ကာရံJanuary 4, 20151min1186
ခက် တစ်စတစ်စ အပိုင်းများက လှိုင်းအားရဲ့ရိုက်ချက်ကြောင့် ကမ်းတစ်ဘက်မှာ အလွမ်းမဲ့ခြေရာ ထင်ကျန်ရစ်ခဲ့ပါပြီ မွှေးသည် မွှေးသည် သို့သော် ရိုးအီနေတဲ့ ဇာတ်လမ်းတွေက ငါ့စိတ်ရိုင်းတွေကို လှည့်စားတက်နေပြီ ကြေ ွလွင့်ခြင်းစေတမာန်များ မာယာစေတန်တစ်ချို ့ နတ်ဆိုးတို့ ပူစော်နေတဲ့ နှလုံးသားတမလွန်မှာ အမုန်းတရားတို့ အယူခံဝင်တက်ပြီပေါ့ သုံးမရတော့တဲ့ အပြုံးမြို့တော်ရဲ့ နောက် မှောက်ကာထားခဲ့တဲ့ သိက္ခာတစ်ချို ့နဲ့ လက်ကျန်မေတ္တာ ယာဉ်စွန်းတန်းမှာ ခက် ခက်သည်ဆိုသော ပုစ္စာလေးမြင်ဖူးလိုက်ချင်ပါသေးတယ် ကာရံ ၄ ့ ၁ ့ ၂၀၁၅


ကာရံDecember 31, 20141min1416
နှစ်သစ်ခွန်အား စွန့်ပြစ်လိုက်ပါ အမုန်းများစွာကိုပေါ့ ဆက်လျှောက်လှမ်းပါ အပြုံးတရားနဲ့လေ ဟောင်းသွားသည့်ကနှစ်တစ်နှစ်ထဲ မဟုတ်ပါဘူး ရင်မှာအစွန်းအထင်းမခံပါနဲ့နော် အပြောင်းအလဲများနဲ့ ကြိုနေမယ့်နေ့ရက်တိုင်းမှာ အချိန်ကုစားခြင်းကို မခံရလေအောင် မာနကိုထက်အောင်သွေးလိုက်ပါ မာန်တော့မတက်လိုက်ပါနဲ့နော် တောက်ပလာတဲ့ အရည်အသွေးကို အလံထူကြည့်လိုက် သူသူငါငါ ရင်ဘောင်တန်းစေဖို့ နှစ်သစ်ရဲ့အစမှသည် နောင်ရာစုသစ်ဆီသို့ ချီတက်လှမ်းရအောင် သူငယ်ချင်း အားသစ်စကြပါစို့ ကာရံ ၁ ့၁ ့၂၀၁၅


ကာရံDecember 24, 20141min1356
နှောင်းအတိတ် ဆောင်း အလွမ်းရဲ့ဒဏ် အေးခဲလှပါပြီ ဆောင်းလရာသီမို့ အချမ်းပိုစေသလား နှင်းဖွဲဖွဲညမို့ အနမ်းတို့ခြွေနေသးတယ် မေရယ် ရင်ထဲခိုက်ခိုက်တုန်းဆဲမို့ ဆောင်းတို့ခြေရာ ဖျောက်နေရော့သလား အတိတ်ပန်းချီကားမှာ မြူ နှင်းများဝေကြပြီ သူတို့မြေမခခင်လေးမှာ နှလုံးသားစိုစွတ်သယောင် လျှောက်မြဲလမ်းတို့ အထီးကျန်ဆန် အကျည်းတန်ပတ်ဝန်းကျင်မှာ နှင်းများဖွဲဖွဲပါ ကော်ဖီခါးခါးတစ်ခွက် ဘဝမောဟတွေကို ဖြေသိမ့်ရင်း အနွေးဓာတ်ကို ဖန်ဆင်းခဲ့ပါပြီ ရာသီခွင် တစ်ပတ်လည်ပြီမို့ ဆောင်းလေးအဝေးမပြေးခင်လေးမှာ မေရယ် အပြေးသာလာခဲ့ပါနော်  ကာရံ ၂၄ ့၁၂ ့၂၀၁၄


