စဆရ ႀကီးNovember 1, 20111min12317
ကျုပ်ကို ဘုန်းကြီးပုံကြီးတင်ထားတယ်လို့ ပြောနေကြသူတွေ သေသေချာချာကြည့်ပြီး သဘောပေါက်မယ်ထင်ပါတယ်.. ပုံလေးကသေးနေတော့ ဘာမှန်းမသိကြဘူး ဖြစ်နေတယ်ထင်ပါ့


စဆရ ႀကီးOctober 30, 20111min30816
(ဒိPost ကို ဒေါ်အီးတုန်း Post မှ စိတ်ကူးရလို့ ရေးလိုက်ပါကြောင်း..) ဒေါ်အီးတုန်းရေ… ကျွန်တော်လဲ ဝန်ထမ်း သုံးရာလောက်ရှိတဲ့ စက်ရုံမှာ အုပ်ချုပ်ရေးအပိုင်းလုပ်ခဲ့ဖူးတဲ့အတွက် ပြောပြချင်တာလေးတွေလဲ ရှိသပေါ့နော်.. မတူညီတဲ့ အမြင်တစ်ခုကနေပေါ့.. ဆိုတော့ကာ ပြောရမယ်ဆိုလျင်တော့ အတော်လေးကို ရှည်လျား၊ ထွေပြားပေတော့မယ်.. လိုရင်းကို တိုတိုလေးဆိုရမယ်ဆိုရင်တော့ ရွေးချယ်ခွင့်မရှိတဲ့ဘဝမို့ ရလာတဲ့ဘဝကိုသာ သူတို့လျှောက်လှမ်းနေရတာပါ.. ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ်တဲ့.. အတွေးတိမ်တဲ့ မိဘတွေကြားမှာ ကြီးပြင်းလာရတဲ့ ကလေးတွေဟာ အနာဂါတ်ရဲ့ ခေါင်းဆောင်တွေဖြစ်တယ်ဆိုတာကိုမေ့ပြီး ရေရှည်ကောင်းစားမှုမရှိတဲ့ ရေတို လုပ်ငန်းခွင်က အလုပ်သမားတွေဘဝကို အလွယ်ပဲ ကူးပြောင်းရောက်ကြတယ် မြင်မိတယ်.. နိုင်ငံတစ်နိုင်ငံမှာ လုပ်သားအင်အား များပြားနေတာ သိပ်မကောင်းလှဘူးလို့ဆိုမယ်.. လုပ်သားအင်အားဆိုရာမှာ ကာယလုပ်သားနဲ့ ဉာဏလုပ်သား၊ ဘယ်ဟာကများ နိုင်ငံကို ဦးဆောင်နိုင်လိမ့်မယ်ထင်သတုန်း? အီးတုန်းအလိုအရဆို ငါတော့ […]


စဆရ ႀကီးOctober 28, 20111min18314
ကျွန်တော်သည် ငယ်စဉ်ကျောင်းသားဘဝက ခေါင်းတွင် အုံးဆီများမျက်နှာပေါ် ရွှဲကျနေသည်ထိလိမ်း၊ ဘိုကေကို ကျကျနနဖီး၊ အကျီင်္လည်ပင်း ကြယ်သီးအစေ့တပ်၊ ပုဆိုးကို ရင်ခေါင်းထိတက်ကာဝတ်ပြီး လွယ်အိတ်ကြိုးကို ပြားနေအောင်မီးပူတိုက်ကာ လွယ်အိတ်ဖုဖုဖောင်းဖောင်းကြီးဖြင့် နေ့စဉ်ကျောင်းသို့လာသည့် ပုံတုံးတုံး ကျောင်းသားကြီးသာဖြစ်၏။ ပြင်ဦးလွင်နေ့ရက်များသည်ကား အတော်လေးပင်အေးမြလှသည်မို့ ကျွန်တော့်ကျောင်းဝတ်စုံမှာ အများအားဖြင့် လက်ရှည်ကို ကြယ်သီးအစေ့ တပ်ထားဖြစ်သည်သာများ၏။ ပြေးမကြည့်ဘဲ တွေးကြည့်ရုံဖြင့် ရုပ်လုံးပေါ်နိုင်မည် ထင်ပါသည်။ တက်ရောက်ခဲ့ရာ ထ(၃)ကျောင်းကြီးသည်ကား တစ်ခေတ်တစ်ခါက သာသနာပြု မိန်းကလေးကျောင်းဖြစ်ခဲ့ဖူးသည်မို့ ကိုလိုနီခေတ် အဆောက်အဦးဟောင်းကြီးသာ ဖြစ်သည့်အတွက် မျက်နှာကျက်များမှာ ခေါင်မိုးနှင့် အတော်လေးပင်ဝေးလံလှပြီး မျက်နှာကျက်အဖြစ် လျှာထိုး သစ်သားများကိုသာ အသုံးပြုထားသည့်အတွက် အေးမြလှသော ဒေသတွင် စာသင်ခန်းသည်ကား အတော်လေးပင် အေးစိမ့်နေတော့သည်။ ဝန်ထမ်းသားသမီးဖြစ်သည့်အတွက် အများသူငါလို အနွေးထည်လှလှလေးများ ဝယ်မဝတ်နိုင်သည့်အတွက် ကျောင်းဝတ်စုံ လက်ရှည်လေးကိုသာ ကြယ်သီးခပ်တင်းတင်းစေ့နေအောင်တပ်ရင်း […]


