♥♥♥လက်ကျန်အလွမ်း♥♥♥
ထားရစ်ခဲ့တဲ့
အလွမ်း လက်ကျန်တွေနဲ့
ဘဝကို……..
ပြစ်စလက်ခတ် ေနပြစ်လိုက်တယ်
စိတ်ပျက်ခြင်းနေ့ရက်တွေကြား
နာရီသံတွေကိုနာကျည်းမိတယ်…….
နေဝင်….နေထွက်
မင်းရဲ့ မျက်ဝန်းတွေက
ကို့ ရဲ့ အတွေးတွေကိုထိုးနှက်
နှိုးစက် ကကြားလိုက်ရတဲ့
ငှက်ကျေးသံတွေကို မုန်းမိတယ်…...
ပလက်ဖောင်းပေါ်မှာ
အလွမ်းဝန်ထုပ်နဲ့
ဒုက္ခတွေကိုရင်ဝယ်ပိုက်ရင်း
နေမင်းကိုအန်တုနေတဲ့
နှလုံးသားတေလေသမားပါ………
အဲ့ဒီအတွက်……..
ငါ့…နာကျည်းချက်တွေ
ဘယ်အရာကို
ကောက်ချက်ချပြီး
အပြစ်တင်ရမလဲ
ရှိစေတော့…..
မနက်ဖြန်မှာလွမ်းဖို့….အိပ်စက်လိုက်ပါဦးမယ် ။
နာကျင်စရာတွေ
ပြည့်လျှံလာတဲ့အခါ
ငါ...ဆိုတဲ့အတ္တရှင်တွေကြား
ကံကြမ္မာလှောင်ပြုံးတွေနဲ့
အချစ်ကံကလည်းဆိုးပါ့……
နုံချာမှုတွေနဲ့ ငါ့ဘဝ
ဝန်းကျင်တစ်ဝိုက်မှာ
ဘယ်လိုလွင့်ရပါ့…..
သဘာဝအတိုင်းရှိနေတဲ့ခွန်အားနဲ့
လောကဓံကပေးတဲ့
ပြစ်ချက်တွေ….ဟာ
မမျှတတော့……
မိုးလင်းမိုးချုပ်
အတွေးဆိုးတွေနဲ့ပဲ
အာရုဏ်လင်းခဲ့ရတယ်……….
မုန်တိုင်းထန်တဲ့ ကို့ ဘဝ
ပျက်စီးခြင်းတွေပဲ
ရင်ဆိုင်နေရတဲ့နှလုံးသားရဲ့ ဒုက္ခ
အိပ်မက်ဆိုးတွေ ကိုကြောက်လို့
ရောင်ခြည်ရယ်….
မြန်မြန်သမ်းပေးပါ……….။
အရင့်ရောင်
15 comments
အလင်းဆက်
July 21, 2012 at 6:31 pm
အရင့်ရောင်ရဲ ့ကဗျာတွေ…ကို ကျွန်တော်..ချစ်တယ်…လို ့ပဲ..ထပ်ပြောပါရစေ..နော် ။
south thal
July 22, 2012 at 3:06 pm
အစ်ကိုကဗျာဘဲချစ်တာလား ကိုအရင့်ရောင်ကိုကောမချစ်ဘူးလား ။။။ သူ့ကဗျာလေးတွေက ကောင်းပါတယ် ။။
ဇောက် ထိုး
July 21, 2012 at 6:34 pm
ရောင်ခြည်သန်းခိုင်းမနေနဲ့…ပျော်အောင်အိပ်လိုက်……
အိပ်ယာက နိုးရင် လွမ်းရဦးမှာဆိုတော့……
အိပ်ရေးဝထားဖို့လိုတယ်မဟုတ်လား………
အိပ်အိပ်…ပျော်အောင်အိပ်လိုက်နော်……………….
