If you want to know about Buddhism you will be able to read this post Questions I would like to ask a few questions regarding with the Islam and Buddhism differences. This is my first time to ask a question. Kindly please forgive me if there are mistakes. I would like to request that please […]


ဦးဇင်းလည်း ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာဝင်တွေ မိမိတို့ဘာသာကို အထူးတလည်သိမြင်ပြီး ပိုမိုကောင်းမှုများများလုပ်တတ်အောင် မြန်မာပြည်နေစဉ်မှာလည်း တောင်းတန်းဒေသမှာမကျန် ကိုယ့်ဘာသာအကြောင်း ဟောပြောဆုံးမသင်ကြားပေးခဲ့ပါတယ်။ ခုလည်း ပြည်ပရောက်တော့ အွန်လိုင်းကနေ သိချင်တာများဖြေပေးခဲ့တာ (၂)နှစ်ပြည့်ခဲ့ပါပြီ။ သို့သော် မိမိလူမျိုးများဟာ ကိုယ့်ဘာသာအကြောင်း မသိလို့လား၊ ဘာလားတော့ မသိ။ တခြားဘက်ကိုရောက်ရောက်သွားတာ မြင်ကြားနေရတော့ စိတ်မချမ်းမြေ့ခဲ့ပါ။ ဒါနဲ့ ဘာသာတစ်ခုနဲ့တစ်ခုမတူရင် ဘယ်လိုတွေပြုလုပ်သင့်သလဲဆိုတာကို ပြည်တွင်းပြည်ပကလူငယ်တွေ အမေးများတာနဲ့ မိမိတက်သိသမျှ ဖြေပေးလိုက်ပါတယ်။ အယူဝါဒတစ်ခု ဘဝတစ်ခုမှာ လွဲမှားခဲ့လို့ အမှားများစွာပြုလုပ်မိခဲ့မယ်ဆိုရင် အဲဒီအမှားရဲ့ ဆိုးကျိုးဒဏ်တွေဟာ ပြေပျောက်အောင်လုပ်ဖို့ခက်သလို ကောင်းကျိုးတွေပြန်လည်ရရှိအောင် ပြုလုပ်ဖို့ကလည်း ခက်ပါတယ်။ ဒါပြင် ကောင်းကျိုးတွေရရှိအောင်ပြုလုပ်နိုင်မဲ့ ဘဝတွေ၊ အသိဉာဏ်တွေရှိတဲ့ ဘဝကိုရဖို့က ပိုပြီးခက်ပါတယ်။ အဲဒါကြောင့် မျက်မှောက် အသိဉာဏ်ရှိတဲ့ လူ့ဘဝလေးရရှိချိန်မှာ မျက်မှောက်ဘဝခဏတာကောင်းစားရေးကိုပဲမကြည့်ဘဲ ဘဝများစွာရေရှည်ခရီးကောင်းစားရန်ကိုကြည့်ပြီး အယူဝါဒလွဲမှားမှုတွေနဲ့ မကောင်းမှုတွေကို […]


ဆန်နီနေမင်းFebruary 25, 20121min31512
မြတ်ဗုဒ္ဓက မိမိအတွက် ကောင်းမှုကုသိုလ်ရမဲ့အရာမဟုတ်ရင် မလုပ်နဲ့၊ မကြံစည်နဲ့၊ မပြောဆိုနဲ့။ အဲဒါမျိုးတွေနဲ့ အချိန်ကုန်နေမယ်ဆိုရင် မိမိလက်ရှိအချိန်လေးဟာ တန်ဖိုးမဲ့တဲ့အချိန်တွေ ဖြစ်သွားလိမ့်မယ်တဲ့။ ဒါပေမဲ့ ခုခေတ်လူတွေဟာ သူတို့သိချင်တာကို မသိရရင် ဗုဒ္ဓတရားတော်များ မှားနေသလို သူတို့ပဲ ဗုဒ္ဓကိုယုံကြည်ရတာ အကျိုးမရှိသလိုဖြစ်နေကြပါတယ်။ ဦးဇင်းစပြီး အွန်လိုင်းမှာ မေးဖြေလုပ်ပေးကတည်းက လူအများဆုံးအမေးခံရတဲ့အရာဟာ ဒီမြင့်မိုရ်တောင်ကိစ္စပဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဦးဇင်း မဟုတ်တဲ့အရာနဲ့အချိန်ကုန်မခံချင်လို့ ဖြေမပေးခဲ့ပါဘူး။ ခုတော့ ဖြေမပေးရင် ဦးဇင်းတို့ဘာသာဝင်တွေကို သူများက ကဲ့ရဲ့လို၍ဖြစ်စေ၊ ပညာစမ်းချင်လို့ဖြစ်စေ မေးလာတဲ့အခါ မဖြေနိုင်မည်ဆိုးတာကြောင့် ဦးဇင်းလေ့လာသိရှိသမျှ မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်းကို ရေးသားတင်ပြပေးလိုက်ပါတယ်။ ကမ္ဘာမြေကြီးသည် ထုထည်အားဖြင့် ယူဇနာပေါင်း (၂)သိန်း(၄)သောင်းရှိတယ်။ အထက်တစ်ဝက်မှာ မြေသားဖြစ်ပြီး အောက်တစ်ဝက်မှာ ကျောက်သားဖြစ်တယ်။ မြေကြီးအောက်မှာ ယူဇနာ(၄)သိန်း(၈)သောင်းထူသော ရေပြင်ရေခဲတုံးကြီးရှိတယ်။ မြေအထုထက် နှစ်ဆကြီးမားတဲ့ ရေပြင်ရေခဲတုံးကြီးက […]


ဆန်နီနေမင်းFebruary 18, 20121min1813
မေး။ ။ သီလဆိုတာ သောတာပန်အတွက် သီးသန့်ဆောက်တည်စရာ မလိုဘူးလို့ အရှင်ဘုရားရဲ့ သောတာပန်နဲ့ပတ်သတ်တဲ့ အမေးအဖြေထဲမှာ ဆိုထားပါတယ်။ သို့ပေမဲ့ ဥုးသုမင်္ဂလ တရားထဲမှာတော့ သီလဆိုတာ စောင့်ထိန်းရမဲ့တရားလို့ ဟောထားပါတယ်။ ဘယ်သူမှ မစောင့်ထိန်းဘဲနဲ့ အလိုလိုမပြည့်ဘူးလို့ ဆိုထားပါတယ်။ သီလဆိုတာ စောင့်ထိန်းရမှာပါတဲ့။ အလိုလို ဘယ်သူမှ ပြည့်နေတာမဟုတ်ဘူးလို့ ဆိုုထားပါတယ်။ သောတာပန်ဆိုတာကော ဥပမာအနေနဲ့ မုသားစကားပြောဖို့ စိတ်ကူးတောင်မရှိဘူးလို ဆိုရမှာပါလား။ သို့မဟုတ် စိတ်ကူးလိုက်ပေမဲ့ မပြောတော့ဘူးလို ့ဆိုရမှာပါလား။ ဒီနှစ်ခု မရှင်းလို့ပါ။ ဦးဇင်းရေ တပည့်တော် ညစ်မေးနေတာ မဟုတ်ဘူးနော်။ ဘုရားလက်ထက်က ဘာသီလ သမာဓိ ပညာမှမရှိတဲ့ အရိယာဆိုတဲ့ တံငါသည်ဆိုတာ ရှိပါတယ်။ ဦးဇင်းလည်းသိမယ်လို့ မျှော်လင့်ပါတယ်။ နေ့စဉ်နေ့တိုင်း ငါးတွေကိုသတ်ဖြတ်နေတဲ့ အဲဒီအရိယာလို့ခေါ်တဲ့ တံငါသည်ကြီးဟာ ဘုရားရှင်တရားကို […]


