အရင့်ရောင်August 10, 20121min50930
မင်္ဂလာပွဲက ရှင်းရှင်းလေး…မနက်မှာ နှစ်ဖက်မိဘအိမ်နီးနားချင်းရပ်မိရပ်ဖတွေနဲ. အတူ သံဃာတော်တွေကိုမင်္ဂလာဆွမ်းကပ်တယ်..နေ.လည်မှာမိဘမဲ.ဂေဟာမှာအလှူငွေ သွားထည့်တယ်။ညပိုင်းရောက်တော. ဖရဲမရဲ.သူငယ်ချင်းတွေနဲ.ကျွန်တော့်ရဲ့အပေါင်းအသင်းတွေ စုပြီးအိမ်မှာလဖက်သုတ်စားကြတယ်လေ။စကြနောက်ကြနဲ.ပေါ.။ မှတ်မှတ်ရရ  ကျနော်တို. မင်္ဂလာဦးညအကြောင်းကိုပြောပြရဦးမယ်.. ဖရဲမရဲ့အမေကတော.အစောကြီးဝင်အိပ်သွားပေမယ့်လူငယ်တွေကတော. စလို.ပြောင်လို.ကောင်းတုန်း ရှစ်နာရီခွဲလောက်မှာမိန်းခလေးတွေပြန်သွားကြပေမဲ. ကျွန်နော့်သူငယ်ချင်းသုံးယောက်ဖြစ်တဲ့ ဘဲဥ၊မောင်ပေ၊ဖတ္တီးကပ်တို့ကတော.စပ်ဖြဲဖြဲ မျက်နှာပေးတွေနဲ.လေကန်နေကြတုန်းလေ။(ဒါတောင် အင်ဇာဂီ တို့ ရဲစီ တို့ အုပ်စုကအမူးလွန်ပြီး စောစောပြန်သွားလို့နော်) နောက်ဆုံးကျနော်တောင်းပန်မှပြန်သွားကြတာ.သူတို.သွားမှကျနော်တံခါးတွေပိတ်ပြီး အိပ်ခန်းထဲဝင်လိုက်တော. သနပ်ခါးလေးပါးပါးလူးထားတဲ.ဖရဲမကို  ကုတင်စွန်း မှာခေါင်းလေးငုံ.ပြီးထိုင်နေတာတွေ.ရတယ်.ဘာကြောင်.မှန်းမသိပေမဲ.ဖရဲမဆီကို သွားနေတဲ.ကျနော.ခြေထောက်ကဒူးတွေလည်းတုန်နေတယ်ဗျ…….. `တော်တော်ဆိုးတဲ.ကောင်တွေ…´    ကျနော်ကပြောလိုက်သော်လည်း ဖရဲမထံမှ ဘာတုန်.ပြန်သံမှမကြားရချေ။ကျနော်က ကုတင်တဖက်စွန်းမှာဝင်ထိုင်လိုက်သည်။ `ဖရဲမလေး(အသဲလေး)…..တော်တော်ပင်ပန်းသွားလား….´ ` ဟုတ်….ရပါတယ်..ကိုကို  ´ ` အိပ် စို. နော်  ´ `ဟုတ်ကဲ. ´ ကျနော်က ခေါင်းအုံးပေါ်သို. အိပ်ချလိုက်သော်လည်း ဖရဲမကလုံးဝမလှုပ်….. ` အိပ်ကြစို.လေ   ဖရဲမ(အသဲလေး)´ ` ဟုတ်ကဲ. ကိုကို […]


အရင့်ရောင်August 10, 20122min19012
* အချစ်စစ်တွေနဲ.တည်ဆောက်ခဲ.တဲ. တို.နှစ်ယောက်ရဲ.အချစ်ဟာ နှစ်တွေလတွေဘယ်လိုဘဲပြောင်းပြောင်း မပြောင်းလဲသွားတာယုံစေချင်တယ်………ချစ်သူ……… * အကြင်နာတွေနဲ.နှောင်ဖွဲ.ထားတဲ. တို.နှစ်ယောက်ရဲ.သံယောဇဉ်ဟာ ချည်နှောင်ထားတဲ.ကြိုး (2) ချောင်းလို ထာဝရခိုင်မြဲနေတာသိစေချင်တယ်……..ချစ်သူ……….   * ဖြူစင်မှု.တွေနဲ.အစပြုခဲ.တဲ. တို.နှစ်ယောက်ရဲ.ချစ်ခင်မှု.ဟာ အဖြူရောင်စံပယ်ပန်းလေးလို အမြဲတမ်းသန်.စင်ဖြူစင်နေစေချင်တယ်…….ချစ်သူ………   *  နီးစပ်မှု.တွေနဲ.အခြေပြုခဲ.တဲ. ကိုတို.နှစ်ယောက်ရဲ.ဘဝကို ဘယ်လိုအကြောင်းပြချက်နဲ.မှ မဝေးသွားချင်ဘူး  ချစ်သူရယ်………………………….. ဘယ်လိုအကြောင်းပြချက်တွေဘဲရှိရှိ ကို တို့မဝေးပါရစေနဲ.နော်……………………. သိပ်ချစ်တဲ့     ကို


