြွေဘုရားကျောင်းပါ။အဆောက်အဦးပုံစံကတော့ တရုတ်ဘုံကျောင်းပါဘဲ။