ကာရံDecember 23, 20141min1194
မာနလှိုင်းလေး ငြိမ်းပါစေသား ဝေခွဲမရ ကြေ ွကွဲညများ လမင်းလည်းမသာ ကြယ်လည်းမလာ ညမွှေးပန်းများ ဆွံအခဲ့ည မျက်ရည်စက်များ ခါးသက်လှပြီ . . . ကံကြမ္မာရိုင်း တိုးကပ်ရင်းမို့ တို့ဘဝတွေ အဆုံးသပ်ရင်း ရင်တွင်းမိုးတို့ တိုးခက်နေပြီ . . . ကမ်းနံဘေးနား လှိုင်းကြမ်းများဝေ အဝေးကအိမ် ယိုင်လုလုဘဝ ငါတို့ဘယ်များ ခိုနားရမည် သင်တို့ သင်တို့ သိပါစလေ လောဘရမ္မက် ကြီးလှပေစွ . . . အလှည့်ဆိုတာ ကြုံကောင်းပါမူ ခံစားပြည်သူ မျက်ရည်မြစ်ချောင်း ဆုံးသည့်တစ်နေ့ သင်တို့ သင်တို့ အနိုင်ယူမြဲ နေပါလေစ . . . ကာရံ ၂၄ ့၁၂ ့၂၀၁၄


ကာရံDecember 15, 20141min932
အလွမ်းမိုးလေးတိတ်တခိုးမို့ မေ့အနမ်းလေးပွင့်ကြေ ွလို့ပေါ့ အအေးပိုတဲ့ဆောင်းတစ်ညမှာ မေ့မျက်နှာလေးဝင်းပနေတယ် ဂစ်တာအိုအဖော်ပြုလို့ တိုးတိတ်စွာ ရင်တွေခုန်ဆဲပါ ညမွှေးပန်းလေးမသိဘူးနော် . . . . ဆီးနှင်းများဝေနေပြီမေ လမင်းလေးတစ်ဝဲလည်လည်နဲ့ ရှက်သွေးဖြာလို့နေမယ် အလင်းမဲ့ကဗျာတစ်ပုဒ်မေ့အတွက် ဖန်ဆင်းရင်း ကြယ်တွေပုန်းခိုနေတာ ညမွှေးပန်းလေး မသိပြန်ဘူးမေ . . . . . ချစ်ခြင်းသံဇဉ်တွေ ကခုန်လို့နေတယ် နွေအလည်ခရီးသွားတုန်းမို့ ဆောင်းတို့ပျော်မြူးနေဆဲမှာ မေနဲ့ကိုယ်လေ ခရောင်းလမ်းဖြစ်လည်း ပျော်မဆုံးဘူးပေါ့ ဆုံဆည်းခွင့်လေး တစ်ခဏမို့ မြူနှင်းလည်းဝေ နှင်းလည်းကြေ ွပြီ ဂစ်တာအိုနဲ့ ကိုယ်ချော့သိပ်ရင်း မေ့အလွမ်းများ ငြိမ်းပါစေသတည်း ကာရံ ၁၆ ့၁၂ ့၂၀၁၄


ကာရံDecember 11, 20141min1053
သူ ဆိုသော သူ မာနကိုအသာခွ အတ္တဦးထုပ်ဟန်လုပ်ကာဆောင်း ဒေါသလမ်းကြားလျှောက်လမ်းသူ . . . . မတရားခြင်းကိုအသာကြည့် မောဟပူပူလေးတစ်ခွက်ကို သောကကင်းကင်း သောက်ချင်သူ . . . . တဏာရမက် လောင်မီးစာလေး ဖိတ်ယိုကာစီး ကင်းဝေးသီလ စောင့်ထိန်းခက်မို့ သစ္စာဆိုသော အရိပ်လေးအောက် တူလျှောက်စေချင် လူဖြစ်တစ်ခဏ ဆုံဆည်းဘဝ အပူရယ်ကင်း မြူ နှင်းလည်းကြေ ွ နှလုံးသားလေး လန်းပါစေ . . . . ကာရံ ၁၁ ့၁၂ ့၂၀၁၄ 


ကာရံDecember 10, 20141min932
ဆောင်းတစ်ည မြူ နှင်းလဲဝေ ပန်းလည်းကြွေ အလွမ်းပြေလမ်းတစ်လျှောက် အနမ်းခြွေရနံ့ပျောက်ရင်း စမ်းရေးကမ်းနံဘေးမှာ တစ်ယောက်ထဲပါလေ မျှော်ကာမှန်းတမ်းတလို့ မှန်းဆကာငေးမိတယ် လွမ်းရတာဘဲ အဖက်တင်ကျန်ရင်း ရင်မှာလေ ဆီးနှင်းများ တိုးဝှေ့နေသေးတယ် ဒါကိုသူမသိပါဘူးလေ ဆီးနှင်းလေလား မျက်ရည်လား ခြေရာမဲ့ခိုနားရင်း အပြုံးလေးများ ပုန်းတော့မယ် မမုန်းပါနဲ့ ချစ်သူရယ် အလွမ်းဆိုတာ ခါးသမို့ အနမ်းမခြွေတဲ့ ဆောင်းတစ်ညမှာ မေ့မျက်နှာလေး မအေးမြလေရော့သလား ကာရံ ၁ဝ ့၁၂ ့၂၀၁၄  


