Hlaing Zar ChiOctober 23, 20131min730
အောင်လံမြို့နယ် အနောက်(၈)မိုင်ခန့်အကွာရှိ အလယ်ရွာတွင် အောက်တိုဘာ(၂၀)ရက်နေ့က အမျိုးသားတစ် ဦးမှဇနီးဖြစ်သူအား လူမှုရေးဖောက်ပြန်သည်ဟုသံသယဖြင့် ဇနီးဖြစ်သူနှင့်ကလေးငယ်အား ရဲဒင်းဖြင့်ခုတ်၍ ကလေးငယ်သေဆုံး မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ဖြစ်စဉ်မှာ အဆိုပါနေ့ အလယ်ရွာနေ တရားလိုမိန်းကလေးသည် ရွာဦးဘုန်းကြီးကျောင်းတွင် ဥပုဒ်စောင့်နေစဉ် တစ်ရွာတည်းနေ နိုင်ဝင်း ရောက်ရှိလာပြီး ၎င်း၏ညီမဖြစ်သူ မဌေးဌေးဝင်၊အသက်(၃၈)နှစ် နှင့်တူဖြစ်သူ (၁၀)လသားကလေးငယ် သားညီ တို့အား မဌေးဌေးဝင်း၏ခင်ပွန်းဖြစ်သူ မြင့်အေး မှ ရဲတင်းဖြင့်ခုတ်၍ဒဏ်ရာများရရှိကြောင်း လာရောက်သတင်းပေးသဖြင့် နေအိမ်သို့ပြန်လာကြည့်ရာ မဌေးဌေးဝင်းတွင် ယာမျက်ခုံးအထက်နဖူးတွင်(၂)လက်မခန့်ပြတ်ရှ ဒဏ်ရာတစ်ချက်၊ယာဂျိုစောင်းတွင်(၄)လက်မခန့်ပြတ်ရှဒဏ်ရာတစ်ချက်ရရှိပြီး တူဖြစ်သူ သားညီတွင် ယာဂျိုစောင်းကြေမွဒဏ် ရာ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် မဌေးဌေးဝင်းတို့သားအမိအားဆေးရုံသို့ပိုရန်ခေါ်လာစဉ် သားညီမှာ စခန်းကြီးရွာအနီးတွင်သေဆုံးသွား ၍  မြင့်အေးအားအရေးယူပေးပါရန်တိုင်တန်းသဖြင့်သက်ဆိုင်ရာ အောင်လံမြို့နယ်၊ရွှေပန်းတောနယ်မြေရဲစခန်း မှ(ပ) ၂၆/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂ /၃၂၆ ဖြင့်အမှုဖွင့်ထားကြောင်းသတင်းရရှိသည်။


Hlaing Zar ChiOctober 23, 20131min740
       ပခုက္ကူခရိုင်၊ဆိပ်ဖြူမြို့နယ် ဆိတ်ဖြူ-စလင်းကားလမ်း မိုင်တိုင်အမှတ် ၆၄/ရ ချင်းတောင်ကျေးရွာအနီးတွင် အောက်တိုဘာ (၂၁)ရက်နေ့နေ့လည်(၁၁)နာရီချိန်က ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ ယာဉ်မောင်း အောင်လှိုင်ဘွား ချောက်မြို့နေသူမောင်းနှင်ပြီးယာဉ်နောက်လိုက် အောင်မျိုးထွန်းလိုက်ပါသော ရွှေနံသာ ခရီးသည်တင်ယာဉ် ဒိုင်နာဖြူနီကြားသည် စီယာတိုင် လက်ကိုင်ခေါက်ပြီး လမ်းယာဘက်ဘေးရှိသဲပုံပေါ်သို့ကျော်တက်သွားခဲ့ရာမှ ကားလမ်းဝဲဘက် သို့တိမ်းမှောက်ခဲ့သဖြင့် အဆိုပါယာဉ်ပေါ်ပါ ခရီးသည်(၂၀)ဦးအနက် ခရီးသည်အမျိုးသား/အမျိုးသမီး (၆)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒဏ်ရာရရှိသူထဲမှ နန်းအောင်၊အသက်(၁၉)နှစ် (၉)တန်းကျောင်းသား စလင်းမြို့နယ်နေသူသည် ဝဲဘက်ဂွေးနံပေါက်ပြဲဒဏ်ရာ (၁)ချက်၊ဝဲဘက်ပေါင်ရင်း(၄)လက်မခန့်ပေါက်ပြဲ ဒဏ်ရာတစ်ချက် ဒဏ်ရာဖြင့် ဆိပ်ဖြူဆေးရုံတွင် အတွင်းလူနာအဖြစ်ဆေးကုမှု ခံယူနေကြောင်း အဆိုပါဖြစ်စဉ်နှင့်ပက်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ အောင်လှိုင်ဘွား ဆိပ်ဖြူမြို့နယ်မြို့မရဲစခန်း က ယာဉ်(ပ)၁၇/၂၀၁၃ ၊ပြစ်မှု ပုဒ်မ ၃၃၇/၃၃၈ ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။