ယခုတင်ပြမယ့်ပိုစ်လေးကချစ်သူတွေနဲ့ ပတ်သက်တာမျိူးပေါ့  …။အဟိ..ချစ်သူဆိုတာနဲ့ ရင်ခုန်သွားပြီလား  …။နှလုံးသားရှိသူတိုင်းရင်ခုန်တတ်ကြတယ် ဆိုတာမထူးဆန်းပါဘူးနော်..။ဒီတော့ရင်ခုန်မိသူတိုင်းလည်း  အချစ်နဲ့မိတ်ဆွေဖွဲ့မိတာပေါ့လေ..။ဟုတ်တယ်ဟုတ်??? ခုချစ်သူတွေကြားမှာ ချစ်ခရီးသာယာဖြောင့်ဖြူးဖို့အတွက်  အဓိကကျတဲ့…..အချက်လေးတွေကို ပြောပြပေးပါ့မယ်နော်..။ဝန်ခံစရာရှိတာက အခုရေးလိုက်တဲ့ပိုစ်လေးကို  လေးစားချစ်ခင်ရတဲ့အကို စာရေးဆရာ ဘလော့ဂါအကို သူရဿဝါ ကလက်ဆောင်ပေးလာတာပါ..။အကို့ရဲ့စာစုလေးကို လေးစားဂုဏ်ပြုတဲ့အနေ နဲ့သူငယ်ချင်းမောင်နှမတွေ ဗဟုသုတရစေရန် အလို့ငှာ  ရည်သန်ပြီး  ခုလိုရေးသားလိုက်ရပါတယ်..။ ချစ်သူတွေအတွက် A to Z ကျနော်ဖတ်ခဲ့ဖူးတဲ့ စာလေးတစ်ပုဒ်ကို ပြန်ပြီးဖော်ပြချင်ပါတယ်။ ချစ်သူတွေအတွက် A to Z ရေးပြထားတာပါ။ ကျနော့်ရဲ့အမြင်လေးတွေကိုလည်း ရေးချပေးလိုက်ပါတယ်။ A- Absolutely adove each other ချစ်သူနှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် အပြည့်အဝ မြတ်နိုးခင်တွယ်ကြဖို့လိုပါတယ်။ ဒါမှလည်း တစ်ယောက်ရဲ့ စိတ်ထဲမှာ တစ်ယောက် ရာသက်ပန် နေထိုင်နိုင်မှာပေါ့လေ။ B- Be best […]


အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့ လူတွေ အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။ ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။ ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။ မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။ ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။ ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။ ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။ မင်းရဲ့ အနားက တစ်ဖဝါးမှ မကွာ သူ့ကို […]


သူငယ်ချင်းတို့ရေ ကိုယ့်ရဲ့ အိမ်ထောင်ဖက်( သို့ ) ချစ်သူဟာ အပျို/လူပျိုစစ်စစ်ဖြစ်မလား ( သို့ ) အအို ဖြစ်မလား ဆိုတာ တွက်ကြည့်ရအောင်နော်…။ မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ကိုတည်ပါ ( ၄ )နဲ့မြောက် ၊ ( ရ )နဲ့စားပါ။ အဖြေကတော့ ( ၁ ) သို့မဟုတ် ( ၆ ) ကြွင်းရင်အပျိုကညာဖြစ်ပါတယ်။ ( ၂ ) ( ၅ )ကြွင်းရင်တော့ တစ်လင်ကွာ နှစ်လင်ကွာပါ။ ( ၃ ) ( ၄ ) ကြွင်းရင်တော့အမျိုးကောင်းသားသမီးဖြစ်ပါတယ်။ ( ဝ )ကြွင်းရင်တော့ ကိုယ့်ထက်ကြီးပါလိမ့်မယ်။ ကံကောင်းစွာနဲ့ အပျိုစစ်စစ် ၊ လူပျိုစစ်စစ်နဲ့ […]


စိတ်တူ ကိုယ်တူ ခံစားချက်တွေ ဝေမျှ ရင်ခုန်သံခြင်း ထပ်တူညီကြလို ့ သံယောဇဉ်တွေ  ဖြစ်ခဲ ့ကြဖူးတယ်…….။  နှလုံးသားအသိညီမျှ ကြည်မြတဲ ့သံယောဇဉ် အမှန်ပြောရင်သစ္စာ ဟန်သဘောပင်  အပြစ်မပါ ရှစ်ကမ္ဘာမှာ သစ္စာတွေစူးနင့် ချစ်တာတွေ  ရူးရင့်ခဲ ့ဖူးတယ်………..။ ဘဝအမောတွေကြား ခဏ  ဇော တွေ ဘေးဖယ် အတွေးဖလှယ်ကာ  ဖြေသိမ့် ချစ်တတ်တဲ ့စိတ်နဲ ့ ချွေးသိပ်လို့ ခိုနား နှစ်ကိုယ်ကြားမှာ… ဆိုစကားတွေ  ချိုခဲ ့ကြဖူးတယ်….။  ဒုက္ခကိုထမ်း ခရောင်းလမ်းမှာ မပျော့ပြောင်းလှ သူ ့ ဘဝအတွက် စာနာသနား ဂရုဏာထားလို ့ အစ္ဈတ္တ ကို  ထွေးယှက် မေတ္တာတွေ   ပေးအပ်ခဲ ့ဖူးတယ်…..။  တစ်ယောက် သဘော တစ်ယောက်မနောစိတ်မှာ […]


ထားရစ်ခဲ့တဲ့ အလွမ်း လက်ကျန်တွေနဲ့ ဘဝကို…….. ပြစ်စလက်ခတ် ေနပြစ်လိုက်တယ် စိတ်ပျက်ခြင်းနေ့ရက်တွေကြား နာရီသံတွေကိုနာကျည်းမိတယ်……. နေဝင်….နေထွက် မင်းရဲ့  မျက်ဝန်းတွေက ကို့ ရဲ့  အတွေးတွေကိုထိုးနှက် နှိုးစက် ကကြားလိုက်ရတဲ့ ငှက်ကျေးသံတွေကို မုန်းမိတယ်…... ပလက်ဖောင်းပေါ်မှာ အလွမ်းဝန်ထုပ်နဲ့ ဒုက္ခတွေကိုရင်ဝယ်ပိုက်ရင်း နေမင်းကိုအန်တုနေတဲ့ နှလုံးသားတေလေသမားပါ……… အဲ့ဒီအတွက်…….. ငါ့…နာကျည်းချက်တွေ ဘယ်အရာကို ကောက်ချက်ချပြီး အပြစ်တင်ရမလဲ ရှိစေတော့….. မနက်ဖြန်မှာလွမ်းဖို့….အိပ်စက်လိုက်ပါဦးမယ် ။ နာကျင်စရာတွေ ပြည့်လျှံလာတဲ့အခါ ငါ...ဆိုတဲ့အတ္တရှင်တွေကြား ကံကြမ္မာလှောင်ပြုံးတွေနဲ့ အချစ်ကံကလည်းဆိုးပါ့…… နုံချာမှုတွေနဲ့ ငါ့ဘဝ ဝန်းကျင်တစ်ဝိုက်မှာ ဘယ်လိုလွင့်ရပါ့….. သဘာဝအတိုင်းရှိနေတဲ့ခွန်အားနဲ့ လောကဓံကပေးတဲ့ ပြစ်ချက်တွေ….ဟာ မမျှတတော့…… မိုးလင်းမိုးချုပ် အတွေးဆိုးတွေနဲ့ပဲ အာရုဏ်လင်းခဲ့ရတယ်………. မုန်တိုင်းထန်တဲ့ ကို့ ဘဝ ပျက်စီးခြင်းတွေပဲ ရင်ဆိုင်နေရတဲ့နှလုံးသားရဲ့  ဒုက္ခ အိပ်မက်ဆိုးတွေ ကိုကြောက်လို့ […]