မေး။ ။ အရှင်ဘုရား တပည့်တော်ရဲ့သူငယ်ချင်းကမေးပါတယ်။ လူတစ်ယောက်ဟာ ပရိတ်တို့ ပဋ္ဌာန်းတို့ရွတ်တာ ဘာအကျိုးရပါသလဲတဲ့။ ပြီးတော့ ရွတ်နေပြီးမဟုတ်တာလုပ်တဲ့သူနဲ့ ဘာမှမရွတ်တဲ့သူ ဘယ်သူကပိုကုသိုလ်ရလဲပေါ့။ သူဆိုလိုတဲ့သဘောက လူတစ်ယောက်က အကောင်းဆုံးနေတယ်။ အမှန်ဆုံးနေတယ်။ ဒါပေမယ့် အဲဒီတရားတော်တွေ ဂါထာတွေမရွတ်ရင် သူဘယ်လိုဖြစ်နိုင်လဲပေါ့။ တပည့်တော်ဗဟုသုတနဲ့ဆိုရင် ဖြေလိုက်တဲ့အခါမှာ မှားမှာစိုးလို့ အရှင်ဘုရားက ဖြေကြားပေးစေချင်ပါတယ်။ နုဝါစန်း၊ ရန်ကုန်။ ဖြေ။ ။ မြတ်ဗုဒ္ဓတရားတော်များကို ရွတ်ဖတ်ပူဇော်ပေးခြင်းဟာ ပုညကြိယာဝတ္ထုဆယ်ပါးထဲမှ ဓမ္မဒေသနာလို့ခေါ်တဲ့ ကောင်းမှုကုသိုလ်ဖြစ်ပါတယ်။ ဒီကောင်းမှုဟာ နှုတ်နဲ့ပြောဆိုပေးခြင်း၊ ရွတ်ဆိုပေးခြင်းဝစီကံကုသိုလ်ပါ။ ကောင်းမှုကုသိုလ်မှာလည်း ကာယကံ၊ ဝစီကံ၊ မနောကံကောင်းမှုများရှိသလို မကောင်းမှုအကုသိုလ်မှာလည်း ကာယကံ၊ ဝစီကံ၊ မနောကံမကောင်းမှုများ ရှိပါတယ်။ မိမိကိုယ်ကို လူကောင်းတစ်ယောက်ဖြစ်ဖို့က ကံသုံးပါးလုံးပြည့်စုံမှ ဖြစ်ပါလိမ့်မယ်။ ကံသုံးပါးလုံး ကောင်းအောင်နေလို့ လူကောင်းတစ်ယောက်ဖြစ်တဲ့သူဟာ သူ့အတွက် ကောင်းခြင်းတွေ […]


မေး။ ။ ပါရမီဆိုတာ နိဗ္ဗာန်ရောက်ကြောင်းတရားလို့ အဓိပ္ပါယ်ရတဲ့အတွက် နိဗ္ဗာန်ရောက်လိုသူတိုင်း ပါရမီကိုမဖြစ်မနေ ဖြည့်ကျင့်ရပါမယ်။ ပါရမီမဖြည့်ဘဲနဲ့ နိဗ္ဗာန်ကိုဘယ်လိုနည်းနဲ့မှ မရောက်နိုင်ပါဘူး။ ပါရမီမဖြည့်ဘဲနဲ့ နိဗ္ဗာန်ကို ရောက်သွားတဲ့သူလည်း တစ်ဦးတစ်ယောက်မှ မရှိပါဘူး။ ဘုရားအဆုံးအမအတိုင်း နည်းမှန်လမ်းမှန် အားထုတ်တယ်ပဲထားဦး။ အတိတ်ဘဝများစွာ က ဖြည့်ကျင့်ဆည်းပူးခဲ့တဲ့ ပါရမီကုသိုလ်တွေ၊ ဒီဘဝမှာ ဝိပဿနာအလုပ်နဲ့ တွဲပြီးဖြည့်ကျင့်ဆည်းပူးနေတဲ့ တခြားပါရမီကုသိုလ်တွေ လုံးဝမပါဘဲနဲ့တော့ ဒီဘဝမှာ တရားထူးမရနိုင်ပါဘူး။ အရှင်ဘုရား တပည့်တော်က ဒီစကားကို (အပြည့်အဝ) လက်မခံချင်ပါဘူးဘုရား။ ရဟန်းတို့ လခွဲကို ထားဘိဦး၊ ရဟန်းတို့ မည်သည့်ပုဂ္ဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကို ခုနစ်ရက်ပတ်လုံး ဤဟောပြောသောနည်းဖြင့် ပွားငြားအံ့၊ ထိုပွားသောပုဂ္ဂိုလ်အား မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန် အကြွေးရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤဖိုလ်နှစ်ပါးတို့တွင် တစ်ပါးပါးသောဖိုလ်ကို (အမှန်ရပေမည်ဟု) အလိုရှိအပ်၏။ မဟာသတိပဋ္ဌာနသုတ် […]