Hlaing Zar ChiOctober 23, 20131min970
     ပခုက္ကူခရိုင်၊ပေါက်မြို့နယ် လယ်ကိုင်းကျေးရွာအုပ်စု ထန်းတောလယ်ကျေးရွာအနောက်ဘက်(၃)မိုင်ခန့်အကွာရှိ သုံးမွှာချောင်းတောတဲတိုက်တွင် အောက်တိုဘာ(၂၁)ရက်နေ့နံနက်(၉)နာရီချိန်က အဆိုပါတဲတိုက်နေ မသီတာဌေး အသက်(၂၇)နှစ်သည်၎င်း၏ခင်ပွန်းဖြစ်သူ အသက်(၇၈)ရှိ ဦးငသန်း တို့သည်လင်မယားချင်းရန်ဖြစ်ရာမှ ဦးငသန်းသည် ဓါးဖြင့်ခုတ်ခံရ၍လဲနေသည်ကို မသီတာဌေး၏ အစ်ကို ဇော်ဝင်းမောင်နှင့် ရဲဝင်းတို့နှစ်ဦးမှ ထန်းတောလယ်ကျေးရွာရာအိမ်မှူး ဦးဇော်မင်းနိုင်ထံသို့သွားရောက်အကြောင်းကြားရာ အခင်းဖြစ်နေရာသို့ ဦးဇော်မင်းနိုင်သွားရောက်ကြည့်ရှုရာ ဦးငသန်း ၏ အလောင်းအား  ၎င်းတို့တဲ၏ နွားတင်းကုတ်အနီးတွင်မြုပ်နှံထားသည်ကိုတွေ့ရှိရသဖြင့် ကိုင်းလယ်ရဲကင်းစခန်းသို့အကြောင်း ကြားသဖြင့် သက်ဆိုင်ရာကိုင်းလယ်ရဲကင်းစခန်းမှူး ဒုရဲအုပ် ဝင်းဆွေနှင့် အဖွဲ့အခင်းဖြစ်နေရာ တောတဲတိုက်သို့သွားရောက် စစ်ဆေးရာ ဦးငသန်း ၏အလောင်းမှာ နွားတင်းကုတ်အနီးတွင်မြေမြှပ်ထားသည်ကိုတွေ့ရှိရပြီး ပြစ်မှုကျူးလွန်သူ မသီတာဌေး သည် စိတ်ရှုးသွတ်နေ သူဖြစ်ကြောင်းသိရှိရသည်။အဆိုပါအမှုနှင့်ပက်သက်၍ ထန်းတောလယ်ကျေးရွာရာအိမ်မှူး ဦးဇော်မင်းနိုင် မှဦးငသန်းအားဓါးဖြင့်ခုတ်သူ မသီတာဌေးအား တိုင်တန်းသဖြင့် သက်ဆိုင်ရာ ပေါက်မြို့မရဲစခန်းမှ (ပ)၈၆/၂၀၁၃၊ ပုဒ်မ ၃၀၂  ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။


Hlaing Zar ChiOctober 23, 20131min1840
             အောင်လံမြို့နယ် အနောက်(၈)မိုင်ခန့်အကွာရှိ အလယ်ရွာတွင် အောက်တိုဘာ(၂၀)ရက်နေ့က အမျိုးသားတစ် ဦးမှဇနီးဖြစ်သူအား လူမှုရေးဖောက်ပြန်သည်ဟုသံသယဖြင့် ဇနီးဖြစ်သူနှင့်ကလေးငယ်အား ရဲဒင်းဖြင့်ခုတ်၍ ကလေးငယ်သေဆုံး မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ဖြစ်စဉ်မှာ အဆိုပါနေ့ အလယ်ရွာနေ တရားလိုမိန်းကလေးသည် ရွာဦးဘုန်းကြီးကျောင်းတွင်ဥပုဒ်စောင့်နေစဉ်တစ်ရွာတည်းနေနိုင်ဝင်းရောက်ရှိ လာပြီး ၎င်း၏ညီမဖြစ်သူ မဌေးဌေးဝင်၊အသက်(၃၈)နှစ် နှင့်တူဖြစ်သူ (၁၀)လသားကလေးငယ် သားညီ တို့အား မဌေးဌေးဝင်း၏ခင်ပွန်းဖြစ်သူ မြင့်အေး မှ ရဲတင်းဖြင့်ခုတ်၍ ဒဏ်ရာများရရှိကြောင်း