စဆရ ႀကီးOctober 18, 20111min1087
ငယ်စဉ်ကာလ ဖြတ်သန်းခဲ့ပုံများကား အတော်လေးပင် မချောမွေ့လှဟု မိမိကိုယ်မိမိ ထင်မိသည်။ ပြင်ပတွင်နေထိုင်သူများ စားလှသည့် ကြမ်းလှပါသည်၊ ညံ့လှပါသည်ဆိုသောဆန်မှာ ဝန်ထမ်းများအား ပေးဝေသောဆန်နှင့်ယှဉ်လိုက်လျင် အလတ်ကြီးရှိနေသေးသည်ကို ဝန်ထမ်းဆန် စားဖူးသူများသာ သိရှိနိုင်ကြမည်ဖြစ်သည်။ ငယ်စဉ်တောင်ကြေး ကလေးဘဝက စားခဲ့သောဆန်များအကြောင်းကို ယခုအချိန် ဆန်မစားတော့သောအခါမှ များစွာ အမှတ်ရခြင်းဖြစ်လေတော့သည်။ မြန်မာပြည်ပြန်ရောက်သောအခါ ဖိတ်ခေါ်ကျွေးမွေးသော ထမင်းဝိုင်းများတွင် စားရသည့် ဆန်ချော၊ ဆန်သန့်များကို စားသုံးရသည့်အခါတွင်မတော့ ကျင့်သားရနေသည့်လျှာက အရသာထူးလှသည်မရှိဘဲ ဝမ်းတင်းတိမ်ခြင်းငှာလည်း မဖြည့်စွမ်းနိုင်သည့်အတွက် ဆင်းရဲသားဇာတာပါသည်ဟု ပြောကြသည့်အတိုင်း ဆန်ကြမ်းများကို စားမှသာ တင်းတိမ်ခြင်းဖြစ်တော့သည်။ ယခုနောက်ပိုင်းတွင်တော့ ဝန်ထမ်းသက်သာဆန်များကို မပေးတော့သည်မှာ အတော်လေးကြာပြီဖြစ်သောကြောင့် မသိရှိသေးသူများ ဗဟုသုတအလို့ငှာလည်းကောင်း၊ အမှတ်တရ ဘဝအကြောင်း လွမ်းဆွတ်တမ်းတခြင်းအနေဖြင့်လည်းကောင်း ရေးသားခြင်းပြုလိုက်ရပါသည်။ အစိုးရဝန်ထမ်းသားသမီး တစ်ဦးဖြစ်သည့်အားလျော်စွာ မိဘများအား သားသမီးများကပါ ပါရမီဖြည့်ပေးနေရသကဲ့သို့ဖြစ်သည်။ တစ်ဆင့်မြင့်ရာထူးသို့ရောက်ရှိလာခဲ့သည့် […]


စဆရ ႀကီးOctober 17, 20111min1032
ဘေးကဆူ အရပ်ကပူနဲ့ ကိုယ့်သမိုင်းကိုယ်ရေး ကိုယ့်ဘဝကိုယ် စဖို့အရေး ရေးရေးတောင် မမြင်နိုင်သေး ရှေ့ရေး နောင်ရေး အဖက်ဖက်ကိုတွေး သေးသေးမှ မမြင်နိုင်သေး ဟယ်…. ကြုံကာမှ ဆုံရော လာမယ့်ဘေးပြေးတွေ့ ဟန်ကိုတင်း မာန်ဟုန်ပြင်းလို့ ကြိုးစားစမ်းကွဲ့ အိုဘယ့်… နောင်ဆယ်နှစ်။ ။