ကာရံDecember 6, 20141min1033
ဟေ့သူငယ်ချင်း ရဲရဲသာလျှောက် အနားမှာအားပေးနေတဲ့သူရှိတယ် ဘာမှမဖြစ်လို့ စိတ်မညစ်ပါနဲ့ သူသူငါငါလမ်းကြမ်းမို့ အခက်အခဲဆိုတာ ဆေးခါးတစ်ခွက်ပါ သူငယ်ချင်း အတိတ်ကအရိပ်ဆိုးကို ခေါက်သိမ်းလိုက်စမ်း အနာဂတ်ကိုမျှော်ကြည့် အလင်းတမ်းများ ပြေးလွားနေတယ် မသေချာတဲ့ရုပ်ဝတ္တုကို မခင်တွယ်ပါနဲ့ အမြင်ဆိုတာ လတ်ဆက်မှ အောင်မြင်မှာပေါ့ ဇွဲ စိတ်ဓာတ် မာန သဘာဝကပေးတာမဟုတ်ဘူးနော် ပေဖြစ်တုန်းခဏပေါ့ကွာ မထောင်လွားလိုက်ပါနဲ့ အကျနာလို့ လဲမထဘူးဆိုရင် အမြဲအရှုံးဆိုခင်တွယ်နေလိမ့်မယ် အိပ်မက်ထဲမှာပျော်မနေပါနဲ့ မက်ခဲ့ရင်လဲ အနိုင်ယူလိုက်ပါ အကြင်နာရေစင်လေးက မင်းနဲ့ငါတို့အတွက် အားဆေးဆိုရင်လေ ……….. ကာရံ ရ ့၁၂ ့၂၀၁၄


ကာရံDecember 6, 20141min862
ထာဝရ မြစ်ကြီးတစ်စင်း စီးမျောနေတယ် ကမ်းကပ်ဖို့လမ်းမမြင်ပေမယ့် မာနကိုရွက်လွင့်လို့ ခွန်အားကိုလှော်တက်သဖွယ် ကူးခက်ဆဲ ထက်ကောင်းကင်အုံစိုင်းတုန်းမို့ မာယာလှိုင်းများ ဂယက်ထနေပြီ အားကြီးတဲ့မိုးစက်များက ရင်ထဲသို့ တိုးခက်နေကြပြီပေါ့ အကြင်နာလက်များနဲ့ဖယ်ရှားပေးမယ့် သံယောဇဉ်လေး အဝေး အဝေးမှာ အတွေးခက်ခက်မို့ အတားဆီးမဲ့နေတုန်းလား လမ်းပျောက်နေခဲ့ပြီလေ အလွမ်းတွေကျောက်ချဖို့ကြိုးစားတုန်း အနမ်းလေပြေတိုက်ခက်လာပြီပေါ့ မင်းနဲ့သာတစ်ကမ႓ာဆိုရင် ထာဝရခရီးလမ်း ကြမ်းပါစေကွာ ဆက်တိုးလို့လှော်လိုက်မယ် အနားကထွက်မသွားပါနဲ့နော် ကာရံရ ့ ၁၂ ့၂၀၁၄


ကာရံDecember 5, 20141min1045
ဆောင်းအရိပ် ရနံ့ပန်း တစ်ဖက်မှာ ကြွေနေတယ် တစ်ဖက်မှာတော့ ဝေနေပြန်သေးတယ် အခြေအနေတစ်ခဏမှာ ရနံ့လေးများ အပြိုင်ကြဲလို့ပေါ့ နွမ်းလို့ပဲ ကြွေတာလား လွမ်းလို့ပဲ ဝေတာလား မေတ္တာလှိုင်းကလေး အစုန်အဆန်မို့ အချစ်ကမ်းနံဘေးမှာ အနမ်းလေးများ ပျံ့ကြဲလေရော့သလား ဟော ဟိုမှာ မိုးသားကလေး အပြေးသွားနေကြပြီ အမုန်းပြိုတော့မလိုနဲ့ ပုန်းကာငိုရော့လေတော့မယ် ဆောင်းခိုငှက်ကလေးများဖြတ်အပြေးမှာ ရနံ့လေးများလွင့်ပြယ်ပြီမို့ နှောင်းအတိတ်တစ်ဘက်ကမ်းက ဆောင်းအရိပ်ရနံ့ပန်းကလေး နွမ်းလို့လည်းကြွေ လွမ်းလို့လဲဝေခဲ့ပြီလေ ကာရံ ၆ ့၁၂ ့၂၀၁၄


