PhyoNovember 16, 20111min21625
ထောင်းခနဲဖြစ်သွားတဲ့ စိတ်ကို ဖြစ်ညှစ်မျိုချပြီး ပါးစပ်ဖျားကနေ ထွက်အံကျလာတော့မယ့် စကားလုံးတွေကို အတင်းကို တားဆီးနေရတယ်။ ဒင်းလုပ်ပုံ ကြည့်ဦး။ ဒင်းဆိုတာ ကျုပ်သားမက်။ ကျုပ်ရဲ့ တစ်ဦးတည်းသော သားမက်။ ကျုပ်အေ မနက်က ဈေးသွားရင်း ငါးခူလေး ၃ဝ သား ဝယ်ခဲ့တယ်။ အိမ်ရောက်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် စိတ်ကူးပေါက်တာနဲ့ ငါးခူအသားကို လင်တော်မောင်အတွက် ကြော်၊ ငါးခူခေါင်းကို ပြုတ်၊ ထောင်း၊ ရေစစ်၊ နောက်ဖေးက ငှက်ပျောပင် သေးသေးတစ်ပင်ခုတ် မုန့်ဟင်းခါးချက်ဖြစ်တယ်။ ကိုယ်စားရတော့လည်း သမီးတော်ကို သတိရပြန်ရော။ ဒါနဲ့ ချိုင့်နဲ့ထည့်ပြီး သူ့အိမ်ကို ချီတက်။ သူ့အိမ်နဲ့ ကျုပ်အိမ်က ၅မှတ်တိုင်လောက်တော့ ကားစီးသွားရတယ်။ သူ့အိမ်ရောက်တော့ သမီးတော် မျက်နှာသိပ်မလှဘူး။ ဒါလည်း ကိုယ့်အလုပ်မဟုတ်ပါဘူးလေ။ သားမက်တော်ကို ကြည့်ပြန်တော့လည်း […]


PhyoNovember 11, 20111min51255
“ပထမတော့ ဆရာနဲ့တပည့် ရိုးရိုးခင်မင်ကြ၊ သံယောဇဉ်တွယ်ကြတယ် ထင်မိတာ မြရယ်၊ အရွယ်ချင်းကလည်း သားအဖ အရွယ်လေ၊ ကျွန်မလည်း ဘယ်ထင်မလဲ၊ ကိုကြည်မောင်က ကောင်မလေးကို ခေါ်တော့လည်း သမီးတဲ့၊ အခုလို ဗိုက်ထွက်လာပြီဆိုမှ သူတို့အကြောင်းကို ကျွန်မ သိရတော့တာ၊ ကျွန်မကိုယ်က အ,တာပါလေ” မျက်ရည်စက်လက်နဲ့ ပြောပြနေတဲ့ မခင်ဝေ စကားတွေကို နားထောင်ရင်း မမြသွေး သက်ပြင်းချမိတယ်။ မခင်ဝေ့ယောက်ျား ကိုကြည်မောင့်အသက်က ငါးဆယ်နီးနေပါပြီ။ ကိုကြည်မောင်က ကုမ္ပဏီတစ်ခုက မန်နေဂျာပါ။ ကလျာဆိုတာ ကိုကြည်မောင့်ရဲ့ ပီအေခေါ် စက္ကထရီခါ် အနီးကပ်နေရတဲ့ ကိုယ်ရေးအတွင်းရေးမှူးပေါ့။ ကောင်မလေးက ၂ဝ ကျော်ရုံလေး။ ကိုကြည်မောင်က တစ်သက်လုံး သိက္ခာရှိရှိ နေလာခဲ့ပြီး ဘာမျှ အစွန်းအထင်းမရှိတဲ့လူ။ သားသမီးကလည်း သုံးယောက်။ နှစ်ယောက်က ဘွဲ့ရပြီးပြီ။ တစ်သက်လုံး […]