စဆရ ႀကီးOctober 17, 20111min36531
လူရယ်ဟု ဖြစ်လာပြီဆိုကတည်းက လူသားပီသစွာ ချစ်ခြင်းမေတ္တာကို စတင်ခံစားလာတတ်ခဲ့ကြသည်မှာ ဆယ်ကျော်သက်အရွယ်ကပင်ဖြစ်သည်။ အချိုးအကွေ့များလွန်းသော လူ့ဘဝကြီးတွင် သံသရာ အကွေ့ပေါင်းများစွာဝယ် ကြုံဆုံခဲ့ရသော ချစ်သူများလည်း မနည်းတော့ပေ။ ငယ်နုစဉ်ကာလသည်ကား မိမိချစ်ခင်နှစ်သက်သူများအား ချစ်သူဘဝဖြင့် ချစ်နေရခြင်းသည်သာ အကြီးမားဆုံးမျှော်လင့်ချက်ဖြစ်ပြီး အကောင်းဆုံးသော အနာဂါတ်များကို စိတ်ကူးယဉ်ပုံဖော်ကြည့်ကြခြင်းသာဖြစ်သည်။ စိတ်အလိုလိုက်ကြသူသက်သက်သာ ချစ်ခြင်း၏ဆုံးခန်း၊ ထိမ်းမြားလက်ထပ်ခြင်းသို့ မလျှော်မကန်နည်းလမ်းများဖြင့် ရောက်ကြခြင်းဖြစ်တော့သည်။ ချိန်းတွေ့ရာမှ မပြန်ရဲကြတော့ခြင်းကြောင့်လည်းကောင်း၊ မိဘများ၏ ကိုင်တွယ်ပုံ ညံ့ဖျင်းခြင်းကြောင့်လည်းကောင်း၊ ဘေးပါတ်ဝန်းကျင် ပယောဂကြောင့်လည်းကောင်း၊ အစရှိသည့် အကြောင်းအရာများစွာကြောင့်သာ နည်းလည်းတစ်ကျမဟုတ်ဘဲ အိမ်ထောင်ကျခြင်း ဖြစ်ကြတော့သည်။ အဆင်ပြေကြသည်များလည်းရှိပါ၏၊ အဆင်မပြေကြသည်မှာလည်း အတော်များသည်။ ယေဘူယျအားဖြင့် မိဘများ အိမ်ထောင်ပြုသည့်အသက်အရွယ် အပိုင်းအခြားတွင် သားသမီးများသည်လည်း အိမ်ထောင်ပြုကြခြင်းဖြစ်သည်ကို အတော်လေး သတိထားမိသည်။ ကျွန်ုပ်တို့ ရှေ့လူကြီးများမှာ ယောကျာ်းလေး အသက် ၁၈ နှစ်၊ […]


စဆရ ႀကီးOctober 9, 20111min27015
ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ရိုက်ခတ်မှုဒါဏ်သည်ကား အတော်လေးပင် ပြင်းထန်လှပေစွ.. ဆင့်ကာပူရ (Singapura) ခေါ်၊ စလုံးဟု အများက ခေါ်ဝေါ်ကြသောနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော လစာနည်းမြန်မာလုပ်သားများမှာကား အတော်လေးပင် ဒုက္ခရောက်ကြတော့သည်။ ထိုအထဲတွင် ကျွန်တော်သည်လည်း အပါအဝင်ဖြစ်တော့သည်။ Fair Price မှ ၅ ကီလို တစ်အိတ်လျင် ၄ ကျပ်ခွဲခန့်ပေးနေရရာမှ တစ်အိတ်လျင် ၁၂ ကျပ်ခွဲထိ တိုးသွားခြင်း၊ ဆီဈေး၊ MRT ခများတိုးသွားခြင်း၊ Bus ကားခများ တိုးသွားခြင်း၊ မြန်မာကျပ်ငွေနှင့် စင်္ကာပူဒေါ်လာ လဲလှယ်နှူန်းမှာ ၉၀ဝ နီးပါးမှ ၆၅ဝ ထိ ကျဆင်းသွားခြင်း၊ လုပ်ငန်းခွင်တွင် Overtime များလျှော့ချလာခြင်းကြောင့် ယခင်က တစ်လ ၃ သိန်းခန့်သာကျန်သော ဖွတ်ကလိဒင်္ဂါးမှာ တစ်လ တစ်သိန်းကျန်ရန် မနည်းပင် စုဆောင်းရတော့သည်။ […]


