Phoe MyinttarOctober 9, 20141min25112
တစ်ခါတုန်းက လူငယ်လေးတစ်ဦးဟာ ငှက်ကလေးတစ်ကောင်ကို တွေ့ပြီးချစ်လွန်းလို့ ကောက်ယူမွေးစားခဲ့တယ်တဲ့…. ငှက်ကလေးမှာဒဏ်ရာတွေ ပါလာတော့ တတ်သရွေ့ မှတ်ရွေ့ ကုသပေးရင်း ငှက်ကလေးရဲ့ ဒဏ်ရာတွေဟာ ပျောက်သလောက်ဖြစ်လာခဲ့တယ်လေ… လူငယ်လေးကလည်း ငှက်ကလေးကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်တော့ ငှက်ကလေးကပိုပြီး သဘောကျလာတာပေါ့… သူကအဲဒီလိုဂရုစိုက်တာမျိုးကို လိုချင်ခဲ့တာတဲ့လေ…..ငှက်ကလေးက သူ့ကို တစ်ခြားစွန့်မပြစ်ပါနဲ့တဲ့ လူငယ်လေးနဲ့ပဲ သူတစ်သက်လုံးနေသွားချင်တယ်တဲ့လေ… အဲဒီစကားကိုကြားရတဲ့လူငယ်လေးမှာ ပီတိတွေဖုံး အပြုံးတွေဝေလို့ပေါ့….. ဒီလိုနဲ့ ငှက်ကလေးကလည်း လူငယ်လေးအပေါ်မှာသံယောဇဉ်ဖြစ်၊ လူငယ်လေးကလည်း ငှက်ကလေးကို သံယောဇဉ်တွေ အပြန်အလှန်ဖြစ်လာရင်း အချိန်တွေကို ဖြတ်သန်းခဲ့ကြတယ်တဲ့လေ….. ကြာလာတော့လည်းငှက်တို့ရဲ့သဘာဝအရ အတောင်ပံလေးရှိနေတော့ ပျံသန်းချင်လာတော့ပေါ့… ငှက်ကလေးဟာ လူငယ်လေးကိုအသိမပေးပဲ တစ်ခါတစ်လေထွက်သွားတယ်တဲ့… ဒီလိုနဲ့ အကြိမ်တွေများလာတော့ လူငယ်လေးက ရိပ်မိလာတယ်လေ… ဒါပေမယ့်လည်း လူငယ်လေးက သိတယ်ဆိုတာကိုမပြောပဲ ငှက်ကလေးကို ကောင်းကင်ရဲ့ ပရိယာယ်တွေ၊ အပြင်လောကရဲ့ မာယာတွေ၊ […]


Phoe MyinttarJune 25, 20141min1043
ကျနော်တွေ့နေရ မြင်နေရ တစ်ခါတစ်လေ စိတ်အနှောက်အယှက်ဖြစ်မိလို့ ဒီပို့စ်လေးရေးဖြစ်တာပါ ကျနော်တို့ နိုင်ငံမှာ မိုဘိုင်းဖုန်းတွေ လူတန်းစားမျိုးစုံသုံးစွဲ လာနိုင်တာ အရမ်းကောင်းပါတယ်.. တစ်ဦးနှင့်တစ်ဦး အလုပ်ကိစ္စပဲဖြစ်စေ၊ ကျန်းမာရေး၊ လူမှုရေးကိစ္စအဝဝ မှစလို့ အလွယ်တကူဆက်သွယ်နိုင်တော့ တော်တော်လေးအဆင်ပြေတယ်ဗျာ (ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတာကလွဲလို့ပေါ့)…. ဒါပေမယ့် ကျနော် ပါတ်ဝန်းကျင်လေးမှာ တွေ့နေရတာ တစ်ခါတစ်လေ စိတ်အနှောက်အယှက်ဖြစ်မိတာက.. ကုန်စုံဆိုင်လေးတွေ၊ လမ်းဘေးဈေးဆိုင်လေးတွေ (တချို့ပေါ့) …. ကိုယ်က အရေးတကြီးလိုလို့ ဈေးလာဝယ်တယ် မောင်မင်းကြီးသား၊ မယ်မင်းကြီးမ များက ဂိမ်းဆော့နေသလား အင်တာနက်ကြည့်သလားတော့မသိဘူးဗျာ.. ဈေးဝယ်ချင်တဲ့သူက အကိုရေ အမရေ ဈေးရောင်းပေးပါအုန်း လို့ ပြောမှထတော့တယ်… တခြားတစ်နေရာ သွားဝယ်ဖို့ကြတော့လည်း နေရာကလှမ်းနေတော့ သူတို့ရောင်းမယ့် အချိန် စောင့်ဝယ်ရတာပေါ့ဗျာ… Customer နဲ့ တိုက်ရိုက်ဆက်ဆံရတဲ့ ကုမ္ပဏီတချို့ မှာ လုပ်ငန်းချိန်အတွင်း […]


