pazflorDecember 4, 20131min1355
ဒီနေ့ မနက် ရုံးသွားရင်း ရထားပေါ် သတင်းစာလေး ကောက်လှန်လိုက်တော့ ရွှေမြန်မာတို့က ကူညီပေးကမ်းမှူ့ အညွန်းမှာ နံပါတ် ၂ ရသွားတယ်ဆိုပါတယ်ခင်ဗျ။   အမှတ်ပေးဆုံးဖြတ်တာကတော့ မေးခွန်း ၃ ခုပေါ် အခြေခံထားတယ်ဆိုပါတယ်။ ၁။ လွန်ခဲ့တဲ့လ တုန်းက တစ်ခုခု ပေးလှူခဲ့ ဘူးသလား။ ၂။ လွန်ခဲ့တဲ့လ က အဖွဲ့အစည်းတစ်ခုခု အတွက် လုပ်အားပေးလုပ်ခဲ့သလား။ ၃။ ကိုယ်နဲ့ မသိတဲ့ အကူအညီလိုနေသူ သူစိမ်းတစ်ယောက်အား ကူညီပေးခဲ့သလား တို့ ဖြစ်ပါတယ်။   မြန်မာတို့ အမှတ်များသွားစေတာကတော့ ဖြေဆိုသူ ၈၅ ရာနှူန်းဟာ ပေးကမ်းမှူ့ တစ်ခုခု လုပ်ခဲ့ကြလို့ပါ။ ဒါဟာ ကမာ္ဘမှာ နံပါတ် ၁ ပါ။ လုပ်အားပေးလုပ်တဲ့နှူန်းဟာ ၄၃ ရာနှူန်းရှိပြီး […]


pazflorMay 11, 20131min31815
“ခီများကို ကီစွန်းတီခင်းပေးမယ်၊ ခီများဘာလုပ်မီလဲ” “ရွှေပြည်မိုး” လက်ဖက်ရည်ဆိုင်၏ နံနက်ခင်းတစ်ခု။ ကျွန်တော်တစ် ယောက်တည်းဂျာနယ်ကို သဲကြီးမဲကြီးငုံ့ဖတ်နေသည်။ ကျွန်တော်ထိုင်နေ သော စားပွဲသို့လူနှစ်ယောက်လာပြီးထိုင်သည်။ စကားသံကြား၍ ဂျာနယ်ကို ဖတ်နေရင်း အကဲခတ်လိုက်သည်။ နှစ်ယောက်စလုံးက အားကစားဝတ်စုံ ကိုယ်စီနှင့် မန္တလေးကျုံးနံဘေးလမ်းလျှောက်ပြီးပြန်လာကြသူများဖြစ်မည် ထင်သည်။ တစ်ယောက်က အသက်ကြီးကြီး မြန်မာအမျိုးသား၊ ကျန်တစ် ယောက်က တရုတ်လူမျိုးအဘိုးအို၊ သူက “ကန်းစွန်းတစ်ခင်းပေးမယ်၊ ဘာ လုပ်မလဲ” ဟုမြန်မာသံမပီမသဖြင့်မေးသည်။ သူ့မေးခွန်းကို ကျွန်တော်စိတ် ဝင်စားသွားသည်။ ကျန်တစ်ယောက်ကပြုံးပြီးဖြေသည်။ “ကန်စွန်းတစ်ခင်းပေးရင် … လွယ်လွယ်လေးပါ။ ကန်စွန်းရွက်ခူးပြီး ငါးစီးကိုတရာနဲ့ဈေးမှာ ရောင်းစားမယ်ဗျာ၊ ဘာခက်တာမှတ်လို့” အဖြေစကားကိုကြား၍ တရုတ်အဘိုးကြီးက ခေါင်းခါလိုက်သည်။ “အီဒါပဲဗျ၊ ခီများတို့က ကန်စွန်းရွက်ကို ခူးပြီးရောင်းစားမယ်၊ ဒါပဲသိ လယ်။ ငေါ်ကတော့ အဲဒီကီစွန်းရွက်ကို ကီစွန်းရွက်ကြောလုပ်ပြီးငွေရှာ […]