စဆရ ႀကီးOctober 4, 20111min13710
အများစုသော လူသားများအတွက်မူ နေ့အချိန်သည်သာ အလုပ်ချိန်ဟု သတ်မှတ်နေကြသော်ငြား တိုင်းတစ်ပါး၊ ဝေးမြေရပ်ခြားတွင် ရောက်ရှိနေသော ကျွန်တော့်အဖို့မှာမူကား ညနေစောင်းမှပင် လုပ်ငန်းခွင်သို့ ဝင်ရောက်ခြင်းပြုရတော့သည်။ ကန္တာရဒေသမို့ လွန်စွာမှ ပူပြင်းခြောက်သွေ့လှသည်ဖြစ်ပေရာ ရောင်ဝါထိန်ငြီးသည့် သူရိယနေမင်းကြီး အနောက်အရပ်သို့ ဝင်ရောက်ပျောက်ကွယ်သွားကာမှ နီယွန်မီးရောင်များဖြင့် ထိန်ထိန်ငြီးလျက် အေးချမ်းခြင်းဖြစ်တော့သည်။ အစွန်အဖျားမြို့နယ်လေးဖြစ်သည့်အားလျော်စွာ နေ့လည်၊ နေ့ခင်းအချိန်များသည်ကား တစ်မြို့လုံးခြောက်ကပ်လျက် တိတ်ဆိတ်ငြိမ်သက်နေသလောက် ညနေစောင်းမှပင် လုပ်ငန်းခွင်အသီးသီးမှ ပြန်လာသည့် ကားများဖြင့်လည်းကောင်း၊ ဈေးဝယ်သူများဖြင့် စည်ကားနေသည့် မြို့၏ တစ်ခုတည်းသော ကုန်တိုက်အနီးတစ်ဝိုက်တွင်လည်းကောင်း လှုပ်လှုပ်ရှားရှား အသက်ဝင်လာတော့သည်။ နေထိုင်ရာအိမ်မှတစ်ဆင့် အလုပ်လုပ်ကိုင်ရာ KFC သို့ Delivery ကားဖြင့် ရောက်ရှိသည့်အခါ ဆိုင်တွင်လည်း အတော်ပင် သက်ဝင်လှုပ်ရှားနေပြီဖြစ်သည်။ Clock In လုပ်ပြီးသည့်နောက် နေ့ခင်းပိုင်းတွင် အလုပ်ဆင်းသည့် Cashier ထံမှ […]


စဆရ ႀကီးOctober 2, 20111min41029
https://myanmargazette.net/70683/uncategorized-other/copypaste မှာ သူကြီးမန့်ထားတာ သဘောမကျလို့ ဒီ Post ကို ရေးလိုက်တာလဲဖြစ်သလို ကျန်တဲ့သူတွေရဲ့ အမြင်ကိုလည်း မြင်ချင်လို့ ရေးလိုက်တာပါ။ ဒီတစ်ခါတော့ သူကြီးတွေးတာကို မူမမှန်ဘူးထင်တဲ့အတွက် ကန့်ကွက်တယ်ဗျာ ပြောရမယ်ဆိုရင် အရှည်ကြီးပဲ.. သူကြီးက မြန်မာတစ်မျိုးသားလုံး( ကျွန်တော်ပါ အပါအဝင် )ကန့်ကွက်နေကြတဲ့ မြစ်ဆုံဆည်စီမံကိန်းကိစ္စကို ဖျက်သိမ်းလိုက်တာ သိပ်ကျေနပ်ပုံမရဘူးထင်တယ်။ သူပြောထားတာ ဒီလိုပါ = ဆိုတော့.. ကိုယ့်စွမ်းအားအရည်အချင်းနဲ့.အရင်းအမြစ်နဲ့.. လျှပ်စစ်ဓါတ်အားလည်း ပြည်တွင်းလိုအပ်မှု.. လုံလုံလောက်လောက်မထုတ်နိုင်.. သူများနိုင်ငံက ရင်းနှီးမြုတ်နှံမှုလည်း.. သဘာဝဂေဟအပျက်မခံ. လက်မခံရင်တော့… အမှောင်ထဲ. .နေနိုင်စွမ်းကို.. လေ့ကျင့်ထားကြဖို့တော့ လိုလိမ့်မယ်…။ လျှပ်စစ်စွမ်းအင်ဆိုတာ.. သိကြားမင်းက.. မိုးပေါ်ကနေ.. မိုးကြိုးပစ်ချပြိးပေးနေတာမဟုတ်…။ ဒီကမရရင်.. ဘယ်ကထုတ်ယူမလည်း ဆိုတာလည်း.. စဉ်းစားကြရလိမ့်မယ်..။ ကဲ.. ဆက်လုပ်ကြစို့…။ ဆိုတော့ကာ ပြောချင်တာတွေ တစ်ခုချင်းစီ […]