Phoe MyinttarJune 24, 20141min1886
ကျနော် အမှတ်တရသို့ ခေါင်းစဉ်နဲ့ ပို့စ်တစ်ခုတင်ထားပါတယ် အမှတ်တရတစ်ခု စိုက်ထူနိုင်ခဲ့ပြီဖြစ်လို့ ရွာသားများ ကျနော်နဲ့တူ ကြည်နူးပီတိတွေမျှဝေပေးစေလိုသောကြောင့် ဒီပို့စ်လေးကို တင်ပေးရပါကြောင်း………….     ဒီပုံလေးက ဘုန်းကြီးအသုံးပြုတဲ့ အိမ်သာဖြစ်ပါတယ်။ ယခင်က အိမ်သာအိုးတစ်လုံးသာ တပ်ဆင်ထားပြီး ကျန်သည့် ရေပိုက်လိုင်းများသွယ်တန်းခြင်း ရေချိုးရန် ရေပိုက်ခေါင်းများတပ်ဆင်ပေးခြင်းနဲ့ Basin တပ်ဆင်ပေးခြင်းများ ပြုလုပ်ပေးခဲ့ပါတယ်။   ဒီပုံကတော့ ကျောင်းအောက်ထပ်မှာ အသစ်တပ်ဆင်ပေးထားတာဖြစ်ပါတယ် Two way အသုံးပြုနိုင်မှာဖြစ်ပါတယ် ၎င်းအခန်းတွင်လည်း Basin တစ်လုံးလည်း တပ်ဆင်ပေးထားပါတယ် ရွာသားများအားလုံး ကြည်နူးပီတိဖြစ်နိုင်ကြပါစေ………………..   ကျနော်ဖိုးမေတ္တာလည်း အမှတ်တရနေရာလေးမှာ မှတ်တမ်းတခုစိုက်ထူနိုင်ခဲ့လို့ အထူးပင် ဝမ်းသာပီတိဖြစ်မိပါကြောင်း…………………. ရွာသူရွာသားအားလုံး ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းပေးရင်းးးးးးးးးးးးးးးးးးးးး ဖိုးသစ္စာ ခေါ် ဖိုးမေတ္တာ  


Phoe MyinttarJune 2, 20141min1937
အားလုံးပဲမင်္ဂလာပါဗျာ ကျနော်ဖိုးသစ္စာပါ password မေ့သွားလို့ ဖိုးမေတ္တာ လို့ ပြန်ဝင်လိုက်တာပါ သဂျီးကို မေးပို့ပြီး အကူအညီတောင်းဖို့ အကြံပေးပါတယ် ဒါပေမယ့် အလုပ်မရှုပ်စေချင်လို့ပါ ဖိုးမေတ္တာပဲခေါ်ခေါ် ဖိုးသစ္စာပဲခေါ်ခေါ် ကျနော်ပါ (အားလုံးအတွက်ခွင့်လွတ်ပေးပါဗျာ လို့ အရင်ဆုံးတောင်းပန်ပါရစေ) ကျနော်ရွာထဲမရောက်တာ အတော်လေးကြာခဲ့ပါပြီ ….. ထပ်မံတောင်းပန်ပါတယ်ဗျာ   ကျနော်အမှတ်တရဆိုပြီး ခေါင်စဉ်လေးတပ်ထားပါတယ် ကျနော်တို့ ရွာသားတွေနဲ့အတူတူ သွားဖြစ်ခဲ့တဲ့ တွံတေးအောင်မင်္ဂလာမိဘမဲ့ဂေဟာကို ကျနော် အဖွဲ့တစ်ခုနဲ့ ပြီးခဲ့တဲ့စနေနေ့က ရောက်ရှိခဲ့ပါတယ် ဘုန်းတော်ကြီးများကိုဆွမ်းကပ်ခြင်း၊ ခလေးတွေကို နေ့လည်စာ ထမင်းတစ်နပ်ကျွေးခဲ့ကြပါတယ်။ ကျနော်ကတော့ တစ်နှစ်ကို သုံးခေါက်လောက်တော့ ရောက်ဖြစ်ပါတယ် တစ်ခါမှမရောက်ဘူးသူတွေလည်း ပါလာပါတယ် သူတို့ကို ကိုယ်သိသလောက် ကျောင်းနဲ့ပါတ်သက်လို့ ပြောပြပေးရင်း ကျနော်ဘုန်းကြီးကျောင်းအတွက် လုပ်ပေးချင်ခဲ့တာလေး တစ်ခုကို ပြောပြခဲ့ပါတယ်…..   ဘုန်းတော်ကြီးကျောင်းကို  အသက်အရွယ်ကြီးငယ်အစုံ၊ […]