လာရောက် သတင်း ပေးသဖြင့် နေအိမ်သို့ပြန်လာကြည့်ရာ မဌေးဌေးဝင်းတွင် ယာမျက်ခုံးအထက်နဖူးတွင်(၂)လက်မခန့်ပြတ်ရှ ဒဏ်ရာတစ်ချက်၊ ယာဂျိုစောင်းတွင်(၄)လက်မခန့်ပြတ်ရှ ဒဏ်ရာတစ်ချက်ရရှိပြီး တူဖြစ်သူ သားညီတွင် ယာဂျိုစောင်းကြေမွဒဏ် ရာ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် မဌေးဌေးဝင်းတို့သားအမိအားဆေးရုံသို့ပိုရန်ခေါ်လာစဉ် သားညီမှာ စခန်းကြီးရွာအနီးတွင်သေဆုံးသွား ၍  မြင့်အေးအား အရေးယူပေးပါရန်တိုင်တန်း သဖြင့်သက်ဆိုင်ရာ အောင်လံမြို့နယ်၊ရွှေပန်းတောနယ်မြေရဲစခန်း မှ(ပ) ၂၆/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂ /၃၂၆ ဖြင့်အမှုဖွင့်ထားကြောင်းသတင်းရရှိသည်။


Hlaing Zar ChiOctober 22, 20131min1120
                တောင်တွင်းကြီးမြို့ မောင်းတိုင်(၂)ရပ်ကွက်ရှိ တိုက်သစ်ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ သီရိမင်္ဂလာတနင်္ဂနွေဓမ္မာ ကျောင်းတော်တွင် အောက်တိုဘာ(၁၉)ရက်နေ့ နေ့လည်(၂)နာရီချိန်က ယဉ်ကျေးလိမ္မာ သင်တန်းသို့တက်ရောက်လာကြသည့် မူလတန်းအဆင့်ကလေးငယ် (၇၀၀)ဦးခန့်အား သွားနှင့်ခံတွင်းဆရာဝန်ကြီး ဒေါက်တာကျော်ဆွေ မှ မုန့်လုပ်မှု ပညာပေးဟော ပြော ပွဲပြုလုပ်ခဲ့ ရာ ဒေါက်တာကျော်ဆွေ မှယခု ကလေးငယ် များစားသုံးနေသည့်မုန့်များသည် အဟာရမဖြစ်ကြောင်းနှင့် ကျန်းမာ ရေးအားထိခိုက်စေနိုင်ကြောင်း၊ အဆိုပါ မုန့်များတွင် အရောင်ဆိုးဆေး နှင့် တာရှည်ခံအောင်ထားနိုင် သည့် ဓါတုပစ္စည်းများပါ ရှိ ခြင်းကြောင့် ကလေးငယ်များအနေဖြင့် နောင်တွင် အသည်းရောဂါများဖြစ်ပွားနိုင်ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံသည် ကမ႓ာတွင် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်း ဒုတိယလိုက်နေကြောင်း ၊မိဘများအနေဖြင့်လည်း မိမိတို့သားသမီး များအား နိုင်ငံခြားဖြစ်ဆိုးဆေးပါ မုန့်များစားသုံးခြင်းမပြုစေဘဲ အဟာရပြည့်ဝသည့် မြန်မာမုန့်များကိုသာစားသုံးစေခြင်းသည် မိမိတို့မုန့်လှုပ်ရှားမှုအားတစ်ဖက် တစ်လမ်းမှ ကူညီရာရောက်ပြီး ကလေးငယ်များ၏ကျန်းမာရေးအတွက် […]


Hlaing Zar ChiOctober 22, 20131min530