စဆရ ႀကီးOctober 2, 20111min1311
တို့တိုင်းပြည် ထလော့မြန်မာ အိုမြန်မာတို့ တို့ရွာတို့မြေ တို့ရွာမြေဝယ် စေတီစပါး များလည်းများ၏ များပါလေလည်း တမွဲမွဲနှင့် ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက် မစားလေရ ဝမ်းမဝ၍ ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။ ထလော့မြန်မာ အိုမြန်မာတို့ တို့ရွာတို့မြေ တို့ရွာမြေဝယ် ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့် သီးနှံချိုပျား များလည်းများ၏ များပါလေလည်း တမွဲမွဲနှင့် ဆင်းရဲကာသာ ကာလကြာလျှင် မြင်သာမြင်ရ မစားရ၍ တောက ပြိတ္တာဖြစ်မည်တည်း။ ထလော့မြန်မာ မြန်မာထလော့ အားမပျော့နှင့် မလျှော့လုံ့လ သူကစ၍ ငါကအားလုံး လက်ရုံးမြားမြောင် ဉာဏ်မြားမြောင်နှင့် စွမ်းဆောင်ကြလေ ဆောင်ကြလေလော့ ဤမြေဤရွာ ဘယ်သူ့ရွာလဲ ဤယာစပါး ဘယ်သူ့စပါးလဲ ထားလော့တာဝန် ပွန်လော့လုပ်ငန်း ဉာဏ်ရှေ့ပန်း၍ တဝမ်းတစိတ် ညီစေသတည်း။ […]


စဆရ ႀကီးSeptember 29, 20111min903
အဲဒီတုန်းကလေ … မိုးတွေလဲ ရွာနေခဲ့သလို အချစ်တွေလည်း မုန်တိုင်းထန်ခဲ့ကြတယ် မည်းညို့နေတဲ့ တိမ်ထူထူတွေ ပြေးလွှားနေတာမော့ကြည့်ရင်း ကလေးလေးလို မင်းရယ်ခဲ့ဖူးတယ် သူတို့တွေ ဘယ်မှာများ ရွာမှာမို့လို့ အလျင်လိုနေတာလဲ… တဲ့ နောက်ဆုံးတော့လည်း ထီးသေးသေးလေးတစ်ချောင်းထဲရှိတဲ့ မင်းနဲ့ငါ့အပေါ်ပဲ သူတို့တွေ သက်ဆင်းလာကြတာ ရွှဲရွှဲစိုနေကြပေမယ့် ငါတို့တွေ နွေးထွေးနေခဲ့ပါတယ် ခုတော့လည်း … အလွမ်းတွေ တစ်ဖွဲဖွဲနဲ့ စဲ.. မစဲနိုင်တော့ပါလားကွယ်..။ ။


