ချစ်သူမလာလို့ မျှော်လင့်နေ့               များလောင်ကျွမ်းသွားလည်း ချစ်သူမလာလို့လွမ်းရနေ့များ                 ပြာဖြစ်သွားလည်း ချစ်သူမလာလို့နာတဲ့အသည်း                ကွဲကြေသွားလည်း ချစ်သူအပေါ် ပြောင်းလဲမသွား                အစဉ်ထာဝရတည်နေမှာ……..


သစ္စာ အရိပ်လိုစိုး  စိတ်ကိုမိုးလို့ မိုးမြေပမာ မြတ်နိုးခင်မင် သံယောဇဉ်များ ရင်ဝယ်သိုသိပ် တစ်ပါးသူထံမယိုဖိတ်ဘူး…………ချစ်သူ… မှန်သောသစ္စာ တိုင်တည်ပါချင် သခင်သိမလား ခံစားချက်များ ခိုင်ကြင်ဘဝ တိုင်ပင်ကြရင်း ထာဝရအပါး တစ်ဖဝါးမခွာဘဲ ကာလများစွာရှိချင်တယ်….ချစ်ရသူရယ်.. စိမ်းကားတဲ့ ကံကြမ္မာရေ ဖြေစမ်းပါ……………မင်း တို့နှစ်ဦး ဆုံစည်းဖို့ ဘရ်လောက်ထိစောင့်ရမှာလဲ…?…….


ချစ်သူရယ်…. အချစ်မှာဂတိတွေမလိုဘူး.. သဘောတူညီချက်တွေမလိုဘူး.. တောင်းဆိုမှုတွေမလိုဘူး.. အချစ်မှာ.. လူနှစ်ယောက်ပဲလိုတယ်.. နားလည်မှုပေးနိုင်သူတစ်ယောက်နဲ့ ယုံကြည့်မှုပေးနိုင်သူတစ်ယောက်ပါ... တို့အနေနဲ့ ချစ်သူကို နားလည်မှုပေးနိုင်ပါတယ်.. ချစ်သူကသာ တို့ကို ယုံကြည်မှုပြန်ပေးပါ.. တို့နှစ်ဦးမဆုံနိုင်စရာမရှိပါဘူး...... ရဲရဲသာလှမ်းလာခဲ့ပါ.. မင်းအတွက်နွေးထွေးတဲ့ ရင်ခွင်တစ်စုံက ခိုနားဖို့အသင့်ပါ......ချစ်သူရယ်...။ ချစ်သူ... မုန်းလို့ဝေးကွာသွားတာမဟုတ်ပါဘူး.. ကံကြမ္မာကတို့နှစ်ဦးကို ပေါင်းစည်းခွင့်အပေးခဲ့တာပါ... ရက်စက်တက်တဲ့ကံကြမ္မာကြောင့် မင်းနဲ့ဝေးရပေမဲ့ ကိုယ်ရင်ထဲ့က နေရာလေးတစ်ခုကိုတော့ မင်းကစိုးမိုးထားဆဲပါချစ်သူရယ်.. မင်းရောပြောင်းလဲသွားပြီလား.? မင်းပြောင်းလဲသွားရင်တော့ ကိုယ်ဘာလုပ်လို့ရမှာလဲ...ဖြစ်လာသမျှကို ခံနိုင်ရည်ရှိအောင်တော့ နေနိုင်ရတော့မှာပေါ့....... ဒါပေမဲ့......... ရင်ထဲမှာတော့ ဒဏ်ရာတွေပြည့်နေတယ်ဆိုတာ မင်းသိရင်ကျေနပ်ပါတယ်.... ချစ်ရသူရယ်............။..။ တကယ်လို့သာ တောင်းဆုတစ်ခုပြည့်ခဲ့မယ်ဆိုရင် ချစ်သူနဲ့တူတူ ဟန်ဆောင်ခြင်းကင်းတဲ့ ချစ်ခြင်းတွေကိုတူတူမျှဝေခံစားချင်တယ်......။  


  ချစ်သူသိစေဖို့ ရင်တွင်ကလာတဲ့ ချစ်ခြင်းမေတ္တာတရားတွေက အပေါ်ယံဟန်ဆောင်နေတဲ့ချစ်ခြင်းတွေ မဟုတ်ဘူးဆိုတာမသိချင်ယောင်ဆောင်နေတာလား? ချစ်သူရယ်…. ငါရင့်ထဲကချစ်ခြင်းတွေကို မြင်စေချင်တယ်…. မပြောင်းမလဲတည်ရှိနေမှာ ငါမေတ္တာတရားတွေပါ..….