PhyoJune 10, 20111min883
ဒီသတင်းလေးကတော့ ကိုယ်တိုင်ရေးတဲ့ သတင်းလေးမဟုတ်ပါဘူး… ဒါပေမယ့် လိင်မှုကိစ္စနဲ့ မကင်းနိုင်ကြသေးတဲ့ ပုထုဇဉ်လူသားတိုင်း သိသင့်သိထိုက်တယ်လို့ ယူဆလို့ တင်ပေးလိုက်တာပါ… တစ်ခါတစ်လေမှာ လူတွေက မေ့မေ့လျှော့လျှော့ ပေါ့ပေါ့ဆဆ ဖြစ်နေတတ်တယ်လေ… အဲဒါတွေကြောင့် သတိထားမိအောင်လို့ပါ… အားလုံးကို ကျေးဇူးတင်ပါတယ်။   HIV ပိုး​ ရှိ​နေလျက်နှင့်​ အခြား​သော အမျိုး​သမီး​များ​အား​ အကာအကွယ်မဲ့​ လိင်ဆက်ဆံခဲ့​သူ ​လေတပ်သား​ တစ်ဦး​အား​ အ​မေရိကန်တွင် ​ထောင်ဒဏ်ချမှတ်လိုက်သည်။ အသက် ၄၃ နှစ်ရှိ နည်း​စနစ်ဆိုင်ရာ တပ်ကြပ် ​ဒေး​ဗစ်ဂူတီရက်သည် အမျိုး​သမီး​များ​အား​ ​ရောဂါပိုး​ ကူး​စက်​စေရန် ရည်ရွယ်ချက်ဖြင့်​ ကွန်ဒုံး​မသုံး​ဘဲ လိင်ဆက်ဆံခဲ့​ကြောင်း​ စွပ်စွဲခံရပြီး​နောက် ​ထောင်ဒဏ် ၈ နှစ် ချမှတ်ခြင်း​ ခံခဲ့​ရသည်။ စစ်ခုံရုံး​ တရား​သူကြီး​ ဗိုလ်မှူး​ကြီး​ ဝီလျံမယ်ဒွန်က ​ဒေး​ဗစ်သည် အခြား​သူများ​ရှေ့​တွင်လည်း​ […]


PhyoNovember 6, 20101min770
၂၀၁ဝခုနှစ် စက်တင်ဘာလထဲမှာ ကျမ တစ်ခါမှ မကြားခဲ့ဖူးတဲ့ သင်တန်းတစ်ခုကို ကြားခဲ့ရပါတယ်။ အမျိုးသမီးချင်း ချစ်သူများ သီးသန့်သင်တန်းတဲ့။ ကြားခါစက တော်တော်အံ့ဩခဲ့ရတယ်။ ကျမအတွက် ပိုပြီးအံ့ဩစရာ ဖြစ်စေတာက အမျိုးသမီးချင်း ချစ်သူတွေနဲ့ ပတ်သက်ပြီးတော့ သင်တန်းတွေဆိုတာက ကျမတို့ မြန်မာ့လူမှု အသိုင်းအဝိုင်းမှာ တော်တော်လေးကို မရှိသလောက် ရှားပါးတာမို့လို့လေ။ မရှိဘူးလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် ရှားရှားပါးပါး ပြုလုပ်လေ့ရှိတဲ့ လိင်တူချစ်သူများ အခွင့်အရေး သင်တန်းတွေတော့ ကျမကြားသိခဲ့ဖူးတာပေါ့။ ပြီးတော့ ၂၀၁ဝခုနှစ် မေလ ၁ရ ရက်နေ့မှာ ပြုလုပ်ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေးနေ့ အခမ်းအနားကိုလည်း လိင်တူချစ်သူ တယောက်ဖြစ်တဲ့ ကျမကိုယ်တိုင် တက်ရောက်ပါဝင် ဆင်နွှဲခဲ့တာပဲလေ။ အခုက ထူးထူးခြားခြား လိင်တူချင်းချစ်တဲ့ သူတွေထဲကမှ အမျိုးသမီးချင်း […]