pazflorMay 4, 20131min28217
ဒီနှစ်ပိုင်းတွေ အတွင်းနိုင်ငံထဲ ကောင်းသောအပြောင်းအလဲအချို ့ကို တွေ ့မြင်ရ၍ ဝမ်းသာမိပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ အုံပုံးအကြိတ်အခဲတွေ ဒီနှစ်ပိုင်းတွေအတွင်းမှာ မကောင်းတဲ့ ဖြစ်ရပ်ဆိုးပေါင်းအများကို ဦးတည်သွားစေလို့ တစ်ဘက်က စိုးရိမ်ပူပန်မိပါတယ်။ အထူးသဖြင့်တော့ ဘာသာရေးနှင့် လူမျိုးရေးပြဿနာတွေ့ပေါ့။   အင်ဒိုနီးရှားမှာ မြန်မာသံရုံးကို ဗုံးဖောက်ဖို့ ကြံစည်သူနှစ်ယောက်ကိုဖမ်းဆီး လိုက်နိုင်တယ်လို့ကြားပါတယ်။ ဒါအပြင် လူနှစ်ထောင်လောက် ဂျကာတာရှိ မြန်မာသံရုံးရှေ ့မှာ ဆန္ဒပြကြပါတယ်။ မြန်မာနိုင်ငံအလံနဲ့ သမ္မတဓါတ်ပုံကို မီးရှိူ ့ခဲ့တယ်လို့ strait times မှာဖတ်ရတယ်။ နောက်တရားဟောသူအချို ့က မြန်မာနိုင်ငံအစိုးရကို ‘Holy war’ (မြင့်မြတ်သောစစ်ပွဲ) ဆင်နွဲဖို့ ပြောဆိုဟောပြောကြတယ်ဆိုပါတယ်။ဒေသတွင်းနိုင်ငံတွေတောင် မြန်မာပြည်နဲ့ ဆက်စပ်ပြီး အကြမ်းဖက်မှူ့ ဂယက်တွေရိုက်လာမှာစိုးရတယ်လို့ဆိုကြပါတယ်။   ဒါတွေကြားမိ၊ဖတ်မိရတော့ စိတ်မကောင်းဖြစ်မိရတယ်။ ပြောင်းလဲခါစဖြစ်နေတဲ့ ကိုယ့်မြန်မာနိုင်ငံအတွင်းမှာ […]


pazflorJanuary 24, 20131min29620
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဝန်ထမ်းတွေလစာဟာ အလွန်ဘဲ နည်းကြပါတယ်။ မိဘနှစ်ပါးလုံး အစိုးရဝန်ထမ်းဖြစ်ခဲ့ကြလို့ ကျွန်တော်ငယ်စဉ်အခါက မိသားစုဟာ အလွန်ကျပ်တည်းခဲ့ပါတယ်။ အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖေ ပင်စင်ယူလိုက်တဲ့ အခါ မိသားစုမှာ ဘာမှ စုဆောင်းငွေဆိုတာမရှိပါဘူး။ ရသမျှ အဖေနဲ့ အမေ့ လခတွေဟာ စားစရိတ်၊ ကျောင်းစရိတ်နဲ့တင် အလျှင်မမှီခဲ့ပါ။ ကျွန်တော့် မိဘတွေဖြတ်သန်းခဲ့ရတဲ့ ဘဝကို ကြည့်ပြီး အတော်ထိတ်လန့်ခဲ့ဖူးပါတယ်။ ဒါမို့ အစိုးရဝန်ထမ်းလုပ်ချင်စိတ်ကို လုံးဝမရှိခဲ့ပါဘူး။ ပတ်ဝန်းကျင်မှာ ဂွင်ကောင်းလို့ ရတဲ့လစာနဲ့ မတန်အောင် ချမ်းသာနေကြတဲ့ အစိုးရဝန်ထမ်းတွေလည်း အများကြီးတွေ့ဖူးပါတယ်။ ငယ်စဉ်က အားကျစိတ်ဖြစ်ခဲ့ပေမဲ့ အတန်ငယ်အသက်ရလာတဲ့ အချိန်မှာ ရှက်ရမှန်းသိလို့ သူများမသာထှာရေစာစားမှ၊ ခိုးမှ လူစဉ်မှီနေနိုင်မဲ့ အစိုးရဝန်ထမ်းဘဝကို လုံးဝသွားချင်စိတ်ကို ကုန်သွားပါတယ်။ ဆောင်ပုဒ်လေးတစ်ခုရှိတယ်လေ ဘာတဲ့ “ဝန်ထမ်းကောင်းမှ တိုင်းပြည် ကောင်းမည် […]