မကွေးမြို့၊မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၇၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် (၂၅)ကြိမ်မြောက် ဆီမီးပူဇော်ပွဲ အခမ်းအနားအား အောက်တိုဘာ(၁၉)ရက်နေ့ညနေ(၆)နာရီချိန်က မြသလွန်စေတီတော်မြတ်ကြီး၏ ရင်ပြင်ပေါ်ရှိ မဟာအတုလ ရံသီတန်ဆောင်းအတွင်းကျုင်းပပြုလုပ်ခဲ့ရာ အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆိုပြီးဘုရားကန်တော့ဖွင့်လှစ်ခဲ့သည်။ ဇယနေ္တာဂါထာရွတ်ဆိုပြီးလက်အုပ်ချီကန်တော့ခံ့ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့်အစိုးရအဖွဲ့ဝန်ကြီးများမှ ဆီမီးများအားကပ်လှူပူဇော်ခဲ့ပြီး ဗုဒ္ဓ္ဒသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။ မြသလွန်ဘုရား ကြီး၏ဆီမီး (၉၀၀၀) ပူဇော်ပွဲအား အောက်တိုဘာ(၂၇)ရက်နေ့တွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရှိရသည် ဆီမီးပူဇော်ပွဲအခမ်း အနားသို့အစိုးရအဖွဲ့ဝန်ကြီးများ၊တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ ၊ဂေါပက အဖွဲ့ဝင်များ၊ဧည့်သည်တော်များ စုပေါင်း (၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြသည်။ယခုနှစ် ဘုရားပွဲတော် မိုးရွာသွန်းခဲ့သော်လည်း ပွဲတော်လာပရိတ်သတ်များ ယမန်နှစ်က ထက် များပြားကြောင်းဒေသခံဂေါပက ရုံးမှပြောကြားသည်။


Hlaing Zar ChiOctober 22, 20131min640
       ပခုက္ကူမြို့၊အမှတ်(၄)ရပ်ကွက်ရှိ သီဟိုဠ်ရှင်ဘုရားကြီး၏ သီတင်းကျွတ်ပွဲတော်နှင့် စာရေးတံမဲလောင်းလှူပွဲအား အောက်တိုဘာ(၁၉)ရက်နေ့နံနက်(၈)နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။ဘုရားဂေါပကအဖွဲ့မှ ဦးဆောင်၍ ပင့်သံယာ (၁၁၂)ပါး အားပင့်ဆောင်ပြီး ဆွမ်းလုံးဆပ်ကပ်လှူဒါန်းပွဲပြုလုပ်ခဲ့ရာ သံယာ(၁၁၂)ပါးအား(၁)ပါးလျှင် ဆွမ်းလုံး(၁)လုံးစီဆက်ကပ်လှူဒါန်း ခဲ့သည်။ထိုနောက်တက်ရောက်လာကြသူများက မင်းကျောင်း ဆရာတော် ဦးကောဝိဒ ထံမှ ရေစက်ချတရာတော်များနာယူခဲ့ပြီး (၉)ပါသီလခံယူခဲ့ကြသည်။ အဆိုပါလှူဒါန်းပွဲသို့ ပခုက္ကူမြို့ပြည်သူ့ဆေးရုံမှဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအေး၊ တပ်မ(၁၀၁)မှ ဗိုလ်ကြီး အောင်နိုင်စိုးနှင့်အဖွဲ့ဝင်များ၊မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူး ဦးသန်းစိုးနှင့်အဖွဲ့၊ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်၊မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးအောင်မင်းကြိုင်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊မြို့ပေါ်ရပ် ကွက်များမှ ဆွမ်းလုံးအလှူရှင်များ စုပေါင်းအင်အား(၁၅၀)ကျော်တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။


Hlaing Zar ChiOctober 19, 20131min1390