PhyoNovember 5, 20101min1024
(အထူးသတိပြုရန်။        ။ လိင်တူချစ်သူတွေနဲ့ ဆိုင်တဲ့ ဆောင်းပါးဖြစ်ပါသည်) ခပ်တုံးတုံး နုံနုံအအ မအေတွေနဲ့ တွေ့ခဲ့ရလို့ ကျမ ဒီဆောင်းပါးကို ရေးဖြစ်ရတာပါ။ အမှန်တော့ ကျမက စာရေးဆရာ မဟုတ်ပါဘူး။ ဒါပေမယ့် မနေနိုင် မထိုင်နိုင် ပြောချင်လွန်းလို့ကို ပြောရပါတော့မယ်။ ကျမသားက ဂေး။ ဂေး ဖြစ်တော့ ဘာဖြစ်သွားလဲ။ သောက်ဂရုကို မစိုက်ဘူး။ ကျမသားက ကျမသားပဲ။ ကျမသားလေးက အသက် ၅နှစ်။ ကျမက သူ့ရဲ့မိခင်။ ကျမသားက ဂေးဖြစ်လို့ ရှင့်မှာ ပြဿနာ တစ်ခုခု ဖြစ်မယ်ဆိုရင်တော့ ရှင်နဲ့ကျမ မသိချင်ဘူး။ ဆက်လည်း မပေါင်းချင်ဘူး။ ဆက်လည်း မဆွေးနွေးချင်ဘူး ဒီအကြောင်းတွေကို။ ဒီစာကို ရေးဖြစ်ရတဲ့ အကြောင်းအရင်းက ဟောလိုဝင်း လို့ခေါ်တဲ့ အဝတ်အစား ဆန်းဆန်းပြားပြား […]


PhyoNovember 4, 20101min68237
လိင်တူချင်း စုံမက်တယ်ဆိုတာ ဘာလဲ။ လိင်တူချင်းစုံမက်တယ်ဆိုတာက ဆန့်ကျင်ဘက်လိင်ကို စိတ်မဝင်စားဘဲ ယောက်ျားလေးက ယောက်ျားလေးကိုပဲ မျက်စိကျတာ၊ မိန်းကလေးက မိန်းကလေးချင်းပဲ မျက်စိကျတာမျိုးကို ခေါ်တာပါ သား။ အရပ်သုံးစကားနဲ့ ပြောရရင်တော့ကွာ လိင်တူချင်းမှ စုံမက်တဲ့ ယောက်ျားကို ‘မိန်းမလျာ’၊ ‘အခြောက်’၊ ‘ဂန်ဒူး’၊ ‘ဂျီပုန်း’၊ ‘ဂျယ်’ စသဖြင့် အမျိုးစုံခေါ်တတ်ကြတယ်။ လိင်တူချင်းမှ စုံမက်တဲ့ မိန်းကလေးကိုကျတော့ ‘ယောက်ျားလျာ’ လို့ အခေါ်များပြီး အခြားဘန်းစကားတွေကကျတော့ နည်းနည်းရိုင်းလို့ သားတင်မက အများပါ ဖတ်နေတဲ့ စာထဲမှာ ထည့်မရေးပါရစေနဲ့တော့၊       တကယ်တော့ သားရယ် လောကမှာ ယောက်ျားလျာ၊ မိန်းမလျာတွေဟာ လူတောမတိုးလှတဲ့ လူတန်းစားတစ်ရပ်ဖြစ်နေပါတယ်။ အများစုအနေနဲ့ သူတို့ကို မူမမှန်သူများ၊ ဒါမှမဟုတ်ရင်လည်း ဖောက်ပြန်နေသူများအဖြစ် သတ်မှတ်ထားကြလေတာကိုး။ သတ်မှတ်ကြဆို အဲသလိုဖြစ်နေတာကလည်း လူနည်းစုသာဖြစ်နေတာက […]


