Rose MinnNovember 12, 20132min23214
ရွာသူရွာသားများမင်္ဂလာပါ။  (၁၆) ကြိမ်မြောက် ဒါဇင်ပလပ်စ် အလှူ အဖြစ် ဒီ်လမှာတော့ ဒေါ်ဖွား သီလရှင်ပညာရေးကျောင်း၊ ရှမ်းတဲကြီးရပ်ကွက်၊ ရွာသာကြီးမှ ကျောင်းကလေးကို ဒါဇင်ပလပ်စ် အဖွဲ့သားများ သွားရောက်လှူတန်း ဖြစ်ခဲ့ကြ ပါတယ်။ လှူဖွယ် စာရေးကိရိယာများ နှင့် ငွေသား နှစ်သိန်းတစ်သောင်းနှစ်ထောင် (၂၁၂၀၀၀) ကျပ် ဖြစ်ပါတယ်။ ကျွန်မတို့အဖွဲ့ သွားရောက်သမျှမှာတော့ အချို့တဲ့ဆုံး ကျောင်းကလေးဖြစ်ပြီး အလှူငွေလည်း အများဆုံး ရတဲ့ကျောင်းကလေး လဲဖြစ်ပါတယ်။ ကျောင်းရဲ့အကျယ် အဝန်း ၂ ဧက ကို အလှူရှင်က လှူတန်းထားတာဖြစ်ပြီး။ ကျောင်းဆောင်လေး တစ်ဆောင်သာရှိပါတယ်။ ဦးစီး ပြီးစာသင်ကြားနေတဲ့ ဆရာလေး အမည်မှာတော့ ဒေါ်ကုသလ ဝတီ ဖြစ်ပြီး စာသင် ကြားတဲ့ ဆရာမမှာ ဆရာလေးနှစ်ပါး နှင့် ဆရာမ […]


Rose MinnMay 16, 20121min58369
သူရာ လို့ ဆိုလိုက်တာနဲ့ လူတိုင်း သိကြပါတယ်။ သူရာ ဆိုတာ ပါဠိလို ပြောခြင်းဖြစ်ပါတယ်။ မြန်မာလိုကတော့ သေစာ၊ သေရည်၊ သေရက်၊ လို့သုံးကြပါတယ်။ သူရာ (သုရာ)ဖြစ်ပေါ်လာပုံ ကို ငါးရာ့ ငါးဆယ် ဇာတ်နိပါတ် ထဲမှ ကုမ္ဘ ဇာတ်မှာ ဟောထားတာ လေးရှိပါတယ်၊ အကျဉ်းချုပ်ပြောရလျှင် တော့ ဟိမဝန္တာတောထဲ မှာ မိုးကာလသစ်ပင်ခွကြား ရေဝပ် နေတော့ အသီးမျိုးစုံ၊ အပွင့်မျိုးစုံ ကြွေလွင့်ကျကာ  ကျေးငှက်ချီယူလာ တဲ့ သလေးစပါး လိုအနှံတွေ ချီယူလာစားရင်း ကျနေတယ်။ နွေအခါမှ နေရဲ့ အပူရှိန် နဲ့ အရက်ချက်ထားသလိုဖြစ်နေတယ်။ သုရာ အမည်ရှိတဲ့ မုဆိုးက အမဲလိုက်ရင်း ရောက်လာ ေတော့ ငှက်တွေ မျောက်တွေ ဟာ […]


Rose MinnFebruary 29, 20121min46239
ကျွန်မ ၏ အချစ်နန်းတော် အသဲပုလ္လင် ရင်ခွင်ညှာ နန်းရင်ပြင်မှာဖြင့် မောင်သာ သခင် မောင်သာ ဘုရင် မောင်သာ အရှင် မောင့်ကိုသာ ဦးထိပ်ပန်ဆင် မောင်သာလျှင် အသည်းဦးမို့ မောင့်အတွက် ကျွန်မ ရဲ့ဝိဉာဉ် ကျွန်မ ရဲ့ဘဝ ကျွန်မ ရဲ့ နှလုံးသား ကျွန်မ ရဲ့ အသက် နှင်းအပ်လိုက်သည် ယူလှည့်ပါတော့    သခင်……………….။  


Rose MinnFebruary 11, 20121min1289
ခေတ်မှီတိုးတက်သော နိုင်ငံတော်သစ်ဆီသို့လူတိုင်း သွားချင် ကြတယ်ပေါ့။ ဒါဆိုရင် ဒီပို့စ်နဲ့ပါတ်သတ်ပြီး မသိသေးတဲ့သူတွေ သိရအောင်သိပြီးသားလူတွေလဲ ဝေဖန်ပေးကြစေချင်ပါတယ်။ ဖြစ်သင့်လား မဖြစ်သင့်လားပေါ့။ အခုချိန်မှာ ရန်ကုန် မြို့တစ်ခုထဲဆိုပေမယ့်နောက်ဆို တစ်နိုင်ငံလုံးအတိုင်းတာ ဖြစ်လာမလားပဲ။ ဒီ systemကိုသူများနိုင်ငံမှာ လုပ်တာ  ကြားဖူးနေတာ ကြာပါပြီ။ ကိုယ့်နိုင်မှာ ရှိစေချင်ခဲ့တာပါ။ အခုတော့ ဝမ်းလည်းသာ ဝမ်းလည်းနဲဖြစ်ရပါတယ်။ ဝမ်းသားတဲ့အချက်ကတော့ ကိုယ့်မြို့ကိုယ့်ရွာလေး သန့်ရှင်းကြမယ်။ ရောဂါကင်းကြမယ်ပေါ့။ လူနေမှုအဆင့်အတန်းမြင့်သထက်မြင့်လာမယ် ဆိုတာကိုတွေးပြီးဝမ်းသာ တာပါ။ ဝမ်းနည်းတဲ့အချက်က အမှိုက်အိပ်ဝယ်ရင် ကုန်ကျမယ့် ငွေကို ဈေးဖိုးထဲက ဖဲ့သုံးရတော့မှာပါ။ အပို အကုန်ခံချင်ကြပါတော့မလား။ ဒီခေတ်ကြီးထဲ အသုံးစာရိတ်အလွန်များချိန်မှာ နေ့စဉ် ပိုက်ဆံကို လွှတ်ပစ်သလိုဖြစ်မနေဘူးလား။ နေ့စဉ် ပစ္စည်း ဝယ်နေကြထဲမှ recycle bag တွေ ပြန်သုံးရင် မကောင်းဘူးလား။ ကိုယ့်ရွာကိုယ့်နိုင်ငံ […]