မင်းတုန်းမြို့နယ် ၊ပေါက်ကိုင်းကျေးရွာနေ ဦးသောင်းရွှေနှင့်ဇနီးဖြစ်သူ ဒေါ်လှလှ တို့သည် အောက်တိုဘာ(၁၅)ရက်နေ့ နံနက်(၁၀)နာရီချိန်က နေအိမ်နောက်ဖေး ခြံစည်းရိုးတွင် သန့်ရှင်းရေးပြုလုပ်ခဲ့စဉ် ဗုံသီးဟောင်းတစ်လုံးတွေ့ရှိခဲ့သဖြင့် မင်းတုန်းမြို့မရဲစခန်း ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးတင်ထွန်းအောင်နှင့်နယ်ထိန်းအဖွဲ့၊ စရဖ တပ်ကြပ်ကြီး ခင်ဦးနှင့်အဖွဲ့၊ဒေသ ခံကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အောင်နှင့်အတူသွားရောက်စစ်ဆေးရာ ဗုံးသီးဟောင်းသည် အလျား(၁၇)လက်မ၊လုံးပတ်(၁၁) လက်မခန့်ရှိကြောင်း ဗုံးမှာပြောင်ချော၍သံချေးများတက်နေကြောင်းစစ်ဆေးတွေ့ရှိရကြောင်း  အဆိုပါ ဗုံးပေါက်ကွဲမှုမဖြစ်စေ ရေး အတွက် သဲအိတ်များဖြင့်ကာရံထိန်းသိမ်းထားရှိကာ သက်ဆိုင်ရာ ခလရ(၄၄)မှ တပ်ရေးဗိုလ်ကြီး တင်မောင်ညွန့်ထံ ဆက်သွယ်    ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။


Hlaing Zar ChiOctober 19, 20131min410
ပွင့်ဖြူမြို့နယ် သက်တော်ရှည်ရပ်ကွက်ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးဝန်းအတွင်း အောက်တိုဘာ(၁၆)ရက်နေ့ည(၁) နာရီ(၅)မိနစ်ချိန်က မီးလောင်မှုဖြစ်ပွားသဖြင့် တစ်ထပ်လူနေအိမ်(၁)လုံးနှင့်မြို့နယ်သစ်တောရုံးတစ်ခု မီး လောင်ကျွမ်းခဲ့ကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ အဆိုပါနေည(၁)နာရီ(၅)မိနစ်ချိန်က ဝါယာရှော့ဖြစ်ပြီးမီးစတင်လောင်ကျွမ်းခဲ့ကြောင်းမီလောင်မှု ကြောင့် သစ်တောဝန်းအတွင်းရှိ မြို့နယ်သစ်တောဦးစီးမှူး ဦးသီဟစော နေထိုင်သည့် တစ်ထပ်နေအိမ်(၁)လုံးနှင့် တစ်ထပ်ခြေ တံရှည် မြို့နယ်သစ်တောရုံးတစ်ရုံး မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်(၃၄၂၂၀၀၀)ရှိကြောင်း အဆိုပါမီးလောင်ရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ မီးသတ်ယာဉ်(၂)စီး၊အရန်မီးသတ်တပ်ဖွဲ့မှမီးသတ်ယဉ်(၁)စီး၊နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများ လူအင်အား(၇၀)ကျော်မှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရကြကြောင်းသိရှိရသည်။အဆိုပါ မီးလောင်မှုအား မြို့နယ်မီးသတ် တာဝန်ခံ လက်ထောက် မီးသတ်ဦးစီးမှူး ဦးရှိန်မင်းထက်မှအရေးယူပေးရန်တိုင်တန်းသဖြင့် မြို့နယ်သစ်တောဦးစီးမှူး  ဦးသီဟစောအား ပွင့်ဖြူမြို့မရဲစခန်းမှ (ပ)၇၁/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။


Hlaing Zar ChiOctober 19, 20131min570