ချစ်သူ…… ကျောချင်းကပ်နေတဲ့ ခေါင်း နဲ ့ပန်းလို အမြင်ချင်း မတူတဲ့ ကို တို ့နှစ်ယောက်က လေနှင် ရာမှာ လွင့်တဲ့ ရော်ရွက်ဝါလို မျှော်လင့်ချက်တွေက အပိုင်းပိုင်းအပြတ်ပြတ်ပါလား……………. ဆင်တူယိုးမှား အသတ်ခံရတဲ့ ကို့ ရဲ့   နှလုံးသားလေးက ထင်သလို မမာကျောသေးတော့ ဒီဘဝမှာလည်း အလူးလူး အလဲလဲပါ ချစ်သူ……..….. အလွမ်းတောင်မှာ အလွမ်းပင်တွေက ခပ်ဆိုင်းဆိုင်းနဲ ့… အချစ်တောင်မှာတော့ ကြေကွဲပင်တွေ ငိုနေရှာပြီ ချစ်သူရေ………………….. လောကရဲ ့ နိယာမလား သဘာဝရဲ့    ပြုစားချက်တစ်ခုလား ကောက်ချက်မချချင်ပေမဲ့ အပြစ်တင်မိတယ်ကွယ်…… မုန်တိုင်း သင့်နေတဲ ့ ကို့ နှလုံးသားလေး အမည်မဖော်နိုင်ခင်မှာ မင်း  တစ်ယောက် လျှောက်တဲ ့လမ်း ဖြောင့်တန်းပါစေ….……… သံသယတွေကြားက အမုန်းဒဏ် […]


ဘဝဘဝနဲ့ခဏခဏရေရွတ်ရင်း ငါ…ဒီနွှံထဲကိုနစ်ရတော့မှာလား………. နှလုံးသားကိုဘေးဖယ် ဆုံးသွားလို့ ပေးလိုက်ရတဲ့ ငါ့ရဲ့ ဆွဲကြိုးလေးဘယ်သူရွေးပေးမှာလဲ….. ငါကြုံးဝါးတာခဏခဏ.. ငါရှုံးသွားတာရင်နဲ့ အမျှ အားလုံးကို ကျော်ဖြတ်မယ်ဆိုပေမဲ့.. ငါ့ကျောကုန်းမှာ   ခြေရာတွေချည်းပဲ….. သူတို့  နင်းသွားကြတာလေ….. ဖုတ် ဖက် ခ ါ လူးလဲ  ထရင်း ရုတ်တရက်…..ငါ ပြူးပြဲသွားတာ……. မနှစ်ကအချစ် ဒီနှစ်မှာပြစ်သွားလု့ိ.. ငါရင်နင့်လိုက်ရတာ… ရင်နာရင်း  နာကြင်ရင်း ငါတလှမ်းချင် လှမ်းနေတာက ယမကာဆိုင်လေ လူတွေအကုန်လုံးမေးကြည့်…လိုက်ပါ ငါ့အဖြစ်ကိုသိနိုင်တဲ့သူ တစ်ယောက်မှမရှိတောဘူးလား… နေနဲ့ညနဲ့ကိုမြင် ကြယ်တွေလတွေမြင် ငါ့ဗိုက်က တအင်အင်နဲ့… အမြင်မှန်တွေ ပြန်ရဖို့ အား.လုံးကိုထွေး အန်ပြစ်ခဲ့တယ် ဝေါ…ထွီ…………….. ခင်တဲ့ အရင့်ရောင်


  မိုင်တွေ……..မိုင်တွေ ငါတို့ကြားမှာ မိုင်တွေ..ဝေးကြရပေါ့ ခ လေးရေ…….။ ထိမ်းထိမ်းသိမ်းသိမ်းလေး……… ငါ့မှာကြေကွဲနေရ သိုသိုသိပ်သိပ်လေး……….. ငါ့မှာနာကျင်နေရ ငါတို့တွေခြားနားခဲ့ကြရတယ်…။ အချစ်ဆိုတာ လိုက်ရင် ပြေးတယ် အချစ်ဆိုတာ ပြေးရင် လိုက်တယ် ငါ့  ကိုမချစ်လို့များ ထွက်ပြေးနေရော့………. လွမ်းနေတာတွေရေးချလိုက်ဖို့ ဒီကဗျာကို စတင်ခဲ့တယ်။ မင်း  မဖတ်ပေမယ့် ဒီကဗျာကို ငါ ရေးစပ်တယ်……. စောင့်မျှော်ခြင်းတွေသာ မီးကျွမ်းလု……။ လည်ပင်းထိအောင် ဝါးမျိုထားတဲ့ ငါ့ ရဲ့ အလွမ်းနဲ့ အအိပ်ပျပ်ပြီး ကျွံကျနေတဲ့ ငါ့ ရဲ့ မျက်တွင်းတစ်စုံဟာ ဆိုက်ရောက်မလာတဲ့ မီးရထားတစ်စင်းကို ရပ်ပြီးစောင့်နေမိတဲ့ သူရူးတစ်ယောက်လို နာရီတွေ အတိုင်းသား ငေးမောကြည့်နေရ ဟောဒီ သတင်းခေတ်ကြီးထဲမှာ ငါ တို့ ဝေးနေကြရတာ အံ့ဩစရာ ငါတို့နှစ်ယောက်ကြားမှာမှ ကမ […]