PhyoNovember 2, 20101min1312
မျိုးရိုးဗီဇကြောင့် ဂေး (လိင်တူချစ်သူ)ဖြစ်တာလား။ ဒါမှမဟုတ် ဂေး မျိုးရိုးဗီဇဆိုတာရော တကယ်ရှိရဲ့လား။ အင်္ဂလိပ်လို Gay Gene လို့ခေါ်တဲ့ ဂေးမျိုးရိုးဗီဇလို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်မယ့် စကားလုံးဟာ လူတယောက်ရဲ့ လိင်စိတ်ခံယူမှုကိုဖြစ်စေတဲ့ မျိုးရိုးဗီဇကို ယေဘုယျဆိုလိုချင်တဲ့ အသုံးအနှုန်းတစ်ခုဖြစ်တယ်လို့ အချို့ပညာရှင်များက ဆိုကြပါတယ်။ မျိုးရိုးဗီဇကြောင့် ဂေးဖြစ်လာသလား မဖြစ်လာဘူးလားဆိုတာကိုတော့ ဒီကနေ့အထိ သိပ္ပံပညာရှင်တွေ အပြန်အလှန်ငြင်းခုံဆွေးနွေးနေကြဆဲပဲဖြစ်ပါတယ်။ တချို့သိပ္ပံပညာရှင်တွေရဲ့ လေ့လာရှာဖွေတွေ့ရှိချက်အရဆိုရင် လူတယောက်ရဲ့လိင်စိတ်ခံယူမှုဟာ မျိုးရိုးဗီဇရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာရတယ်လို့လည်း ပြောဆိုကြပါတယ်။ ဥပမာအားဖြင့် ဦးနှောက်ထဲမှာ ဟိုမုန်းဖြစ်ပေါ်လာဖို့ရန်အတွက် လှုံ့ဆော်ပေးတဲ့အစိတ်အပိုင်းတွေမှာ အခုနကပြောတဲ့ မျိုးရိုးဗီဇလွှမ်းမိုးမှုတွေကို တွေ့ရှိရတယ်လို့ ဆိုကြပါတယ်(i.e. the corpus callosum or medulla oblongata)။ ဒါပေမယ့် ဘယ်လိုပဲဆိုဆို လိင်စိတ်ခံယူမှုဟာ မျိုးရိုးဗီဇရဲ့လွှမ်းမိုးမှုတခုတည်းကြောင့် ဖြစ်ပေါ်လာရတယ်ဆိုပြီးတော့လည်း ဒီနေ့အထိ သိပ္ပံပညာရှင်တွေအားလုံး […]


PhyoNovember 1, 20101min1489
ဤဆောင်းပါးသည် လိင်တူချစ်သူများနှင့် ပတ်သက်သော ဆောင်းပါဖြစ်ပါသည်။ မည်သည့်အတွက်မှ ရည်ရွယ်ချင်းမဟုတ်ပါ။ လူမှုအသိုင်းအဝိုင်းတွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို ရေးသားထားခြင်းသာဖြစ်ပါသည်။ ညစ်ညမ်းစာပေလည်း မဟုတ်ပါကြောင်း အရင်ဦးဆုံး ပြောကြားလိုပါသည်။ သက်တံ့အယ်ဒီတာအဖွဲ့။ October 29, 2010 ဒီစာလေး ရေးဖြစ်ဖို့ အကြောင်းဖန်လာတဲ့ ကိစ္စတွေကတော့ ထိုင်းနိုင်ငံမှာ ခေတ်စားတဲ့ စကားလုံး တစ်လုံးကြောင့်ပါ။ အဲဒီ စကားလုံးကတော့ “As long as you pay. I am Gay” ဆိုလိုတဲ့ အဓိပ္ပါယ်က ငွေသာရမယ် ဆိုရင်တော့ ဂေးလုပ်ပေးမယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ ဒီထက် ထဲထဲဝင်ဝင် စဉ်းစားကြည့်မယ်ဆိုရင် ကန်တော့ပါရဲ့။ ရိုင်းသွားရင်လည်း တောင်းပန်ပါတယ်။ ဖင်ချမယ် ဆိုရင်လဲ ခံပါ့မယ်။ လုပ်ပေးဆိုလည်း လုပ်ပေးမယ်။ ကြိုက်သလိုခိုင်း […]