pazflorSeptember 1, 20121min27719
  ခေါင်းစဉ်ကြည့်ပြီးတော့ ဘာဘူးလည်းလို့မတွေးကြပါနဲ့ ဦးခင်ဗျ။ ဘာဘူးလည်းဆိုတာ ဆက်ဖတ်ရင်းသိသွားမှာပါ။ ရှေ ့အပတ်တုန်းက အဆောင်က သူငယ်ချင်းသုံးယောက်နဲ့ ဘာလင်ကို သွားလည်ဖြစ်ပါတယ်။ ရုတ်တရက်ကြီး အစီအစဉ်မရှိဘဲ သွားတာဆိုတော့ သူတို့ညွန်းတဲ့အဆောင်မှာဘဲ အင်တာနက်က ဘွန်ကင်လုပ်လိုက်ပါတယ်။ ၆ယောက်ခန်းအရောခန်းမှာပါ။ သေချာမမေးမိတော့ မသိဘူး၊ သူငယ်ချင်းသုံးယောက်က နောက်မှ ၈ ယောက်ခန်းမှာ ဘွတ်ကင်တင်ထားမှန်းသိတော့တယ်။ နောက်နေ့ မနက်ဘာလင်ရောက်တော့ အဆောင်အရင်သွားပြီး confirm လုပ်၊ အထုပ်အလေးတွေ အပ်ခဲ့ပြီး ဒိုးကြတာပေါ့ဗျာ။ အဆောင်ပြန်ရောက်တေ့ ည ၉ နာရီကျော်နေပြီ။ အဲ့ အချိန်ကြတော့ ကျန်သုံယောက်နဲ့ ကျနော်နဲ့ အခန်းမတူမှန်းသိတော့တယ်။ ကိုယ်အခန်းထဲရောက်တော့ ဘယ်သူမှ မတွေ့။ အထုပ်တွေတော့ နေရာယူထားကြပြီ။ နောက်ဆုံး ကျန်တဲ့ ကုတင်မှာ ကိုယ် name tag လည်းထည့်၊ […]