ပခုက္ကူမြို့ ၊အမှတ်(၆)ရပ်ကွက်ရှိ မလေးဆေးလိပ်ခုံတွင် အောက်တိုဘာ(၁၆)ရက်နေ့နေ့လည်(၁)နာရီချိန်က လင်မယားချင်း ရန်ဖြစ်၍ ဇနီးဖြစ်သူအား ကတ်ကြေးဖြင့်ထိုးသဖြင့် သေဆုံးမှုဖြစ်ပွားကြောင်းသတင်းရရှိသည်။ ဖြစ်စဉ်မှာ အမျိုးသားဖြစ်သူ အောင်ဇော်ဦး မှ ဇနီးဖြစ်သူ မကြည်မော်အား ဆေးလိပ်လိပ်ရာတွင်အသုံးပြုသောကတ်ကြေးဖြင့်ထိုးသဖြင့် ဆေးလိပ်ခုံအတွင်း တစ်စောင်းအနေအထားဖြင့် ဝဲဘက်နို့အုံအောက်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ယာဘက်နို့အုံအထက်တွင် ထိုးသွင်းဒဏ်ရာ(၁) ချက် ကတ်ကြေးတန်းလန်းဖြင့်(စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့သဖြင့် ဒေါ်ခင်ကြည် မှ အောင်ဇော်ဦးအားတိုင်တန်းသဖြင့် ပခုက္ကူမြို့နယ်၊ မြို့မရစခန်းမှ (ပ)၂၈၉/၂၀၁၃၊ ပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်ထားရာမှ အမှုမှ မကြည်မော်မှာ ပခုက္ကူဆေးရုံကြီးတွင် ဆေးကုသမှုခံယူ စဉ်သေဆုံးသွားခဲ့သဖြင့် ယခင် ပုဒ်မ ၃၂၆  ဖြင့်စစ်ဆေးနေရာမှ ပုဒ်မ ၃၀၂ သို့ပြောင်းလဲအရေးယူထားကြောင်း သက်ဆိုင်ရာရဲ မှတ်တမ်းအရသိရသည်။


Hlaing Zar ChiOctober 19, 20131min510
မင်းလှမြို့နယ်၊ ထန်းကိုင်းရေနံမြေအတွင်း အမျိုးသမီးတစ်ဦးကိုယ့်ကိုကိုယ်ကြိုးဆွဲချသေဆုံးမှု အောက်တိုဘာ(၁၈)ရက်နေ့ နံနက်(၁၀)နာရီ(၃၀)မိနစ်ချိန်ကဖြစ်ပွားကြောင်းသတင်းရရှိသည်။ ထန်းကိုင်းရေနံမြေသို့အလုပ်လုပ်ရန် ဦးဇော်ဝင်း၏ညီမဖြစ်သူ မဝင်းဌေး၊အသက်(၃၉)နှစ်၊ ပြင်စလူမြို့နယ် ဧရာဝတီတိုင်းဒေသကြီးနေထိုင်သူဖြစ်ကြောင်းသိရှိရသည်။ သက်ဆိုင်ရာ ထန်းကိုင်း ရေနံမြေလုံခြုံရေး ဒုရဲအုပ် မင်းသူအောင် နှင့်အဖွဲ့ အခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးရာ သေဆုံးသူ မဝင်းဌေးသည် ထန်းကိုင်းရေနံမြေ ရှိ ဦးညိုကြီး၏ ယာတဲအတွင်းထုတ်တန်းတွင် အရှည်(၅)ပေ၊ လုံးပတ် တစ်မတ်လုံးခန့်ရှိ နှစ်ပင်လိမ်ချည်ကြိုး ဖြင့် လည်ပင်းတွင် ညိုမဲပွန်းပဲ့ဒဏ်ရာရရှိလျှက် ကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် အဆိုပါမိန်းကလေးသေဆုံးမှုနှင့်ပက် သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်သိရှိရန် မင်းလှမြို့နယ်၊ မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ်  ၁၃/၂၀၁၃ ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။


Hlaing Zar ChiOctober 18, 20131min1870