မေး။ ။ အရှင်ဘုရား တပည့်တော်တို့သာမန်လူများအနေနဲ့ ရဟန္တာစတဲ့အရိယာပုဂ္ဂိုလ်တွေ ကို ပြင်ပန်းသဏ္ဍာန်ကြည့်ပြီး ဟုတ်မဟုတ် ဆုံးဖြတ်နိုင်ပါမလားဘုရား။ နောက်ပြီး စကားပြောဆိုပုံကိုကြည့်ပြီး ဒီပုဂ္ဂိုလ်ဟာ အရိယာဟုတ်မဟုတ်ကို ဆုံးဖြတ်လို့ရနိုင်လားဘုရား။ ယခုခေတ်လူတွေ ဘယ်လိုကြည့်ပြီး တစ်စုံတစ်ယောက်ကို အရိယာပုဂ္ဂိုလ်လို့သမုတ်ကြလဲဆိုတာ သိချင်လို့ပါဘုရား။ အရှင်ဘုရား အဆင်ပြေတဲ့ချိန် စာပြန်ပေးပါဘုရား။ မင်းလူ၊ မိုးကုတ်။ အရိယာဖြစ်တဲ့ သံဃာတွေဟာ မိမိကိုယ်ကို အရိယာဖြစ်ရင်လည်း လူများကို အရိယာဖြစ်တယ်လို့ပြောရင် ပါစိတ်အာပတ်သင့်ကြတာမို့ မပြောဆိုကြပေ။ နောက်ပြီး ကိုယ်တိုင်အရိယာမဟုတ်ဘဲ အရိယာလိုပြောရင် အဲဒီသံဃာဟာ ပါရာဇိကအာပတ်သင့်လို့ ရဟန်းမဟုတ်တော့ပါဘူး။ ဒါကြောင့် သံဃာများအနေနဲ့တော့ အရိယာဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကို သူတို့ကိုယ်တိုင်ပြောဖို့ ခက်ခဲတဲ့အတွက် ပြောဆိုကြလိမ့်မည် မဟုတ်ပေ။ အပြင်သဏ္ဍာန်နဲ့စကားပြောဆိုပုံတို့ကိုကြည့်ပြီး ဘယ်သံဃာဟာ အရိယာဟုတ်မဟုတ်ကို သိရှိဖို့ရန် အလွန်ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရဟန္တာဖြစ်တဲ့သံဃာများမှာ ဝါသနာဆိုတဲ့အကျင့်စရိုက် ရှိနေသေးတာမို့ […]


လောကဓံဆိုတာ လောကကြီးကနေ လွတ်မြောက်အောင် မလုပ်နိုင်သေးသူမှန်သမျှ တွေ့ကြုံခံစားနေရတဲ့ ဆင်းရဲချမ်းသာများ ကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ မိမိတို့ဟာ လောကကြီးကနေ လွတ်မြောက်အောင် မလုပ်နိုင်သေး ရင်တော့ လောကမှပေးတဲ့ လောကဓံတွေကို မလွဲမသွေ တစ်ခုမဟုတ် တစ်ခုနဲ့တော့ ကြုံတွေ့နေရမှာပါ။ အဲဒီ မိမိတို့ကြုံတွေ့ရမဲ့ လောကဓံများကတော့ ၁။ လာဘ- ပစ္စည်းဥစ္စာရခြင်း၊ ၂။ အလာဘ- ပစ္စည်းဥစ္စာမရခြင်း၊ ၃။ ယသ- အခြွေအရံ ပေါများခြင်း၊ ၄။ အယသ- အခြွေအရံမရှိခြင်း၊ ၅။ ပသံသာ- ချီးမွမ်းခံရခြင်း၊ ၆။ နိန္ဒာ-ကဲ့ရဲ့ခံရခြင်း၊ ၇။ သုခံ- ချမ်းသာခြင်း၊ ၈။ ဒုက္ခံ- ဆင်းရဲခြင်းတို့ ဖြစ်ပါတယ်။ လောကထဲမှာ ကျင်လည်စေတတ်တဲ့ လောဘစတဲ့ကိလေများ မိမိသန္တာန်မှာ ရှိနေဦးမယ်ဆိုရင်တော့ လောကကြီးထဲမှာ ကျင်လည်ရဦးမှာမို့ […]


