♥♥♥♥♥ချစ်သူ အစစ် တကယ်ဖြစ်လို ့ ဘာတွေဖြစ်ပါစေ ချစ်နေကြမယ်♥♥♥♥♥
စိတ်တူ ကိုယ်တူ
ခံစားချက်တွေ ဝေမျှ
ရင်ခုန်သံခြင်း ထပ်တူညီကြလို ့
သံယောဇဉ်တွေ ဖြစ်ခဲ ့ကြဖူးတယ်…….။
နှလုံးသားအသိညီမျှ
ကြည်မြတဲ ့သံယောဇဉ်
အမှန်ပြောရင်သစ္စာ
ဟန်သဘောပင် အပြစ်မပါ
ရှစ်ကမ္ဘာမှာ သစ္စာတွေစူးနင့်
ချစ်တာတွေ ရူးရင့်ခဲ ့ဖူးတယ်………..။
ဘဝအမောတွေကြား
ခဏ ဇော တွေ ဘေးဖယ်
အတွေးဖလှယ်ကာ ဖြေသိမ့်
ချစ်တတ်တဲ ့စိတ်နဲ ့
ချွေးသိပ်လို့ ခိုနား
နှစ်ကိုယ်ကြားမှာ…
ဆိုစကားတွေ ချိုခဲ ့ကြဖူးတယ်….။
ဒုက္ခကိုထမ်း
ခရောင်းလမ်းမှာ
မပျော့ပြောင်းလှ သူ ့ ဘဝအတွက်
စာနာသနား ဂရုဏာထားလို ့
အစ္ဈတ္တ ကို ထွေးယှက်
မေတ္တာတွေ ပေးအပ်ခဲ ့ဖူးတယ်…..။
တခါတရံ
သူ့စကားသံတွေက
ကဗျာမဆန်
မာထန်လာတဲ့အခါ
ရွှင်မြူးကာ ပျော်ရွှင်လှမ်း
ဘဝခရီးလမ်းမှာ..
ကိုယ့်ဘက်သူ့ဘက်
အားနည်း ချက်တွေ ပြုပြင်
ရှုမြင်ကာ သုံးသပ်
အပြုံး မပျက်တဲ ့အတွေးကိုယ်စီဖလှယ်ကြရင်း
အလုပ်တစ်ဖက်နဲ ့ အရေးကိုယ်စီ သယ်ကြရင်း
အမှောင်နဲ ့အလင်း ဖြစ်စဉ်မှာ
ဖောင်ဖွဲ ့ရင်း ချစ်ခင်စွာဖြင့်
အမှားအမှန်တွေ ခွဲခြား
အားမန်တွေ တွဲ ထားခဲ ့ဖူးတယ်…..။
အဲဒီလို
အဲဒီလို ..အဲဒီလိုနဲ့…
ရင်နင့်အောင်တကယ် ချစ်ကြ သူတွေမို ့
ထာဝစဉ် အတွေးမှာ ဘယ်ခါမခွဲ
အစဉ်သာတွဲလို ့
အကြင်နာမြဲကာ မေတ္တာ ပေး
ချစ်တာတွေ မဝေးစေရအောင်
နားလည်မှု အသင်္ချေ
ချစ်ခြင်း အလင်္ကာတွေနဲ့
ဘယ်တော့မှ မဖောက်လွဲခြင်းအစစ်နဲ့
အပြစ်မယူ .ညစ်အပူတွေ ပြစ်ခွါ
ချစ်သူအစစ်သာ တကယ် ဖြစ်လို ့
အဘယ်အဖြစ်တွေ ရှိနေပါစေ
ချစ်နေကြမယ်လေ…….။
မေတ္တာဖြင့် ….
မှတ်ချက်။ ။( ဒီကဗျာလေး ခံစားရေးဖွဲ ့လိုက်တဲ ့ရည်ရွယ်ချက်ကတော့
စစ်မှန်သောချစ်ခြင်းမေတ္တာ တို ့ဖြင့် ချစ်သူတိုင်း နားလည်စွာ သစ္စာရှိရှိ ထာဝရချစ်နိုင်ကြပါစေ ဖို ့အတွက်ရယ်ပါ)
11 comments
mamanoyar
July 29, 2012 at 2:18 pm
ကိုအရင့်ရောင်တို့ကတော့
ချစ်သူကို အရမ်းချစ်တယ်ထင်တယ်နော်
snow white
July 29, 2012 at 7:09 pm
အပိုတွေ နိုရာ သူက အပြင်မှာ ချစ်တက်တဲ့နှလုံးသားကော အကြင်နာလည်းရှိတဲ့သူမဟုတ်ဘူးစနိုးသိတယ် သူကောင်မလေး ခဏခဏ မျက်ရည်ကျနေရတာ ကဗျာထဲမှာသာ ရေးပြနေတာ စနိုးကိုအကုန်မေးသူတို့ နှစ်ယောက်ချစ်ရေးကိုစနိုးအကုန်သိတယ် မှတ်ပြီလားကိုအရင့်ရောင်။။
အရင့်ရောင်
July 29, 2012 at 2:32 pm
ဟုတ်ကဲ့……….
အရမ်းချစ်ပါ၏ ဆိုတာတာထက်
ချစ်တယ် ဆိုတဲ့ စကားလုံးထက်ပိုပြီးလေးနက်တဲ့
စကားလုံး ပေါ်ထွက်လာလျှင် သူ့ကို ထက်ဟြေပြပါဦးမယ်………….
ချစ်တယ်……….
ဟိဟိ
မမ အညာသူ
July 29, 2012 at 2:39 pm
ရှိပါတယ် တစ်သက်လုံးမင်းအနားမှ အရင့်ရောင်ရှိနေမှာပါ
အဲ့စကားလုံးက ချစ်တာထက် ပိုလေးနက်တယ်ထင်ပါတယ်
YUM YUM
July 29, 2012 at 3:46 pm
ကဗျာတပုဒ်လုံး ခံစားချက်နင့် ထပ်တူကျလို့ ကူးသွားပရစေနော်။
သန်းထွဋ်ဦး
July 29, 2012 at 5:18 pm
ဆရာရယ် ရှစ်ကမ္ဘာတော့ မလုပ်ပါနဲ ့ဗျာ။
Gipsy
July 29, 2012 at 8:56 pm
အရမ်းချစ်ရင် အရမ်းခံစားရမယ်…
နည်းနည်းလေးချစ်ရင် နည်းနည်းလေး ခံစားရမယ်…
ဘဝလုံးပုံချစ်ရင် ဘဝလုံးပုံခံစားရမယ် ကြေကွဲရမယ်…
ဒါပဲမဟုတ်လား ကိုယ့်ဆရာ …။
မောင်ပေ
July 29, 2012 at 9:34 pm
အော် ချစ်နိုင်သူတွေ များ ချစ်တတ်လိုက်ကြတာနော်
အားကျပါအိ
မမ အညာသူ
July 30, 2012 at 11:07 am
ဦးဦးပေကလဲအားကျမခံ
သူများတွေလိုပဲပြန်ချစ်လိုက်ပေါ့
ဟုတ်ဘူးလား
ဥဥ
July 30, 2012 at 5:41 pm
ဟယ် ညာညာလေးက အူးအူးပေကို ချစ်ခိုင်းနေဒယ် ဟိဟိ
နေရာချင်းသာလဲလိုက်ချင်ဒယ် အူးပေရာ 😀
snow white
July 30, 2012 at 8:24 pm
ဥဥလည်းအားကျလို့လား စနိုးချိတယ်လေ ဟွန်းသူများကိုနော် ဟိဟိ ပြေးတော့မယ် ။။