စဆရ ႀကီးSeptember 26, 20111min16911
ပြောချင်နေတာ အတော့်ကို ကြာပါပြီ။ မပြောဘူးလို့ ကြံစည်နေတာလဲ ကြာလှပါပြီ။ ဒီနေ့တော့လဲ ပြောချင်ရာကို ပြောလိုက်တော့မယ်။ တစ်ချို့တစ်ချို့သောသူများသည် စာများများရေးသားကြသည်။ စာအုပ်၊ စာပေပေါင်းစုံမှ ကောက်နှုတ်ချက်များဖြင့်လည်းကောင်း၊ ၎င်းတို့၏ စိတ်ကူးကွန့်မြူးရာများကိုလည်းကောင်း ရေးသားကြခြင်းဖြစ်သည်။ အမှီသဟဲပေါင်းစုံဖြင့် ထုတ်နှုတ်ရေးသားကြခြင်းဖြစ်သည်။ အထောက်အထားကောင်းမွန်မှု၊ စကားလုံး ပြေပြစ်ချောမွေ့မှုကြောင့် ဖတ်ရှူရသူများအဖို့မှာလည်း ရသအပြည့်အဝရှိသည်။ တစ်ချိန်က ကျွန်တော်ကိုယ်တိုင်သည်လည်း ရသစာပေ အဖတ်များခဲ့သူတစ်ယောက်ဖြစ်သည်။ အတ္ထုပ္ပတ္တိများကိုမူ တော်ရုံတန်ရုံဖတ်ခဲသည်။ သူများအကြောင်း စပ်စုရာ ကျသည်ဟု ထင်မိသောကြောင့်ဖြစ်သည်။ ထိုစဉ်က ကျွန်တော်သည်ကား ဆယ်ကျော်သက်အရွယ်မျှသာ ဖြစ်သည်။ ဆယ်ကျော်သက်အရွယ်ကို ကျော်လွန်လာသောအခါ လုပ်ငန်းသဘာဝအရလည်းကောင်း၊ ပညာရှာဖွေခြင်းအရသော်လည်းကောင်း အတ္ထုပ္ပတ္တိများကိုသာ အဖတ်များလာခဲ့သည်။ ထိုသို့ဖတ်ရှူရင်းဖြင့် ကိုယ်ကိုယ်တိုင် မကျင်လည်ခဲ့ရသော အလွှာပေါင်းစုံအကြောင်း၊ ကိုယ်ကိုယ်တိုင် မသိ၊ မမြင်လိုက်ရသော ခေတ်များ၏အကြောင်း၊ အောင်မြင် ကျော်ကြား၊ ထင်ရှားခဲ့သူတို့၏ […]


စဆရ ႀကီးSeptember 20, 20111min1987
ထိုစဉ်ကဖြစ်ပါသည်… ဆန်ပွဲရုံစာရေးအဖြစ်မှ အငြိမ်းစားယူပြီးစအချိန်။ အိမ်တွင် အားအားယားယားနေနေရသည်မှာ ယခင်က တစ်ရက် ၁၄နာရီ၊ ၁၅ နာရီခန့်အလုပ်လုပ်ခဲ့သူအတွက် မည်မျှပင်ပန်းဆင်းရဲခြင်း ဖြစ်မိသည်ကို လက်တွေ့ခံစားဖူးသူများမှ သိပေလိမ့်မည်။ အသက်အရွယ်အားဖြင့်လည်း ၂ဝ ခန့်သာရှိသေးသော ကျွန်တော့်အတွက်မူ လုပ်စရာအလုပ်ကား များပြားလှပေ၏။ သို့သော် ခန့်အပ်မည့်အလုပ်မရှိသည်က အတော်ခက်ပေသည်။ နောက်ထပ်လဲ ယခင်အလုပ်ကဲ့သို့ ပင်ပန်း၊ ဆင်းရဲ၊ အနှိမ်ခံဘဝကို ပြန်မရောက်လိုတော့သဖြင့် သက်တောင့်သက်သာ၊ ဟန်နှင့် ပန်နှင့် လုပ်စားနိုင်မည့်အလုပ်ကို အပြေးအလွှားစဉ်းစားကြည့်ရာ ယခင်ဘီယာစက်ရုံဘေးတွင် အစိုးရစီမံကိန်းတစ်ခုအတွက် Foundation မြောင်းများတူးဖော်နေသည်ကို တွေ့မိရာမှတစ်ဆင့် စုံစမ်းရာ ကျွန်တော်နှင့် သွေးသားအားဖြင့် ဦးလေးအရင်းခေါက်ခေါက်တော်စပ်သူ၊ အစိုးရအရာရှိကြီးပိုင်းမှ လုပ်ကိုင်နေကြောင်း သိရသဖြင့် ဝမ်းသာအဲလဲ အလုပ်သွားလျှောက်ရာမှ အစစ်အဆေး၊ အမေးအမြန်းမရှိ အလုပ်ရုံစိတ်မှူးရာထူးကို တန်းပြီး ခန့်အပ်ခြင်းခံခဲ့ရတော့သည်။ ထိုမှစပြီး ကျွန်တော်သည်လည်း […]