ဇနီး အလှလေးအတွက် မျှော် မှန်းရည် ရွှေတွေ ၊ ငွေတွေ စုထားသည် ခန်းဝင် ပစ္စည်း ပြည့်ပြည့်စုံစုံ အားလုံး အဆင်သင့် ရှိပါသည်……………. မောင့်လိုလူပျိုချော နဲ့ ဖူးစာ ဆုံသူကံကောင်းမည်   အိမ်ထောင်ရေး အမြဲအဆင်ပြေအောင် စည်းကမ်းများတော့ သတ်မှတ် ရမည်။ မိန်းမသား ချင်း အတင်းဟြေတာ ဆင်ခြင်ရမည်။ လိုတာထက် ပိုပိုမိုမို လှ ချင်တာလည်း မောင် မကြိုက်ပြီ။ မခြွေမတာ အသုံးအစွဲနဲ့ ငွေ ဖြုန်းတီးတာ ချိုးခြံပါအတည် အိမ်ရှင် မလေး တစ်ယောက်အဖြစ် ယုယုယယ နေလျှင် ကျေနပ်ပြီ မောင် နဲ့ ဖူးစာ ဆုံချင်သလားလို့ မေးမည် မေးမည် အပျိုတွေ ဝိုင်းလာပြီ။။။… ဟားဟားဟားဟား ဖြည်းဖြည်းလုပ်ပါ……… […]


ဒီနှစ်တော့ဖြင့် မရလျှင်မနေပြီ ဖူးစာရှင်ကို ရွေးတော့မည် လူပျိုချောချော သတင်းကောင်းပါးလို့ ဇနီးလောင်း အလိုရှိသည် မေတ္တာတွေ့က တစ်သက်ပန်ရည် ချစ်တာတွေ့မှ လက်ခံမည်…………. လူပျို ချောချော သားမက်ကလေး အကြောင်းကို သတို့သမီးရှင်တိုင်း သိဖို့လိုနေပြီ…….. ဟြေရဦးမည်။ ဖောက်ပြားခြင်းမပါ ……အသောက်စားကင်းကာ ကစားမရှိ အလိမ္မာ အများ သိသည်…… အိမ်ဦးခန်းမှာ တင်ကာထားလို့ ကျွန်တော်ကလေ….. မိဘ လို သဘောထားပြီး…….မငြိုငြင်ဖို့ကိုစာချုပ်မည်….. လက်မနှေးကြပါနဲ့….ဪ.ရက်မရွေး ကြပါနဲ့ ဒီနေ့ မနက်ဖြန် မြန်မြန် ဖြစ်လိုက်မည်………..ဟားဟားဟားဟားဟားဟား မခိုင်ရဲ့ဒီဝါကျွတ်တွင် မင်္ဂလာဆောင်မည် ဆိုတာလေးကို ဖတ်လိုက်ရလို့ စိတ်ကူးပေါက် ချက်ချင်းဆိုသလို သီချင်းလေးကို သတိရပြီး ရေးမိလိုက်ပါတယ် စိတ်ကူးမလွဲနဲ့နော်……………… ဟဲဟဲ……….. ခင်တဲ့ အရင့်ရောင်


လှရွှေပြည် ရန်ကုန်မြို့မှာလ ကိုကိုမောင် ဘတ်(စ်)ကားရယ်တဲ့ ဘီးလိမ့်လို့လာ ။ ချောင်ပါတယ် မောင့် စကားရယ်ကြောင့် ယုံစားလို့တက်ခဲ့ပြန် ။ သရက်ချဉ် ၊ ငါးချဉ်နှယ် သိပ်ပါလို့ အကြွေးချန် ။ ပျိုပျိုမေဆင်းမယ်ဟြေတော့ ရက်လိုက်ဟ မြန်မြန် ။ လက်ကလေး ကိုဆွဲပါလို့ ရွရွလေးတွဲ ။ ယောက်ျားဆို အားမာန်ပျိုးလို့ရယ် ဆွဲချတဲ့ …ပွဲ ………..။