ကာရံNovember 23, 20141min1133
ပန်းကလေး မနွမ်းပါရစေသား ပန်းကလေးမနွမ်းဖို့ အနမ်းလေးပတ်ဖြန်းလိုက်တယ် ရနံ့လေးမပြေဖို့ အလွမ်းတွေမနေဖို့လိုတယ်လေ ပန်းဆိုတာနမ်းဖို့သက်သက်တဲ့လား ကို အလွမ်းဆိုတာ ရှင်လေးအတွက်တော့ ဆေးခါးတစ်ခွက်ပါ အေးမြတဲ့မေတ္တာရိပ်အောက်မှာ ကို့နဲ့ရှင်လေးတူလျှောက်ချင်သေးတယ် အနွေးဓာတ်လေး မေ့ပျောက်မှာစိုးလို့ တိတ်တခိုးနမ်းဖူးပြန်သေးတယ် ကိုယ်ရယ်အနေဝေးလို့ မေ့မသွားပါနဲ့နော် အခြေအနေမပေးလို့ မစိမ်းကားလိုက်ပါနဲ့ အတိတ်ကံအခြေမလှလို့ ကိုယ့်ရဲ့အရိပ်မှာမနေနိုင်သေးတာပါ ကံကြမ္မာတစ်ဘက်ကမ်းက သစ္စာရှင်လေးကို မေတ္တာမပျက်လိုက်ပါန့ဲနော် သိပ်ချစ်တာ ကို သိရင်လေ ပျိုးခဲ့တဲ့ပန်းလေး မနွမ်းပါရစေသား ကာရံ ၂၃ ့၁၁ ့၂၀၁၄


ကာရံNovember 18, 20141min1295
ချစ်ခရီးလမ်း ကြမ်းသတဲ့လား လှည့်မကြည့်ပါနဲ့ အချစ်ငတ်နှလုံးသား အပြုံးများကိုကြိုနေလို့ပါ ဟိုးအဝေးမှာ လှိုင်းလေမြူးနေကြတယ် တို့တစ်တွေတစ်ခဏတော့ ဝေးနေရဦးမယ်လေ အတွေးကလေးချာချာလည်နေတယ် ရှင်လေးနံဘေးမှာ ရပ်တည်ရင်းအားပေးစကားဆိုချင်သေးတယ် မငိုလိုက်ပါနဲ့လား ကိုယ့်နှလုံးသားကပုလဲလေးတွေကို ကြိုဆိုဖို့ အချိန်မတန်သေးလို့ပါ သစ္စာတရားကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း မေတ္တာခြေလှမ်းနဲ့ ဆူးခင်းလမ်းလေးဖြတ်ရအောင်နော် ချစ်ပန်းတိုင်လေးမှာ သံယောဇဉ်ကြိုးလေးစီတန်းနေကြတယ် ဒီခရီးဘယ်လောက်ကြမ်းကြမ်း ပေါ့ ကာရံ ၁၈ ့၁၁ ့၂၀၁၄


ကာရံNovember 10, 20141min973
တိုက်​ပွဲ အနိုင်​နွှဲ​နေကြတယ်​ ယိုင်​လဲ​နေတဲ့စိတ်​ ​လောကတိုက်​ပွဲကြားမှာ ​မောဟ​တွေ တိုက်​စစ်​နဲ့ ငါလိုက်​ပစ်​ခဲ့တာ { အနိုင်​ရမိရဲ့လား} ကျရှုံး​နေတဲ့စိတ်​ဓာတ်​ကို အရှိန်​မြှင်​့ဖို့ တိုက်​စစ်​ကိုဖွင်​့ကစားခဲ့တယ်​ ငါမမြင်​လိုက်​ဘူး မာယာ​တွေမြုပ်​ထားတဲ့ ကစားကွက်​က အသာရလိုက်​ပြန်​တယ်​ { ငါအရှုံး​ပေးလိုက်​ပြီလား} တရား​သော​လောကကြီးမှာ ​ဒေါသ ​မောဟ မာန်​မာနတို့ အလံထူ​နေကြတယ်​ ငါ့​မေတ္တာကိုအားကိုးလို့ ​နောက်​ဆုံးတိုက်​ပွဲ ခံစစ်​နဲ့ကာကွယ်​မိတယ်​ ​ဟော ဟိုတစ်​ဘက်​မှာ မိုး​လေးသည်​းလာပြီ အကျည်​းတန်​တဲ့တိုက်​ပွဲ ယိုင်​လုလုနဲ့မို့ အတ္တ​တွေ​ပေကျံလို့​နေပြီ​ပေါ့ ကာရံ ၁၁ ့၁၁ ့၂၀၁၄