PhyoOctober 28, 20101min611
သက်တံ့အယ်ဒီတာအဖွဲ့။ October 27, 2010 အမရိကန်နိုင်ငံရေးသမိုင်းမှာ သမ္မတ Barack Obamaရဲ့ လက်ထက်မှာ လိင်တူချင်းချစ်တဲ့ သူတွေကို အစိုးရ ဝန်ထမ်းအဖြစ် ခန့်အပ်ခဲ့တာ အများဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန် အခြေစိုက် လိင်တူချစ်သူတွေ အခွင့်အရေးတွက် လှုပ်ရှားနေသူတွေနဲ့ အိမ်ဖြူတော်က ခန့်မှန်းချက်အရ စုစုပေါင်း လိင်တူချစ်သူဦးရေ ၁၅ဝကို သူ့ရဲ့ အစိုးရစီမံခန့်ခွဲရေး ဌာနတွေမှာ ၂၀၀၈ခုနှစ် ကတည်းက ရွေးချယ်ခန့်အပ်ခဲ့တယ်လို့ ဆိုကြပါတယ်။ သူ့ထက် နောက်ထပ် အများဆုံး ခန့်အပ်ခဲ့တဲ့ သမ္မတကတော့ Bill Clintonရဲ့ လပ်ထက်မှာ ဖြစ်ပြီး စုစုပေါင်း အယောက် ၁၄ဝအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတ နှစ်ယောက်စလုံးက ထူးထူးခြားခြားနဲ့ စွမ်းဆောင်ခဲ့ကြတာပါ။ “အခုလိုမျိုး ရွေးချယ် ခန့်အပ်ထားတဲ့ […]


PhyoOctober 27, 20101min1032
သက်တံ့အယ်ဒီတာအဖွဲ့။ October 27, 2010 လန်ဒန်မြို့မှာရှိတဲ့ Stoke Newington အလယ်တန်းကျောင်းက သူတို့ရဲ့ ကျောင်းသင်ခန်းစာတွေမှာ လိင်တူချစ်သူတွေရဲ့ သမိုင်းကြောင်းကို သင်ကြားပို့ချ ပေးခြင်းအားဖြင့် လိင်တူချင်းချစ်တဲ့ ကျောင်းသားတွေအပေါ်မှာ အနိုင်ကျင့် စော်ကားတဲ့ ဖြစ်ရပ်တွေကို အများကြီး လျှော့ချနိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ အဲဒီစာသင်ကျောင်းဟာ လိင်တူချစ်သူတွေရဲ့ သမိုင်းအကြောင်းကို လွန်ခဲ့တဲ့ ၅နှစ်ကတည်းက စတင်သင်ကြား ပို့ချပေးခဲ့တဲ့ လန်ဒန်မြို့က တစ်ခုတည်းသော စာသင်ကျောင်းလို့လည်း သိရပါတယ်။ အခုခါမှာ အဲဒီစာသင်ကျောင်းမှာ မတူကွဲပြားတဲ့ သင်တန်းဆိုတဲ့ ဌာနတစ်ရပ်ကို ဖွင့်လှစ်ပြီး တခြားကျောင်းဆရာ ဆရာမတွေကို မိမိရဲ့ ကျောင်းသူကျောင်းသားတွေအား လိင်တူချစ်သူတွေရဲ့အကြောင်းတွေ၊ တခြားမတူကွဲပြားတဲ့ မိသားစုတွေရဲ့ အကြောင်းတွေကို ဘယ်လိုနည်းလမ်းမှန်မှန်နဲ့ သင်ကြားပို့ချပေးရမလဲ ဆိုတာကိုပါ သင်ကြားထားတယ်လို့ ဆိုပါတယ်။ အဲဒီသင်ခန်းစာတွေထဲမှာ အင်္ဂလန်နိုင်ငံရဲ့သမိုင်းမှာ […]