မေး။ ။ အရှင်ဘုရား တပည့်တော် ခုခေတ်ပြောနေကြတဲ့ သာသနာငါးထောင်တည်မယ်ဆိုတာကို စိတ်ထဲမရှင်းလင်းဖြစ်နေပါသဖြင့် အရှင်ဘုရားသိသလောက် ရှင်းလင်းပေးစေချင်ပါတယ်။ အရှင်ဘုရား အားတဲ့ချိန်မှာ ဖြေကြားပေးရန် လျှောက်ထားပါတယ်ဘုရား။ မေတ္တာဖြင့် ခိုင်ဝေနှင်း၊ စင်္ကာပူ ဖြေ။ ။ ဦးဇင်းကို မေးထားတဲ့မေးခွန်းတွေကတော့ များနေပါတယ်။ ဦးဇင်းလည်း မအားသေးတာနဲ့ ဖြေမပေးနိုင်သေးဘဲ ဖြစ်နေတာပါ။ ခုတော့ ဒီမေးခွန်းလေးကို ဦးဇင်း ကျမ်းအတွက် စာတွေလိုက်လံဖတ်ရှု့ရင်း သာသနာလင်္ကာရစာတမ်းစာအုပ်မှာ တွေ့ရှိရတာနဲ့ ဖြေပေးလိုက်ပါတယ်။ အဲဒီစာအုပ်မှာတော့ သာသနာငါးထောင်ဆိုတာ ပဋိသမ္ဘိဒါပတ္တေဟိ ဝဿသဟဿံ သုက္ခဝိပဿကေဟိ ဝဿသဟဿံ အနာဂါမီဟိ ဝဿသဟဿံ သကဒါဂါမီဟိ ဝဿသဟဿံ သောတာပန္နေဟိ ဝဿသဟဿန္တိ ဧဝံ ပဉ္စဝဿသဟဿာနိ ပဋိဝေဓသဒ္ဓမ္မော ဌဿတိ။ ပဋိသမ္ဘိဒါပတ္တရဟန္တာ တစ်ထောင်၊ သုက္ခဝိပဿကရဟန္တာ တစ်ထောင်၊ အနာဂါမ်၊ သကဒါဂါမ် […]


တစ်ချိန်က တမ္ဗပဏ္ဏိဟု အမည်ရခဲ့သော သီရိလင်္ကာကျွန်းနိုင်ငံငယ်လေးသို့ နောင်တစ်ချိန်တွင် သာသနာထွန်းကားလာမည်ကို ကြိုတင်သိရှိတော်မူသည့်အတွက် မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က သုံးကြိမ်သုံးခါ ကြွရောက်ချီးမြှင့်ခဲ့သည်ဟု ဒီပဝံသ၊ မဟာဝံသစသော သီဟိုဠ်ရာဇဝင်များက ဆိုလေသည်။ မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးနောက် ဘီစီ(၃)ရာစုတွင်လည်း သီရိဓမ္မာသောကမင်း၏စေလွှတ်မှုဖြင့် သားတော်အရှင် မဟာမဟိန္ဒသည်လည်း သီဟိုဠ်ကျွန်းသို့ သာသနာပြုကြွရောက်တော်မူခဲ့ကြောင်း အသောကကျောက်စာ၊ သမန္တပါသာဒိကအဋ္ဌကထာနှင့် ဝံသကျမ်းများအရ သိရသည်။ ထို့ကြောင့် သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓသာသနာ့အဆုံးအမကို အစောဆုံးလက်ခံရရှိသော ပင်လယ်ရပ်ခြား တိုင်းနိုင်ငံဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သို့ရာတွင် ရှည်ကြာလှသော