pazflorJuly 8, 20121min17811
စိတ်မရှိကြပါနဲ့ဗျာ facebook ပေါ်ကနေကူးယူတင်ထားတာပါ။ ဖိုရမ်ထဲမှာ တင်မလို့ပါ။ ဝင်လို့မရဖြစ်နေလို့။ မူရင်း page ကတော့ လင်းလွန်းညို at Ozzy Win မှာပါ။ သဘောင်္မလိုက်ချင်ဘူးလိုပငြီးနေကြတဲ့သူငယ်ချင်းတွေအများကြီးပါဘဲ။ မိဘတွေ၊မိသားစုဝင်တွေကတော့ တကယ့်အခြေအနေမှန်ကိုနားမလည်တာမျိုးတွေရှိတတ်ကြပါတယ်။ ဒီလိုမျိုးတွေလည်းကြုံတွေ့ရနိုင်ပါလားဆိုပြီး သဘောင်္သားတွေရဲ ့ ဘဝကို စာနာနိုင်ပါစေခင်ဗျာ။   ကိုယ်ပေါ်မှာ ဝတ်ထားသော အသက်ကယ် အင်္ကျီ ကို တစ်ခေါက်ထပ်မံစစ်ဆေးနေမိသည်…. ပင်လယ်ပြင်၏ အအေးဒဏ်မှ ကာ ကွယ်ပေးနိုင်မည့် အီမားရှင်းဝတ်စုံကို လည်း စစ်ဆေးရပြန်သည်…. အသက်ကယ်အင်းကျီထဲ တွင် ပလတ်စတစ် အိတ်နှင့် သေချာ ထုတ်ထားသော လစာသုံးလစာ နှင့် …နိုင်ငံကူးလက်မှတ်ကို ပြန်စမ်းကြည့်သည်.. ဟုတ်ပြီ.. ဒါဆို အဆင်သင့်ဖြစ်ပါပြီ…. သဘောင်္အား စွန့်ခွာရန်အချက်ပေးသည်နှင့်.. အသက်ကယ်လှေပေါ်တက်ရန်အဆင်သင့်ဖြစ်ပါပြီ… လက်ထဲမှ ပုတီးကို သန်ဗုဒေ ဂါထာ […]


pazflorMay 11, 20121min35316
ဘာရယ်တော့ မဟုတ်ပါဘူးဗျာ။ ဓါတ်ပုံပညာလည်း နကန်းတစ်လုံးမှ မသိပါဘူး။ ဘက်ညီမှူ ့လေးတွေမှာ လှပမှူ ့တွေ ရှိတယ်လို ့စာအုပ်တစ်အုပ် မှာ ဖတ်ဖူးလို ့ ဘက်ညီတယ်လို ့ထင်ရတဲ့ ပုံလေးတွေကို အပျင်းပြေ ကြည့်နိုင်အောင်တင်ပေးလိုက်ပါတယ်။ မီးအိမ်လေးတွေ နဲ ့သစ်ပင်လေးတွေ အပြိုင် အလံတိုင်နှစ်တန်းအပြိုင်ကြားက အရုပ် သစ်ပင်လေးတွေနဲ ့အပြိုင်ဘာကြီးမှန်းမသိ တိုက်နှစ်လုံးအပြိုင် ဒီတစ်ခါတော့နှစ်တန်းမပြိုင်တော့ဘူး


pazflorFebruary 25, 20121min24012
ဒီ Post လေးကိုတော့ ကို thuyazaw21451 ရဲ ့မြန်မာမလေးများနှင့် အဝတ်အစား အနေအထိုင် အသွားအလာ ကိုဖတ်မိပြီးရေးဖြစ်ပါတယ်။ ရွာထဲ ဒီကိစ္စမျိုးလေးတွေနဲ ့ပက်သက်ပြီး ဆွေးနွေးကြတာမျိုးတွေ ခဏခဏတွေ ့ မိပါတယ်။ အစကတော့ အသာငြိမ်နေမလို ့ပါဘဲ။ နောက်တော့ ဘယ်လို ့မှမရဖူး၊ စိတ်ထဲမှာ ခိုးလို ့ခုလု ဖြစ်လာလို ့စာရိုက်ရမှာ အရမ်းပျင်းပေမဲ ့ကြိုးစားပြီးရေးလိုက်ပါတယ်။ ဦးစွာ ဒီ Post လေးကိုရေးတဲ့                ကို thuyazaw21451 ကိုကျေးဇူးတင်ပါတယ်။ ရွာထဲမှာ လည်နေတာ ၂ နှစ်လောက်ရှိပါပြီ၊ ပုံမှန်ရေးသားကြသူတွေ၊comment ပေးကြသူ တော်တော်များများကိုလည်း ကျွန်တော်ဘက်က တစ်ဘက်သက် ရင်းနီးပြီးသားပါ။ တစ်ခါတစ်ရံမှာ တင်ထားတဲ့ Post ထက် အောက်မှာရေးထားတဲ့ comment လေးတွေက […]