PhyoOctober 27, 20101min23322
သက်တံ့အယ်ဒီတာအဖွဲ့။ October 27, 2010 စပိန်နိုင်ငံက လိင်တူချစ်သူတွေရဲ့ အုပ်စုလိုက် အနမ်းပွင့်ချွေခြင်းအားဖြင့် ပုဒ်ရဟန်းမင်းကြီးကို ကြိုဆိုကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကက်သလစ် ဘာသာဝင်တွေရဲ့ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ပုဒ်ရဟန်းမင်းကြီးဟာ လာမယ့် နိုဝင်ဘာလမှာ စပိန်နိုင်ငံကို သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။ သူကြွရောက်လာတယ် ဆိုရင်ပဲ လိင်တူချစ်သူတွေက ဇာတ်စင်မြင့်တစ်ခုကို သူ့ရဲ့ အလာလမ်း မျက်နှာချင်းဆိုင်မှာ ဆောက်လုပ်ပြီး ပုဒ်ရဟန်းမင်းကြီး ထွက်လာတာနဲ့ တပြိုင်တည်း တက်ညီလက်ညီ ပွေ့ဖက် နမ်းရှုပ်ပြခြင်းဖြင့် ဆန္ဒပြကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပုဒ်ရဟန်းမင်းကြီးဟာ လာမယ့် စနေနေ့ နိုဝင်ဘာလ ရရက် မနက် ၉နာရီမှာ မြို့တော် Barcelonaရဲ့ ရင်ပြင်မှာရှိတဲ့ Sagrada Familia လို့ခေါ်တဲ့ ဘုရားရှိခိုးကျောင်းကို ရောက်ရှိလို့လာမှာ […]


PhyoOctober 27, 20101min1080
အပြင်မှာတော့ မိုးလေးတဖွဲဖွဲ ကျဆင်းနေတုန်း… ဒီလိုမိုးအေးအေးမှာ ကျမအကြိုက်ဆုံး ကော်ဖီတခွက်နဲ့ အနှစ်သက်ဆုံး စာအုပ်တအုပ်အုပ်ကို ဖတ်ပြီးတော့ ဇိမ်ယူရတာကို ကျမ သိပ်သဘောကျတယ်… အဲဒီအရာသာကို ကျမ ဘယ်အရာတွေနဲ့မှ လဲပြစ်လို့ မရနိုင်အောင် ကျမစွဲမက်တာပါ… အားလပ်ရက် တရက်ဖြစ်တဲ့ တနင်္ဂနွေတရက်ကတော့ ကျမ သွားနေကျ သောက်နေကျ ကော်ဖီဆိုင်လေးကို ကျမ အပတ်တိုင်းရောက်ဖြစ်နေကျပေါ့… ကျမကိုဆို ဆိုင်က ကောင်မလေးတွေ ကောင်လေးတွေတောင် မှတ်မိကုန်ပြီ… ဒီလိုနဲ့ ကျမရဲ့ တနင်္ဂနွေ နေ့တွေတိုင်းကို အဲဒီ ကော်ဖီဆိုင်လေးမှာပဲ အချိန်တွေကုန်လွန်စေခဲ့တာ… ဒီနေ့ တနင်္ဂနွေနေ့… လှေကားပေါ်ကနေ ခုန်ဆွခုန်ဆွဆင်းလာတဲ့ ကျမကို မေးစရာမလို ဖြေစရာမလိုအောင် တမိသားစုလုံးက ဒီနေ့က ကျမနေ့ဆိုတာကို သိထားသူတွေမို့ ဘာမှ ပြောနေစရာမလိုတော့… ကျမရဲ့ဂိတ်ဆုံး ကားဘီလှည့်ရာကတော့ ကော်ဖီဆိုင်လေးပေါ့… […]