တောင်တွင်းကြီးမြို့နယ်၊ဆတ်သွားကျေးရွာနေ အသက်(၁၂)နှစ်အရွယ် သတ္တမတန်းကျောင်းသူသည် အောက်တိုဘာ (၁၇)ရက်နေ့တွင်  တောင်တွင်းကြီးမြို့နယ်ကျောင်းပေါင်းစုံကိုယ်စားပြု အမျိုးသမီးဘောလုံးအသင်းဝင်အဖြစ် အောက်တိုဘာ (၄) ရက်နေ့မှ(၇)ရက်နေ့အထိပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် မကွေးမြို့သို့သွားရောက်ခဲ့ရာ အောက်တိုဘာ(၆)ရက်နေ့ည(၉) နာရီချိန်ခန့်တွင် ထိုမိန်းကလေး ခေတ္တတည်းခိုနေထိုင်သည့် မကွေးမြို့ အခြေခံမူလတန်းကျောင်းသို့  ဘောလုံးအသင်းအုပ်ချုပ်သူ  အလယ်တန်းပြကျောင်းဆရာ ဆတ်သွားမြို့နေသူမှ မိန်းကလေးငယ်အားလှမ်းခေါ်ခဲ့သဖြင့် အဆောင်အောက်သို့ဆင်းခဲ့ရာ ဆရာမှ ကျောင်းသူမိခင်ရောက်ရှိနေသည်ဆိုပြီးလိမ်ပြောပြီး ဆိုင်ကယ်ဖြင့် မြသလွန် ဘုရားပွဲတော်သို့ခေါ် ဆောင်ခဲ့ပြီး ဘုရားဖူး ပြီးအပြန်လမ်းလျောက်လာစဉ် အမျိူးသမီးငယ်၏ ရင်သားအား ကိုင်ကြောင်း၊ ဟိုတယ်ခေါ်သွားချင်တယ် ပြောကြောင်း၊ဆိုင်ကယ် ဖြင့် အပြန်အမှောင်လမ်းကြား တစ်ခုသို့ အရောက်တွင် ဆိုင်ကယ်အားရပ်ပြီး မိန်းကလေးငယ်၏ဘောင်းဘီ အားဆွဲချွတ်ခဲ့စဉ် အခြားဆိုင်ကယ်မီးရောင်ကြောင့် ဘောင်းဘီအား ပြန်ဝတ်ပြေးခဲ့ကြောင်း၊ မိန်းကလေး တည်းခိုသည့် ကျောင်းသို့ ည(၁၁)နာရီချိန်ပြန်ပို့ပြီး မိန်းကလေးငယ်အား မည်သူမျှမပြောရန် အဆိုပါ ကျောင်းဆရာမှပြောကြားခဲ့သဖြင့် အဆိုပါမိန်းကလေးမှ […]


Hlaing Zar ChiOctober 17, 20131min470
တောင်တွင်းကြီးမြို့နယ်၊ ဆည်ကြီးရွာနေ အသက်(၄၈)ရှိ အမျိုးသမီးသည် အောက်တိုဘာ(၁၅)ရက်နေ့နေ့လည်(၁)နာရီ ချိန်ကနေအိမ်၌ ထမင်းစားနေစဉ် ညီမဖြစ်သူရောက်ရှိလာပြီး တစ်ရွာတည်းနေ မောင်ဖြစ်သူ မိုးကျော်ဦးအား ယောက္ခမတော် သူ ဦးဖိုးလှ အသက်(၆၀)နှစ်မှ ဓါးဖြင့်ခုတ် တုတ်ဖြင့်ရိုက်သဖြင့်လဲကျနေကြောင်းပြောပြသိရှိရသဖြင့် ဒေသခံရာအိမ်မှူး ဦးကျော်စိုးမိုး နှင့်အတူသွားရောက်ကြည်ရှုရာ မိုးကျော်ဦး မှာ ဦးဖိုးလှ၏နေအိမ်လှေကားတွင်လဲကျနေသည်ကိုတွေ့ရှိရပြီး ဦးခေါင်းဝဲဘက်ဂျို စောင်း(၄)လက်မခန့်ပေါက်ပြဲဒဏ်ရာ၊ညာလက်မောင်းညိုမဲဒဏ်ရာ၊ညာပခုံးညိုမဲဒဏ်ရာ၊ညာနားအတွင်းသွေးထွက်ဒဏ်ရာ၊ညာ လက်သန်းနှင့်လက်ခလယ်ပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိတွေ့ရှိခဲ့ကြောင်း မိုးကျော်ဦးမှာ၎င်းနှင့်ကွဲကွာနေသည့် ဇနီးဖြစ်သူအား သွားရောက်ခေါ်ယူစဉ် ယောက္ခဖြစ်သူ ဦးဖိုးလှနှင့်စကားများရန်ဖြစ်၍ ဦးဖိုးလှမှဓါးဖြင့်ခုတ် တိုတ်ဖြင့်ရိုက်ကြောင်းပြောပြသိရှိရသ ဖြင့် ဦးဖိုးလှအား အရေးယူပေးရန် မဌေးမြင့် မှတိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့နယ်၊ဆတ်သွားနယ်မြေရဲစခန်း မှ (ပ)၁၂၄/၁၃၊ ပုဒ်မ ၃၂၅ / ၃၂၆ ဖြင့်အမှုဖွင့်ထားကြောင်းသက်ဆိုင်ရာရဲမှတ်တမ်းအရသိရသည်။