သမိုင်းကာလတစ်လျှောက်တွင် သီရိလင်္ကာဗုဒ္ဓသာသနာသည် တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းဖြင့် ဖွံ့ထွားထွန်းကားလာသည်တော့ မဟုတ်ပေ။ အနုရာဓပူရခေတ်၊ ပေါလောနရုဝခေတ်၊ ကန္ဒီခေတ် အစရှိသော ခေတ်အဆက်ဆက်တွင် သူပုန်ရန်များ၊ မင်းဆိုးမင်းညစ်တို့၏ရန်များ၊ ရဟန်းဆိုးတို့၏ရန်များ၊ အယူမတူသူတို့၏ရန်များ၊ တိုင်းတစ်ပါးသားတို့၏ရန်များစသည်ဖြင့် အတွင်းအပြင် အန္တရာယ် ရန်စွယ်တို့အကြားမှ ခက်ခက်ခဲခဲ ထွန်းလင်းခဲ့ရလေသည်။ ဤသို့ […]


လူ့ဘုံရောက်လို့ လူရယ်လို့ဖြစ်လာပြီဆိုရင်တော့ ရည်မှန်းချက်ဆိုတာ မဖြစ်မနေ ထားရှိရမဲ့အရာတစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျန်တဲ့သတ္တဝါတွေမှာက ရည်မှန်းချက်ထားဖို့ မလိုသလိုထားဖို့လည်း အသိဉာဏ် မရှိကြပါဘူး။ ဥပမာ-နတ်တွေဆိုရင် သူတို့ရဲ့စည်းစိမ်ချမ်းသာကို အမြဲခံစားနေရတဲ့ အတွက် ရှေးဆက်ရမဲ့ဘဝခရီးရည်မှန်းချက်ဆိုတာ ထားစရာမလိုပေ။ ဗြဟ္မာတွေဆိုရင်လည်း သူတို့ရတဲ့ ဈာန်ပီတိတွေကို အမြဲခံစားနေကြတာမို့ ရည်မှန်းချက်ထားစရာ မလိုပြန်ဘူး။ နောက်တစ်ခါ အပါယ်လေးဘုံသား သတ္တဝါတွေကျတော့လည်း သူတို့ခံစားနေရတဲ့ ဒုက္ခတွေက ဆက်တိုက်ဖြစ်နေတာရယ်၊ သူတို့မှာ ဘဝကိုဘယ်လိုရှေးဆက်ဖြတ်သန်းရမယ်ဆိုတာလည်း စဉ်းစားလို့မရသလို အသိဉာဏ်လည်း မရှိတာကြောင့် ရည်မှန်းချက်ဆိုတာ မရှိကြပါဘူး။ ဒါပေမဲ့ လူသားတွေကျတော့ အသိဉာဏ်လည်းရှိတယ်။ ရှေးဆက်ရမဲ့ ဘဝခရီးအတွက်ကလည်း ကံတရားတစ်ခုတည်းနဲ့ ဖြစ်တာမဟုတ်ဘဲ ကံ၊ ဉာဏ်၊ ဝီရိယသုံးပါးလုံးပြည့်စုံမှ မိမိဖြစ်ချင်တာကို ပြည်စုံစွာ အောင်မြင်မှုရရှိပါတယ်။ ဒါကြောင့် ရှေးလျှောက်ရမဲ့ မျက်မှောက်ဘဝခရီးလမ်းဖြောင့်ဖြူးဖို့ အတွက်ရော၊ အနာဂတ်ဘဝအတွက်လည်း သာယာလှပတဲ့ဘဝကိုပိုင်ဆိုင်နိုင်ပြီး […]


ဒီခေါင်းစဉ်လေး ရေးဖြစ်ရခြင်းအကြောင်းကတော့ ဦးဇင်းအွန်လိုင်းသုံးရင်းနဲ့ မေးကြတဲ့လူတွေကို ဖြေပေးတာများ စုစည်းထားရာကနေ ဆောင်းပါးတစ်ပုဒ် ဖြစ်လာခဲ့တာပါ။ ဦးဇင်းနဲ့အွန်လိုင်းကနေ ခင်လာတဲ့လူတချို့ဟာ ခင်မင်မှုများလာတဲ့အခါ ဦးဇင်းကို သူတို့ရဲ့မောင်နှမသားချင်းလို သဘောထား