Rose MinnJanuary 19, 20121min30717
ကဲ ဂေဇတ်ရွာသူ/ရွာသားတို့ရေ ကျွန်မ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အဖြစ်လေးတစ်ခုကို ပြန်လည်ဝေမျှ ပါရစေနော်…… ဂေဇတ်ရွာသူ/ရွာသားတွေ ဒီလိုမျိုးမဖြစ်ရအောင် အသိပေး/သတိပေး တဲ့သဘော ပေါ့……..တစ်နေ့ မြို့ထဲကနေ အပြန် လိုင်းကားစီးပြီး ပြန်ခဲ့ပါတယ်။ ကားပေါ်ရောက်တော့ ကားခအဖြစ် ၅၀ဝ တန် တစ်ရွက်ကို ကားခအဖြစ် ကိုရွှေစပါယ်ယာကို ပေးခဲ့တာပေါ့…….. ယာဉ်စီးခက အထူး(ကြပ်)ကားကို စီးတာဆိုတော့ ဘယ်နားစီးစီး ၂၀ဝ ပဲလေ။ ဟဲ ဒါနဲ့ ကျွန်မလဲကားပေါ်မှာ ထိုင်ခုံရတော့ စွေ့ခနဲဝင်ထိုင်ပြီး အခန့်သားလိုက်လာလိုက်မိတယ်…..ခဏနေတော့ ကိုရွှေစပါယ်ယာကြီးက ပြန်အမ်းငွေအဖြစ် ၂၀ဝ လာပေးတယ်…..စိတ်ထဲမှာတော့ ၁၀ဝ လိုသေးတယ်ပေါ့နော် အော် သူအကြွေမရှိသေးလို့ မပေးတာ ပါပေါ့လေ…… တောင်ငေး မြောက်ငေးနဲ့ လိုက်လာလိုက်တာ…..အော် လေးငါး မှတ်တိုင်တောင်ရှိသွားပြီ ပိုက်ဆံ ၁၀ဝ ခုထိ မအမ်းသေးဘူးပေါ့…. […]


Rose MinnJanuary 18, 20121min36122
စာကတော့ တော်တော်လေးရှည်ပါတယ်။ သည်းခံပြီး ဖတ်ကြည့်ပြီးကြည်ညိုစေချင်တဲ့စေတနာလေးပါ။   ကျွန်မ တို့ နေထိုင်သောဟောဒီကမာ္ဘမှာ ဘုရားငါးဆူပွင့်မယ်လို့မှတ်သားကြားသိဖူးပါတယ် အခုဘုရားလေးဆူပွင့်ထွန်း ပြီးပါပြီ နောင်ပွင့်လတ္တံသော မြတ်စွာဘုရားမှာ အရိမေတ္တေယျဘုရားရှင် ဟုသိရပါတယ်။ forward လုပ်တဲ့သူရဲ့ကောင်မလေးက ရေးပေးတာပါ။ forward လုပ်သူတွေလည်း ကုသိုလ်တိုးမှာဖြစ်ကြောင်း ဝမ်းသာအားရပြောလာပါတယ် ကျွန်မကိုယ်တိုင်လည်းဖတ်ပြီး အရမ်းကိုကြည်ညိုကာ ဘုရားရှင်လက်ထပ်တော်မှာ လူဖြစ်ချင်စိတ် ကလေးဖြစ်လာပါတယ် စိတ်ထဲကလည်းဆုတောင်းနေမိတယ် ။ ဗုဒ္ဓဘာသာတိုင်းရဲ ့ ရည်မှန်းချက်ပန်းတိုင်းက နိဗ္ဗာန်ဖြစ်ပါတယ် အလွန်ကြည်ညိုစရာကောင်းသောဘုရားရှင်ရဲ့ တရားတော်အားနာကြားပြီး ရှေ့တော်မှာတင်ကျွတ်တမ်းဝင် နိဗ္ဗာန်စံရမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ။ အဲ ဒီအတွက် ကျွန်မတို့ ဘုရားရှင် ဟေားကြားခဲ့သည့်အတိုင်း လိုက်လုပ်ဖို့လိုပါတယ် …သုံးချက်ထဲပါ ၁။ မကောင်းမှု ကိုရှောင်ရမယ် ။ ၂။ ကောင်းမှု ကိုဆောင်ပြီးအစဉ်ပြုလုပ်နေရမယ် ။ ၃။ စိတ်ကို […]