အို..အို…အို….ကျွတ် …ကျွတ်….ကျွတ်…..
maung khinmin
July 21, 2012 at 8:31 pm
အချစ်၌ … ကံမလိုက်သူ ပါလားးးးး
နေခြည်ရေ….သူ ့ကိုအလိုလိုက်ပေးလိုက်ပါကွယ်
အရင့်ရောင်
July 23, 2012 at 6:20 pm
နေခြည်လဲ အလိုမလိုက်နိုင်တော့ပါဘူးလေ………
ရောင်ခြည်တွေလည်း မှေးမှိန်နေပါပြီ……….
မဟာရာဇာ အံစာတုံး
July 21, 2012 at 8:42 pm
ရေလည် လန်းတယ်ဗျာ …
ဒီစကားလုံးက
“ရှိစေတော့…..
မနက်ဖြန်မှာလွမ်းဖို့….အိပ်စက်လိုက်ပါဦးမယ် ။”
မောင်ပေ
July 21, 2012 at 9:32 pm
မနက်ဖြန်မှာ ဆက်မန် ့ဖို ့
ကျုပ်လဲ ပြန်အိပ်ပြီ ဗျား ။
အရင့်ရောင်
July 23, 2012 at 5:56 pm
အိပ်စေဗျာ…………
အိပ်..အိပ်
ဘဲရှုပ်
July 21, 2012 at 9:39 pm
အခါခါသေဖူးတာတောင်
ပျဉ်ဖိုးနားမလည်တဲ့
ငါဆိုတဲ့ကောင်က
အချစ်ဒုက္ခမြစ်ကြီးထဲ
အကြိမ်ကြီမ်ခုန်ဆင်းရင်း
ဘဝတခုလုံး
ရေ..နစ်နေဆဲ ။
————————–
MaMa
July 21, 2012 at 9:56 pm
မနက်ဖြန်မှာလွမ်းဖို့….အိပ်စက်လိုက်ပါဦးမယ် ……..
ဆိုတော့ကာ အိပ်ကောင်းခြင်း မအိပ်ရပါလား။
အိပ်မက်ဆိုးတွေ ကိုကြောက်လို့
ရောင်ခြည်ရယ်….
မြန်မြန်သမ်းပေးပါ……….။
ဆိုတော့ကာ သနားစရာပါလား။
အဲဒါကြောင့် အိပ်ရေးမဝတာကို မသိအောင် အရောင်ရင့်တွေ မျက်နှာမှာ ဆိုးထားတာ ထင်ပ့ါ။ 😆
အရင့်ရောင်
July 23, 2012 at 5:53 pm
ဘယ်လို အရောင်မှ ဆိုးထားခြင်းမရှိပါဘူးဗျာ
သေချာတာတော့ အချစ်ရဲ့ ကာလာတွေပေါ့ ဆိုးမိပါရဲ့
ဟိဟိ
ahnyartamar
July 22, 2012 at 1:28 pm
ကို့ဆရာ တချိန်လုံးကို လွမ်းနေတော့တာပဲ။ တခုခုတော့ တခုခုပဲ။
အရင့်ရောင်
July 23, 2012 at 5:49 pm
“ရင်ခွင်ကို စုန်ကန်သွားတာတောင်”………………….
ခြေရာကို ကြည့်ပြီး လွမ်းနေသေးတယ်……………………..
ငါ့ကိုဘယ်သူမုန်းဦးမှာလဲ လွမ်းရင်းနဲ့သေခဲ့မယ်ဆိုရင်တောင်…………………
နောင်တမရှိတဲ့အချစ်နဲ့ လွမ်းနေခြင်ပါသေးတယ်…..
အရင့်ရောင်
ညလေး
July 22, 2012 at 4:02 pm
လက်ကျန်အလွမ်း….အိပ်မရတော့လွမ်း …..လွမ်းလွန်းတော့ဂွမ်း..
ဂွမ်းပြန်တော့……ဆက်လွမ်းးးးး……
အရင့်ရောင်
July 23, 2012 at 6:22 pm
လက်ကျန်အလွမ်း………..
အိပ်လို့မရလို့ လွမ်းတာ မဟုတ်ဘူးနော်
လွမ်းလွန်းလို့ အိပ်မရတာပါ
ဟုတ်ကဲ့
ဆက်ပြီး လွမ်းနေပါရဲ့………..♥♥♥