လာကြပါတယ်။ အဲဒီလိုနဲ့ facebook သုံးသူများကပါ ဦးဇင်းကို သူတို့မောင်နှမလိုသဘောထားပြီး ဦးဇင်းအကောင့်ကို သူတို့စာမျက်နှာက မိသားစုစာရင်းမှာ ထည့်သွင်းထားကြပါတယ်။ အဲဒီလို ဦးဇင်း စာမျက်နှာမှာ မောင်နှမတွေ တွေ့လာရတဲ့အခါ ဦးဇင်းမောင်နှမတွေက များလှချည်းလားလို့ မေးလာကြပါတယ်။ ဒါနဲ့ ဦးဇင်းမှာ ညီမအရင်းနှစ်ယောက်သာရှိပါတယ်။ သူတို့ဟာလည်း နယ်မှာနေသူများမို့ အင်တာနက်မသုံးကြပါဘူး။ ခုဦးဇင်းစာမျက်နှာမှာရှိတဲ့လူတွေဟာ ဦးဇင်းကိုသူတို့ မောင်နှမမိသားစုလို သဘောထားပြီး မွေးစားထားတဲ့လူတွေပါ။ အခုဦးဇင်းကိုမွေးစားထားကျတော့ ရိုးရိုးခင်မင်မှုထက် ပိုမိုအကျိုးများတဲ့ သက်ရောက်မှုတော့ရှိမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရိုးရိုးခင်မင်တဲ့လူဆိုရင် သူတို့ကလည်း ဦးဇင်းကို အားနာစရာတွေဖြစ်ပြီး မေးချင်တာ မမေးရဲတာတွေဖြစ်တတ်သလို […]


သတ္တဝါတွေဟာ လောကကြီးထဲမှာ ဘာ့ကြောင့်ပျော်ရွှင်နေကြပြီး မိမိရဲ့ပန်းတိုင်ကိုရောက်အောင် မလုပ်နိုင်ကြတာလို့ စဉ်းစားကြည့်တဲ့အခါ ကိုယ့်မှာရှိတဲ့ သံယောဇဉ်ကို မဖြတ်နိုင်ကြလို့ဆိုတာ သိသာနေပါတယ်။ ခက်တာက နည်းနည်းခြင်းကိုဖြတ်တောက်ဖို့ မကြိုးစားကြတာပဲ။ ခုလိုသိတတ်တဲ့ အချိန်လေးမှာ သံယောဇဉ်ကို နည်းနည်းခြင်းဖြတ်တောက်ပေးမယ် ဆိုရင် နောက်နောင်မကြာခင်မှာ သံယောဇဉ်တွေကုန်ပြီး အေးချမ်းလှတဲ့နေရာကို ရောက်ရှိကြမှာ အမှန်ပါ။ သံယောဇဉ်ဆို တာ ဖြတ်တောက်ဖို့ရန်၊ စွန့်လွှတ်ဖို့ရန် ခဲယဉ်းတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ လောကကြီးကနေပေးနေတဲ့ ဒုက္ခတွေမှ လွတ်မြောက်ပြီး ငြိမ်းချမ်းမှုချမ်းသာကို ရရှိဖို့ရန်အတွက်က ဒီသံယောဇဉ်တွေကို ဖြတ်တောက်မှရမှာပါ။ အဲဒီလို ချမ်းသာမှုတွေ ခံစားရဖို့ရန်အတွက် သံယောဇဉ်နည်းနည်းဖြတ်ကြပါလို့ စာရေးသူရဲ့အမေအား ဒီလိုလေး ပြောခဲ့တာကို စာဖတ်သူများလည်း သံယောဇဉ်ဖြတ်နိုင်ဖို့ရန် တင်ပြပေးလိုက်ပါတယ်။ ပြည်ပကို ပညာသင်ထွက်နေတဲ့ သားဖြစ်သူကို တွေ့ချင်လှပါတယ်ဆိုပြီး အမေဖြစ်သူဟာ အင်တာနက်ဆိုင် ရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ […]